အခန်း(၁၆၅) - ဒီနေ့လိုကိစ္စများသည် ယနေ့မှစ၍ အများကြီးငြိမ်သက်သွားလိမ့်မည်ဟု သူမ ယူဆခဲ့သည် (၂)
တျာ့ကျားရင်း၏မျက်နှာသည် ဝက်အသည်း၏အရောင်လို ပြောင်းသွားသည်။ သူမသည် သူမရဲ့ယဥ်ကျေးသိမ်မွေ့တဲ့ပုံရိပ်ကို မထိန်းသိမ်းနိုင်တော့ပဲ “ဖန့်ကျွင်းရုံ နင့်ရဲ့ကံကို မတွန်းထုတ်ပစ်နဲ့။” ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဖန့်ကျွင်းရုံသည် သူမမျက်နှာကို လွှဲလိုက်သည်။ “အိုး… ဟုတ်တာပေါ့။ ကျွန်မပြောတာက ရှင်တို့နှစ်ယောက် လုပ်နေတာကို မယှဥ်နိုင်ပါဘူး။ ရှင်က ရှင့်ရဲ့ကိုယ်ပိုင်ဘဝကို မုန်းတီးနေပြီးတော့ ရှင်က တခြားသူတွေကိုလည်း ရှင်နဲ့အတူ မီးတွင်းထဲကို ခုန်ချစေချင်နေတာပဲ။”
ဖန့်ကျွင်းရုံက ကျိတ်ရယ်လိုက်သည်။ “နောင်အနာဂတ်မှာ ကျွန်မရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သတိပြုမိလိမ့်မယ်လို့ ကျွန်မ မျှော်လင့်တယ်။”
ထိုသို့ပြောပြီးနောက် ဖန့်ကျွင်းရုံဟာ လှည့်ထွက်လာခဲ့သည်။ သူမသည် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် လှည့်ထွက်သွားပြီးနောက် သူတို့နှစ်ယောက်ဖက်သို့ ပြန်လှည့်ကာ အလွန်ရည်မွန်သော အပြုံးတစ်ပွင့်ကို ပေးအပ်လိုက်သည်။
“အိုး… ဟုတ်တာပေါ့။ ရှင်တို့နှစ်ယောက်ထဲက တစ်ယောက်ယောက်က ကွာရှင်းပြီးတော့ လီဝမ့်ကျင်းနဲ့ အတူဆက်ရှိဖို့လုပ်မယ်ဆိုရင် ကျွန်မဆီ ဖိတ်စာပို့လိုက်နော်။ ကျွန်မ ရှင်တို့ကို ကျွန်မ စိတ်ရင်းမှန်နှင့်ဆုတောင်းပေးပြီးတော့ လက်ဆောင်ကောင်းကောင်း သေချာပေါက် ပေးမယ်။”
ထိုသို့ပြောပြီးနောက် သူမဟာ သူတို့နှစ်ဦးကိုချန်ထားခဲ့ပြီး ကြော့မော့စွာ ထွက်ခွာသွားသည်။
အင်း။ သူမက ရှုခင်းကြည့်ဖို့ ဥယျာဥ်ထဲလမ်းလျှောက်ထွက်ခဲ့ပေမယ့် အခုတော့ သူမရဲ့စိတ်ခံစားချက်တွေက အရူးမနှစ်ယောက်ကြောင့် ပျက်စီးသွားရသည်။
ဒီစကားများကြောင့် လီဝမ့်ကျင်းသည် သူမနှင့်ပြန်အဆင်ပြေရန် ကြိုးစားနေပြီးတော့ သူ့ကိုကယ်တင်ဖို့ ကြိုးစကိုလှမ်းဆွဲရန် လုပ်နေသည်ကို သူမ ကောက်ချက်ချနိုင်သည်။ သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ။
သူမ လမ်းခဏလောက် လျှောက်လာပြီးတော့ အရူးမနှစ်ယောက်နှင့် ပိုဝေးသည့်နေရာကို ရောက်လာသောအခါတွင် သူမခြေလှမ်းတွေကို အသာနှေးကာ စားသောက်ပွဲကျင်းပရာ အိမ်နေရာသို့ လျှောက်သွားလိုက်သည်။
“ခင်ဗျား ဒီလောက် တုံးအလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး။” ဟု ကျန်းသဲ့ရှန်းက ပြောသည်။
“သူတို့ ဒေါသထွက်ပြီးတော့ ခင်ဗျားကို ရိုက်နှက်ဖို့ ကြိုးစားမှာ မကြောက်ဘူးလား။”
ဖန့်ကျွင်းရုံသည် သူမဆံနွယ်များကို နားအနောက်သို့ အသာသပ်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သသည်။
“ဒါပေမယ့် မင်း ဒီနေရာမှာ ရှိနေတာပဲလေ။ မဟုတ်ဘူးလား။”
သူမသည် ကျန်းသဲ့ရှန်းက အမျိုးသားတစ်ယောက်ဖြစ်သည့်အတွက် အနည်းဆုံးတော့ အမျိုးသမီးနှစ်ယောက်ကို ကိုင်တွယ်နိုင်လိမ့်မယ်လို့ ယူဆခဲ့သည်။
သူ့ထံမှ ဘာစကားမှ တုံ့ပြန်သံကို မကြားရတော့ သူမဟာ သူ့ကို လှည့်ကြည့်လိုက်ပြီးတော့ မေးလိုက်သည်။
“ဒါမှမဟုတ် ရှင့်စည်းမျဥ်းတွေထဲမှာ အမျိုးသမီးတွေကို မရိုက်နှက်ဖို့ဆိုတာ ပါလား။”
“ဟင့်အင်း သူတို့က အရင်စရင် ကျွန်တော်လည်း ပြန်ရိုက်မှာပဲ။”
ဖန့်ကျွင်းရုံက ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူမက “ရှင် တိုက်ရေးခိုက်ရေး ကောင်းလား” လို့ သူ့ကို မေးလိုက်သည်။
ကျန်းသဲ့ရှန်းက တည်ကြည်သောအသံဖြင့် ပြောလိုက်သည်။
“လီဝမ့်ကျင်းလိုလူမျိုး ဆယ်ယောက်ဆိုရင်တောင် ပြဿနာမရှိဘူး။”
ဖန့်ကျွင်းရုံ၏မျက်လုံးကအပြုံးဟာ ပိုနက်ရှိုင်းလာသည်။
***
ဧည့်ခံပွဲကျင်းပရာနေရာသို့ ပြန်လာကြပြီးနောက် ဖန့်ကျွင်းရုံသည် သူမ၏လူမှုဆက်ဆံရေး မျက်နှာဖုံးကို ပြန်တပ်ကာ အခြားသူများနှင့် ရယ်ကာမောကာ စကားစမြည် ပြောခဲ့သည်။ ထိုအတောအတွင်း သူမက စာချုပ်အချို့ကို အပြီးသတ်နိုင်ခဲ့သည်။ ခဏအကြာ တျာ့ကျားကျန်းနှင့် သူမညီမဖြစ်သူဟာလည်း ပွဲအတွင်းသို့ ပြန်ဝင်လာခဲ့ကြသည်။ သူတို့က သူတို့ကိုယ်သူတို့ ပြန်လည်ထိန်းသိမ်းလိုက်ပြီးတော့ သူမတို့ရဲ့ဒေါသတွေကို အပြင်မှာ ထားခဲ့လိုက်သည်။ သူတို့သည် ဖန့်ကျွင်းရုံကို ဒေါသတကြီးအကြည့်တချို့ကိုသာ ပေးနိုင်ကြသည်။
ဖန့်ကျွင်းရုံသည် သူမမျက်လုံးတွေကို ကျဥ်းမြောင်းလိုက်ပြီးတော့ ဘေးပတ်လည်ကို လိုက်ကြည့်သည်။ ကောင်းပြီ။ ဒီညမှာ စားသောက်ပွဲသို့ ကျန်းကျာ့ကျန်း၏ခင်ပွန်းက မတက်ရောက်ပေမယ့် ကျန့်ကျားရင်း၏ခင်ပွန်းကတော့ တက်ရောက်ခဲ့သည်။
သူမခင်ပွန်း ဘော့စ်တင်းသည် အမျိုးသမီးတစ်ယောက်နှင့် တွဲကနေသည်။ ထိုအမျိုးသမီး၏ခန္ဓာကိုယ်သည် စွဲမက်ဖွယ်ကောင်းပြီး သူမ၏အကသည်လည်း ဆွဲဆောင်မှုရှိသည်။ သူမသည် အခြားသူဌေးများနှင့်အတူ တက်ရောက်လာသော အမျိုးသမီးအဖော် ဖြစ်ရမည်။ ဘော့စ်တင်းသည် သူ့လက်တွေကို အမျိုးသမီး၏ခါးကျဥ်ကျဥ်လေးပေါ်မှာထားရန် ပြဿနာမရှိပေ။
လီဝမ့်ကျင်းက လုံးဝ မျှော်လင့်ချက်မရှိတာ မဟုတ်ဟု တျာ့ကျားရင်း တွေးခဲ့သည်မှာ မထူးဆန်းပေ။ သူမခင်ပွန်းနှင့် နှိုင်းယှဥ်ပါက လီဝမ့်ကျင်းသည် ပြန်လည်အသုံးမပြုနိုင်သော အမှိုက်ကနေ ပြန်လည်အသုံးပြုနိုင်သော အမှိုက်တစ်စအသွင် ချက်ချင်း ပြောင်းသွားနိုင်သည်။
ကံမကောင်းစွာပဲ ဖန့်ကျွင်းရုံက ထိုအမှိုက်ပုံထံ ပြန်မသွားချင်ခဲ့ဘူး။ သူတို့က ပြန်လည်အသုံးမပြုနိုင်သော သို့မဟုတ် ပြန်လည်အသုံးပြုနိုင်သော အမှိုက်များပင် ဖြစ်ပါစေ သူမသည် မည်သည့်အမှိုက်ကိုမှ မလိုချင်ဘူး။
ဖန့်ကျွင်းရုံက အနည်းငယ် တုံ့ဆိုင်းသွားပြီးတော့ ဘော့စ်တင်းထံသို့ လမ်းလျှောက်သွားသည်။
တျာ့ကျားရင်းသည် လီဝမ့်ကျင်းအတွက် စကားကောင်း မည်မျှ ပြောဆိုခဲ့သနည်း။ သူသည် သူမကို သူ့အတွက် ပြောဆိုပေးရန် မက်လောက်စရာကိစ္စအချို့ကို လက်ဆောင်အနေဖြင့် ကမ်းလှမ်းခဲ့ပေမည်။ ဖန့်ကျွင်းရုံက ဒီအကြောင်းကို ဘော့စ်တင်း မသိဘူးဆိုတာကို လုံးဝ မယုံကြည်ပေ။ သူက ဒါကို ကျွမ်းကျင်လိမ္မာစွာ အတည်ပြုပေးခဲ့တာဖြစ်မည်။ ဘာပဲဖြစ်ဖြစ် ဒါဟာ အခြားအမျိုးသမီးများအတွက် စကားစမြည်ပြောဆိုတာ ကောင်းမွန်တဲ့ခေါင်းစဥ်တစ်ခု ဖြစ်လေသည်။
ဖန့်ကျွင်းရုံသည် လိင်အမျိုးအစားတစ်ခုတည်းကိုပဲ ခွဲခြားဆက်ဆံတတ်သည့်သူမျိုး မဟုတ်ချေ။ တစ်စုံတစ်ဦးကို အရှက်ရအောင် လုပ်ဖို့ လိုအပ်လျှင် ဒါက သူတို့နှစ်ဦးစလုံး အတူတူပင် ခံစားသင့်သည်။
***
“မတွေ့ရတာကြာပြီ ဘော့စ်တင်း”
ဘော့စ်တင်း သူနှင့်အတူ ပျော်ပျော်ပါးပါး ကနေသောသူဆီမှလှည့်၍ သူမကို ပြုံးပြသည်။
“အာ… မင်းပါပဲလား။ ကျွင်းရုံ”
ဖန့်ကျွင်းရုံသည် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးဖြစ်ကြောင်းကိုတော့ ဝန်ခံရပေမည်။ နူးညံ့သိမ်မွေ့သော အသွင်အပြင်များ၊ ဖြူစင်ကြည်လင်သော အသားအရေ သို့မဟုတ် ကျက်သရေရှိသော အပြုံးများပင် ဖြစ်ပါစေ ထိုသို့သောအရာများကို သူမတစ်ဦးတည်းဆီမှာ တွေ့ရနိုင်သည်။
လီဝမ့်ကျင်း သူမကို ပြန်လည်ပိုင်ဆိုင်ချင်ရသည့် တစ်ခုတည်းသော အကြောင်းရင်းက သူမ၏ပိုင်ဆိုင်မှုများကြောင့်ပင်ဖြစ်သည်။ သူမရဲ့ရုပ်ရည်ကြောင့်လည်း အများကြီး ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သူမနှင့် နှိုင်းယှဥ်လိုက်သောအခါ သူ့ဇနီးသည် အိပ်ရာနွေးထွေးစေသော အိမ်စေတစ်ဦးမှ လွဲ၍ ရုတ်တရတ် ဘာမှ မရှိပုံရသည်။ သူက ဖန့်ကျွင်းရုံကို လီဝမ့်ကျင်းနှင့် ပြန်လက်တွဲဖို့ စည်းရုံးရန် ကြိုးစားခဲ့ရင်တောင်မှ ဖန့်ကျွင်းရုံသည် နွားချေးပုံမှာပွင့်သည့် ပန်းပွင့်နှင့်တူပေလိမ့်မည်။ မည်သို့ပင်ဆိုစေ လီဝမ့်ကျင်း ပေးထားသောကတိက အလွန်ဆွဲဆောင်မှုရှိတယ်… အိုး… စိတ်မပူနဲ့။ သူက ဒီကိစ္စကို သူ့မိန်းမလက်ထဲ အပ်ထားခဲ့တယ်။