အခန်း ၁၅၃
Viewers 25k

အခန်း(၁၅၃) - သူက သူ့သားကို အဘွားကြီးတစ်ယောက်ဆီကို ဘယ်တော့မှရောင်းချမှာမဟုတ်ဘူး။ (၁)

 

လီဝမ့်ကျင်းနှင့် ဖန့်ကျွင်းရုံတို့သည် ကွာရှင်းပြီးပြီဆိုပေမယ့် ယောက်ျားတွေအားလုံးမှာ ကြောက်စရာကောင်းတဲ့ စိတ်သဘောထားရှိကြသည်။ သူ့စိတ်နှလုံးအနက်ရှိုင်းဆုံးတွင်  ဖန့်ကျွင်းရုံသည် သူ့အပိုင်ဖြစ်နေတုန်းပင်။ တကယ်တော့ သူမ သူ့ကို ချစ်နေတုန်းပဲဆိုတဲ့သံသယ သူ့မှာ ရှိနေသည်။မဟုတ်ရင် သူမဘာလို့ သူ့ကို ဒီလောက်တောင် မုန်းနေရမှာလဲ။

 

ထို့ကြောင့် ဖန့်ကျွင်းရုံသည် အခြားလူတစ်ယောက်နှင့် နီးကပ်နေသည်ကို မြင်လိုက်ရသောအခါ သူနှင့်သက်ဆိုင်သောအရာတစ်ခုကို အခြားသူတစ်ဦးက လိုချင်တပ်မက်နေတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။

 

လီဝမ့်ကျင်းသည် အံကြိတ်ကာ ထိုမြင်ကွင်းကိုကြည့်ရင်း သူ့နဖူးမှ သွေးပြန်ကြောများသည်ဖောင်းကြွတက်လာပါတော့သည်။

 

သူသည် ဖန့်ကျွင်းရုံထံသို့ အမြန်လျှောက်သွားပြီး "အရှက်မရှိတဲ့အမျိုးသမီး" လို့ လေသံမာမာဖြင့် ပြောလိုက်သည်။

 

ဖန့်ကျွင်းရုံက ပျော်ရွှင်စွာ စကားပြောနေချိန်မှာ သူမကို မကျေမနပ်ဖြစ်နေသောအသံကို ကြားလိုက်ရသည်။ သူမခေါင်းကို လှည့်ကြည့်လိုက်သောအခါမှာ လီဝမ့်ကျင်းသည် သူမအား ဒေါသမျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမကရယ်စရာကောင်းတာကို ခုမှတွေ့လိုက်ရတာ ဖြစ်သည်။ သူ့မှာ သူမကို သူ့စိတ်ထဲမှာရှိတဲ့အတိုင်း ပြောပိုင်ခွင့်ရှိတယ်လို့ သူ့ကိုဘာက ထင်မြင်စေရတာလဲ။

 

ဖန့်ကျွင်းရုံသည် သူမအပြုံးကို ရုတ်သိမ်းလိုက်ပြီး အေးစက်သောအကြည့်ဖြင့် လှောင်ပြောင်လိုက်သည်။  

 

"အာ... ဘော့စ်လီပါလား။ မတွေ့ရတာကြာပြီနော်။"

 

လီဝမ့်ကျင်းသည် သူ၏ဆန္ဒကို ဆန့်ကျင်ခံရပြီး ထို‌နေရာမှနှင်ထုတ်ခြင်းကိုခံရပြီးနောက် ထိုသို့ခေါ်ဆိုခြင်းကို မုန်းတီးမိသည်။ ဖန့်ကျွင်းရုံက သူ့ကို ဒီလိုသက်သက်ခေါ်ဆိုတာကို သံသယဖြစ်စရာမလိုပါဘူး။  “မင်း…မင်း…”

 

ဖန့်ကျွင်းရုံက လှောင်ရယ်ရယ်လိုက်သည်။  “ရှင်က ကျွန်မတို့အိမ်ထောင်ကျခဲ့စဉ်က ရှင် ကျွန်မကို လိမ်လည်လှည့်ဖြားခဲ့တယ်။ ရှင် ကျွန်မရှေ့ကို လျှောက်လာပြီးတော့ ရှင် ကျွန်မကို ခုနကလိုမျိုးပြောပိုင်ခွင့် ရှင့်မှာရှိတယ်လို့ထင်လား။ ရှင့်ကိုယ်ရှင် ဘယ်သူလဲလို့ ထင်နေတာလဲ။ ရှင့်မျက်နှာကို ရှင် မှန်ထဲမှာကြည့်ပြီးရှင်က ဘယ်လိုလူမျိုးလဲဆိုတာကို တကယ်စဉ်းစားကြည့်သင့်တယ်။”

 

သူမအသံက သိပ်မကျယ်လွန်းဘူး၊ ညင်သာလွန်းတယ်၊ ဒါပေမယ့် သူမပတ်ဝန်းကျင်ကလူတိုင်း သူမပြောတာကို ကြားနိုင်ဖို့အတွက် လုံလောက်တယ်။

 

သူတို့တော်တော်များများက ကျော်ကြည့်ပြီး  လီဝမ့်ကျင်းကို အရူးတစ်ယောက်လို ကြည့်နေကြသည်။

 

လီဝမ့်ကျင်းက ဒီတစ်လျှောက်လုံး စိတ်မသက်မသာခံစားခဲ့ရသည်။ သူရဲ့လိမ်လည်လှည့်ဖြားခံရခြင်းကြောင့် သူ့ကိုအားနည်းသောနေရာတစ်ခုတွင် ချက်ချင်းထားခဲ့သည်ဟု သူခံစားခဲ့ရသည်။ လီရှင်းယွင်အကြောင်းကို ရုတ်တရက် စဉ်းစားမိရင်း သူ့မှာ ဝှက်ဖဲတစ်ကဒ်ရှိသလိုမျိုး ရုတ်တရက် ပြုမူလိုက်သည်။

 

“ဒီအရုပ်လေးက ရှစ်ကျီနဲ့ ရှင်းယွင်းတို့ထက် အသက်အများကြီးမယ့်ပုံမရဘူး။ ဒါက သူမအတွက် အဆင်မပြေစေနိုင်ဘူးဆိုတာကို မင်း စဉ်းစားမိရဲ့လား။”

 

ဖန့်ကျွင်းရုံသည် ကလေးနှစ်ယောက်မိခင်ဖြစ်နေပြီ။ ဒါက သူမအသက်အရွယ်မှာ လတ်ဆတ်တဲ့အသားလေးတွေကို စားသုံးတာက ရှက်စရာပါပဲ။

 

လီဝမ့်ကျင်းသည် သူ ဒီအကြောင်းကို ပိုတွေးလေ သူပိုဒေါသထွက်လာလေ ဖြစ်လာခဲ့သည်။

 

ဖန့်ကျွင်းရုံက သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး လီဝမ့်ကျင်းသည် ကျန်းသဲ့ရှန်းနှင့်သူမ၏ဆက်ဆံရေးကို နားလည်မှုလွဲမှားနေကြောင်း သဘောပေါက်လိုက်သည်။ 

 

"ရှင်းယွင်က စိတ်မဆိုးလောက်ပါဘူး။ ကျွန်မတို့သိတဲ့အတိုင်းပဲ သူမက နားလည်မှုရှိတဲ့ကလေးတစ်ယောက်ပါ။”

 

လီရှစ်ကျီအတွက်ကတော့ သူ တွေးတဲ့အရာတွေကို သူမ ဂရုမစိုက်နိုင်ဘူး။

 

"မင်းတို့နှစ်ယောက်ရဲ့အသက်က ကွာခြားလွန်းတယ်" လီဝမ့်ကျင်းသည် သူတို့၏အသက်အရွယ်ကွာခြားမှုကို ထောက်ပြရန်မှတပါး အခြားရွေးချယ်စရာမရှိချေ။

 

တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သော ကျန်းသဲ့ရှန်းက "သူမရဲ့ ရွေးခြယ်ခံရတာကို ၀မ်းသာမိပါတယ်" လို့ ဝင်ပြောလိုက်သည်။

 

လီဝမ့်ကျင်းသည် ဒေါသထွက်သွားသည်။ သူက ဒီအပျော်ကောင်လေးကို စက်ဆုပ်ရွ့ံရှာတဲ့အကြည့်နဲ့ကြည့်ပြီး သူ ဒီကောင်လေးရဲ့အသက်အရွယ်တုန်းကထက် ဒီကောင်လေးက သူ့ထက် ပိုချောတယ်ဆိုတာကို ၀န်မခံချင်ဘူး။

 

“ဒါက အဆင်ပြေပါတယ်။ ကျွန်မတို့ရဲ့ရုပ်ရည်တွေကိုကြည့်လိုက်ရင် ရှင် ဘာမှ ပြောနိုင်မှာ မဟုတ်ဘူးလေ။” ဖန့်ကျွင်းရုံက ခဏလောက်ဆိုင်းငံ့ပြီးနောက် ထပ်မံပြောဆိုလိုက်သည်။

 

“အခု ကျွန်မတို့ကွာရှင်းထားတာ ကံကောင်းတယ်။ မဟုတ်ရင် တခြားသူတွေက ကျွန်မတို့ဘေးချင်းယှဥ်ရပ်တဲ့အခါမှာ ကျွန်မတို့ကို အဖေနဲ့သမီးလို့ ထင်ကြလိမ့်မယ်။”

 

ဘာပဲဖြစ်ဖြစ် သူမသည် ငယ်ရွယ်ပြီး လှပနေဆဲဖြစ်သည်။ လီဝမ့်ကျင်းကဲ့သို့ပင် သူသည် သူ့ကိုယ်သူ ထိန်းသိမ်းနိုင်စွမ်းကောင်းပြီး ခန့်ညားချောမောသူအဖြစ် သတ်မှတ်ခံရသေးသည်။ ကံမကောင်းစွာဖြင့် ကွာရှင်းပြီးနောက် သူသည် အတားအဆီးများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ အထူးသဖြင့် အခုနောက်ပိုင်းတွင် သူ့အကြွေးများ၏ ရိုက်နှက်ခြင်းကို အမှန်တကယ်ခံစားခဲ့ရသောအခါ သူ့ဆံပင်များသည် ယခင်ကထက် ပိုမိုဖြူ‌ဖွေးလာခဲ့သည်။ သူမတို့နှစ်ဦးကြား ခြားနားချက်များသည် ပြင်းထန်လှသည်။

 

ဖန့်ကျွင်းရုံကို ညွှန်ပြထားသော လီဝမ့်ကျင်း၏လက်ညှိုးသည် ဒေါသကြောင့် တုန်ယင်နေသည်။

 

ကျန်းသဲ့ရှန်းက သူ့အား ဖော်ရွေပျူငှာသောအသွင်ဖြင့် အပြင်းထန်ဆုံးစကားများဆိုခဲ့သည်။ "ဘော့စ်လီ ခင်ဗျားနေမကောင်းဘူးဆိုရင် ဆေးရုံမှာ ဆေးစစ်ကြည့်ဖို့ ကျွန်တော်တိုက်တွန်းချင်တယ်။ အရင်တုန်းက ကျွန်တော်စာအုပ်တွေထဲမှာ ဖတ်ခဲ့ဖူးတဲ့လေဖြတ်ခြင်းရဲ့လက္ခဏာတွေနဲ့ ခင်ဗျားခံစားနေရတဲ့လက္ခဏာတွေက တူညီနေတယ်။ ခင်ဗျားအသက်အရွယ်မှာ ခင်ဗျားကိုယ်ခင်ဗျား ကောင်းကောင်းဂရုစိုက်ရမယ်။