အခန်း(၁၆၄) - ဒီနေ့လိုကိစ္စများသည် ယနေ့မှစ၍ အများကြီးငြိမ်သက်သွားလိမ့်မည်ဟု သူမ ယူဆခဲ့သည် (၁)
အမျိုးသမီးနှစ်ဦးသည် လူလုပ်ကျောက်ဆောင်၏ အခြားတစ်ဖက်တွင် ဆက်လက် အတင်းတုပ်နေခဲ့ကြသည်။ လူတစ်ယောက်က သူ့အပြုအမူတွေကို ပြောင်းလဲဖို့ သိတဲ့အခါ စုံတွဲတစ်တွဲက အမျိုးသားက သူ့ပိုင်ဆိုင်မှုအားလုံးကို အမျိုးသမီးကို လွှဲပြောင်းဖို့ ဆန္ဒရှိတယ်ဆိုတာက သူရဲ့စိတ်ရင်းမှန်ကြောင်းကို ထပ်ကာတလဲလဲ ရည်ညွှန်းပြောဆိုနေကြသည်။
အမှန်အတိုင်းပြောရရင် သူမဟာ ဒီစကားတွေအားလုံးကို အခါအားလျော်စွာ ကြားဖူးခဲ့ပေမယ့် လူအများစုက သူမကို တိုက်ရိုက် မပြောဆိုခဲ့ကြဘူး။ ဖန့်ကျွင်းရုံသည် ဒီအမျိုးသမီးများ ပြောဆိုနေသောစကားများကို အလုံးစုံ ယုံကြည်ရန် မဖြစ်နိုင်ဘူးလို့ ခံစားခဲ့ရသည်။ နောက်ဆုံးတော့ သူတို့က ခေတ်သစ်မှာ နေထိုင်နေကြတာ ဖြစ်သည်။ ဖြစ်နိုင်တာက သူတို့က သူမရဲ့သာယာလှပတဲ့ ဘဝသစ်ကို မနာလိုဖြစ်ပြီးတော့ သူတို့နှင့်တူညီသော ထောင်ချောက်ထဲသို့ ပြန်ကျဖို့ ဆန္ဒရှိနေကြတာပဲ။
ဖန့်ကျွင်းရုံသည် ဒီနေရာမှာ သူမ ရှိနေတာကို သူတို့သိစေရန် အနည်းငယ် ချောင်းဟန့်လိုက်သည်။
လျင်မြန်စွာပဲ အမျိုးသမီးနှစ်ဦးဟာ လူလုပ်ကျောက်ဆောင်နောက်မှ ထွက်လာခဲ့ကြသည်။ သူတို့နှစ်ဦးသည် ရုပ်ချင်းဆင်တူကြသည်။ သူတို့နှစ်ဦးဟာ ဆွေမျိုးတော်စပ်နေကြောင်း သိသာထင်ရှားလှသည်။
ဖန့်ကျွင်းရုံက သူတို့နှစ်ဦးက သတိပြုမိလိုက်သည်။ အသက်ပိုကြီးတဲ့တစ်ယောက်ဟာ တျာ့ကျားကျန်းနှင့် အငယ်တစ်ယောက်က တျာ့ကျားရင်းဖြစ်သည်။
တျာ့ကျားကျန်းဟာ အလွန်တရာ အံ့သြသွားသောအသွင် ဟန်ဆောင်လိုက်သည်။
“အာ… ဘော့စ်ဖန့်ပါလား။ ရှင်လည်း ဒီနေရာမှာ လမ်းလျှောက်နေတာလား။ တိုက်ဆိုင်လိုက်တာ။”
ဖန့်ကျွင်းရုံက ခပ်တည်တည်နှင့် “ဒီလောက် ကြီးမားတဲ့ဥယျာဥ်ကြီးထဲမှာ ရှင်တို့နှစ်ယောက်နဲ့တွေ့ရတာ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ။”
ဖန့်ကျွင်းရုံပြောစကားများ၏ နောက်ကွယ်စကားကို တျာ့ကျားကျန်းက မသိဟန်ဆောင်သည်။ သူမတို့၏အသွင်က မျက်နှာဖုံးကဲ့သို့ အတုအယောင်သာဖြစ်သည်။
“ဟုတ်တယ်။ ဒါ့ကြောင့် မင်းတို့ တခြားတစ်ယောက်ရဲ့နောက်ကွယ်မှာ သူတစ်ပါးအကြောင်း မပြောသင့်ဘူးလို့ ပြောကြတာပေါ့။ ရှင်တို့ပြောနေတာတွေအားလုံး ကျွန်မ ကြားပြီးပြီ။”
တျာ့ကျားရင်းက ခေါင်းညိမ့်လိုက်သည်။
“ကျွန်မတို့ တကယ်စိတ်မကောင်းပါဘူး။”
သူမက ခဏလောက် စကားရပ်တန့်သွားပြီးနောက် ဆက်ပြောသည်။
“ကျွန်မတို့ပြောစကားတွေက ကျွန်မတို့ တကယ့်ခံစားချက်တွေပါပဲ။”
သူမသည် ဖျန်ဖြေသူတစ်ဦးအသွင် သရုပ်ဆောင်ခဲ့သည်။
“သူလုပ်ခဲ့တဲ့အမှားတွေကို သူ သိသွားပြီပဲလေ။ ဘာပဲဖြစ်ဖြစ် ရှင် ဒါကိုစဥ်းစားကြည့်ရင် သူက ဘာမှမသိတဲ့သူတစ်ယောက်ထက် ပိုကောင်းတာပေါ့။”
သူမက ဒီစကားကိုပြောနေတာက ကျန်းသဲ့ရှန်းကို ရည်ညွှန်းပြောဆိုနေတာပင်ဖြစ်သည်။ သူမဆိုလိုသည့် အဓိပ္ပါယ်က သိသာထင်ရှားသည်။
“ဒါ့အပြင် မင်းလက်ထဲမှာ ပိုင်ဆိုင်မှုတွေအားလုံးကို ကိုင်ထားရင် သူ့ကို မင်းလက်အောက်မှာထားဖို့ ပိုလွယ်ကူလိမ့်မယ်။”
“ငါ့ခင်ပွန်းမှာသာ သူ့လိုစိတ်ရင်းမှန်မျိုး တစ်ဝက်သာရှိရင် ငါတို့ နေ့တိုင်း ရန်ဖြစ်နေရမှာ မဟုတ်ဘူး။”
ဖန့်ကျွင်းရုံက သူမမျက်နှာပေါ်ရှိ အပြုံးခပ်ပါးပါးကို ထိန်းသိမ်းထားသည်။ စကားဝိုင်းစတင်ချိန်မှစ၍ ထိုအပြုံးသည် မည်သည့်အခါမျှ မပြောင်းလဲသွားခဲ့ပါ။
“သူ့အကြွေးတွေကို ဆပ်လိုက်ရင် သူ့မှာ ပိုက်ဆံ ဘယ်လောက်ကျန်မယ်လို့ထင်လဲ။ သူ့နေထိုင်မှုအသုံးစရိတ်တွေကိုလည်း ထည့်တွက်ရဦးမယ်။ သူနဲ့အတူ ပြန်နေလိုက်တာနဲ့ ကျွန်မက သူ့ဆီက ဘာရမှာလဲ။ သူ့အတွက် အိတ်စိုက်ပေးရမှာလား။ ဒါ့အပြင် သူ့ရဲ့ဇရာကိုလား ဒါမှမဟုတ် သူ့ရဲ့ ဘီယာဗိုက်ကို ရမှာလား။”
“ကျွန်မ တောင်းပန်ပါတယ်။ ရှင့်လို မစင်စားရတာ သဘောကျတဲ့သူတွေအတွက်တော့ ဒါက ကောင်းတာပေါ့။ ဒါပေမယ့် ရှင်စားနိုင်တာကြောင့် ဒါကို တခြားသူတွေကလည်း အတူတူစားဖို့ ဆန္ဒရှိတယ်လို့ မထင်ပါနဲ့။”
ဖန့်ကျွင်းရုံက သူမသည် အရင်က အရမ်းယဥ်ကျေးလွန်းခဲ့တယ်လို့ တွေးမိသည်။ ဒါကြောင့် လူတိုင်းက သူမရှေ့မှာ သူတို့ ဘာမဆိုပြောဆိုနိုင်တယ်လို့ ခံစားရတာ ဖြစ်ရမည်။ သူမသည် သူတို့အမြင်မှာ ထိုမျှလောက် အရူးတစ်ယောက်လို တကယ်ထင်မြင်နေခဲ့တာလား။
သူမပြောလိုက်သော စကားကြောင့် ညီအစ်မနှစ်ယောက်ရဲ့မျက်နှာတွေဟာ ချက်ချင်းပင် မည်းမှောင်သွားသည်။
တျာ့ကျားကျန်း၏အသံသည် အက်ကွဲသံလိုမျိုး စီကနဲ ထွက်လာခဲ့သည်။
“ရှင် ဘယ်လိုလုပ်ပြီးတော့ ဒီလိုပြောနိုင်ရတာလဲ။ ကျွန်မတို့က ရှင့်ကို အကောင်းဆုံး အကျိုးစီးပွားရဖို့ကိုပဲ စိတ်ထဲမှာ တွေးထားတာပါ။ ယောကျာ်းအားလုံးက အတူတူပဲ။ တကယ်လို့ ရှင် နောက်ထပ်လက်ထပ်မယ်ဆိုရင်တောင် ပိုကောင်းတဲ့သူတစ်ယောက်ကို ရှာတွေ့မယ်ဆိုတာ မသေချာပါဘူး။”
တျာ့ကျားရင်းကလည်း ဝင်ရောက်ထောက်ခံသည်။
“ဟုတ်တယ်။ ကျွန်မသာ ရှင့်နေရာမှာဆိုရင် ကျွန်မ သူ့ကို ပြန်လက်ခံမှာ သေချာပေါက်ပဲ။”
ဖန့်ကျွင်းရုံက ကျိတ်ရယ်လိုက်သည်။ “ရှင်က ဒီလိုစကားတွေပြောနေတာက သူ့ကမ်းလှမ်းချက်ကြောင့် မဟုတ်ပဲ ရှင့်စိတ်သဘောနဲ့ရှင် ပြောနေတာလို့ ဆိုလိုတာလား။”
သူမသည် ကြည့်လိုက်သည်။ “လီဝမ့်ကျင်းက ရှင့်ခင်ပွန်းထက် အများကြီး ပိုကောင်းတယ်လို့ ရှင်ပြောတာလား။”
တွန့်ဆုတ်သွားခဲ့ပေမယ့် သူမကိုယ်သူမ မျက်နှာဖြတ်ရိုက်ခံရမှာကို အလိုမရှိတာကြောင့် “ဟုတ်တယ်” လို့ ပြောလိုက်သည်။
ဖန့်ကျွင်းရုံ၏အပြုံးဟာ နက်ရှိုင်းသွားသည်။ “ကောင်းပြီ။ ဒါကို ရှင်အဲ့လိုတွေးရင် ရှင့်ယောကျာ်းကို ကွာရှင်းပြီးတော့ လီဝမ့်ကျင်းနဲ့အတူနေသင့်တယ်။”
“သူက အရမ်းကောင်းပြီး မင်း သူ့အပေါ် အရမ်းအကောင်းမြင်တာကြောင့် မင်း သူ့ကို ပြုစုစောင့်ရှောက်ပေးသင့်တယ်။ အခုလို သူ့ကို မစွန့်ပစ်ထားနဲ့။ လီဝမ့်ကျင်းက ဝမ်စစ်ရှန်းနဲ့ အရင်က အတူနေခဲ့ဖူးတယ်။ သူက အရမ်းဂျီးများတယ်လို့ ကျွန်မ မထင်ဘူး။ ရှင် ကောင်းကောင်းလုပ်နိုင်လိမ့်မယ်လို့ ကျွန်မ ထင်တယ်။” လီဝမ့်ကျင်းကဲ့သို့ အမှိုက်တစ်စကို တစ်ယောက်ယောက်က တကယ်လိုချင်လိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။ ဒီအရာကို ပြန်လည်အသုံးပြုခြင်းလို့ ယူဆနိုင်ပါသလား။