အခန်း ၁၅၇
Viewers 25k

အခန်း(၁၅၇) - ဖြစ်ကောင်းဖြစ်နိုင်တာက သူ ဘယ်တော့မှ ကွာရှင်းခဲ့မှာ မဟုတ်ဘူး (၂)

 

ကျန်းသဲ့ရှန်းက သူ့ကိုမော့ကြည့်လိုက်ပြီး "မင်းမနာလိုဖြစ်နေလား" လို့ ပြောလိုက်သည်။

 

ကျန်းပိက ခဏလောက် ဆွံ့အသွားပြီး ဒေါသတကြီးနဲ့ "မင်း ဘာတွေပြောနေတာလဲ" လို့ လေသံမာမာဖြင့် ပြန်ပြောလိုက်သည်။

 

ကျန်းသဲ့ရှန်းက မသိလိုက်မသိဘာသာဟန်နဲ့ပြောခဲ့သည်။ "မင်း ဒီနေရာကို လမ်းလျှောက်လာကတည်းက ငါ ဒါကို သတိထားမိတယ်။  မင်းနဲ့ မင်းအဖော်က သူမကို တစ်ချိန်လုံးငေးကြည့်နေခဲ့တယ်။ သူမဆီမှာ မင်းကို သဘောမကျတဲ့အရာ တစ်ခုခုရှိနေတယ် မဟုတ်လား။ ငါက မင်းထက် အများကြီးပိုသာတယ်။ ငါက အနည်းဆုံးတော့ အပျော်ကောင်လေး ဖြစ်နိုင်သေးတယ်။ မင်းကတော့ ဒီလိုမျိုးတောင် မဖြစ်နိုင်ဘူးလေ။”

 

သူသည် ကျန်းပိ၏မျက်နှာကို အပေါ်အောက် အသေအချာ ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်းခွဲခြမ်းစိတ်ဖြာလိုက်သည်။  “မင်းရဲ့နှာခေါင်းပေါ်က အဲဒီချွေးပေါက်လေးတွေကို ဖောင်ဒေးရှင်းနဲ့ဖုံးလို့မရဘူး။ ငါ မင်းကို အလှအပဆေးဗူးအချို့ သုံးကြည့်ဖို့ မင်းကို အကြံပေးချင်တယ်။"

 

“မင်းရဲ့မျက်လုံးတွေက အရမ်းသေးနေတယ်။  မင်းရဲ့ မျက်လုံးတွေကို မှေးကျဉ်းလိုက်တဲ့အခါမှာ ကောက်ကျစ်စဉ်းလဲတဲ့ပုံပေါ်သွားစေတယ်။ သူတို့ကို ချဲ့ကြည့်ဖို့ မင်း စဉ်းစားသင့်တယ်။ မင်း အဲ့တာကို ပြင်ဆင်လိုက်ရင် မင်းမျက်နှာကို ပိုကြည့်ကောင်းစေလိမ့်မယ်။"

 

“ဒါနဲ့ စကားမစပ်၊ မင်း အသက်သုံးဆယ်ရှိပြီ မဟုတ်လား။ အသားအရေထိန်းသိမ်းမှုပုံစံတစ်မျိုးမျိုးကိုလည်း စဉ်းစားထားသင့်တယ်။ မင်းရဲ့ ဒီအသက်အရွယ်ကနေစပြီးတော့ အသားအရေက စပြီးသိသာလာလိမ့်မယ်။  မဟုတ်ရင် မင်းအသားအရေက မင်းအသက်အရွယ်ထက် ပိုရင့်ရော်လာပြီး မင်းရဲ့အသက်မွေးဝမ်းကျောင်းကို ထိခိုက်စေလိမ့်မယ်။”

 

ပုံမှန်အားဖြင့် ကျန်းသဲ့ရှန်းသည် ကျန်းပိက ဖန့်ကျွင်းရုံကို စိတ်မဝင်စားကြောင်း ကောင်းကောင်းသိသည်။ ဒါပေမယ့် သူက ကျန်းပိရဲ့ပုံစံကို မုန်းတဲ့အတွက် သူ့ကိုတိုက်ခိုက်ဖို့ ဘာမှမနှမြောနေဘူး။

 

ကျန်းပိသည် အလွန်ဒေါသထွက်ပြီး သူ့အသည်းနှလုံးကို နာကျင်စေခဲ့သည်။ သူသာ ဒီနေရာကို မဟုတ်ခဲ့ဘူးဆိုရင် သူက ဒီအပျော်ကောင်လေးကို သေချာပေါက် ရိုက်နှက်ပစ်မိမှာ သေချာတယ်။ မဟုတ်ဘူး။ သူ့ကိုရိုက်လိုက်ရင်တောင် မလုံလောက်ဘူး။ ကျန်းပိသည် ကျန်းသဲ့ရှန်းအား အဆိပ်မျိုးစုံ ၁၀၈ မျိုးဖြင့် အဆိပ်ခတ်ချင်ခဲ့သည်။

 

ဒီအပျော်ကောင်လေးက သူ့ကို သူ့လိုမျိုး၊ အပျော်လင်လေးတစ်ယောက်လို ကြည့်ကောင်းပြီး ဘယ်လိုအသက်မွေးဝမ်းကျောင်းပြုရမလဲဆိုတာကို လာသင်ပေးနေတယ်။ ဒါ့အပြင် သူ့ကို အပေါ်အောက် အသေအချာကြည့်ရင်း ဝေဖန်ပြောဆိုနေတယ်။ သူ့က ဘယ်လောက်တောင် သတ္တိရှိလိုက်လဲ။

 

ကျန်းပိသည် သူ့အား ဒီလောက်စော်ကားတာမျိုး တစ်ခါမှမခံရဖူးဘူး။

 

ဝတ္ထုစာအုပ်ဇာတ်လမ်းထဲမှာ အမျိုးသားဇာတ်ပို့ဇာတ်ကောင်အနေနဲ့ ကျန်းယာ့ကောရဲ့အနီးကပ်အမျိုးသားသူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်တာကြောင့် သူ့ရုပ်ရည်က မဆိုးပါဘူး။ ဒါပေမယ့် သူက ရုပ်ရည်ချောမောသလောက် သူ့မျက်နှာက ရှုံ့မဲ့တွန့်လိမ်နေတဲ့အခါ သိပ်ကြည့်ကောင်းတာ မဟုတ်ဘူး။

 

ကျန်းသဲ့ရှန်းသည် သူ့ရဲ့ပုံမှန်အပြုံးကိုထိန်းသိမ်းခဲ့သည်။ “ယောက်ျားတစ်ယောက်က မနာလိုတဲ့အခါမှာ တကယ်ကို ရုပ်ဆိုးတယ်။ သူမ မင်းကို စိတ်မဝင်စားတာ အံ့သြစရာမရှိပါဘူး။"

 

“အိုး၊ ကြည့်စမ်းပါဦး။ သူမက ငါ့ကို ရှာနေတယ်။  နောက်မှ ဆက်ပြောကြတာပေါ့။"

 

ကျန်းသဲ့ရှန်းသည် ဖန့်ကျွင်းရုံထံသို့ မသွားမီ ကျန်းပိကို ခေါင်းဆတ်၍ နှုတ်ဆက်လိုက်သည်။

 

ကျန်းပိသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့မျက်နှာသည် မည်းမှောင်သွားကာ တီးတိုးဆဲရေးလိုက်သည်။

 

သူ့ရည်ရွယ်ချက်က သူတို့နှစ်ယောက်အကြားမှာ သဘောထားကွဲလွဲအောင်လုပ်ပြီး မောင်းထုတ်ဖို့ရည်ရွယ်ကာ ဖန့်ကျွင်းရုံအနီး အချိန်ကိုက် ချိန်ထားတဲ့ ဗုံးတစ်လုံးလို နေရာယူဖို့ပါပဲ။ သူ ဒီလောက် ဆိုးရွားစွာ ခံလာရလိမ့်မယ်လို့ ဘယ်သူထင်မိလိမ့်ပါ့မလဲ။ ဖန့်ကျွင်းရုံရဲ့ ပတ်၀န်းကျင်ရှိသူများအားလုံးသည် သူမနှင့် မည်သို့တူနေရသနည်း။ တစ်ယောက်ချင်းစီသည် ပထမဆုံးတစ်ယောက်ထက် ပို၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းလာသည်။

 

သူက ဖန့်ကျွင်းရုံကို ကြိုက်နေတာတဲ့လား။  ပြီးတော့ သူ့မျက်နှာအတွက် ပလပ်စတစ်ဆာဂျရီလုပ်ဖို့ လိုအပ်နေသတဲ့လား။

 

***

 

ဖန့်ကျွင်းရုံသည် ကျန်းသဲ့ရှန်းကို လှမ်းခေါ်လိုက်တာက သူမသည် ကျန်းပိက သူနှင့်စကားပြောနေသည်ကို သတိထားမိလိုက်၍ ဖြစ်သည်။ ဖန့်ကျွင်းရုံသည် ကျန်းပိက ကျန်းသဲ့ရှန်းအား ပြဿနာရှာမှာကို စိုးရိမ်ပူပန်မိ၍ လှမ်းခေါ်လိုက်တာ ဖြစ်သည်။

 

"သူက ရှင့်ကို ဘာမှမလုပ်လိုကနဘူးလား" သူမသည် ကျန်းပိက ကျန်းသဲ့ရှန်းအား အရေးတယူလုပ်ပြီး ပြဿနာမရှာဘူးလို့ ထင်ခဲ့ပေမယ့် ကျန်းသဲ့ရှန်းကို သူမ ဒီနေရာသို့ ခေါ်ဆောင်လာတာဖြစ်သည့်အတွက် သူမက သူ့ကို လုံခြုံအောင် စောင့်ရှောက်ပေးဖို့ တာဝန်ရှိသည်။

 

ကျန်းသဲ့ရှန်းက သူ့လည်ချောင်းကိုရှင်းလိုက်ကာ “မလုပ်ပါဘူး။ ဒါပေမယ့် ငါ သူ့ကိုစိတ်ဆိုးသွားအောင် လုပ်ခဲ့တာပဲ ဖြစ်နိုင်တယ်။”

 

ဖန့်ကျွင်းရုံက သူ့ကို သံသယ၀င်တဲ့အကြည့်တစ်ခုပေးပြီး နောက်ဆုံးတော့ သူမရဲ့သိချင်စိတ်ကို လက်လျှော့လိုက်သည်။  "မင်း သူ့ကို ဘာပြောလိုက်တာလဲ"

 

ကျန်းသဲ့ရှန်းက မသိလိုက်မသိဘာသာဟန်နဲ့ ပြောခဲ့သည်။ “အိုး... ငါ သူ့ကို ပြောလိုက်တာက သူက အရည်အသွေးကောင်းတဲ့ ‌အပျော်ကောင်လေးဖြစ်ချင်ရင် သူ့အသားအရေကို ပိုဂရုစိုက်ဖို့ လိုအပ်ပြီး ပလတ်စတစ်ဆာဂျရီလုပ်ရမယ်လို့ ပြောလိုက်တယ်။"

 

ဖန့်ကျွင်းရုံသည် စက္ကန့်ပိုင်းကြာအောင် ဆွံ့အသွားမိပြီးနောက် သူမဟာ ရယ်မောလိုက်မိသည်။

 

"မဆိုးပါဘူး။"

 

ဒီည ကျန်းသဲ့ရှန်းကို သူမ ဘယ်နှစ်ခါချီးကျူးစကားပြောခဲ့တယ်ဆိုတာကိုတောင် သူမ မမှတ်မိတော့ဘူး။

 

လုပ်အားခတိုးမြှင့်ပေးရမယ်။ သူမ သူ့ကို လုပ်အားခတိုးမြှင့်ပေးရမယ်။ သူမကို ဘယ်သူကမှ သူ့ကို လုပ်အားခတိုးမြှင့်ပေးတာကို ဘယ်သူမှ မတားနိုင်ရဘူး။

 

***

 

ဖန့်ကျွင်းရုံသည် စီးပွားရေးလုပ်ငန်းကဒ်များစွာစုဆောင်းခဲ့ပြီး ဤပွဲသို့ တက်ရောက်လာသည့် လူများစွာနှင့်တွေ့ဆုံခဲ့သည်။ ဒါတွေအားလုံးဟာ အနာဂတ်မှာ သူမရဲ့ကွန်ယက်ဖြစ်လာလိမ့်မယ်။ ဒီအတွက် သူမဟာ ကျန်းကျစ်ဆုကို အရမ်းကျေးဇူးတင်မိသည်။

 

ညဉ့်နက်လာပြီး စားသောက်ပွဲပြီးသွားသည်နှင့် ဧည့်သည်များသည် စတင်ထွက်ခွာလာကြသည်။

 

ဖန့်ကျွင်းရုံလည်း ပြန်ရန် ပြင်ဆင်နေသည်။ ဒီည သူမ အရက်နည်းနည်းသောက်ထားပေမယ့် သူမမှာ ကားမောင်းသမားရှိသည်။

 

ဟဲ့ကျန့်ပင်းက သူမနှင့်အတူထွက်ခွာလာပြီး  သူမကို မကျေမနပ် ညည်းညူနေလေသည်။ "နင်က အဲဒီလျှို့ဝှက်ချက်ကို ကောင်းကောင်းထိန်းသိမ်းထားတာပဲ။ ဒါကို ငါတောင် မသိခဲ့ဘူး။"