အခန်း ၁၇၁
Viewers 25k

အခန်း(၁၇၁) - လီရှင်းယွင်သည် သူမပြောခဲ့သောစကားက အမှန်တကယ်ဖြစ်လာလိမ့်မည်ဟုမထင်ခဲ့ပေ။ (၂)

 

သူမသည် ကျောက်စိမ်းအတွင်းရှိနယ်မြေ၏ ရုတ်တရက်ပြောင်းလဲမှုက အဘယ့်ကြောင့်များ ဖြစ်သွားရတာလဲဆိုတာကို စဉ်းစားကြည့်မိခဲ့သည်။ ကျန်းကျစ်ဆုက သူမအား ကျောက်စိမ်းဖြူဆေးခရင်မ်ကို စတင်ဖြန့်ချိတော့မည်ကို အသိပေးပြီးနောက် ၎င်းသည်ဖြစ်ပွားသွားပုံရသည်။

 

သူမ အဲတာ့ကို စဉ်းစားကြည့်မိတယ်။ သူမ အရင်တုန်းက ကြည့်ခဲ့ဖူးသော ရုပ်သံရှိုးအချို့မှ ဒီအကြောင်းအား ထုတ်နှုတ်ကြည့်ရလျှင် ဤအရာများသည် သူမ၏ကောင်းသောလုပ်ရပ်များအတွက် ဆုလာဘ်တစ်ခု ဖြစ်နိုင်သည်။

 

***

 

သူမသည် ကျောက်စိမ်းအတွင်းရှိနယ်မြေမှ ထွက်ခွာလာပြီး နှစ်ရက်အကြာတွင် ဖန့်ကျွင်းရုံသည် ဦး လေးဝမ်ထံမှ သတင်းစကားကို လက်ခံရရှိခဲ့သည်။

 

ဦးလေးဝမ်သည် အရင်တုန်းက လီအိမ်တော်၏အိမ်တော်ထိန်းဖြစ်သည်။ သူမ ယောက္ခထီးနှင့် ယောက္ခမဆုံးပါးသွားပြီး ဘိုးဘွားခန်းမကို ပြုစုစောင့်ရှောက်ခဲ့ပြီး ယခုထက်သည့်တိုင် သူသည် လီအိမ်တော်မှာ နေထိုင်နေဆဲဖြစ်သည်။ ဖန့်ကျွင်းရုံသည် လီဝမ့်ကျင်းကို မုန်းတီးသလောက် ဦးလေးဝမ်အား သူမအထင်အမြင်မှာ မဆိုးပါဘူး။

 

သူမယခင်ဘဝ၌ ဦးလေးဝမ်သည် လီဝမ့်ကျင်း နှင့် လီရှစ်ကျီတို့အား နားချပြောဆိုပေးရန် ကြိုးစားခဲ့သည်။ ဒါပေမယ့် သူတို့နှစ်ယောက်၏ အမြင်မှာတော့ သူက အစေခံတစ်ယောက်သာဖြစ်ပြီး ဘာ့ကြောင့် သူ့ပြောစကားများကို အမြဲနားထောင်ပေးရမှာလဲလို့ တွေးခဲ့ကြသည်။

 

ဖန့်ကျွင်းရုံသည် စာတိုဝင်လာတာကို ဖွင့်ကြည့်လိုက်သည်။ ဒါဟာ နောင်တအပြည့်နဲ့သတင်းစကားတစ်ခုသာ ဖြစ်ခဲ့တယ်။ လီဝမ့်ကျင်းရှေ့တွင် အတိတ်ကအဖြစ်အပျက်ကို သူ မပြောခဲ့သင့်ဘူးလို့ သူက ပြောခဲ့သည်။ ထိုအရာက လီဝမ့်ကျင်းအား ဒေါသအကြီးအကျယ် ထွက်စေခဲ့သည်။ သူ့ကိုဆေးရုံခေါ်သွားပြီးနောက် သူ့မှာ လေဖြတ်တဲ့လက္ခဏာ အစပျိုးနေတယ်လို့ ဆေးရုံမှ ပြောကြားခဲ့သည်။

 

သူ အရမ်းစိတ်ပူပန်ပြီး သူပြောတဲ့စကားရဲ့ အဓိပ္ပာယ်ဟာ သိသာထင်ရှားမှု မရှိခဲ့ပါ။

 

ဖန့်ကျွင်းရုံက အဲ့ဒီအကြောင်းကို နည်းနည်းစဉ်းစားလိုက်ပြီး နောက်ဆုံးအသေးစိတ်ကိုသိရဖို့ ဖုန်းဆက်လိုက်သည်။

 

ဖန့်ကျွင်းရုံသည်ပင်လျှင် ဘာဖြစ်သွားသည်ကို သိပြီးနောက် အချိန်အတော်အတန် စကားမပြောနိုင်ပေ။ ဝမ်စစ်အာသည် ကျန်းယာ့ကော၏အမေ ပီသကြောင်းဟုပြောသင့်သလား။ သူမတို့နှစ်ဦးသည် တစ်နည်းနည်းဖြင့် အလွန်တူလွန်းသည်။ သူတို့ထဲမှတစ် ဦး သည် အခြားသူတစ်ဦး၏ငွေကြေးကို ခိုးယူ၍ လီဝမ့်ကျင်း၏ လရောင်ဖြူလေးအဖြစ် ဆယ်စုနှစ်များစွာ ဖြစ်လာခဲ့သည်။ အခြားတစ်ယောက်က သူမ၏ဝက်လိုသားအား သူမ၏လက်ကောက်ကို ခိုးယူစေပြီး နေထိုင်မှုဘဝ၌အောင်မြင်သူဖြစ်လာခဲ့သည်။

 

ဦးလေးဝမ်က သူမကို ပြောပြခဲ့သော အကြောင်းအရာများမှတဆင့် ထိုသို့ငွေကြေးပို့ပေးအပြီးတွင် သူမ၏ ယောက္ခထီးနှင့်ယောက္ခမက လီဝမ်ဂျင်အား ဒီအကြောင်းအား ပြောဆိုရန် အခြားသူတစ်ယောက် စေလွှတ်ခဲ့သည်။ ထိုပုဂ္ဂိုလ်သည် ဝမ်စစ်အာအကြောင်းကို လုံးဝ မပြောပြခဲ့ပေ။ လီဝမ့်ကျင်းသည် အဆင်ပြေပြီးနောက် သူတို့၏အကူအညီအတွက် အလွန်ကျေးဇူးတင်ခဲ့သည်။

 

ဖန့်ကျွင်းရုံသည် ဝမ်စစ်အာက ထိုလူအား ပိုက်ဆံခွဲပေးခဲ့သည်ဟု သံသယ၀င်မိသည်။

 

လီဝမ့်ကျင်းသည် ဤမျှစိတ်ကြီးဝင်သူတစ်ဦး ဖြစ်သောကြောင့် ဝမ်စစ်အာ သူ့အား နှစ်ပေါင်းများစွာ လှည့်စားခဲ့သည်ကို သိခဲ့ပြီးနောက် ဒေါသထွက်လာလိမ့်မည်။

 

ဖန့်ကျွင်းရုံသည် အတိတ်တုန်းက ဝမ်စစ်အာဟာ ချမ်းသာသည့်ဒုတိယမျိုးဆက်ဖြစ်တဲ့ လီဝမ့်ကျင်းနဲ့ ဘာကြောင့် မတွဲခဲ့တာလဲဆိုတာကို နားမလည်ခဲ့ဘူး။ ဒါက အဓိပ္ပာယ်မရှိဘူးလေ။  သူမ ဖတ်ခဲ့ရသောဝတ္ထုအရ လီဝမ့်ကျင်းသည် အရင်က သူမကို ဖွင့်ပြောခဲ့ဖူးသော်လည်း သူမသည် သူ့ကို ငြင်းပယ်ခဲ့သည်။ သူမဟာ သူမရဲ့ရည်းစားကို မစွန့်လွှတ်နိုင်ဘူးလို့ပြောပြီး လီဝမ့်ကျင်းကို သေသေချာချာ ငြင်းပယ်ခဲ့လို့ သူမဟာ ငွေကြေးမမက်‌မောတဲ့လူတစ်ယောက် ဖြစ်ခဲ့တယ်။ အခုတော့ သူမသည် ဝမ်စစ်အာက လီဝမ့်ကျင်းဆီက ပိုက်ဆံခိုးခဲ့တာကြောင့် ဝမ်စစ်အာက လီဝမ့်ကျင်းနဲ့ချိန်းမတွေ့လို့မဖြစ်တာကို သူမ နောက်ဆုံးတော့ သိလိုက်ရပြီ။

 

လီဝမ့်ကျင်းသည် သူမကို အရမ်းနှစ်သက်သဘောကျမိရင် သူသည် တစ်ချိန်ချိန်တွင် သူမအား မိဘများနှင့်တွေ့ဆုံရန် သူ့အိမ်သို့ ခေါ်ဆောင်သွားလိမ့်မည်မှာ သေချာသည်။ ဝမ်စစ်အာဟာ လီဝမ့်ကျင်းနဲ့သူမရဲ့မင်္ဂလာပွဲကိုတောင် မတက်ခဲ့ဘူး။ နှစ်တွေကြာလာတော့ သူမရဲ့ခင်ပွန်းက သူမထက် လီဝမ့်ကျင်းနဲ့ အဆက်အသွယ် ပိုရှိခဲ့တယ်။ သူမ သေဆုံးသွားခဲ့သည့်တိုင် တစ်လျှောက်လုံး သူမသမီးဖြစ်သူကို ဂရုစိုက်ပေးဖို့ လီဝမ့်ကျင်းအား တောင်းဆိုခဲ့သည်။

 

သူမသည် နှမ်းကိုကောက်ကိုင်ပြီး ဖရဲသီးကို ဆုံးရှုံးခဲ့သည်။

 

ဦးလေးဝမ်က လီဝမ့်ကျင်းအနေနှင့် စိတ်လှုပ်ရှားစရာများ မကြုံတွေ့ရလျှင် အကောင်းဆုံးဟု ဆရာဝန်က ပြောခဲ့ကြောင်း သူမကိုရှင်းပြခဲ့သည်။ ပြီးတော့ သူက ထပ်ပြီးစိတ်ဆိုးဒေါသထွက်မရနိုင်တော့ဘူး။ သူ့တွင်သွေးတိုးရှိပြီး ဦးနှောက်သွေးယိုခြင်းကို ဖြစ်စေနိုင်သည်။

 

သူက အခြေအနေမကောင်းတာကို သိလိုက်ရတာက ဖန့်ကျွင်းရုံကို ပျော်ရွှင်စေခဲ့သည်။

 

သူမဟာ လီဝမ့်ကျင်းကိုမုန်းမိသလောက် သူက အရာအားလုံးကို သူ့ဖာသာသူ ယူဆောင်လာတယ်လို့ ခံစားခဲ့ရ‌ပေမယ့် ဖန့်ကျွင်းရုံသည် လီဝမ့်ကျင်း ဘာဖြစ်သွားခဲ့တယ်ဆိုတာကို သူမသမီးလေးကို ပြောပြနေတုန်းပါပဲ။

 

“ဘာက အကောင်းဆုံးလုပ်ဆောင်ချက် ဖြစ်မလဲဆိုတာကို သမီးပဲဆုံးဖြတ်ပါ။ သူ့အားနည်းချက်ကို သမီးကိုပြတဲ့အတွက် သမီးကို သူထပ်ပြီးလှည့်စားတာမျိုး မခံရစေနဲ့” လို့ဖန့်ကျွင်းရုံက လီရှင်းယွင်ကို သတိပေးစကားပြောသည်။ သူမသမီးလေးမှာ နူးညံ့တဲ့တစ်ဖက်ခြမ်းရှိတယ်ဆိုတာကို သူမ သိသည်။