အခန်း ၁၆၉
Viewers 26k

အခန်း(၁၆၉) - မကောင်းဆိုးဝါးမိန်းမတစ်ယောက်ကြောင့် သူ့ဘဝပျက်စီးခဲ့ရသည်။ (၃)

 

"အဲဒါ မင်းလား သခင်လေး"

 

လီဝမ့်ကျင်းသည် အိမ်မှာ အသက်အကြီးဆုံးဖြစ်ပြီး ဦးလေးဝမ်သည် သူ့ကို သခင်လေးလို့  အမြဲခေါ်ဝေါ်ခဲ့သည်။

 

“ဦးလေးဝမ်” ဟု လီဝမ့်ကျင်းက အသံတိုးတိုးဖြင့် ခေါ်လိုက်သည်။ 

 

"ကျွန်တော့်အမေနဲ့အဖေဆီကို အလည်လာတာ" လီဝမ့်ကျင်းက သူ့ကို ငယ်ရွယ်စဉ်က ပြုစုစောင့်ရှောက်ပေးခဲ့သည့် ဒီလူအပေါ် လေးစားစွာ ဆက်ဆံနေဆဲပါပဲ။

 

ဦးလေးဝမ်က သူ့ကိုကြည့်ပြီး အနည်းငယ်တုံ့ဆိုင်းသွားပြီးနောက် “နည်းနည်းလေး နောက်ကို ပြန်ဆုတ်သွားတာက ကမ္ဘာကြီးရဲ့အဆုံးသတ် မဟုတ်သေးပါဘူး။ သခင်လေး မင်းရဲ့လမ်းကြောင်းကို ပြန်တိုက်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်။”  ဦးလေးဝမ်သည် အွန်လိုင်း သိပ်မတက်ဖြစ်သော်လည်း လီဝမ့်ကျင်းအကြောင်း လီအိမ်တော်၌ ပြန်ပြောဆိုသူများအားလုံးရှိရာ သူ ဘာဖြစ်နေသည်ကို အတော်အတန် သိရှိနေခဲ့သည်။

 

လီဝမ့်ကျင်း၏မျက်နှာကြွက်သားများ အနည်းငယ်တွန့်သွားပြီး နောက်ဆုံးတွင် သူ့စိတ်ထဲရှိသည့်အရာများကို ထုတ်မပြောပဲ ရပ်တန့်လိုက်သည်။ သူ့အသက်အရွယ်မှာ အထွတ်အထိပ်ကို ပြန်တက်ဖို့ဆိုတာ လွယ်ကူတဲ့အရာ မဟုတ်ဘူး။

 

ဦးလေးဝမ်သည် ထိုနေရာ၌ရပ်‌နေ၍ ညည်းတွားနေဆဲဖြစ်သည်။ “သခင်‌လေး မင်းရဲ့ရင်းနှီးမြုပ်နှံမှုတွေကျရှုံးပြီး မင်းရဲ့နေထိုင်စရိတ်အတွက် ပိုက်ဆံတောင်မကျန်ခဲ့ဘူး၊  ကောလိပ်တက်တုန်းအချိန်ကထက် အနည်းဆုံးတော့ အခု မင်းရဲ့အခြေအနေက အများကြီးပိုကောင်းတယ်၊ အဲ့အချိန်တုန်းက မင်း ဘယ်လောက်ပဲ ကျရှုံးခဲ့ပေမယ့် မာနကြီးပြီး အိမ်ကနေ အကူအညီပြန်တောင်းဖို့ မလုပ်ခဲ့ဘူး။ သခင်ကြီးနဲ့ သခင်မကြီး နှစ်ယောက်စလုံးက မင်းအတွက် အရမ်းစိတ်ပူပြီး မင်းကိုပိုက်ဆံပေးချင်ပေမယ့် အကြီးအကဲ မစ္စတာလီသာတွေ့ရင် မင်း သူစစ်ဆေးနေတဲ့ စာမေးပွဲကျမှာကို စိုးရိမ်နေတယ်။ နောက်ဆုံး သူတို့က မင်းကို တိုးတိုးတိတ်တိတ်ငွေပေးပေးဖို့ မင်းအတန်းဖော်ကို တောင်းဆိုခဲ့ရတယ်။”

 

လီဝမ့်ကျင်းသည် ဦးလေးဝမ်၏စကားများကြောင့် သူ၏ကောလိပ်ကျောင်းသားဘဝသို့ ပြန်‌တွေးမိခဲ့သည်။ ပြန်ကြည့်ရရင် အဲဒီနေ့တွေလောက် တကယ်မဆိုးရွားသေးဘူး။ လမ်းတစ်ဝက်၌ ဦးလေးဝမ်၏စကားများကို ပြန်ပြောင်းနားထောင်ခြင်းမှတပါး တစ်စုံတစ်ခု လွဲချော်သွားသည်ကို သူသတိပြုမိသည်။ သူက “ဘာပိုက်ဆံလဲ။ ကျွန်တော့်မိဘတွေက ကျွန်တော့်ဆီ အရင်က ငွေပို့ဖူးတာလား။" ဟု မေးလိုက်သည်။

 

သူ ဘာလို့ အဲ့တာတွေကို တစ်ခုမှမမှတ်မိရတာလဲ။

 

ဦးလေးဝမ်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ သူတို့က မင်း လမ်းကြောင်းလွဲသွားမှာကို စိုးရိမ်တဲ့အတွက် သူတို့က မင်းဆီကို တိုက်ရိုက် ငွေ မပေးချင်ခဲ့ဘူး။ သူတို့က ရည်ရွယ်ချက်ရှိရှိ ငွေသားအချို့ထုတ်ပြီး မင်းအတန်းထဲက ကောင်မလေးတစ်ယောက်ကို စာတစ်စောင်နဲ့အတူ ပေးပေးဖို့ တောင်းဆိုခဲ့တယ်။”

 

လီဝမ့်ကျင်းသည် ရုတ်တရက် ဆိုးဝါးသောခံစားချက်ကို ခံစားလိုက်ရသည်။ သူက အသံနက်ကြီးဖြင့် "အဲ့ဒီကောင်မလေးနာမည်က ဘာလဲ"

 

ဦးလေးဝမ်က အသက်ကြီးပြီးတော့ ဒီအကြောင်းကို ပြန်‌တွေးကြည့်နေပြီး သူ့အတန်းထဲက ကောင်မလေးနာမည်ကို မနည်းစဉ်းစားနေတာကို တွေ့လိုက်ရတော့ သူပြောကြည့်လိုက်သည်။

 

"သူမနာမည်က ဝမ်စစ်အာလား။"

 

“ဟုတ်တယ်၊ ဟုတ်တယ်။ သူမလို့ ငါထင်တယ်။ သူမက မင်းကို ပိုက်ဆံပေးခဲ့တယ်မဟုတ်လား။”

 

လီဝမ့်ကျင်း၏မျက်နှာကြွက်သားများတွန့်သွားပြီး သူငိုတော့မည့်ပုံပေါ်သွားသည်။ ဒါက  ဝမ်စစ်အာ … ဒါဆိုရင် သူမပေးခဲ့တဲ့ ငွေတွေက သူ့မိဘများထံမှ မဟုတ်ပါလား၊ သူ့အား သူမ ခက်ခက်ခဲခဲ ငွေထုတ်ချေးခြင်း မဟုတ်ခဲ့ပေ။

 

"အဲဒီတုန်းက ကျွန်တော့်မိဘတွေက ဘယ်လောက်ပေးခဲ့တာလဲ" သူ့အသံတွင် နာကြည်းချက်များ ရှိနေသည်။ သို့သော် ထိုအမုန်းတရားသည် သေဆုံးသွားခဲ့ပြီဖြစ်သော ဝမ်စစ်အာဆီသို့ ရည်ရွယ်သည်။

 

"ယွမ် ၁၀၀၀၀"  ဦးလေးဝမ်က ဒါကို ရှင်းရှင်းလင်းလင်း မှတ်မိတယ်။

 

“ငါ မင်းကို အကြောင်းကြားဖို့ တစ်ယောက်ယောက်ကို စေလွှတ်ပေးခဲ့တယ်။ မင်း အဲ့ဒီလူနဲ့မတွေ့ခဲ့ဘူးလား။"

 

လီဝမ့်ကျင်းက သူ့လက်သီးကို တင်းကျပ်စွာဆုပ်လိုက်ပြီး သူ့မျက်လုံးများမှာ ဒေါသများဖြင့် ပြည့်နေသည်။ ဝမ်စစ်အာက သူ့ကို ယွမ် ၆၀၀၀ ပေးခဲ့ပြီး သူ့အိတ်ကပ်ထဲကို ယွမ်ငွေ ၄၀၀၀ ထည့်ခဲ့သည်။ သာမန်လူတစ်ယောက်၏နှစ်အနည်းငယ် ၀င်ငွေနှင့်ညီမျှသောပမာဏ ဖြစ်သည်။ ဦးလေးဝမ်မှစေလွှတ်သောလူအတွက်မူ ထိုအကြောင်းကို သူမမှတ်မိပါ။ ဝမ်စစ်အာသည်လည်း ထိုအရာနှင့်ဆက်စပ်မှုရှိကောင်းရှိနိုင်သည်။

 

ဤနှစ်များအတွင်း သူသည် ဝမ်စစ်အာထံမှ သူ ရရှိခဲ့သောအကူအညီကို တန်ဖိုးထားခဲ့ပြီး သူမအတွက် သူ့နှလုံးသားတွင် အထူးခြားဆုံးနေရာကိုပါ ထားခဲ့သည်။ အရင်တုန်းက သူမဟာ သူ့ရဲ့လရောင်ဖြူလေး ဖြစ်ခဲ့တယ်။ ဒါပေမယ့် အဲဒါအားလုံးဟာ လိမ်ညာမှုတစ်ခုပဲ။

 

သူမက သူခိုးတစ်ယောက်။ ပြီးတော့ လူလိမ်တစ်ယောက်ပဲ။ သူမက သူမရဲ့သမီး ကျန်းယာ့ကောနဲ့အတူတူပဲ။

 

သူသာ အလိမ်မခံခဲ့ရရင် ဒီနှစ်တွေတစ်လျှောက်လုံး သူမကို သူ့ရဲ့အထူးနေရာတစ်နေရာမှာ ဘယ်တော့မှ ထားရှိခဲ့မှာ မဟုတ်ဘူး။ သူက ကျန်းယာ့ကောကို သူ့အိမ်ထဲကို ခေါ်သွင်းခဲ့ပြီး ဝမ်စစ်ရှန်းကို သူမနေရာမှာအစားထိုးလိုက်မိတယ်၊ နောက်ဆုံးမှာ သူ့အပေါ် ကောင်းခဲ့တဲ့ သူ့မိန်းမကို အမှားလုပ်မိခဲ့တယ်။

 

ဒီနှစ်တွေတစ်လျှောက်လုံးက သူ့ခံစားချက်တွေ အားလုံးဟာ ဟာသသက်သက်ပဲ။ အလွန်ဆိုးဝါးသော အမျိုးသမီးတစ်ဦး၏လက်ထဲ၌ သူ့ဘဝဟာ ပျက်စီးခဲ့ရသည်။

 

သူ့နားထဲမှာ ဆူညံသံတစ်ခုကို ကြားလိုက်ရပြီးအရာအားလုံး ပျောက်ကွယ်သွားကုန်သည်။ သူ့သွေးများအားလုံး အေးခဲသွားပုံရပြီး သူ့ရှေ့ရှိအရာအားလုံး မည်းမှောင်သွားကာ သူ့ခန္ဓာကိုယ်သည် နောက်သို့ ယိုင်လဲသွားလေသည်။