အခန်း ၁၇၀
Viewers 25k

အခန်း(၁၇၀) - လီရှင်းယွင်သည် သူမပြောခဲ့သောစကားက အမှန်တကယ်ဖြစ်လာလိမ့်မည်ဟုမထင်ခဲ့ပေ။ (၁)


ဖန့်ကျွင်းရုံ၏ စိတ်အခြေအနေဟာ ကောင်းမွန်နေခဲ့သည်။


ဖန့်ကျွင်းရုံသည် ယနေ့တွင် ကျန်းကျစ်ဆုနှင့်တွေ့ဆုံခဲ့ပြီး ကျောက်စိမ်းဖြူဆေးခရင်မ်နှင့်  အဆိပ်အတောက်ဖယ်ရှားဆေးလုံး နှစ်ခုစလုံးသည် လက်တွေ့စမ်းသပ်မှုများနှင့် ထုတ်လုပ်မှုများ စတင်ပြုလုပ်နေခဲ့ပြီဆိုတာကို သိလာခဲ့ရသည်။ ထုတ်လုပ်ပြီးသော ကျောက်စိမ်းဖြူဆေးခရင်မ်၏ ပထမအသုတ်သည် စစ်ပွဲများအတွင်း ဒဏ်ရာရသက်ကြီးစစ်မှုထမ်းဟောင်းများ၏ လက်ထဲသို့ ရောက်ရှိနေပြီဖြစ်သည်။ ကျောက်စိမ်းဖြူဆေးခရင်မ်၏ ထုတ်လုပ်မှုသည် တိုးတက်လာသည်နှင့်တစ်ပြိုင်နက် စစ်တပ်၌ ဒဏ်ရာရသွားသူများအတွက် ပထမဆုံးထောက်ပံ့ပေးလိမ့်မည်။


ကျောက်စိမ်းဖြူဆေးခရင်မ်ကို ပြုလုပ်ရန်ပါဝင်ပစ္စည်းများသည် စျေးမကြီးပါ။ ယွင်ယင်းဟူသော ပါဝင်ပစ္စည်းမှာ သူမ၏နယ်မြေထဲ၌သာ ရနိုင်သည်။


သူမ၏ရှယ်ယာများရရှိပြီးနောက် ဖန့်ကျွင်းရုံသည် စိတ်ပြောင်းသွားပြီး ယွင်ယင်းနှင့် ချီရှင်းတို့အား ကြီးထွားစေသောနည်းလမ်းတို့ကိုလည်း ပံ့ပိုးပေးခဲ့သည်။ နောက်ဆုံးတော့ သူမတစ်ယောက်တည်း လုပ်နိုင်သလောက် အများကြီးပဲ။ ဤအပင်များ ကြီးထွားလာရန် အဖိုးတန်ကျောက်မျက်အမြောက်အမြားလိုအပ်ပြီး၎င်းသည် အဓိကအဆို့ရှင် ဖြစ်လိမ့်မည်။ ဒါဟာ အစိုးရရဲ့အပိုင်းနဲ့ဆိုရင် ကွဲပြားလိမ့်မယ်။ အစိုးရအနေဖြင့် သူမအတွက် စီကျောက်မျက်ရတနာများ ၀ယ်ယူပေးရန်မှာ တိုင်းပြည်အတွက် ပိုမိုလွယ်ကူလိမ့်မည်။


ဖန့်ကျွင်းရုံသည် သူမအိမ်ပြန်ရောက်သောအခါ သူမ၏ကျောက်စိမ်းလက်ကောက်နယ်မြေထဲသို့ ၀င်ရန် အာရုံပြုလိုက်သည်။


ယခင်နှင့်နှိုင်းယှဉ်လျှင် နယ်မြေ၏ မြင်နိုင်သော ပမာဏသည် အတိုင်းအတာတစ်ခုအတွင်း သိသိသာသာ တိုးတက်လာသည်။  တောင်တန်းများသည် ယခင်က တိမ်မြူများ ဖုံးလွှမ်းနေခဲ့သော်လည်း ၎င်းတို့ကို မမြင်နိုင်သောလက်တစ်စုံဖြင့် ဖယ်ရှားလိုက်ပုံပေါ်ပြီး သူတို့၏ စစ်မှန်သောပုံစံ ပေါ်ထွက်လာသည်။


တောင်ခြေမှာ လယ်ကွင်းတွေရှိနေတယ်။ ဖန့်ကျွင်းရုံက ထိုလယ်မြေများဟာ ဘာကြောင့်‌ ပေါ်ပေါက်လာခဲ့တယ်ဆိုတာကို မပြောနိုင်ပေမယ့် သူတို့အရောင်အသွေးတွေက အရမ်းထူးဆန်းတယ်ဆိုတာကိုတော့ ပြောနိုင်သည်။ ကျောက်စိမ်းခါးပတ်တစ်ခုကဲ့သို့ မြစ်များက လယ်ကွင်းများကို ပတ်လည်ဝန်းရံထားသည်။


သူမက နယ်မြေထဲက ကျောက်နံရံကို ပြန်စစ်ကြည့်သည်။ မူလ၌ အလှအ‌ပဆေးလုံး၊ အဆိပ်အတောက်ဖယ်ရှား‌ဆေးလုံးနှင့် ကျောက်စိမ်းဖြူဆေးခရင်မ်တို့ကို ဖော်စပ်နိုင်သည့် ဆေးညွှန်းများရှိသည်။ သူမသည် ထိုအရာကို အနီးကပ်ကြည့်လိုက်သောအခါ သူမနှုတ်ခမ်းများက လှုံ့ဆော်မှုတစ်ခုကြောင့် တုန်ခါသွားသည်။


၎င်းတွင် ဆံပင်ကြီးထွားစေသောခရင်မ်ကိုထည့်သွင်းထားခဲ့သည်။ ၎င်း၏အကျိုးသက်ရောက်မှုများတွင် ထူပြီးတောက်ပြောင်သောဆံပင်များ ပါဝင်သည်။ အလှအပဆေးလုံးနှင့်ဆင်တူသော ပါဝင်ပစ္စည်းများသည် သူမနယ်မြေမှ နွေဦးစမ်းရေကို သုံးရမည်မှလွဲ၍ အခြားပါဝင်ပစ္စည်းများကို ပြင်ပတွင် တွေ့နိုင်သည်။


အရမ်းကောင်းတာပဲ။ ယခု သူမ၏နာမည်ကျော်ကြားသောထုတ်ကုန်တစ်ခုကို မကြာမီ မိတ်ဆက်နိုင်တော့မည်။ သူမ ကောလိပ်တက်တုန်းက အရမ်းစိတ်အားထက်သန်တဲ့ကောင်မလေးကို ပြောပြခဲ့ဖူးတာကို အမှတ်ရလိုက်သည်။ သူမရဲ့ဆံပင်များ ခြောက်သွေ့လာပြီး အဝါရောင်ပြောင်းလာကာ အခြားနည်းလမ်းများအားလုံး အသုံးမဝင်တော့ နောက်ဆုံးတွင် သူမ၏ဆံပင်အားလုံးကို ဖြတ်၍ ၎င်းတို့ကို အစကနေ အသစ်ပြန်ထွက်လာအောင် ထားခဲ့ရသည်။ အကျိုးသက်ရောက်မှုက တစ်ဝက်လောက်တောင် မကောင်းမွန်ခဲ့ဘူး။ အသစ်ထွက်လာသောဆံပင်သည် သူမအရင်တုန်းကထက် အများကြီး ပိုကောင်းလာပေမယ့် သူမကဲ့သို့ ဒီလိုအစွန်းရောက်နည်းလမ်းကို လက်ခံအသုံးပြုမည့်သူ အလွန်နည်းသည်။ ဒီဆံပင်ကြီးထွားသန်မာစေသောခရင်မ်သည် ဆံပင်ကျွတ်ခြင်းကြောင့် ဖြစ်ပေါ်လာသောဒုက္ခများစွာအတွက် အလွန်အကျိုးသက်ရောက်မှုရှိသည်။


ဖန့်ကျွင်းရုံသည် ဆံပင်ကြီးထွားလာစေသောခရင်မ်အတွက် ဆေးညွှန်းဖော်မြူလာကို ချရေးပြီး ဆက်လက်လမ်းလျှောက်ခဲ့သည်။


အရင်တုန်းက သူမကို ရရှိနိုင်သောဧရိယာသည် တောင်ထိပ်သို့သာ ကန့်သတ်ထားသည်။ အခု သူမဟာ တောင်ရဲ့အလယ်ကို သွားရောက်နိုင်နေပြီ။ တောင်ခြေသည် လောလောဆယ်တွင် မေးခွန်းထုတ်စရာမရှိသေးပေ။ ဆိုလိုသည်မှာ သူမသည် လျှို့ဝှက်ဆန်းကြယ်သောမြေယာမှ ဘာကိုမှရွေးယူ၍ မရသေးပါ။ ၎င်းသည် သူမရှေ့တွင် ငုတ်လျှိုးနေရာမှ ပေါ်ပေါက်လာခြင်း၏ရည်ရွယ်ချက်ကိုသာ လုပ်ဆောင်ခဲ့တာ ဖြစ်သည်။


သို့သော် သူမသည် လောဘမကြီးခဲ့ပါ။ သူမမှာ ရှိနေတဲ့အရာကပင် တော်တော်ကောင်းနေပြီ။ စိတ်ကျေနပ်မှုရှိဖို့ သင်ယူရမယ်။


တောင်တန်းအလယ်၌ ဆေးပင်များအပြင် သစ်သီးအချို့လည်းရှိခဲ့သည်။ နယ်မြေအတွင်း၌ ကြီးထွားလာသောသစ်သီးများသည် လျှို့ဝှက်ဆန်းကြယ်သောအသီးများဖြစ်ရမည်။


သစ်ပင်ပေါ်က မက်မွန်သီးတစ်လုံးကို ဆွတ်ခူးပြီးတော့ ရေဆေးကာ စားသုံးလိုက်သည်။


ချိုမြိန်သောအရသာသည် သူမ၏လျှာပေါ်တွင် ချက်ချင်းပေါက်ကွဲသွားပြီး အလွန်အရသာရှိသောကြောင့် သူမ၏လျှာကို သူမကိုယ်တိုင် မျိုချလိုက်ချင်သည်။ သူမသည် ယခင်က မက်မွန်သီးအမျိုးအစားများစွာကို စားသုံးခဲ့ဖူးသော်လည်း ၎င်းတို့အနက် မည်သည့်အရာကိုမဆို မှန်းထားသလောက် ဟက်ဟက်ပက်ပက် မရှိလှပေ။ 


ချယ်ရီသီးတစ်လုံးကိုလည်း စားသုံးကြည့်ပြီးနောက် သူမသည် ပျော်ရွှင်မှု၏အရသာကို ခံစားခဲ့ရသည်။


သူမက အဲဒီနယ်‌မြေအတွင်းမှာ ရနိုင်တဲ့အသီးအမျိုးအစားအားလုံးကို စားသုံးကြည့်ခဲ့ပြီး သူတို့အားလုံး အရသာအတူတူပဲ။


ကံမကောင်းစွာဖြင့် သူမသည် ဤအရာများကို သူမ၏ပတ်၀န်းကျင်ရှိသူများကိုသာ ပေးနိုင်ပြီး ပြင်ပကမ္ဘာတွင် သူတို့ကို ကြီးထွားအောင် စိုက်ပျိုး၍ ရနိုင်မည် မဟုတ်ပေ။ အမ်... သူမ ဒါကို စမ်းကြည့်နိုင်တာပဲ။ သူမက ဒီအသီးတွေကို အပြင်လောကမှာစိုက်ဖို့ကြိုးစားရင် ဘာဖြစ်မလဲဆိုတာကို သိချင်ခဲ့ပြီး စမ်းသပ်စိုက်ပျိုးကြည့်ဖို့ စီစဉ်ခဲ့သည်။


များစွာသော အံ့သြဖွယ်ရာသစ်သီးများကို စားသုံးကြည့်အပြီးတွင် နောက်ဆုံးမှာ သူမဟာ နယ်မြေအတွင်းကနေ ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့သည်။