အခန်း ၁၆၈
Viewers 25k

အခန်း(၁၆၈) - မကောင်းဆိုးဝါးမိန်းမတစ်ယောက်ကြောင့် သူ့ဘဝပျက်စီးခဲ့ရသည်။ (၂)

 

သူ့ဆဲလ်ဖုန်းက အသံမြည်လာသည်။ ဖန်သားမျက်နှာပြင်ပေါ်တွင် ပေါ်လာသောနာမည်ကိုစစ်ဆေးပြီး တိုက်ရိုက်ဖုန်းကိုင်လိုက်သည်။ ၎င်းသည် အခြားငွေချေးထားသူထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုဖြစ်သည်။

 

ဘယ်သူကမှ သူ့ကို ငွေထပ်မချေးချင်တော့ပဲ ကျွင်းရုံက သူနဲ့ဒုတိယအကြိမ် ပြန်ပေါင်းသင်းဖို့ ငြင်းဆန်ခဲ့သည်။ သူ့သားဖြစ်သူ လီရှစ်ကျီနဲ့ပတ်သက်ရင်တော့ သူက သူ့ဆီကနေ ပိုက်ဆံပြန်မတောင်းတာကပဲ တစ်နည်းအားဖြင့် ကံကောင်းလိမ့်မယ်။

 

လီဝမ့်ကျင်းက ကြိုးအဆုံးမှာ ရပ်တည်နေရပြီ။ သူ့ရှေ့တွင် ကျန်ရှိသော ရွေးချယ်စရာတစ်ခုသာရှိခဲ့သည်။ သူ၏ရှယ်ယာအများစုကို ထုတ်ရောင်းပြီး ငွေသားထုတ်ရန်ပင်ဖြစ်သည်။

 

အေယွန်အစုရှယ်ယာများကို ထုတ်ယူရောင်းချခြင်းသည် သူလုပ်ချင်သောအရာမဟုတ်ပေ၊ သူသည် နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား လုပ်လာခဲ့သောအရာဖြစ်သည်။ ဒါပေမယ့် ဒါက သူ့ရဲ့လက်ရှိအခြေအနေကို ကျော်ဖြတ်ဖို့ သူ့ရဲ့တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်ခဲ့လေသည်။

 

ထိုင်ခုံပေါ်တွင် ထိုင်နေသော လီဝမ့်ကျင်း၏နောက်ကျောသည် ညွှတ်ကျသွားပြီး သူသည် အသက်တော်တော်ကြီးသွားပုံရသည်။

 

ခဏအကြာမှာ သူ သက်ပြင်းချပြီး သူ့ရှေ့နေထံ ဖုန်းဆက်ခဲ့သည်။

 

နောက်ဆုံးတွင် လီဝမ့်ကျင်းသည် ရှယ်ယာ ဆယ်ရာခိုင်နှုန်းမှလွဲ၍ ကျန်သည့်ရှယ်ယာအားလုံးကို ရောင်းချလိုက်သည်။ အာဃာတစိတ်ဖြင့် သူ၏ရှယ်ယာများကို ကုမ္ပဏီ၏ တတိယအကြီးဆုံးအစုရှယ်ယာရှင်ထံသို့ ရှယ်ယာများကို ရောင်းချလိုက်သောကြောင့် ကုမ္ပဏီဥက္ကဌဟဲယီနှင့် တတိယအကြီးဆုံးရှယ်ယာရှင်ကြား ရန်ပွဲများကို ဖြစ်စေခဲ့သည်။

 

ဟဲယီက သူ့ကို မကျေမနပ်ဖြစ်နေတာကြောင့် သူ့ကို ဒုက္ခပြန်ပေးချင်ခဲ့သည်။

 

အေယွန်ကော်ပိုရေးရှင်း၏အစုရှယ်ယာများသည် ယခင်ကထက် တန်ဖိုးပိုနည်းသည်။ လီဝမ့်ကျင်းသည် သူ၏အစုရှယ်ယာများရောင်းချခြင်းမှ ယွမ် ၄ ဘီလီယံလောက်သာ ရရှိခဲ့သည်။ သူက သူရဲ့အကြွေးတွေကိုမဆပ်ခင် သူတို့ကို သူ့လက်ထဲမှာ အချိန်အကြာကြီးဆွဲထားလို့တောင်မရခဲ့ဘူး။

 

သူ၏ပိုင်ဆိုင်မှုများသည် S Cityတွင် ဖော်ပြရန်ပင် မထိုက်တန်တော့သည့်အထိ နည်းပါးသွားခဲ့ပြီး သူ့သူငယ်ချင်းဟောင်းများရှေ့တွင် သူ့မျက်နှာကို မပြသချင်တော့ပါ။ လီဝမ့်ကျင်းသည် သူ့သားအတွက် ယွမ် မီလီယံဆယ်ချီထားခဲ့ပြီး သူ့ဇာတိမြို့သို့ ဇာတ်မြှုပ်နေထိုင်ရန် ပြန်လာခဲ့သည်။  

 

သူ့မခင်ရဲ့ကွယ်လွန်ခြင်းနှစ်ပတ်လည်နေ့နီးလာပြီဖြစ်တာကြောင့် သူက မြို့ကိုစွန့်ခွာဖို့ ပြီးပြည့်စုံတဲ့အကြောင်းပြချက်တစ်ခု ဖြစ်ခဲ့သည်။

 

ဒီဇင်ဘာ ၅ ရက်နေ့တွင် လီဝမ့်ကျင်းသည် သူ့ဇာတိမြို့သို့ပြန်လာပြီး သူ့ဆွေမျိုးသားချင်းအချို့နှင့် စကားများခဲ့သည်။ သူတို့တစ်ဦး စီသည် သူ့ကို အမြဲလှောင်ပြောင်ပြောဆိုခဲ့ကြသည်။

 

"ဒါ ငါတို့ လီမိသားစုရဲ့ဂုဏ်ဆောင်မဟုတ်လား။ မင်းက ဒီလောက်အလုပ်များတဲ့ကောင်ပဲ။ မင်းမှာ ပြန်လာဖို့ အချိန်ရောရှိရဲ့လား။"

 

“ဒီလောက် ကြီးမားတဲ့ကုမ္ပဏီတစ်ခုတစ်ခုလုံးကို ဆုံးရှုံးသွားအောင် လုပ်နိုင်တာက မင်း တော်တော်လေး တော်တာပဲ။ အဖိုးသာ တမလွန်မှာ ဒီအကြောင်းကိုကြားလိုက်ရရင် မင်းခြေထောက်ကို ရိုက်ချိုးဖို့ သူ ပြန်ထလာလိမ့်မယ်။”

 

"မင်း အဖိုးအဖွားတွေဆီကို လာလည်တာ ဘယ်လောက် ရှက်စရာကောင်းလိုက်လဲ။"

 

လီဝမ့်ကျင်း ပြန်ရောက်လာသည်နှင့် မျက်နှာရှည်နှင့်သူသည် အော်ဟစ်လိုက်သည်။  ထိုအချိန်က သူသည် လီအိမ်တော်၏နေရာကို ဆက်ခံသူအဖြစ် နောက်ဆုံး အဖိုးရွေးချယ်ခဲ့သူဖြစ်ရန် လူတိုင်းကို ကျော်ဖြတ်ခဲ့ရသည်။ သူသည် လီအိမ်တော်၏ အဓိကလုပ်ငန်းအများစုကို ရရှိခဲ့ပြီး မိသားစု၏အခြားအိမ်တော်ခွဲများသည် အနည်းငယ်စီသာ ရရှိခဲ့သည်။ ထို့ကြောင့် သူ့ကို အားလုံးက စိတ်ဆိုးခဲ့ကြသည်။

 

လီဝမ့်ကျင်းက နှုတ်ဆိတ်နေရန် ကြိုးစားသော်လည်း နောက်ဆုံးမနေနိုင်တော့ သူပြန်ပြောလိုက်သည်။

 

"ဒါဆိုရင် ငါတို့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို ဆုံးရှုံးသွားခဲ့ရင်တောင် ဘာဖြစ်လဲ။ ငါ့အိမ်တော်ခွဲက မိသားစုမှာ အအောင်မြင်ဆုံးပဲ ဖြစ်လိမ့်မယ်။ ငါ့မှာ သားတစ်ယောက်နဲ့သမီးတစ်ယောက် ရှိနေသေးတယ်ဆိုတာ မမေ့ပါနဲ့။ ငါ ကျွင်းရုံနဲ့ကွာရှင်းလိုက်ပေမယ့် ကျွင်းရုံက ကလေးတွေကို အမြဲ ဦးစားပေးတယ်။ သေချာတာကတော့ သူမရဲ့အဓိကစီးပွားရေးလုပ်ငန်းက သူတို့ဆီကိုပဲ ရောက်သွားလိမ့်မယ်။"

 

“မင်း ဖြစ်ချင်တာတွေအားလုံးကို ဟာသပြောလို့ရပေမယ့် မင်းရဲ့သားစဉ်မြေးဆက်တွေက ငါ့အစေခံပဲ ဖြစ်လိမ့်မယ်။"

 

"ဒါကြောင့် မင်းက ငါ့ထက် ပိုကောင်းအောင်လုပ်ဖို့ ငါအကြံပေးချင်တယ်၊ မဟုတ်ရင် မင်းမှာ ဘာမှမရှိနိုင်ဘူး။"

 

သူ၏စကားများပြောအပြီးတွင် အခြားမိသားစုဝင်များသည် ထူပူနေသည်ကို မြင်ရသည်။ သူသည် ၀မ်းမြောက်ခြင်းကို တစ်ပြိုင်နက် ခံစားခဲ့ရပြီး တစ်ချိန်တည်းမှာပင် ဝမ်းနည်းမှုအချို့နှင့် ရယ်မောလိုက်ချင်သည်။ သူက ဖန့်ကျွင်းရုံက သူ့ထက်ဘယ်လောက် ပိုကောင်းတယ်ဆိုတာကို ညွှန်ပြမိတဲ့သူထက် ပိုပြီးမုန်းစရာမရှိတော့ပါဘူး။ အခုတော့ သူမနာမည်ကို ဂုဏ်ယူဝံ့ကြွားစွာနဲ့သာ ထုတ်ပြောနိုင်သည်။

 

ဒါဟာ သူမကို လိမ်လည်ခြင်းအတွက် သူ့ရဲ့ကံကြမ္မာပဲ ဖြစ်ရမယ်။

 

လီဝမ့်ကျင်းသည် ရုတ်တရက် သူ၏စိတ်ဝင်စားမှုများအားလုံး ဆုံးရှုံးသွားပြီး သူ၏ဆွေမျိုးများနှင့် ဆက်မနေချင်တော့ပါ။  သူသည် သူ့မိဘများ၏အထိမ်းအမှတ်ကျောက်တိုင် တင်ထားသည့် ဘိုးဘွားခန်းမအတွင်းသို့ လမ်းလျှောက်ဝင်ခဲ့သည်။

 

သူ လမ်းလျှောက်လာစဉ် စားပွဲပေါ်ကိုသုတ်နေသော ဦးလေးဝမ်ကို တွေ့လိုက်ရသည်။ မျက်နှာပြင်သည် အညစ်အကြေးကင်းစင်ကြောင်း သေချာစေရန် သူ၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေစဉ် သူသည် အလွန်လေးနက်နေခဲ့သည်။ သူသည် ခြေသံများ ကြားလိုက်ရသောအခါ ဦးလေးဝမ်သည် လှည့်ကြည့်လိုက်သည်။ လီဝမ့်ကျင်းကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများတွင် မျက်ရည်များပြည့်လာခဲ့သည်။