အခန်း ၁၅၀
Viewers 25k

အခန်း(၁၅၀) - လီဝမ့်ကျင်းသည် သူ့သွေးများအားလုံး သူ့ခေါင်းထဲသို့ ထိုးဆောင့်တက်သွားခဲ့သည်။ သူမ ဘယ်လောက်တောင် သတ္တိရှိလိုက်သလဲ (၁)

 

အေယွန်ကော်ပိုရေးရှင်း၏ ရာထူးအပြောင်းအလဲသည် လျှို့ဝှက်ချက် မဟုတ်ပါ။ နောက်ဆုံးတော့ ကုမ္ပဏီက သူတို့ရဲ့ ဥက္ကဌအသစ်ကို ကြိုဆိုတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ကြော်ငြာခဲ့ပြီး ကုမ္ပဏီအတွင်းမှာ အပြောင်းအလဲတွေ အများကြီးရှိလိမ့်မယ်၊ ပြီးတော့ သူတို့ရဲ့ဖောက်သည်တွေရဲ့ ထောက်ခံမှုကို ဆက်လက်ရလိမ့်မယ်လို့မျှော်လင့်ထားကြသည်။ လူတိုင်းအတွက်အဆင်မပြေစေသောအရာအားလုံးအတွက် ထပ်မံတောင်းပန်ခဲ့ပြီး ထိုအရာအားလုံးသည် လီဝမ့်ကျင်း၏ကိုယ်ပိုင်လုပ်ရပ်များသာဖြစ်ကြောင်းပြောကြားခဲ့ကြသည်။

 

လီဝမ့်ကျင်းအား အဝေးသို့ဆွဲထုတ်ရန်အတွက် အေယွန်ကော်ပိုရေးရှင်း၏ဆန္ဒသည် ပို၍သိသာထင်ရှားလှသည်။

 

[အမ်အမ်... အေယွန်ကော်ပိုရေးရှင်းက လက်လျော့လိုက်တာ အရမ်းစောလွန်းတယ်လို့ မထင်ကြဘူးလား။ ငါတောင် ဘာမှ မလုပ်ရသေးဘူး။]

 

[ကောင်းပြီ၊ သူတို့ရဲ့စတော့ရှယ်ယာဈေးတွေထိုးကျသွားတယ်။ သူတို့ရဲ့ဒါရိုက်တာဘုတ်အဖွဲ့ရဲ့နှလုံးသားက အဲဒါကို သည်းမခံနိုင်တော့ဘူး။ ဘော့စ်လီ ကြာရှည်မခံနိုင်တော့ဘူးလို့ ငါထင်တာပဲ။]

 

[အစိမ်းရောင်ခေတ် ပြီးဆုံးသွားခဲ့ပြီး ယခုအချိန်သည် အဝါရောင်ခေတ်ဖြစ်သည်။ ရှေ့ဆက် ဘော့စ်ဟဲရဲ့ခေတ်ပဲ ဖြစ်လိမ့်မည်။]

 

[ငါတို့အားလုံးသွားသွားပြီး ဘော့စ်လီကို ဒါရိုက်တာလီအဖြစ် ပြောင်းလဲသွားတဲ့အတွက် ဂုဏ်ယူသင့်တယ်။ ဒါရိုက်တာလီက သူ့မှာ နောက်ခံကောင်းကောင်းရှိတယ်။  ဒါရိုက်တာ‌နေရာက ဘော့စ်နေရာလောက် သိပ်မကြာဘူးလို့ ငါထင်တယ်။ (ခွေးခေါင်းပုံလေးဖြင့်)]

 

ထို့ကြောင့် လူများစွာသည် လီဝမ့်ကျင်း၏ဝေ့ပေါ်အကောင့်အောက်သို့ အမှန်တကယ် သွားရောက်ခဲ့ပြီး အားလုံးက ဒါရိုက်တာလီအဖြစ် သူ့ရာထူးသစ်ကို ချီးကျူးဂုဏ်ပြုခဲ့ကြသည်။ လီဝမ့်ကျင်းက အွန်လိုင်းပေါ်တွင် သူ့ကို အကောင်းမမြင်တာကိုသိတာကြောင့် အွန်လိုင်းမသုံးတာက သူ့ကို ကံကောင်းသွားစေသည်။ ဒီလိုမှမဟုတ်ရင် သူက ဒီ “ ဒါရိုက်တာလီ” ဆိုတဲ့ ရာထူးသစ်ကို အားလုံးက ချီးကျူးဂုဏ်ပြုနေတာကိုတွေ့ရရင် ဒေါသကြောင့် လေဖြတ်သွားနိုင်သည်။

 

ထုံးစံအတိုင်း ဖန့်ကျွင်းရုံသည်လည်း လီဝမ့်ကျင်းအား ဒါရိုက်တာအဖြစ် ရာထူးလျှော့ချခံရသည်ကို ဖတ်ခဲ့ရသည်။ ဖန့်ကျွင်းရုံဟာ ရယ်မောလိုက်မိသည်။ သူမ အသက်ရှင်နေတဲ့ကာလမှာ ဒီလိုအဖြစ်မျိုးကို ကြုံတွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ လီဝမ့်ကျင်းသည် သူပိုင်ဆိုင်သည့်ရှယ်ယာများကြောင့် အခြေအနေကောင်းခဲ့သည်။ ဒါပေမယ့် သူက သူ့ရှယ်ယာတွေကို ရောင်းပြီးသွားတာ ဖြစ်ရမယ်။ မကောင်းတဲ့ဆုံးဖြတ်ချက်တွေ ဆက်တိုက်ချလိုက်မိပြီး အဲ့တာက ကုမ္ပဏီရဲ့ဂုဏ်သတင်းကို ကျဆင်းသွားစေခဲ့သည်။ အခြားဒါရိုက်တာများသည် အေးအေးဆေးဆေး ဆက်မထိုင်နိုင်တော့ဘဲ နောက်ဆုံးတွင် ပုန်ကန်မှုတစ်ခုရှိခဲ့သည်မှာ မထူးဆန်းပေ။

 

ဖန့်ကျွင်းရုံသည် ထိုသတင်းကိုခဏဖတ်ခြင်းအားဖြင့် ပျော်ရွှင်လာခဲ့ပြီး ဝေ့ပေါ်ပို့စ်တစ်ခု တင်ခဲ့သည်။ အောက်တိုဘာလကုန်ပိုင်းတွင် သူမ ပထမဆုံးအကြိမ်ပို့စ်တင်ခဲ့သောနောက်ဆုံး အချိန်မှစ၍ ယခုအချိန်မှာ တစ်လကြာမြင့်ခဲ့သည်။

 

[ကြယ်လေးတွေကိုကြည့်ရင်း ဒီနေ့က သာယာဖွယ်ကောင်းတဲ့နေ့ရက်လေးလို့ ထင်မိတယ်။  မနက်ဖြန်ည ၈ နာရီမှာ အလှအပဆေးလုံး ဗူးရေ ၂၀၀၀၀ ကို ကျွန်မတို့ ဖြန့်ချိပေးလိမ့်မယ်။]

 

ထိုသို့ပို့စ်တင်ပြီးနောက် သူမသည် အွန်လိုင်းမှတုံ့ပြန်မှုအားလုံးကို လျစ်လျူရှုခဲ့သည်။ မှောင်ခိုဝယ်ယူသူများကို ဖယ်ရှားရန်အတွက် အကောင့်တစ်ခုစီကို အများဆုံး ဗူးရေ နှစ်ဗူးအထိသာ ဝယ်ယူနိုင်ရန် ကန့်သတ်ထားသည်။

 

နောက်တစ်နေ့ရောက်တော့ ဖန့်ကျွင်းရုံသည်အစောကြီးထပြီး တစ်ကိုယ်လုံးအလှပြုပြင်ဖို့အတွက် အလှပြင်ဆိုင်ကို အရင်သွားခဲ့သည်။  သူမရဲ့မိတ်ကပ်ပညာရှင်သည်လည်း နေ့လည်စာစားပြီးနောက် ရောက်လာခဲ့ပြီး သူမရဲ့မိတ်ကပ်ကို စတင်ပြင်ဆင်ခဲ့သည်။ ဖန့်ကျွင်းရုံ၏အသားအရေသည် ယခုအချိန်တွင် အလွန်ကောင်းမွန်နေခဲ့ပြီး သူမငယ်စဉ်ကထက်ပင် အနည်းငယ်ကောင်းမွန်ခဲ့သည်။  သူမ၏အသားအရေသည် နူးညံ့ပြီး နေရောင်အောက်တွင် တောက်ပနေသည်။ ဒါဟာစင်းလုံးချော အသားအရေပါပဲ။

 

အမှန်အတိုင်းပြောရရင် သူမက အဲဒါတွေအားလုံးက အလှအပဆေးလုံးတွေရဲ့အာနိသင် တစ်ခုတည်းကြောင့်လို့ မဖြစ်နိုင်ဘူးလို့ သူမ သံသယ၀င်ခဲ့သည်။ နောက်ဆုံးတော့ ရှင်းယွင် နဲ့ ကျုံးရီတို့ နှစ်ယောက်စလုံးဟာလည်း အလှအပဆေးလုံးကိုသောက်နေကြတာပဲ။ သူတို့အသားအရေလည်း ကောင်းပေမယ့် သူမအသားအရေက ပိုကောင်းပုံရတယ်။

 

၎င်းသည် သူမ၏နယ်မြေနှင့်သက်ဆိုင်သလား။

 

သူမဟာ ဒါကိုစဉ်းစားရင်း မိတ်ကပ်ပညာရှင်ကို သူမအလုပ်ကိုလုပ်ခွင့်ပေးဖို့ သူမမျက်လုံးတွေကို ပိတ်လိုက်သည်။ သူမ၏နောက်ထပ်ခြေလှမ်းသည် နယ်မြေကို သုတေသနလုပ်ရန်အတွက် အချိန်ပိုပေးရန် ဖြစ်သည်။

 

မိတ်ကပ်ပညာရှင်သည် ဖန့်ကျွင်းရုံ၏ မျက်နှာပေါ်သို့ မိတ်ကပ်အား လျင်မြန်စွာ လိမ်းခြယ်ပေးလိုက်သည်။ သူမသည် နာမည်ကျော်မင်းသမီးများစွာကို လိမ့်ခြယ်ပေးခဲ့ဖူးပြီး မင်းသမီးများသည် သူတို့၏အသားအရေကို ထိန်းသိမ်းရန်အတွက် မည်မျှကုန်ကျပါစေလိုအပ်သလောက်သုံးရန် အမြဲဆန္ဒရှိခဲ့ကြသည်။ ဒါတောင်မှ သူတို့ရဲ့အသားအရေက ဖန့်ကျွင်းရုံရဲ့ အသားအရေလောက်တောင် ကောင်းပုံမရသေးဘူး။

 

သူမသည် ယခင်က အလှအပဆေးလုံးအကြောင်း အွန်လိုင်းပေါ်ရှိအရူးများ ရေးသားထားသည့် အကြောင်းကိုဖတ်ခဲ့ပြီး ၎င်းတို့အကြောင်းကို သံသယ၀င်ခဲ့သည်။ ယွမ် ၂၀၀၀၀ အထက် ကုန်ကျသောမိတ်ကပ်ကဲ့သို့သူတို့က မည်သို့ကောင်းနိုင်မည်နည်း။ ယခုသူမသည် ဖန့်ကျွင်းရုံကို လူချင်းတွေ့ဖူးတာကြောင့် သူတို့ရဲ့အကျိုးသက်ရောက်မှုတွေကို သူမ ပိုယုံကြည်လာခဲ့သည်။ သူမသည် ဗူးရေ အနည်းငယ်လောက်ကို ရရှိဖို့ ကြိုးစားရန် သူမ ဆုံးဖြတ်ခဲ့သည်။

 

တစ်နာရီအကြာတွင် ဖန့်ကျွင်းရုံ၏ မိတ်ကပ်လိမ်းခြယ်မှုသည် ပြီးသလောက်ဖြစ်လာခဲ့သည်။ သူမ မျက်လုံးဖွင့်ကြည့်လိုက်တော့ နူးညံ့ချောမွေ့သောမိတ်ကပ်ကို သူမကိုယ်တိုင်မြင်မိလိုက်သည်။ ဖန့်ကျွင်းရုံက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး “ဒါက ကျွန်မမျှော်လင့်ထားတာထက် ပိုမြန်မြန်ပြီးသွားတာပဲ” လို့ ပြောလိုက်သည်။

 

"ရှင့်အသားအရေက အရမ်းကောင်းတာမို့ ကျွန်မ အဆင့်တွေအများကြီး ကျော်နိုင်ခဲ့တယ်" ပြီးတော့ ဒါက မိတ်ကပ်ပညာရှင်ကပြောရုံသက်သက် မဟုတ်ဘူး။ သူမသည် ဒီစကားကို စိတ်ရင်းမှန်ဖြင့် ပြောတာဖြစ်သည်။