အခန်း ၁၅၅
Viewers 25k

အခန်း(၁၅၅) - သူက သူ့သားကို အဘွားကြီးတစ်ယောက်ဆီကို ဘယ်တော့မှရောင်းချမှာမဟုတ်ဘူး။ (၃)

 

ကျန်းပိက သူ စောစောက ကြားသိခဲ့ရတဲ့ ကောလဟာလအချို့အား လီဝမ့်ကျင်းကို ပြန်ပြောပြခဲ့သည်။

 

"ကောယွမ်ကော်ပိုရေးရှင်းရဲ့အဓိကစတော့ရှယ်ယာပိုင်ရှင်တစ်ယောက်ကို ဒီနေ့ ဒီပွဲမှာ ရှိနေတယ်လို့ ငါကြားခဲ့တယ်။ မင်း သူမကို ချဉ်းကပ်နိုင်ရင် ဒါက ငါတို့အတွက်အထောက်အကူဖြစ်နိုင်တယ်။”

 

လီဝမ့်ကျင်းသည် သူ့ရဲ့စိတ်ဓာတ်များ အနည်းငယ်မြှင့်တက်လာပြီး သူ့နားများကို စွင့်ထားခဲ့သည်။

 

ကျန်းပိနှင့် လီဝမ့်ကျင်းတို့နှစ်ဦးသည် နွေးထွေးမှုအတွက် အတူတကွပေါင်းဖက်နေထိုင်သော တိရစ္ဆာန်နှစ်ကောင်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက် ချီးကျူးမြှောက်ပင့်နေခဲ့ကြသည်။ ဒီတိုတောင်းလှသောအချိန်တိုလေးအတွင်း၌ သူတို့နှစ်ဦးသည် သူတို့၏မကျေလည်မှုများကို ဘေးဖယ်ထားပြီး သူတို့မျှဝေသုံးစွဲနိုင်မည့်အရာတစ်ခုကို တွေ့လိုက်ပုံရသည်။

 

ခဏကြာပြီးနောက် တစ်စုံတစ်ယောက်သည် သူတို့အနားသို့ လျှောက်လာခဲ့သည်။

 

ဘယ်သူလဲဆိုတာကို သတိပြုမိပြီး ကျန်းပိရဲ့အပြုံးက ပိုနက်ရှိုင်းလာသည်။  

 

"အာ... ဒါက ဘော့စ်လီပဲ"

 

ဒီသူဌေးလီသည် သူ၏လက်ထပ်ထိမ်းမြားမှုမှတဆင့် ကောယွမ်၏စတော့ရှယ်ယာအနည်းငယ်ကို သူ့လက်ထဲ ဆုပ်ကိုင်နိုင်ခဲ့သည်။ သူက စတော့ရှယ်ယာပိုင်ရှင်အသစ်က ဘယ်သူလဲ၊ သူနဲ့အဆင်ပြေဖို့ လွယ်ကူလားဆိုတာကို စစ်ဆေးဖို့ ဒီနေ့ပွဲသို့ သူတက်ရောက်လာတာဖြစ်သည်။ အစိုးရက ထိန်းချုပ်ထားသောအပိုင်း မှလွဲ၍ ဒီစတော့ရှယ်ယာရှင်အသစ်သည် အစုရှယ်ယာအများဆုံး ပိုင်ဆိုင်သည်။ လူအတော်များများက သူမကို အရမ်းစိတ်ဝင်စားနေကြသည်။

 

သူက ပြုံးပြီး ပြောလိုက်သည်။ "ခဏလေး ပြောစရာရှိသေးတယ် သခင်လေးကျန်း"

 

သူက အသံတီးတိုးဖြင့် ပြောပြလိုက်သည်။ “ဒီနေ့ ငါတို့တွေ့ဆုံရမယ့် စတော့ရှယ်ယာရှင်အသစ်က အမျိုးသမီးတစ်ဦးဖြစ်တယ် ဆိုတဲ့ကောလဟာလတွေ ငါကြားလိုက်ရတယ်။"

 

ကျန်းပိက ဒါကိုသိပြီးသားဖြစ်ပေမယ့် သူကဆက်လက် မေးမြန်းလိုက်သည်။ "သူမအကြောင်း ခင်ဗျား ဘာသိသေးလဲ"

 

ဘော့စ်လီက အဲဒါကိုနည်းနည်းစဉ်းစားလိုက်ပြီး ပြောပြခဲ့သည်။ “သူမက ကွာရှင်းပြတ်စဲထားတယ်လို့ ငါကြားရတယ်၊ ဒါကြောင့် သူမက အရည်အချင်းရှိတဲ့လူတစ်ယောက်လို့ ငါထင်တယ်။ ငါလည်း မိန်းမတွေနဲ့ဆက်သွယ်ပြောဆိုတာ မကောင်းဘူး။ သခင်လေးကျန်းလို ငယ်ရွယ်ပြီး လူမှုရေးကောင်းတဲ့လူတစ်ယောက်က ငါ့ထက် အလုပ်အတူတွဲလုပ်ဖို့ ပိုသင့်တော်လိမ့်မယ်။”

 

အဲဒါက ဘော့စ်လီကို ကျော်ဖြတ်သွားခဲ့တဲ့ တကယ့်အကြောင်းအရင်းပဲ။ သူက သူတို့ကို အရင်ဆုံးရှေ့တက်ပြီး ဒီစတော့ရှယ်ယာပိုင်ရှင်အသစ်က ဘယ်လိုလူမျိုးလဲဆိုတာကို ပိုသိချင်သည်။

 

ဒီစကား၏နောက်ကွယ်က အဓိပ္ပာယ်ကို နားလည်မိပြီး ကျန်းပိ၏မျက်နှာကို တင်းမာလာစေသည်။ သူက ကွန်ယက်တည်‌ဆောက်ဖို့  ရည်ရွယ်ချက်အတွက် နိမ့်ကျစွာနေထိုင်ပြောဆိုရန် ဆန္ဒရှိသလောက် ၎င်းသည်သူ၏ခန္ဓာကိုယ်ကို ထိုနည်းအတိုင်း အသုံးချရန် ဆန္ဒရှိသည်ဟုမဆိုလိုပါ။

 

ဘော့စ်လီသည် သူ၏ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းပြောပြီးမှ ထွက်ခွာသွားခဲ့သည်။

 

ကျန်းပိသည် လီဝမ့်ကျင်းဖက်သို့ လှည့်ပြီး မေးလိုက်သည်။ “မင်းရဲ့သားက အရမ်းကြည့်ကောင်းတယ်လို့ ငါကြားဖူးတယ်။ တချို့‌ငွေကြယ်ပွင့်တွေထက်တောင် ပိုကြည့်ကောင်းနေနိုင်တယ်၊ ဟုတ်တယ်မလား။"

 

ယခုတော့ လီဝမ်ကျင့်၏နှုတ်ခမ်းများသည် တွန့်ရှုပ်သွားသည်။ သူက သူ့သားကို အဘွားကြီးတစ်ယောက်ဆီကို မရောင်းနိုင်ဘူး။ သူမသည် ဒီအဆင့်သို့တက်လှမ်းနိုင်သူဖြစ်သည်ဆိုမှတော့ အလွန်ငယ်ရွယ်သူမဖြစ်နိုင်ပါ။ ထိုအကြောင်းတွေးရင်း သူက ဒေါသတကြီး မတုန်လှုပ်သွားပဲ မနေနိုင်ခဲ့ပါ။

 

ကျန်းပိက မသိလိုက်မသိဘာသာပုံစံနဲ့ ပြောလိုက်သည်။ “မင်းရဲ့အကြွေးတွေကို စဉ်းစားကြည့်လိုက်ပါ။ မင်းရဲ့ရှယ်ယာအားလုံးကို မရောင်းချင်ရင် အဲဒါတွေကို ပြန်ဆပ်နိုင်မှာလား။”

 

လီဝမ့်ကျင်း၏ခန္ဓာကိုယ်သည် တောင့်တင်းလာခဲ့သည်။ သူသာ အဲဒီ့အဆင့်ကို ရောက်သွားခဲ့မယ်ဆိုရင် ...

 

 ***

 

ညနေ ၇နာရီ မိနစ် ၃၀ တွင် ကျန်းကျစ်ဆုသည် လူတိုင်းရှေ့တွင် ပေါ်လာခဲ့သည်။ ဝတ်စုံပြည့် ဝတ်ဆင်ထားသော အခြားသူများနှင့်နှိုင်းယှဉ်လျှင် သူသည် စိမ်းပြာရောင်ရိုးရာ၀တ်စုံကိုသာ ဝတ်ဆင်ထားသည်။ ထူထပ်သောတောအုပ်တစ်ခုထဲက ဝါးကဲ့သို့ သူက အလွန်ခန့်ညားစွာ ထွက်ပေါ်လာခဲ့သည်။ သူက အောက်ထပ်သို့ဆင်းလာသောအခါ လူအများအပြား၏မျက်လုံးများသည် ထိတ်လန့်မှု‌ကြောင့် ဝိုင်းစက်သွားခဲ့ကြသည်။

 

ကျန်းကျစ်ဆုသည် မသန်မစွမ်း ဖြစ်သွားပြီး ပြန်လည်နာလန်ထူရန် အခွင့်အလမ်းနည်းပါးသည်ကို အသိုင်းအဝိုင်းထဲက လူများအားလုံးကြားဖူးကြသည်။ သူသည် ယခုအချိန်တွင် လမ်းလျှောက်လာပုံမှာ မသန်မစွမ်းဖြစ်နေသူတစ်ဦးနှင့်တူပုံမရချေ။ ဒါက သူတို့အတိတ်မှာ ကြားခဲ့ရတဲ့သတင်းက မမှန်ဘူးလို့ဆိုလိုတာလား။

 

ဖန့်ကျွင်းရုံသည်လည်း အံ့အားသင့်သွားမိသည်။ ကျောက်စိမ်းဖြူခရင်မ်သည် ထိရောက်မှုရှိသည်ကိုသိသော်လည်း ဤမျှအထိ မထိရောက်နိုင်ပါ။ ဒါမှမဟုတ် သူ့ဒဏ်ရာက သူထင်ထားသလောက် မပြင်းထန်ဘူးလား။

 

လူတိုင်း၏အာရုံစူးစိုက်မှုအောက်တွင် ကျန်းကျစ်ဆုသည် ဖန့်ကျွင်းရုံရှေ့သို့ လျှောက်သွားပြီး သူမအား အပြုံးတစ်ပွင့်နှင့် သူ့လက်ကိုကမ်း၍ တောင်းဆိုလိုက်သည်။ 

 

"ပထမဦးဆုံးအကအတွက် မင်းကို ဂုဏ်ယူဝင့်ကြွားစွာ ဖိတ်ခေါ်လို့ရနိုင်မလား။"

 

ကျန်းကျစ်ဆုသည် သူ့လုပ်ဖော်ကိုင်ဖက်ဖန့်ကျွင်းရုံအား အလွန်ကျေးဇူးတင်မိသည်။  အကယ်၍ သူမ ပို့ခဲ့သောဆေးနှစ်ပုလင်းကြောင့်သာမဟုတ်လျှင် သူသည် ဘီးတပ်ကုလားထိုင်ဖြင့် တစ်သက်လုံး နေသွားရနိုင်သည်။ အထူးသဖြင့် အဆိပ်အတောက်ဖယ်ရှားဆေးလုံးသည် သူ့ကို အဆိပ်ခတ်ရန်ရည်ရွယ်ချက်ဖြင့် သူ့ဘေးမှာ ရှိနေခဲ့သော သူလျှိုအနည်းငယ်ကို ဖယ်ရှားနိုင်ခဲ့သည်။

 

လူတိုင်း တုန်လှုပ်သွားကြသည်။

 

အိမ်ရှင်အနေနှင့် ကျန်းကျစ်ဆုသည် ပထမဦးဆုံးအကကို ဦးဆောင်ခဲ့ခြင်းမှာ ပုံမှန်သာဖြစ်သော်လည်း သူ၏အကတွဲဖက်မှာ ဖန့်ကျွင်းရုံ ဖြစ်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။ ဒီနှစ်ဦးက အတိတ်မှာ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေးမျိုးရှိတယ်ဆိုတာကို မကြားဖူးကြဘူး။ 

 

လူတိုင်းအံ့သြသွားသော်လည်း ဒါက အတူတွဲကခြင်းတစ်ခုသာဖြစ်သည်။ လူတိုင်းစိတ်အေးအေးထားရန် အချိန်မကြာလိုက်ပါ။

 

ဖန့်ကျွင်းရုံက ခဏလောက်အံ့အားသင့်သွားပေမယ့် သူမ၏နှုတ်ခမ်းများ အပေါ်သို့တွန့်ကွေးသွားပြီး သူမက“ကောင်းပြီ” ဟုပြန်ပြောလိုက်သည်။

 

ဒါဟာ အတူတွဲကခြင်းပါပဲ။ ကိစ္စကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ သူမသည်လည်း အလွန်တည်ငြိမ်နေလေသည်။

 

လီဝမ့်ကျင်းသည်သာ မတည်ငြိမ်နေသောသူဖြစ်သည်။ ဖန့်ကျွင်းရုံသည် ထိုအပျော်ကောင်လေးနဲ့အတူ တွဲ‌မြင်နေရတာကိုပင် သူ့မှာ စိတ်ဆိုးနေလွန်းရပြီ။ အခု သူမက ကျန်းကျစ်ဆုနဲ့အတူ တွဲကနေတာလား။ ဒါက သူ့အတွက် နှိပ်စက်ညှင်းပန်းနေသလိုပဲ။

 

ဖန့်ကျွင်းရုံသည် ကျန်းကျစ်ဆုနှင့် မိတ်ဆွေဖြစ်နေခဲ့တာကို သူ မသိခဲ့ဘူး။ သူမဟာ အဲဒီ့ကြိုးကို ဘယ်တုန်းကမှ ဆွဲမထုတ်ခဲ့တာ ကြာပါပြီ။

 

လီဝမ့်ကျင်းသည် ဖန့်ကျွင်းရုံ၏ ဦးလေးကျန်းဆီသို့ သူမနှင့် အရင်က အတူသွားရောက်လည်ပတ်ခဲ့သော်လည်း သူတို့နှစ်ဦးဟာ ဘယ်တုန်းကမှ အရမ်းမရင်းနှီးခဲ့ကြပါ။ ဦးလေးကျန်းသည် ကျန်းကျစ်ဆု၏ ဦးလေးဖြစ်သော်လည်း ဦးလေးကျန်းသည် ကျန်းအိမ်တော်၏ပင်မဌာနခွဲရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်မသတ်မှတ်ခဲ့ပါ။

 

သူသည် ကျန်းကျစ်ဆုကို မစော်ကားဝံ့တာကြောင့် သူသည် ခန့်ညားချောမောသောအမျိုးသားနှင့် သိမ်မွေ့လှပသောအမျိုးသမီးအား ထိုင်ကြည့်နေရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိချေ။

 

သူက သူ့သားကို အဓိကအစုရှယ်ယာရှင်ကြီးဆီမှာ မျက်နှာလုပ်ဖို့ ပေးအပ်လိုက်သင့်လား။

 

သူ့မျက်နှာသည် အလွန်အရောင်တောက်ပနေပြီး သူ့စိတ်အတွင်း၌ တိုက်ပွဲများ အများအပြားတိုက်ခိုက်လျက်ရှိသည်။

 

အတူတွဲကပြီးနောက် ကျန်းကျစ်ဆုသည် ဗုံးတစ်လုံးကို ပေါ့ပေါ့ပါးပါး ပစ်ချလိုက်သည်။  "ဒီနေ့ည ဒီပွဲရဲ့အဓိကရည်ရွယ်ချက်က ကျွန်တော်တို့ရဲ့ စတော့ရှယ်ယာရှင်အသစ် ဖန့်ကျွင်းရုံကို မိတ်ဆက်‌ပေးဖို့ပါပဲ။"

 

ထို့နောက် အဲဒီစားသောက်ပွဲရှိ လူတိုင်းက အံ့သြသွားကြသည်။

 

သီချင်းသည် ရပ်သွားခဲ့ပြီး တိတ်ဆိတ်မှုသာ ကျန်တော့သည်။ လူတိုင်း၏အကြည့်အောက်တွင် ဖန့်ကျွင်းရုံက အသာခေါင်းညိတ်လိုက်သည်။ အလင်းရောင်အောက်၌ သူမ၏မျက်နှာသည် နူးညံ့သိမ်မွေ့ပြီး ဘုရားသခင်က ထုဆစ်ထားသော အနုပညာလက်ရာတစ်ခုနှင့်ဆင်တူသည်။

 

ဖန်ခွက်ကွဲအက်သံများ ကြားခဲ့ရသည်။ လီဝမ့်ကျင်းနှင့် ကျန်းပိနှစ်ဦးစလုံးသည် အလွန်ထိတ်လန့်သွားခဲ့သောကြောင့် သူတို့၏လက်ထဲမှ ဝိုင်ခွက်များ လွတ်ကျသွားခဲ့ကြသည်။