အခန်း ၂၆၆
Viewers 25k

အခန်း(၁၆၆) - ဒီနေ့လိုကိစ္စများသည် ယနေ့မှစ၍ အများကြီးငြိမ်သက်သွားလိမ့်မည်ဟု သူမ ယူဆခဲ့သည် (၃)


သူ့ရဲ့အကတွဲဖက်ကို ဘေးသို့ တွန်းဖယ်ကာ သူက အလွန်နူးညံ့သိမ်မွေ့ဟန်ရှိသော အပြုံးဖြင့် “ကျွင်းရုံ အတူကဖို့ဖိတ်ခေါ်လို့ရမလား” လို့ မေးလိုက်သည်။


သူသည် ဖန့်ကျွင်းရုံကဲ့သို့ ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးနှင့်အတူကခုန်ရန် ပိုပျော်သည်။


သို့သော်လည်း သူ့ရဲ့ဟန်ဆောင်မျက်နှာသွင်ပြင်ကို ဖန့်ကျွင်းရုံက စက်ဆုပ်သည်။ ဟုတ်တာပေါ့။ သူမဟာ သူနှင့်အတူ ကခုန်ဖို့ မလုပ်ချင်ပေ။ သူမက အသာအယာပြုံးကာ ငြင်းပယ်လိုက်သည်။


“ကလို့ အဆင်မပြေဘူးရှင့်။ ကျွန်မ စောစောတုန်းက လမ်းလျှောက်လိုက်တာ ခြေထောက်နည်းနည်းနာနေလို့။ ကျွန်မ ကနိုင်လိမ့်မယ်လို့ မထင်ဘူးရှင့်။”


ဘော့စ်တင်းသည် နောင်တကင်းမဲ့သည့် အမူအရာဖြင့် သူနှင့်တွဲကနေသည့် နူးညံ့သိမ်မွေ့ပြီး ချောမောလှပသော အမျိုးသမီးကို ထားရစ်ခဲ့ကာ ဖန့်ကျွင်းရုံကို ဆက်လက်ချီးမွမ်းပြောဆိုခဲ့သည်။


သူတို့နှင့်သိပ်မဝေးသည့်နေရာမှ တျာ့ကျားရင်းသည် ဖန့်ကျွင်းရုံမှ သူမယောကျာ်းနှင့်စကားပြောရန် လမ်းလျှောက်သွားသည်ကို ရုတ်တရတ် မြင်လိုက်ရသဖြင့် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။


သူမအစ်မဖြစ်သူ၏လက်ကိုဆွဲကာ အံကြိတ်ထားပြီးတော့ “ဖန့်ကျွင်းရုံက ငါ့ကိုလက်စားချေဖို့အတွက် ငါ့ယောကျာ်းကို လှည့်ဖြားနေတယ်လို့ အစ်မထင်လား”


ဖန့်ကျွင်းရုံသည် သူမခင်ပွန်းကို အရင်က ဘယ်သောအခါမှ မကြည့်ခဲ့ဖူးပေ။ အခု သူမသည် ရည်ရွယ်ချက်ရှိရှိ သူ့ဆီကိုလမ်းလျှောက်သွားတာကြောင့် သူမ တစ်ခုခု ကြံစည်နေပုံရသည်။


သူ့အရှုပ်ကိစ္စများကြောင့် သူမ ဘယ်လိုပင် မကျေမနပ်ဖြစ်ပေမယ့် မစ္စတင်းဆိုသော သူမ၏နေရာသည် သူမအတွက် အလွန်အရေးကြီးးသည်။ သူမသည် သူမခင်ပွန်းအကြောင်းကို ကောင်းစွာသိသည်။ ဖန့်ကျွင်းရုံ သူ့ကိုသွေး‌ဆောင်ဖြားယောင်းရန် တကယ်ကြိုးစားလျှင် သူမ အောင်မြင်မည်မှာ သေချာသည်။


ထိုအကြောင်းကိုတွေးရင်း သူမ ဒါကို အချိန်အကြာကြီး ထိုင်ပြီး မစောင့်ကြည့်နိုင်ပေ။ သူမသည် လျင်မြန်စွာဖြင့် သူတို့ရှိရာသို့ အမြန်လျှောက်သွားလိုက်သည်။


သူမ သူတို့နဲ့ အနည်းငယ်လောက်ဝေးတဲ့အချိန်မှာ သူမခင်ပွန်းက ဖန့်ကျွင်းရုံကို ချီးကျူးစကားဆိုနေတာကို ကြားလိုက်ရသည်။ 


“အင်း… မင်းရဲ့မျက်နှာသာပေးမှုကို ခံရတဲ့ ဘယ်သူမဆို အရမ်းကံကောင်းလိမ့်မယ်”


တျာ့ကျားရင်းသည် ဒေါသကြောင့် ငါးပူတင်းငါးအသွင်ပင် ပြောင်းတော့မည်။


ဖန့်ကျွင်းရုံက ပေါ့ပေါ့ပါးပါးအပြုံးလေးကို တပ်ဆင်ထားသည်။ သူမသည် တျာ့ကျားရင်းက သူတို့အနားသို့ ချဥ်းကပ်လာတာကို မျက်ဝန်းထောင့်ကနေ မြင်လိုက်ရတဲ့အခါ သူမရဲ့အပြုံးဟာ ပိုမိုနက်ရှိုင်းလာသည်။


“ရှင့်ဇနီးရှေ့မှာ ဒီလိုမပြောသင့်ဘူး။ သူမက ပျော်နေပုံမရဘူး။”


ဘော့စ်တင်းလည်း သူ့ရဲ့‌ဒေါသထွက်နေသောဇနီးဖြစ်သူကို သတိပြုမိလိုက်သည်။ သူက မကျေမနပ်သည့်အသွင်ဖြင့် လှမ်းကြည့်လိုက်သည်။ ပုရိဒဝါဒီကြီးစိုးသောလူတစ်ယောက်အနေနှင့် လူအများရှေ့တွင် သူ့အခွင့်အာဏာကို စိန်ခေါ်ခံရသည့်အခါ အလိုမကျဖြစ်သွားခဲ့သည်။


“ဘယ်လို ဆိုးရွားလိုက်တဲ့စိတ်ထားလဲ။ ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ သင်ယူထားပါ”


ထိုပို့ချချက်နှင့်အတူ တျာ့ကျားရင်းသည် ပို၍ပင် မတရားသလို ခံစားလာရသည်။


ဖန့်ကျွင်းရုံက ‌အေးစက်စွာ ပြောလိုက်သည်။ “ရှင် ရှင့်ဇနီးကို ပိုချစ်မြတ်နိုးပေးသင့်တယ်။ ရှင် သူမကို စိတ်ဆိုးဒေါသထွက်နေပြီးတော့ သူမကို တခြားစိတ်ကူးတွေ မဝင်စေသင့်ဘူး။ သူမက လီဝမ့်ကျင်းက ရှင့်ထက် အများကြီးပိုနူးညံ့တယ်လို့ ကျွန်မရှေ့မှာတောင် ပြောခဲ့သေးတယ်။ သူမ သူ့အကြောင်းကိုပြောနေပုံက သူတို့နှစ်ယောက် အတူတူရှိနေသင့်တယ်လို့တောင် ကျွန်မ ခံစားရတယ်။”


“ဘော့စ်တင်းက ကြီးကျယ်တဲ့အရာတွေကို ပြီးမြောက်အောင် လုပ်နိုင်တဲ့လူတစ်ယောက်နဲ့တူတယ်။ သူမနဲ့ လီဝမ့်ကျင်းတို့ အတူတကွ ပျော်ရွှင်နိုင်အောင် ရှင့်ဇနီးကို လက်လွှတ်ပေးသင့်တယ်။ ဒါမှသာ ဒီကမ္ဘာလောကကြီးမှာ စိတ်မချမ်းသာတဲ့စုံတွဲတစ်တွဲ လျော့သွားပြီးတော့ စိတ်ချမ်းသာတဲ့ စုံတွဲတစ်တွဲ ပိုတိုးလာလိမ့်မယ်။ ဒါ မကောင်းဘူးလား။”


လီဝမ့်ကျင်း၏အတွေးနှင့် ပတ်သက်၍ကော။ အဲ့တာက သူမနဲ့ဘာဆိုင်လို့လဲ။


“ရှင် ကွာရှင်းလိုက်တာနဲ့ ရှင်ထားချင်သလောက် ရည်းစားတွေ ထားရင်တောင် သူမ စိတ်ဆိုးစရာ မလိုတော့ဘူးလေ။ ကျွန်မ ပြောချင်တာက ဒါက win-winအခြေအနေပဲလေ။”


ဖန့်ကျွင်းရုံသည် နည်းနည်းလေးမှ ဟန်ဆောင်စကား မဆိုတော့ပေ။


ဘော့စ်တင်း၏မျက်နှာမည်းသွားသည်။ သူသည် သူ့ဇနီးက လီဝမ့်ကျင်းကောင်းကြောင်းကို ပြောဆိုခဲ့သည်က အဆင်ပြေသည်။ သူမက သူ့အပေါ် လိမ်လည်ပြောဆိုခြင်းကတော့ သူ့အတွက် အဆင်ပြေတယ်လို့ မဆိုလိုပေ။


တျာ့ကျားရင်းသည် အလွန်ဒေါသထွက်ကာ တုန်ယင်သွားသည်။ ဖန့်ကျွင်းရုံက သူတို့ကို ဒီလိုမျိုး ဘယ်လို သွေးထိုးလှုံဆော်နိုင်တာလဲ။”


“နင် အရမ်းလွန်သွားပြီ” လို့ တျာ့ကျားရင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။


ကျန်းသဲ့ရှန်းက “မဟုတ်ဘူး။ သူမ မလွန်ပါဘူး။ ခင်ဗျား လီဝမ့်ကျင်းအကြောင်း ပြောဆိုသမျှကို ကျွန်တော် မှတ်တမ်းတင်ထားတယ်။ ခင်ဗျား ကျွန်တော့်ကို အဲ့မှတ်တမ်းကို ဖွင့်ပြစေချင်လား။”


တျာ့ကျားရင်း၏မျက်နှာသည် မည်းမှောင်သွားပြီးတော့ သူမ စကားတစ်ခွန်းမှ မဆိုနိုင်တော့ချေ။


ဖန့်ကျွင်းရုံသည်လည်း ကျန်းသဲ့ရှန်းကို အံ့သြသွားတဲ့အသွင်ဖြင့် ကြည့်လိုက်မိသည်။ သူမ သူ အဲ့တာကို မှတ်တမ်းတင်ထားတယ်ဆိုတာကို သူမ မသိခဲ့ဘူး။


ဒီစကားဝိုင်းက စကားတွေကို ကြားလိုက်ရတဲ့ အခြားသူတွေရဲ့ နှုတ်ခမ်းတွေဟာ တွန့်ကွေးသွားကုန်သည်။ သူတို့သည် လူနုံလူအ များ မဟုတ်တာကြောင့် ဘာဖြစ်နေတယ်ဆိုတာကို အနည်းနဲ့အများ နားလည်နိုင်သည်။ လီဝမ့်ကျင်းက သူ့အတွက် သူ့ဇနီးဟောင်းထံမှာ စကားကူညီပြောဆိုပေးဖို့ သူတို့ကို အကူအညီတောင်းခဲ့တာ ဖြစ်နိုင်သည်။ ဖန့်ကျွင်းရုံက ဒါကို စိတ်အနှောင့်အယှက်ဖြစ်ပြီးတော့ ပေါက်ကွဲပစ်ရန် ဆုံးဖြတ်လိုက်တာ ဖြစ်ရမည်။


ဒါ့အပြင် သူတို့ဟာ အနာဂတ်မှာ ဖန့်ကျွင်းရုံရှေ့တွင် လီဝမ့်ကျင်းအကြောင်းကို အလျဥ်းသင့်သလို မယူဆောင်လာသင့်ပေ။ သူတို့က အခု ဖြစ်ပျက်သွားတဲ့အရာကို သူတို့အတွက် မဖြစ်စေချင်ကြဘူး။


ဖန့်ကျွင်းရုံသည် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်တော့ အခြားသူများ၏ စူးစမ်းလိုသောအကြည့်တွေကို သတိပြုမိလိုက်သည်။


ဖန့်ကျွင်းရုံဟာ နောက်ဆုံးမှာတော့ အနာဂတ်မှာ သူမ အရမ်းလိုအပ်နေတဲ့ ငြိမ်းချမ်းမှုနဲ့ တိတ်ဆိတ်မှုတွေ ရရှိနိုင်လိမ့်မယ်လို့