အခန်း ၁၅၁
Viewers 25k

အခန်း(၁၅၁) - လီဝမ့်ကျင်းသည် သူ့သွေးများအားလုံး သူ့ခေါင်းထဲသို့ ထိုးဆောင့်တက်သွားခဲ့သည်။ သူမ ဘယ်လောက်တောင် သတ္တိရှိလိုက်သလဲ (၂)

 

ဖန့်ကျွင်းရုံက သူမနှုတ်ခမ်းကို အသာတွန့်ကွေးရင်း ပြုံးလိုက်သည်။ သူမ ပြုံးလိုက်သောအခါ အေးစက်သောအလှလေးပုံစံဖြင့် လှပနေခဲ့သည်။ သူမ ပြုံးလိုက်သောအခါ နှင်းများအရည်ပျော်သွားရာမှ ထွက်ပေါ်လာသည့် နှင်းပန်းပွင့်များကဲ့သို့ သူမဟာ ရင်သပ်ရှုမောဖွယ်ရာ လှပနေခဲ့သည်။ အထူးသဖြင့် သူမ၏အနီရောင်နှုတ်ခမ်းများသည် ပန်းပွင့်တစ်ပွင့်နှင့်တူပြီး အခြားသူများအား ၎င်းတို့ကိုမြည်းစမ်းစေလိုသောစိတ်ဆန္ဒကို ဖြစ်ပေါ်စေသည်။

 

သူမသည် ယနေ့တွင် အနီရောင်၀တ်စုံကို ၀တ်ဆင်ထားသဖြင့် သူမအသားအရေသည် ပိုမိုဖြူဖွေးလာစေပြီး သူမ၏ခန္ဓာကိုယ်ကောက်ကြောင်းကို ပိုထင်‌ပေါ်စေသည်။

 

ဖန့်ကျွင်းရုံသည် မတ်တပ်ထရပ်လိုက်ပြီး မိတ်ကပ်ပညာရှင်က သူမအတွက် ဝတ်စုံကို ပြန့်ပြန့်ပြူးပြူးဖြစ်အောင် ပြင်ဆင်ပေးလိုက်သည်။

 

ဖန့်ကျွင်းရုံက အပြုံးတစ်ပွင့်ဖြင့် “ကျေးဇူးတင်ပါတယ်။ ဒါက မင်းရဲ့ ၀န်ဆောင်မှုအတွက် ကျွန်မ ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့အနေနဲ့ပေးတဲ့ အလှအပေဆေးလုံးဗူးရေအချို့ပါ။"

 

ဖန့်ကျွင်းရုံသည် ထုတ်ပိုးထားသော အလှအပဆေးလုံး ဗူးရေ ၂ဗူးကို လက်‌ဆောင်ပေးခဲ့သည်။ လက်ဆောင်ပစ္စည်းများပေးအပ်ရာတွင် အလှအပဆေးလုံးသည် ယခုတစ်လောတွင် လူကြိုက်အများဆုံးဖြစ်သည်။

 

မိတ်ကပ်ပညာရှင်က ဒါကိုလက်ခံလိုက်ပြီး အံ့သြဝမ်းသာမိသည်။ သူမ ဒီထုတ်ကုန်များကိုနောက်ပိုင်းမှာ စမ်းသပ်သုံးကြည့်ပြီးတာနဲ့ သူမဟာ ချက်ချင်းပင် ဖန့်ကျွင်းရုံရဲ့သစ္စာရှိတဲ့ ပရိသတ်တစ်ယောက်ဖြစ်လာပြီး သူမတွေ့တဲ့လူတိုင်းကို ကုန်ပစ္စည်းအကြောင်းကိုတင်မကဘဲ ဖန့်ကျွင်းရုံအကြောင်းများကိုပါ ပြောပြခဲ့သည်။

 

ဖန့်ကျွင်းရုံက ဘယ်လောက်ချောမောလှပပြီး ကြင်နာတတ်သလဲဆိုတာကို ပြောပြခဲ့ပြီး‌တော့ လီဝမ့်ကျင်းကဲ့သို့ မျက်မမြင်နှင့်အရူးဆန်သော ယောက်ျားတစ်ယောက်ကသာ သူမကို လိမ်ညာပေလိမ့်မည်။

 

 

ဖန့်ကျွင်းရုံက ဒီအကြောင်းတွေအားလုံးကို မသိပဲ သူမရဲ့ရုံးခန်းကို ဦးတည်သွားခဲ့သည်။ ကျန်းသဲ့ရှန်းသည် ညနေ ၄နာရီ မိနစ်၃၀ တွင်ရောက်လာခဲ့သည်။

 

သူမနဲ့နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်ကထက် ယခု‌တွေ့မြင်နေရတဲ့ ကျန်းသဲ့ရှန်းရဲ့အသွင်အပြင်ကြောင့် သူမအံ့သြနေမိပြီ။  ယခုအချိန်အတွက် ကျန်းသဲ့ရှန်းသည် ၀တ်စုံပြည့်၀တ်ဆင်ထားပြီးဖြစ်သောအခါ ဒဏ္ဏာရီလာပုံပြင်များထဲမှ အပိုလို လမ်းလျှောက်ထွက်လာသလိုမျိုး ခန့်ညားလှသည်။ ဘောင်းဘီအောက်မှ သူ့ခြေထောက်များသည် အလွန်ရှည်လျားပြီး မော်ဒယ်တစ်ယောက်ပင် ဖြစ်နိုင်သည်။ သာမာန်ကြမ်းပြင်သည် သူလျှောက်ရန် မလုံလောက်ဟု ခံစားချက်ကိုပေးစွမ်း‌ခဲ့သည်။ သူသည် စင်မြင့်ထက်တွင်သာ လမ်းလျှောက်သင့်သည်။

 

အံ့သြဖွယ်ပဲ။ သူက အလွန်အရည်အချင်းပြည့်ဝတဲ့ ပွဲတက်ဖော်တစ်ယောက်ပဲ။

 

ဖန့်ကျွင်းရုံသည် အရမ်းပျော်သွားမိသည်။  သူမအနားမှာ ချောမောတဲ့ လူငယ်လေးတစ်ယောက်ကို မွေးမြူဖို့အတွေး မရှိခဲ့ပေမယ့် ချောမောလှပတဲ့ အသားလေးတွေကို ဘယ်သူက သဘောမကျပဲ နေမှာလဲ။ တစ်ယောက်ယောက်ကို အနားမှာမွေးမြူထားဖို့ အတွေးရှိရင်လည်း ဘာမှမမှားပါဘူး။

 

သူမတို့နှစ်ဦးဟာ ဒီညမှာ ဆွဲဆောင်မှုအရှိဆုံးစုံတွဲဖြစ်မှာ သေချာပါသည်။

 

"သွားကြရအောင်။" ဖန့်ကျွင်းရုံက ကျန်းသဲ့ရှန်းကို ပြောလိုက်သည်။

 

 ***

 

ဖန့်ကျွင်းရုံ ကြိုတင်ခန့်မှန်းထားသည့်အတိုင်း သူမနှင့် ကျန်းသဲ့ရှန့်တို့ ထွက်ပေါ်လာသည့်အခိုက်အတန့်တွင် လူများစွာတို့၏အကြည့်များသည် သူမတို့ဆီမှာဘရောက်နေကြသည်။ ထိုမိနစ်တွင် လေက ပြန်လည်မမျောလွှင့်ပဲ စက္ကန့်အနည်းငယ်မျှ ငြိမ်နေပုံရသည်။

 

လူများစွာသည် အံ့သြမှု‌ကြောင့် ထိတ်လန့်သွားပုံရသည်။

 

ဖန့်ကျွင်းရုံဟာ ချောမောလှပတယ်ဆိုတာကို လူတိုင်းသိသည်။ သူမဟာ ဒီအသိုင်းအဝိုင်းမှာ အမြဲတမ်း အလှဆုံးပန်း‌လေးတစ်ပွင့် ဖြစ်ခဲ့သည်။ သူမ လီဝမ့်ကျင်းနှင့်လက်ထပ်သောအခါက လူများစွာတို့သည် အချိန်မီ မပိုးပန်းနိုင်ခဲ့သောကြောင့် များစွာနောင်တရခဲ့ကြသည်။

 

ဖန့်ကျွင်းရုံသည် သူမလက်ထပ်ပြီးနောက်ပိုင်း လူများစွာ၏စိတ်ထဲတွင် မေ့လျော့ပျောက်ကွယ်သွားခဲ့သည်။ သူမ၏ကွာရှင်းပြတ်စဲမှုကြောင့် သူမသည် မကြာသေးမီက အာရုံစိုက်မှု၏ဗဟို ဖြစ်လာခဲ့သည်။

 

မည်သို့ပင်ဖြစ်စေ ကွာရှင်းပြတ်စဲခြင်းကြောင့် လူအများက သူမအား“ကွာရှင်းပြတ်စဲထားသောအမျိုးသမီး” ဟုတံဆိပ်ကပ်ခဲ့ကြပြီး သူမ အမြဲရှိခဲ့သည့် ထင်ပေါ်ကျော်ကြားမှုဟာ မှေးမှိန်သွားခဲ့ရသည်။ ဖန့်ကျွင်းရုံသည် မကြာသေးမီက သူမ၏အသက်မွေးဝမ်းကျောင်းအတွက် ကြိုးစားအားထုတ်မှုသည် သူမအိမ်ထောင်ရေးအဆင်မပြေမှုကြောင့် သူမ၏အလုပ်အကိုင်အပေါ် အာရုံစူးစိုက်မှုအား ပြန်လည်မြှင့်တင်ခဲ့သည်ဟူသော အခြားသူများ၏အထင်အမြင်ကို ထပ်မံထောက်ခံခဲ့ကြပြန်သည်။

 

သူမ ထွက်ပေါ်လာသောအခါ သူမနှင့်ပတ်သက်သော မကောင်းသောခန့်မှန်းချက်များအားလုံး ကြေမွသွားခဲ့ရသည်။

 

[လီဝမ့်ကျင်းက  သေချာပေါက် မျက်စိကွယ်သွားပြီပဲ။]

 

သူတို့က သူမဘေးနားက ကောင်လေးကိုကြည့်ပြီး သူမရဲ့တည်ရှိမှုက အစစ်အမှန်ဖြစ်ပြီးတော့ တကယ်ရှိနေတယ်လို့ ခံစားခဲ့ရသည်။

 

ဖန့်ကျွင်းရုံသည် ယခင်က ဆေးဖက်ဆိုင်ရာနယ်ပယ်နှင့် အဆက်အသွယ်မရှိခဲ့ပါ။ဒီပွဲတွင်  ဟဲကျန့်ပင်းတစ်ဦးတည်းကသာလျှင် သူမအား အသိအမှတ်ပြုသည့်တစ်ဦးတည်းသောလူ ဖြစ်သည်။

 

ဟဲကျန့်ပင်းက သူမဆီကို လျှောက်လာပြီး "ဒီနေ့ ငါ ဒီနေရာကို ရောက်လာမိတာကို နောင်တရတယ်။ နင် ဒီနေရာမှာရှိနေတာက ငါ့အလှအပကို မပေါ်လွင်စေတော့ဘူး"  

 

အထူးသဖြင့် ဒီနေ့စားသောက်ပွဲမှာ သူတို့နှစ်ယောက်စလုံးက အနီရောင်ပွဲတက်ဝတ်စုံတွေကို ဝတ်ဆင်ထားတဲ့အခါမှာပေါ့။

 

"ပြောပါဦး၊ နင် ငါ့ကို ဖုံးကွယ်ထားတဲ့ ပစ္စည်းတစ်ခုခု ရှိနေသေးတာလား"

 

ဖန့်ကျွင်းရုံ၏အနီရောင်နှုတ်ခမ်းများက အပြုံးတစ်ပွင့် ဖြစ်ပေါ်သွားပြီး သူမက “ဒါက ငါ့ရဲ့သဘာဝအလှပဲ။ ဒါကိုတော့ ‌နင့်ကို ပေးလို့ မရနိုင်ဘူးလေ။"

 

ဖန့်ကျွင်းရုံရဲ့ဘေးက လူငယ်လေးကိုကြည့်ရင်း အံ့သြသွားတဲ့အကြည့်က သူမမျက်နှာ‌ေပါ်မှာ ဖြတ်သန်းသွားသည်။  

 

"နင် သူ့ကို ငါ့နဲ့ မိတ်ဆက် မဆက်ပေးဘူးလား"

 

ဖန့်ကျွင်းရုံက စက္ကန့်ပိုင်းလောက် တွေးဆလိုက်ပြီး "ဒါက ငါ့ရဲ့လက်ထောက်" လို့ ပြောလိုက်သည်။