အခန်း ၁၇၂
Viewers 25k

အခန်း(၁၇၂) - လီရှင်းယွင်သည် သူမပြောခဲ့သောစကားက အမှန်တကယ်ဖြစ်လာလိမ့်မည်ဟုမထင်ခဲ့ပေ။ (၃)

 

သူမသည် လီရှင်းယွင်ကို ဘာကိုမှ မဖုံးကွယ်ထားခဲ့ပါ။ တကယ်တော့ သူမသည် လီဝမ့်ကျင်း ဆေးရုံတက်နေရကြောင်းကို ပြောပြခဲ့ပေမယ်လည်း အသေးစိတ်အကြောင်းအရာကိုတော့ မပြောပြခဲ့ပါဘူး။ သူမက သူ့အတွက် ဘာကိုမှဖုံးကွယ်ပေးဖို့ ထိုက်တန်ခြင်း မရှိပါဘူး။ နောက်ဆုံးတော့ သူမအရင်ဘဝမှာတုန်းက အကျင့်စရိုက်ပုတ်သိုးနေတဲ့ ကျန်းယာ့ကောက ဖျက်စီးသတ်ဖြတ်ခဲ့တုန်းကလည်း သူမအနားမှာ ရပ်တည်ပေးနိုင်ခဲ့သည်။

 

သူမ ထိုအကြောင်းအားလုံးကို ပြန်တွေးမိတဲ့အခါ ဂရုဏာနည်းနည်းလေးတောင် မရှိနိုင်တော့ဘူး။ သို့သော် ဤဘဝတွင် လီရှင်းယွင်သည် ထိုအရာအာလုံးကို မကြုံခဲ့ရသောကြောင့် လီဝမ့်ကျင်းကို သူမကဲ့သို့ မုန်းတီးလိမ့်မည်မဟုတ်ပေ။

 

လီရှင်းယွင်၏နှုတ်ခမ်းလေးဟာ လှုပ်လာသည်။ အရာအားလုံးဟာ ရယ်စရာကောင်းတယ်လို့ သူမ ခံစားရသည်။ သူမအဖေ၏ဘဝနှင့် ပတ်သက်သော အရာအားလုံးသည် ဟာသကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သို့သော် သူမသည် သူ့အပေါ် သနားကြင်နာမှုများစွာရှိသည်ဟု မဆိုနိုင်ပေ။ ပြီးခဲ့သည့်လအနည်းငယ်အတွင်း လီဝမ့်ကျင်း၏အပြုအမူများသည် သူမအတွက် အတိတ်တုန်းက ခံစားချက်များအားလုံးကို ဖျက်ဆီးပစ်ခဲ့ပြီးဖြစ်သည်။

 

လီရှင်းယွင်သည် ခဏကြာပြီး နောက်ဆုံးတွင် “သမီး သူ့ကို သွားကြည့်လိုက်ပြီးတော့ သူ့အတွက် ဂရုစိုက်ပေးဖို့ တစ်ယောက်ယောက် ငှားရမ်းပေးလိုက်ပါ့မယ်” လို့ ပြောလိုက်သည်။

 

ဒါက သူမလုပ်နိုင်သည့် အကောင်းဆုံးအရာပါပဲ။ သူမက သူ့ကိုဂရုစိုက်ပေးရမည့်သူ မဖြစ်ချင်ဘူး။ သူမအမေသာ ဆေးရုံတက်ခဲ့လျှင် သူမသည် ထိုနေရာတွင် တစ်ချိန်လုံး ပြုစုစောင့်ရှောက်ပေးဖို့ သေချာပေါက် ရှိနေလိမ့်မည်။ လီဝမ့်ကျင်း ဆေးရုံသို့တက်ရောက်ရသောအခါ သူမသည် သူ့အား ကြည့်ရှုစောင့်ရှောက်‌ပေးရန် တစ်စုံတစ်ယောက်ကိုငှားရမ်းပေးဖို့အထိပဲ သူမ သဘောကောင်းနိုင်သည်။

 

ဖွ ဖွ ဖွ… သူမအမေအကြောင်း ဒီလိုမျိုး တွေးလိုက်နိုင်တာလဲ။ သေချာပေါက် သူမအမေက အသက်ရှည်ပြီး ကျန်းမာနေလိမ့်မယ်။

 

သူမတာဝန်ကို ပြီးမြောက်စေရန်အတွက် လီရှင်းယွင်သည် သစ်သီးအချို့ ဝယ်ပြီးတော့ သူမအဖေရင်း လီဝမ့်ကျင်းရှိရာ City Sက ဆေးရုံသို့ လူနာပြုစုစောင့်ရှောက်သူတစ်ယောက် ငှားရမ်း၍ သွားတွေ့ခဲ့သည်။

 

သူမသည် ထိုသို့သွားတွေ့ရတာကို အလွန်စိတ်မပါခဲ့ပါ။


“သမီး သူနဲ့ ရန်ဖြစ်လာတာမျိုး မရှိဘူးမလား။” လို့ ဖန့်ကျွင်းရုံက မေးလိုက်သည်။

 

လီရှင်းယွင်သည် ခေါင်းယမ်းလိုက်သည်။ 

 

“မရှိပါဘူး။ သူက သူ့ဘဝကို တန်ဖိုးထားတာကြောင့် သူစိတ်ဆိုးဒေါသထွက်ရမှာကို တကယ်ရှောင်တယ်။ သူက လေဖြတ်ခြင်း အစဦးလက္ခဏာတွေပြသနေပေမယ့် သိပ်အခြေအနေ မဆိုးပါဘူး။ ဆရာဝန်က သူ့ကိုယ်သူ သေချာဂရုစိုက်မယ်ဆိုရင် သိပ်မဆိုးဘူးတဲ့။ ဒါ့ကြောင့် သူငြိမ်နေပုံရတယ်။” 

 

သူက စိတ်ငြိမ်ငြိမ်ထားရမယ်။ ဒီရောဂါလက္ခဏာရှိသော လူတစ်ယောက်ကို စိတ်ဆိုးဒေါသထွက်စေ၍ မရပါ။

 

သူမ နားမလည်နိုင်တာတစ်ခုက လီဝမ့်ကျင်းက သူမရှေ့မှာ သူ နောင်တရကြောင်း အကြိမ်ကြိမ် ပြောခဲ့တာကိုပင်ဖြစ်သည်။ သူက လူတွေအကြောင်း ဖတ်ရှုရာမှာ အမှားတစ်ခုလုပ်ခဲ့ပြီး ကျန်းယာ့ကောအတွက် သူမကို အပြစ်တင်အော်ဟစ်ခဲ့တာကို နောင်တရခဲ့သည်။ နောက်ဆုံးတော့ သူ့ကို တကယ်ဂရုစိုက်တဲ့သူက ဘယ်သူလဲဆိုတာကို သူ သိလာခဲ့သည်။

 

ကံမကောင်းတာက လီရှင်းယွင်သည် စိတ်မလှုပ်ရှားတော့ပေ။ အချိန်တွေ ဘယ်လောက်ပဲ ကုန်ဆုံးသွားပါစေ သူမအဖေအချစ်ဆုံးက သူကိုယ်တိုင် ဖြစ်နေဆဲပါပဲ။ ကျန်းယာ့ကောရဲ့အမေက ဒီနှစ်တစ်လျှောက်လုံးမှာ သူ့ကို လိမ်ညာခဲ့တာကို သူ မသိခဲ့ဘူးဆိုရင် နောင်တရနိုင်မလား။ သူမ မထင်ဘူး။

 

သူ့ရဲ့နောက်ကျနေသော တောင်းပန်မှုသည် သူမမျက်လုံးများထဲတွင် အတုအယောင်တစ်ခုလို့ပဲ မြင်မိသည်။

 

သူက ရှေ့နေတစ်ယောက်ကို ခေါ်ယူခဲ့ပြီး သူမရှေ့မှာ ဆန္ဒတစ်ခုကို ပြုလုပ်ခဲ့ကာ သူ့ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ပြီး သူ့ကို နောက်ထပ်အခွင့်အရေးပေးဖို့ သူမကို တောင်းဆိုခဲ့သည်။

 

မည်သို့ပင်ဆိုစေကာမူ သူ့ကို သူမ ယုံကြည်စေရန်အတွက် ဒီလိုလုပ်နေခြင်းသာဖြစ်သည်ဟု ခံစားခဲ့ရသည်။ ဆန္ဒတစ်ခုသည် ဆန္ဒတစ်ခုအပေါ်မူတည်ပြီး ပြောင်းလဲနိုင်သောအရာဖြစ်သည်။ သူသည် ယခုချက်ချင်းပင် သူ့ပိုင်ဆိုင်မှုများကို လွှဲပြောင်းပေးခဲ့လျှင် ပို၍ ပို၍ အစစ်အမှန်ဟု ခံစားစေရလိမ့်မည်။

 

လီရှင်းယွင်ဟာ သူ့ပိုင်ဆိုင်မှုတွေအားလုံးကို စွန့်လွှတ်ပြီး သူမကိုပေးမယ်ဆိုတာကို ဂရုစိုက်မယ့်သူ မဟုတ်ဘူး။ ဒါက သူမနဲ့ မဆိုင်ပါဘူး။ သူမ အဲ့ဒီအကြောင်းကို သူမအမေကို ပြောစရာမလိုဘူးလို့ ဆုံးဖြတ်လိုက်သည်။

 

သူမ ရုတ်တရတ် တစ်စုံတစ်ခုကို အမှတ်ရသွားသည်။

 

“ပြောရရင် ကျန်းယာ့ကောနဲ့ လီရှစ်ကျီကို ဆေးရုံကို ဦးတည်သွားတဲ့လမ်းမှာ သမီး တွေ့ခဲ့ရသေးတယ်။”

 

“လီရှစ်ကျီက သူ့ကို အရမ်းမုန်းနေတာလား။ သူက ပိုဆိုးရွားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ကျန်းယာ့ကောကို လီဝမ့်ကျင်းဆီ ခေါ်သွားတာလား။” ဟု လီရှင်းယွင်က သူမကို လေးနက်စွာကြည့်ပြီး ပြောလိုက်သည်။

 

ဖန့်ကျွင်းရုံ၏နှုတ်ခမ်းလေးက အနည်းငယ် ဝိုင်းစက်သွားပြီးတော့ လှောင်ပြောင်လိုသည့် အရိပ်အယောင် ရှာမတွေ့လုနီးပါး အပြုံးလေးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

 

“သူ့ရည်ရွယ်ချက်က သူတို့နှစ်ယောက်ကို ပြေလည်သွားစေဖို့ မျှော်လင့်တာ ဖြစ်နိုင်တယ်။”

 

နောက်ဆုံးတော့ ကျန်းယာ့ကောဟာ သူမရဲ့ဝက်လိုသား၏ မျက်လုံးထဲမှာတော့ နတ်သမီးတစ်ပါးလိုပါပဲ။ သူလုပ်လိုသည့်အရာမှာ အရာအာလုံးကို ပြန်ဖြောင့်ဖြူးသွားစေပြီး ဖြစ်ခဲ့သမျှ အရာအားလုံးအတွက် လီဝမ့်ကျင်းက သူမကို ခွင့်လွှတ်ပေးကာ သူမအား သမီးရင်းလေးလို ပြန်ဆက်ဆံစေဖို့ကိုပင် ဖြစ်သည်။

 

လီရှင်းယွင်သည် မပြောပဲ မနေနိုင်စွာ ပြောလိုက်မိသည်။

 

“တကယ်ကြီးလား။ သူက အဖေ့ကို အသေပိုမြန်အောင် လုပ်နေတယ်လို့ သမီးထင်တယ်။”

 

သူမက ထွက်မလာခင်မှာ သူတို့ကို သတိပေးခဲ့ပေမယ့် လီရှစ်ကျီက လီရှင်းယွင်ဟာ စိတ်သဘောထား သေးငယ်ပြီး ကျန်းယာ့ကောမှာ ကောင်းသည့်ကိစ္စတစ်ခုခု ရှိလာမှာကို မလိုချင်သောကြောင့်ဟုတွေးကာ သူမအကြံပြုချက်ကို စွန့်ပယ်ခဲ့သည်။ သူက သူတို့အဖေက သူမနဲ့သူမအမေတို့နဲ့ တူမှာမဟုတ်ဘူးဆိုတာ သေချာကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

 

ဒါက ရယ်စရာပဲ။ သူမအစ်ကိုက ကျန်းယာ့ကောနဲ့ စတွေ့ကတည်းက သူ့အပေါ် ကျိန်စာတိုက်တာ ခံထားရတဲ့သူလို ပြုမူခဲ့သည်။ လီရှင်းယွင်က သူမအစ်ကိုကို ချစ်မိသွားတဲ့အခါမှာ သူ့စိတ်ထဲမှာ ထိုလူကိုသာ အလုံးစုံမျက်ကန်းယုံကြည်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထားခဲ့ဖူးဘူး။

 

တစ်ချိန်တည်းမှာပင် ကျန်းယာ့ကောက သူမမိခင်နဲ့ပတ်သက်ပြီး နားလည်မှုလွဲတာကို ‌ဖြေရှင်းဖို့အတွက် ဒီနေရာသို့ သူမ လာခဲ့ကြောင်းကို အားနည်းစွာ ထုတ်ဖော်ပြောကြားခဲ့သည်။ လီရှင်းယွင်သည် သူမကို အလွန်စက်ဆုပ်ရွံ့ရှာသွားမိပြီး သူမသည် ချက်ချင်းဆိုသလိုပင် ထိုနေရာ၌ပင် အန်ချင်သွားမိသည်။

 

လီရှင်းယွင်ကို သူမပြောခဲ့တဲ့စကားက ထိုသို့မဆိုပေမယ့် ထိုစကားက အမှန်ပင်