အခန်း ၁၅၄
Viewers 25k

အခန်း(၁၅၄) - သူက သူ့သားကို အဘွားကြီးတစ်ယောက်ဆီကို ဘယ်တော့မှရောင်းချမှာမဟုတ်ဘူး။ (၂)

 

ဖန့်ကျွင်းရုံသည် ကျယ်လောင်စွာ ရယ်မောလုနီးပါးဖြစ်သွားခဲ့ပြီးရင်း ကျန်းသဲ့ရှန်းကို သူမစိတ်ထဲတွင် ချက်ချင်းပင် အကဲဖြတ် အမှတ်တိုးပေးလိုက်သည်။ အံ့ဖွယ်ပဲ။ လီဝမ့်ကျင်းကို အရမ်းစိတ်ဆိုးစေခဲ့တဲ့အချက်ကြောင့် သူမဟာ သူ့ကို အပိုဆုပေးဖို့ ဆုံးဖြတ်လိုက်သည်။

 

ဖန့်ကျွင်းရုံက ကျန်းသဲ့ရှန်းကို အလွန်ကျေနပ်သဘောကျသောအကြည့်တစ်ချက် ပေးလိုက်သည်။

 

လီဝမ့်ကျင်းသည် သူ့လက်များကို လက်သီးဆုပ်လိုက်ပြီး ထိုနေရာသို့ ပြေးသွားကာ သူ့ကိုကောင်းကောင်းရိုက်နှက်ပစ်ချင်မိသည်။ ထိုအခိုက်အတန့်တွင် ကျန်းသဲ့ရှနသည် သူ့ရဲ့နံပါတ်တစ်ရန်သူနေရာကို ရရှိပိုင်ဆိုင်သွားခဲ့သည်။

 

ကျန်းပိသည် အနားသို့လျှောက်လာပြီး လီဝမ့်ကျင်း၏ပခုံးပေါ်သို့ လက်တင်၍ ရပ်တန့်‌စေလိုက်သည်။

 

ကျန်းပိက အသံတိုးတိုးဖြင့် "ခင်ဗျား ဒီမှာ ပြဿနာတစ်ခုခုရှာမယ်ဆိုရင် ကျွန်တော် ခင်ဗျားကို ကန်ထုတ်ပစ်လိုက်မယ်"

 

ဖိတ်ကြားလွှာက လွယ်လွယ်ကူကူ ရရှိခဲ့တာမဟုတ်ဘူး။ လီဝမ့်ကျင်းသည် ပြဿနာတစ်ခုခုရှာလိုသောကြောင့် သူသည် အိမ်ရှင်ဖြစ်သူ ကျန်းကျစ်ဆုကို မစော်ကားလိုပါ။

 

လီဝမ့်ကျင်းသည် ချက်ချင်းငြိမ်သက်သွားမိသည်။ "ငါ မလုပ်ပါဘူး။"

 

ဒီနေရာမှ ကန်ထုတ်ခံလိုက်ရမည်ဆိုလျှင် သူ့မျက်နှာတစ်ခုလုံး ဆုံးရှုံးသွားရလိမ့်မည်။ သူက လှည့်သွားလိုက်ပြီး ဖန့်ကျွင်းရုံကို တစ်ချက်ကြည့်မနေပဲ အမြန်ထွက်သွားခဲ့သည်။

 

ကျန်းပိသည် ဖန့်ကျွင်းရုံကို တောင်းပန်သည့်အသွင်ဖြင့် ခေါင်းအသာညွှတ်ပြလိုက်သည်။

 

ဖန့်ကျွင်းရုံသည် သူ့ကို စိတ်အနှောင့်အယှက်မဖြစ်စေပဲ သူမ၏ကွတ်ကီးများကို ဆက်လက်စားသုံးနေခဲ့သည်။

 

အချိန်ခဏကြာပြီးနောက် ဖန့်ကျွင်းရုံက ကျန်းသဲ့ရှန်းကို မော့ကြည့်လိုက်ပြီး သူ့ကို ပြောလိုက်တယ်။ "ဒါကို ငါတို့ ကောင်းကောင်းလုပ်ခဲ့တာပဲ" သူက ပြီးပြည့်စုံတဲ့အခိုက်အတန့်မှာ သူ့တာဝန်ကို ကောင်းကောင်းကျေပွန်ခဲ့သည်။

 

"ကျွန်တော်က သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်ခဲ့ဖူးတယ်။ ကျွန်တော့်ခေါင်းထဲမှာ မတူညီတဲ့ဇာတ်လမ်းဇာတ်ကွက်တွေကို အမြဲလေ့ကျင့်ခဲ့ဖူးတယ်" ဟု ကျန်းသဲ့ရှန်းက သူမအား ထိုနေရာတွင် သူ ဘာကြောင့်ထူးချွန်ရတာလဲဆိုတာကို ရှင်းပြခဲ့သည်။

 

ဖန့်ကျွင်းရုံက ရယ်ကာမောကာဖြင့် "ကောင်းပါပြီ" လို့ ပြန်ပြောလိုက်သည်။

 

ကျန်းသဲ့ရှန်းသာ သရုပ်ဆောင်အလုပ်ကို စိတ်ဝင်စားရင် သူမဟာ ဖျော်ဖြေရေးအသိုင်းအဝိုင်းက သူမသူငယ်ချင်းနှစ်ယောက်နဲ့ ကောင်းကောင်းဆက်သွယ်ပေးနိုင်ပြီးတော့ သင့်တော်တဲ့အခန်းကဏ္ဏအချို့အတွက် သူ့ကို audition ဖြေခိုင်းနိုင်ပါသည်။ သူက သရုပ်မဆောင်နိုင်ခဲ့ရင်တောင် သူ့ပုံစံနဲ့သူ သင့်တော်အောင် သရုပ်ပြနိုင်လိမ့်မယ်။

 

 ***

 

အခြားတစ်ဖက်တွင် ဖန့်ကျွင်းရုံနှင့်ဝေးကွာသွားသော လီဝမ့်ကျင်းသည် သူ့ဒေါသကို ချုပ်တည်းကာ ဖော်ရွေသောအပြုံးကို တပ်ဆင်လိုက်သည်။ ကျန်းပိ၏‌ဘေးတွင်လမ်းလျှောက်ရင်း သူသည် အခြားသူများနှင့်တွေ့ဆုံမိတ်ဆက်ပြီး သူ့ကွန်ယက်ကိုတည်ဆောက်ရန် ဒီအခွင့်အလမ်းကို ရယူရန်စီစဉ်ခဲ့သည်။

 

သူနှင့်အတူအလုပ်လုပ်လိုသူတစ်ဦးကိုရှာနိုင်ခဲ့လျှင် ပို၍ပင်ကောင်းလိမ့်မည်။ လီဝမ့်ကျင်းသည် အလှအပဆေးလုံး၏ဖော်မြူလာဟာ မပြည့်စုံပဲ ထိုအထဲတွင် အဓိကပါဝင်ပစ္စည်းတစ်ခု ပျောက်ဆုံးနေသည်ဟုသံသယ၀င်ခဲ့သည်။  သူသည် အခြားပါတနာတစ်ဦးကိုရှာနိုင်ခဲ့ပြီး လုံလောက်သောအချိန်ပေးနိုင်လျှင် ထိုပျောက်ဆုံးနေသော ပါဝင်ပစ္စည်းကို ရှာဖွေတွက်ချက်နိုင်လိမ့်မည်။

 

ပိုစိတ်ဆိုးစရာကောင်းတာက သူ့အား စိတ်အနှောက်အယှက်ဖြစ်စေလိုတဲ့ လူအနည်းစုက ဖန့်ကျွင်းရုံရဲ့စာအုပ်ထဲက စာမျက်နှာတစ်ရွက်ကို ကူးယူသွားသလို သူ့ကို ဘော့စ်လီ၊ ဥက္ကဌလီလို့ ရည်ညွှန်းခေါ်ဝေါ်ခဲ့ကြသည်။

 

နာရီဝက်မျှသာ ကြာမြင့်သွားပြီးနောက် လီဝမ့်ကျင်းသည် သူနေထိုင်သော အေးစက်ပြီးရက်စက်သောကမ္ဘာကြီးကို သူနားလည်သွားပြီး ဒီလူများ၏အခြားတစ်ဖက်ကို လျင်မြန်စွာ သိရှိသွားခဲ့ပြီး စိတ်ပျက်အားလျှော့သွားမိသည်။

 

ဒီပုဂ္ဂိုလ်တွေကို အရမ်းကြီး အပြစ်တင်လို့ မရဘူး။ ဦးနှောက်တစ်ခြမ်းပဲရှိတဲ့သူ မည်သူပဲဖြစ်ပါစေ လီဝမ့်ကျင်း ပြုလုပ်လိုသည်ကို မြင်နိုင်သည်။ သူသည် အရင်တုန်းက အေယွန်ကော်ပိုရေးရှင်း၏ဥက္ကဌဖြစ်ခဲ့ပြီး များစွာသောသူတို့သည် အနည်းဆုံးတော့ ထိုအခြင်းအရာကြောင့် သူ့အား လေးစားမှုအချို့ပြကြလိမ့်မည်။ ယခု သူသည် ရှယ်ယာရှင်တစ်ဦး သာဖြစ်ခဲ့ပြီး အခြားသူများက ထိုအရာကြောင့် ရှောင်ဖယ်ချင်ခဲ့သည်။ သူသည် သူနှင့် စီးပွားရေးဆက်နွယ်ချင်မည့်သူတစ်ယောက်မရှိသည်မှာ သေချာသည်။

 

ကျန်းပိသည်လည်း ထိုကိစ္စနှင့် ပတ်သက်၍ အလွန်မပျော်ရွှင်ခဲ့ပါ။ သူကိုယ်တိုင်လည်း အခြားသူတွေရဲ့လေးစားမှုကို မရဘူးလို့သူခံစားရသည်။ နောက်ဆုံးတွင် လီဝမ့်ကျင်းသည် သူ့ဧည့်သည် ဖြစ်သည်။

 

သူသည် ကျန်းအိမ်တော်၏အိမ်သူအိမ်သားဖြစ်လျှင် ဤအချက်ကို သူသေချာပေါက်ထောက်ပြရလိမ့်မည်။ ဒါပေမယ့် သူက အခုချိန်ထိ အမွေဆက်ခံသူ မဖြစ်ခဲ့ဘူး။ သူသည် ချယ်ရီပန်းပွင့်ဆေးလုံးများကြောင့် ခံစားခဲ့ရသော ကြီးမားသောဆုတ်ယုတ်မှုကို မပြောရ‌သေးပါ။ သူ၏အခြေအနေသည် ယခုအချိန်တွင် မတည်ငြိမ်သေးပါ။ သူသည် မည်သူတစ် ဦး တစ်ယောက်ကိုမှ စော်ကားရန် မတတ်နိုင်ချေ။ သူ့မာနကို မျိုချဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူး။ ကျန်းကျစ်ဆု၏ဝမ်းကွဲဖြစ်သူ ကျန်းကျစ်ယန်မှတဆင့် ဤပွဲသို့ ဖိတ်ကြားလွှာကို ရယူခဲ့ရသည်။

 

သူ့မှာ မာနရှိနေသေးပြီး အခြားသူတွေရဲ့အေးစက်တဲ့အကြည့်တွေကို မခံနိုင်တဲ့အတွက် သူက ထောင့်တစ်နေရာမှာ ထိုင်လိုက်သည်။

 

ဤပွဲသည် သက်ဝင်လှုပ်ရှားသောပွဲတစ်ခုဟုယူဆရသော်လည်း ကျန်းပိနှင့် လီဝမ့်ကျင်းတို့သည် တက်ရောက်လာသူများနှင့် မရောနှောနိုင်ဘဲ ရှုံးနိမ့်သောမဟာမိတ်နှင့်တူသည်။