အခန်း ၁၅၂
Viewers 25k

အခန်း(၁၅၂) - လီဝမ့်ကျင်းသည် သူ့သွေးများအားလုံး သူ့ခေါင်းထဲသို့ ထိုးဆောင့်တက်သွားခဲ့သည်။ သူမ ဘယ်လောက်တောင် သတ္တိရှိလိုက်သလဲ (၃)

 

ဟမ်။ သူက သူမနှင့်အတူ ပွဲတက်ရန်အတွက် ငှားရမ်းထားခဲ့ပြီး ဖိတ်ကြားထားသည့် ပွဲအချို့ကို အတူတက်ပေးဖို့ ကူညီရန် သူမအတွက်ရှိနေသော်လည်း သူ့အားသူမ၏လက်ထောက်အဖြစ် မိတ်ဆက်ပေးခဲ့သည်။

 

ဟဲကျန့်ပင်းက မေးခွန်းအများကြီး မမေးခဲ့ဘူး။ သူမသည် ဖန့်ကျွင်းရုံအား အခြားဧည့်သည်အချို့၏အထောက်အထားများကို တီးတိုးပြောပြခဲ့ပြီး သူတို့အများကြီးကို မှတ်မိခဲ့သည်။ အမှန်အတိုင်းပြောရရင် ဒီစားသောက်ပွဲကို ဒီည ဖန့်ကျွင်းရုံတက်ရောက်တာကို သူမ တော်တော်အံ့သြသွားမိသည်။  ဒီနေရာသည် သူမ ပါဝင်ခဲ့သောနယ်ပယ်တစ်ခုဖြစ်တယ်ဟု မထင်ခဲ့ပေ။

 

ကျန်းသဲ့ရှန်းက ဖန့်ကျွင်းရုံအနားမှာ သူရဲကောင်းတစ်ယောက်လို သူမရဲ့ဘေးမှာသင့်တော်စွာ မတ်တပ်ရပ်နေခဲ့သည်။ သူသည် သိပ်အရေးမပါလှသောသူတစ်ယောက်ဟူသော ခံစားချက်ကို ပေးစွမ်းခဲ့သည်။

 

ဟဲ့ကျန့်ပင်းကတောင်မှ  "ကောယွမ်ကော်ပိုရေးရှင်းမှာ အဓိကရှယ်ယာရှင်အသစ်တစ်ယောက်ရှိတယ်လို့ ငါကြားတယ်။ သူတို့က အဲ့ဒီရှယ်ယာရှင်အသစ်ကို ဒီနေ့မိတ်ဆက်ပေးလိမ့်မယ်လို့ ငါထင်တယ်။ ငါ အဲ့ဒီလူက ဘယ်ဂုဏ်သတင်းကြီးတဲ့မိသားစုကလာတာလဲဆိုတာကို ငါ အံ့သြမိတယ်။”

 

ပြည်တွင်းအမှတ်တံဆိပ်တစ်ခုအနေနှင့် ၎င်းတို့၏ဒုတိယအကြီးဆုံးရှယ်ယာရှင်ဖြစ်လာခြင်းသည် အရင်းအနှီးတစ်ခုသာမဟုတ်၊ ကွန်ယက်များစွာလည်း ရှိရပေသည်။ ထို့ကြောင့် ဟဲကျန့်ပင်းသည် ထိုယူဆချက်ကို ထင်မြင်ခဲ့တာဖြစ်သည်။

 

ရှယ်ယာ ၈ ရာခိုင်နှုန်းပိုင်ဆိုင်ထားတဲ့ ဖန့်ကျွင်းရုံက ပြုံးပြီးတော့ “ ဟမ်။ ငါကတော့ အဲ့ဒီရှယ်ယာရှင်အသစ်က လှပတဲ့အမျိုးသမီးတစ် ဦးလို့ ခန့်မှန်းမိတယ်။”

 

ဟဲကျန့်ပင်းက ကျေနပ်သွားသည်။ ထို့နောက်သူမက “အဲဒါကို နင်ဘယ်လိုလုပ်သိတာလဲ။  နင့်မှာ ပထမဦးဆုံး အချက်အလက် ရှိလား။”

 

ဖန့်ကျွင်းရုံက ပြုံးရုံသာပြုံး၍ တုန့်ပြန်ခဲ့သည်။  သူမ အမှန်တရားကိုသိသောအခါ ဟဲကျန့်ပင်းက သူမကို မရိုက်နှက်စေချင်ပါဘူး။

 

ဟဲကျန့်ပင်း၏အကူအညီဖြင့် ဖန့်ကျွင်းရုံသည် ပွဲလာဧည့်သည်အချို့နှင့် မိတ်ဆက်ခဲ့ပြီး သူတို့နှင့်စီးပွားရေးကတ်များ လဲလှယ်ပေးခဲ့သည်။ မိန့်ဖုန်းသည် အရွယ်အစားကြီးမားသောကော်ပိုရေးရှင်းတစ်ခုမဟုတ်သော်လည်း ထိုနယ်ပယ်၌ရှိသူများသည် အလားအလာများစွာရှိသည်၊ တစ်နေ့ သူတို့အတူတကွ လက်တွဲ၍လုပ်ဆောင်နိုင်သည်ဟုပြောနိုင်သည်။ ထို့ကြောင့် ယခုပင် ဖန့်ကျွင်းရုံနှင့် အဆက်အသွယ်လုပ်ထားခြင်းသည် မထိခိုက်ပါ။

 

စီးပွားရေးနယ်ပယ်မှာ ရန်သူတွေထက် သူငယ်ချင်းတွေပိုရတာက ပိုကောင်းတာပါပဲ။

 

ဖန့်ကျွင်းရုံကို အတူကရန် ဖိတ်ခေါ်ခြင်းအတွက် သူမ အများကြီးလုပ်စရာမလိုတော့ပဲ ကျန်းသဲ့ရှန်းက အရာအားလုံးကို ကိုင်တွယ်နိုင်ခဲ့သည်။ သူသည် အခြားသူများကို ယုံကြည်စေရန် အရည်အချင်းရှိပုံရသည်။ သူက သူတို့ကို အ‌ဝေးသို့ လှည့်ထွက်သွားစေပြီးနောက် ဘယ်သူ့ကိုမှလည်း မစော်ကားခဲ့ဘူး။

 

ဖန့်ကျွင်းရုံက သူရဲ့စွမ်းဆောင်ရည်ကို အကဲဖြတ်ကြည့်ရာမှာ သူမက ဒါကရေရှည်ပူးပေါင်းဆောင်ရွက်မှုတစ်ခုအထိ ချဲ့ထွင်နိုင်တယ်လို့ ခံစားခဲ့ရသည်။ ပြီးတော့ ကျန်းသဲ့ရှန်း၏ လူတွေကို ငြင်းပယ်သည့်စွမ်းရည်ကိုမြင်ရတာက ဖန့်ကျွင်းရုံကို အံ့အားသင့်စေမိသည်။ သူ ဒီနှစ်တစ်လျှောက်လုံးမှာ ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ အရံအနေနှင့်ပဲ ရှိနေခဲ့ရတာက တကယ် စိတ်မကောင်းစရာပါပဲ။

 

ဖန့်ကျွင်းရုံသည် သူမ လူတစ်ဦးချင်းစီမိတ်ဆက်ပြီးသောအခါ အနည်းငယ် ပင်ပန်းနွမ်းနယ်လာသလို ခံစားရပြီးတော့ လေကောင်းလေသန့်ရှုရှုိက်ရန် ပေါ်တီကိုအောက်သို့ သူမ လမ်းလျှောက်ထွက်လာခဲ့သည်။

 

ကျန်းသဲ့ရှန်းက သူမအား ကွတ်ကီးသေးသေးလေးတစ်အုပ်ကို အလျင်အမြန် ယူလာပေးသည်။ ကွတ်ကီးများကို အလွန်နူးညံ့စွာ ပြုလုပ်ထားသည်။ ၎င်းတို့သည် လက်မအရွယ် ဖြစ်၍ စားသုံးရန် အလွန်အဆင်ပြေသည်။ အရေးအကြီးဆုံးကတော့ သူမနှုတ်ခမ်းနီတွေ ပျက်သွားမှာကို သူမ စိတ်ပူစရာမလိုပါဘူး။

 

ဖန့်ကျွင်းရုံသည် ဒီကွတ်ကီးလေးများကို တစ်ချက်စားကြည့်လိုက်ပြီး သူမ မျက်လုံးများပြူးကျယ်သွားသည်။ သူမ ထင်ထားတာထက် ပိုစားကောင်းတယ်။ သူတို့က အရမ်းမချိုဘူး၊ ပါးစပ်ထဲမှာ အရည်ပျော်သွားပြီး သူတို့က နို့ရည်အရသာ ကြွယ်ဝသည်။

 

သူမ အဲဒါတွေကို အနည်းငယ်စားလိုက်ပြီးတော့ ကျန်းသဲ့ရှန်းက သူမလက်ထဲကို အချိုရည်တစ်ဗူး ထည့်ပေးလိုက်သည်။ ပူနွေးသောအရည်သည် သူမခန္ဓာကိုယ်ကို နွေးထွေးသွားစေသည်။ အချိုရည်၏အနည်းငယ်ချိုသောအရသာသည် ကွတ်ကီးများ၏အရသာကို ကောင်းစွာဖြည့်ပေးပြီး သူမသည် ၎င်းတို့ကို အတော်ပင် နှစ်သက်ခဲ့သည်။

 

"မဆိုးပါဘူး" ဖန့်ကျွင်းရုံက သူမမျက်နှာပေါ်တွင် မသိမသာအပြုံးလေးဖြင့် ဆိုလိုက်သည်။

 

"ဝမ်းမြောက်ဝမ်းသာပါပဲ" ကျန်းသဲ့ရှန်းက သူမအား အနည်းငယ်ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ သူ့ရဲ့ အချက်အလက်က စစ်မှန်စုံလင်သည်။ 

 

“ကျွန်မ အခုမှပဲ မေးရတော့မယ်၊ ဒီကွတ်ကီးတွေက လုပ်ထားတာက…”

 

ကျန်းသဲ့ရှန်းသည် ကွတ်ကီးများပြုလုပ်ရာတွင် ပါဝင်သည့်အချက်အလက်များကို သူမနှင့်စကားစမြည်ပြောခဲ့ပြီး ဖန့်ကျွင်းရုံက ဒီအကြောင်းများကို အပြုံးတစ်ပွင့်နားထောင်ရင်း စိတ်အပန်းပြေခဲ့သည်။ 

 

လီဝမ့်ကျင်းသည် ကျန်းပိနှင့်အတူရောက်သောအခါ ပထမဆုံးမြင်လိုက်ရသည်မှာ ဖန့်ကျွင်းရုံသည် အပြုံးတစ်ပွင့်ဖြင့် အလွန်ဆွဲဆောင်မှုရှိသော လူငယ်တစ်ယောက်နှင့်ပျော်ရွှင်စွာစကားပြောနေတာကို တွေ့မြင်လိုက်ရသည်။ သူမ၏နူးညံ့သိမ်မွေ့သောမျက်ခုံး၊ မျက်လုံးများက အလင်းရောင်အောက်၌ နူးညံ့သိမ်‌မွေ့ဟန်ရှိခဲ့ပြီး သူမသည် အလွန်ဆွဲတောင်မှုအား‌ကောင်းသည်။

 

သူမသည် ပြောနေတဲ့စကားကို သူမခေါင်းလေးအား စောင်းငဲ့ပြီး အလွန်အာရုံစိုက်ထားပုံရသည်။

 

သူ့မြင်ကွင်းမှကြည့်လျှင် သူတို့နှစ်ဦးသည် အလွန်ရင်းနှီးပုံရပြီး မြင်ကွင်းသည် သူ့အတွက် မျက်စိစပါးမွေးစူးစရာဖြစ်သည်။

 

ထိုအခိုက်အတန့်တွင် လီဝမ့်ကျင်းသည် အလွန်ဒေါသထွက်သွားပြီး သူ့ဦးနှောက်သွေးကြောများထဲ သွေးတဒိတ်ဒိတ်တိုးလာခဲ့သည်။ သူမ ဘယ်လောက်တောင် သတ္တိရှိလိုက်သလဲ။