Ch 1
Viewers 4k

Chapter 1


"လာကြပါအုံး လူတစ်ယောက်မြစ်ထဲကျသွားလို့ ကူညီကြပါအုံး"


ရိုးရှင်းသော ရိုးရာဓလေ့ထုံးစံများ၊ လှပသောတောင်တန်းများ၊ မြစ်ချောင်းတွေ့နဲ့ နိုင်ငံတစ်ဝှမ်းမှာ ကျော်ကြားသော ရှေးဟောင်းရွာတစ်ရွာဖြစ်သည်။ မြစ်ထဲမှာ ငါးတွေက အေးအေးဆေးဆေး ကူးခတ်နေကြတယ်


ကျန်းဟွေ့က တစ်ယောက်ထဲခရီးသွားရင် ရှုခင်းတွေကို ဖုန်းနဲ့ဓာတ်ပုံရိုက်နေသည်။


တစ်စုံတစ်ယောက် အော်ဟစ်အကူအညီတောင်းသံကို ကြားလိုက်တဲ့အခါ သူမကဖုန်းကို အိတ်ထောင်ထည့်ပြီး အမြန်ပြေးသွားခဲ့သည်။


မြစ်လယ်တွင် ရုန်းကန်နေတဲ့ကလေးငယ်တစ်ဉီးကို မြင်တဲ့အခါ သူမက သိပ်တွေးမနေဘဲ ပါလာတဲ့အိတ်ကို တာတမံဘေးတွင်ချပြီး မြစ်ထဲခုန်ချလိုက်သည်။


ကျန်းဟွေ့က မြစ်လယ်ကို လျင်မြန်စွာကူးခတ်ကာ ရေထဲက ကလေးကို ပွေ့ဖက်ပြီး ကမ်းဘက်ကိုပြန်ကူးလာကာ ကလေးကိုကမ်းပေါ်သို့တွန်းတင်လိုက်သည်။ ကလေးဘေးကင်းကြောင်းကိုမြင်မှ သူမသက်ပြင်းတစ်ချက်ချလိုက်တယ်။


ကမ်းပေါ်သို့တက်ခါနီးမှာ သူမခန္ဓာကိုယ်တစ်ဝိုက်တွင် ရေဝဲတစ်ခုဖြစ်ပေါ်လာတာကို ရုတ်တရက်ခံစားလုက်ရပြီး အားပြင်းတဲ့စုပ်ယူမှုတစ်ခုကသူမကို မျက်လုံးတစ်မှိတ်အတွင်းမှာတွင် မြစ်အောက်သို့ဆွဲငင်ကာ စုပ်ယူသွားတယ်။


အေးခဲတဲ့မြစ်ရေက သူမတစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး နစ်မြှုပ်သွားတဲ့ဝေသနာက သူမကို အသက်ရှုကြပ်လာစေတယ်။


ကျန်းဟွေ့က သေဘေးမှလွတ်မြောက်ရန် ရုန်းကန်လိုပေမဲ့ မမြင်နိုင်တဲ့စွမ်းအားတစ်ခုက သူမ မလှုပ်ရှားနိုင်တော့အောင် ချုပ်ထားတယ်။

မကြာခင်မှာဘဲ အသက်ရှုကြပ်ပြီး မေ့မြောသွားကာ အမှောင်ထဲထိုးဆင်းသွားခဲ့သည်။ 


ကျန်းဟွေ့က သူမသေဆုံးသွားကြောင်း ရှင်းရှင်းလင်းလင်းသိလိုက်ရသည်။ သေခါနီးမှာ စိတ်ပျက်အားငယ်မှုနဲ့ နာကျင်ကိုက်ခဲမှုတွေက

သူမကို တုန်လှုပ်ချောက်ချားစေတယ်။


ဒါပေ့မဲ့ မျက်လုံးဖွင့်ကြည့်တဲ့အခါ သူမ့ဇာတိမြို့ကအိမ်အယောင်းကို ရောက်သွားတာ တွေ့လိုက်ရတယ်။ ကျင်းဟွေ့က သူမ့ခေါင်းပေါ်က ခြင်ထောင်အဝါရောင်ကို ကြည့်လိုက်ပြီးနောက် 

ဟောင်းနွမ်းပျက်‌စီးနေတဲ့ နံရံတွေ၊ အံဆွဲတွေကို သူမတခဏအတွင်း မတုန့်ပြန်နိုင်တော့ပေ။


သူမရဲ့မွေးရပ်မြေရှိ အုတ်အိမ်ဟောင်းသုံးလုံးသည် 1995ခုနှစ်တွင် အိမ်ဟောင်းများကိုပြန်လည်မွမ်းမံပြီး အဆောက်အဦးအသစ်ဆောက်တဲ့အခါ ဘူဒိုးပစ်ခံခဲ့ရသည်။


မိုင်ထောင်ချီဝေးတဲ့ရှေးဟောင်းရွာလေးကနေ မျက်စိတစ်မှိတ်အတွင်းမှာဘဲ ဇာတိမြို့ကအိမ်ဟောင်းကို ဘယ်လိုပြန်ရောက်လာတာလဲ။သူမအခု အိပ်မက်မက်နေတာ မဟုတ်ဘူးလား?


ကျန်းဟွေ့သည် သူမလက်ကိုတင်းတင်းကျပ်ကျပ်ဆုတ်ကိုင်လိုက်သည်။ ဒါပေ့မဲ့ သူမလက်မောင်းက နာကျင်မှုကသူမကို အိပ်မက်မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်းပြောပြနေတယ်။ အိပ်မက်မဟုတ်တဲ့အတွက် ကျင်းဟွေ့သည် ပြန်လည်မွေးဖွားခြင်း ဖြစ်နိုင်သည်ဟု စဉ်းစားမိသည်။


သူမ ကုတင်ပေါ်ကနေ ချက်ချင်းထပြီး နံရံမှာချိတ်ထားတဲ့ ပြက္ခဒိန်ကို မော့ကြည့်လိုက်တယ်။

ဟုတ်ပါတယ်၊ အခုက ဩဂုတ်လ 22 ရက် 1986 ခုနှစ်ဖြစ်ပါတယ်။


ဒီနေ့က သူမ 15 နှစ်ပြည့်မွေးနေ့ဖြစ်တယ်။ သူမက ဩဂုတ်လ 22 ရက် 2022 ကနေ 1986 ခုနှစ်   ဩဂုတ်လ 22 ရက်ကို ပြန်ရောက်လာခဲ့တယ်။သူမသည် လွန်ခဲ့တဲ့ 36 နှစ်ကိုပြန်ရောက်လာတယ်။


ကလေးဘဝသို့ ပြန်ရောက်သော်လည်း စိတ်ထဲမှာ မပျော်နိုင်ပေ။ သူမက ပထမအကြီးတန်းဖြစ်တဲ့ 

Peng Cheng တွင် နှစ်ပေါင်းများစွာ အလုပ်ကြိုးစားခဲ့ပြီး နောက်ဆုံးမှာ တိုက်ခန်းကျယ်ကြီးတစ်ခု၊ ဇိမ်ခံကားကြီးတစ်စီးနှင့် စုဆောင်းငွေများစွာဖြင့် ပျော်ရွှင်စွာနေထိုင်ခဲ့သည်။


မလွတ်မြောက်ခင် ကျန်းဟွေ့သည် ခက်ခဲကြမ်းတမ်းသောဘဝနှင့်နေထိုင်ရန် 1980 ခုနှစ်များသို့ ပြန်သွားရန် စိတ်ကူးဖြင့် စိတ်မသက်မသာခံစားခဲ့ရသည်။


သူအရဲ့မွေးရပ်မြေသည် Guang Dong ပြည်နယ်ရှိ Pearl River မြစ်ဝကျွန်းပေါ်ရဲ့ အနောက်ဘက်ရှိ Jiang Cheng ၏ တရားစီရင်ပိုင်ခွင့်အောက်တွင်ရှိသော တောင်ပေါ်ကျေးရွာငယ်လေးဖြစ်သည်။


1980 ခုနှစ်များအတွင်း Guang Dong ပြည်နယ်ကျေးလက်ဒေသများတွင် ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်မြင်သာမှုကို 

အကောင်အထည်ဖော်ခဲ့သော်လည်း လူအများစု

ရဲ့ဘဝများသည် ဆင်းရဲမွဲတေမှုများနှင့် ခက်ခဲမှုအခြေအနေများတွင် ရှိနေဆဲဖြစ်ပြီး ကျင်းဟွေ့၏မိသားစုမှာ ခြွင်းချက်မရှိပေ။


အဘိုးအဘွားက သားငါးဉီးကိုမွေးဖွားခဲ့သော်လည်း သမီးမရှိပေ။ ယခုအခါ သားတို့ခွဲခွာသွားကြပြီး လူအိုနှစ်ဉီးသည် အငယ်ဆုံး ပဉ္ဇမဉီးလေးနဲ့ အ‌တူနေထိုင်ကြသည်။ ကျန်တဲ့ သားလေးယောက်က စပါး100 နဲ့ ပင်စင်ငွေ ယွမ်န20 ပေးရသည်။


ကျန်းဟွေ့၏ဖခင်သည် အကြီးဆုံးဖြစ်သည်။ သူမမိသားစုမှာ သူမ၊ သူမမိဘနဲ့ သူညီမ လေးယောက်ရှိတယ်။


သူမ၏မိဘများက လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပြီး သူမ၏မိသားစုသည် မြေတစ်ဧကခွဲခန့်နဲ့ ဟင်းသီးဟင်းရွက်စိုက်ပျိုးရန် ကိုယ်ပိုင်မြေကွကိအနည်းကိုခွဲဝေပေးခဲ့သည်။သူမတို့သည် အလွန်ဆင်းရဲသဖြင့် တစ်လလျှင် တစ်ကြိမ် အသားမစားနိုင်ပေ။ 


မိခင်သည် သူမနဲ့ ညီမငယ်ကျန်းကျင်း တို့ကိုသာမွေးဖွားခဲ့သည်။ ကျေးလက်တွင် သားမရှိသဖြင့် အလွယ်တကူအနိုင်ကျင့်ခံရသည်။


ကျန်းဟွေ့၏ဖခင် ကျန်းကျင်းတုန်းပင်လျှင် သားတစ်ယောက်ရလျှင် ဝင်ငွေရှာရန်ကြိုးစားသော်လည်း သမီးနှစ်ယောက်မွေးပါက အခြားမည့်သည့်အလုပ်ကို ကြိုးကြိုးစားစားလုပ်ရမည်နည်း။ ဘယ်လိုဘဲဖြစ်ဖြစ် သမီးတွေကလက်ထပ်တော့မယ်။


ဖခင်သည် ဒီအကြောင်းပြချက်ဖြင့် သူရဲ့တာဝန်မဲ့မှုနှင့် ပျင်းရိမှုအတွက် ဆင်ခြေအဖြစ်အသုံးပြုခဲ့သည်။ ထို့ကြောင့် ဤမိသားစုကို သူမ၏မိခင် 

ရဲ့နိုင်ရှန်းက အမြဲထောက်ပံခဲ့သည်။


အရင်ဘဝတွင် ဆယ်စုနှစ်များစွား ဖြတ်သန်းခဲ့ရသော်လည်း ကျန်းဟွေ့နဲ့ ညီမနှစ်ယောက် ကျူရှင်တတ်ရတ်အတွက် သူမအမေသည် ညအချိန်တိုင်း အမှောင်ထဲတွင် တိတ်တိတ်လေးငိုနေသည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။

နောက်နေ့ကျ အမေကအပြုံးလေးနဲ့ ဆွေမျိုးအိမ်အသီးသီးကို ပိုက်ဆံချေးခဲ့သည်။


1980 ခုနှစ်များမှာ လူတိုင်းက ဆင်းရဲကြပြီး အမေက မိသားစုတစ်စုဆီကနေ အနည်းငယ်သာချေးယူနိုင်ခဲ့သည်။ တချို့မိသားစုက ညီမနှစ်ယောက်အတွက်ကျူရှင်ခပေးဖို့နဲ့ ဝက်နှစ်ကောင်ကို မွေးမြူရောင်းချပြီး ပိုက်ဆံပြန်ဆပ်ရန် ပြောသည်။ 

(T/N ဒီနားသိပ်ပြီးနားမလည်လိုက်ဘူး)


နှစ်တွေဘယ်လောက်ဘဲကြာသွားပါစေ ကျန်းဟွေ့က အတိတ်က အဖြစ်အပျက်တွေကို တွေးလိုက်တိုင်း သူမရဲ့နှလုံးသားက နာကျင်နေဆဲဘဲ။


သူမအဖေက တာဝန်မဲ့တဲ့သူတစ်ယောက်ဖြစ်တယ်။ သူသည် အလုပ်ကိုသေချာမလုပ်ဘဲ သူ့ကိုယ်သူတာ ဂရုစိုက်သည်။ သူ့ဇနီးနှင့် သမီးတို့ရဲ့ အသက်ကို လုံးဝလျစ်လျူရှုကာ တစ်ကိုယ်ဆန်ပြီး ကိုယ်ကျိုးရှာသူဖြစ်သည်။


ကျန်းဟွေ့၏စိတ်ထဲတွင် သူမ၏မိခင်သည် အလွန်တော်သောသူဖြစ်သည်။ သူမသည် သူမနဲ့ ညီမလေး ကျန်းကျင်းကို အရမ်းချစ်ပြီး ညီမနှစ်ယောက်ကို ကောင်းမွန်တဲ့ဘဝပေးနိုင်ရန် အမြဲကြိုးစားနေတယ်။ဘယ်လောက်ဘဲ ခက်ခဲခက်ခဲ အံကြိတ်ပြီး ကြိုးစားသည်။ ဒါပေ့မဲ့ ကျွန်မအမေက ငယ်ငယ်ရွယ်ရွယ်နဲ့ မောပန်းနွမ်းနယ်ပြီး ကျန်းမာရေးမကောင်းကာ အသက်ငါးဆယ်အရွယ်မှာတင် ဖျားနာပြီးသေဆုံးသွားသည်။


ကျန်းဟွေ့သည် သူမအမေသေဆုံးသွားချိန်တွင် အသက် 25 နှစ်သာရှိသေးသည်။ ထိုအချိန်တွင် သူမသည် သာမန်ရွှေ့ပြောင်းအလုပ်သမားတစ်ဉီးဖြစ်နေ ဖြပြီး Peng Cheng တွင် အလုပ်ကြိုးစားနေဆဲဖြစ်ကာ သူမတွင် ပိုက်ဆံများစွာမရှိပေ။


လစာထုတ်တိုင်း သူမအမေထံ ငွေပို့ပေးသော်လည်း သူမအမေက ငွေကိုသုံးရန် တွန့်ဆုတ်နေခဲ့သည်။ သူမအမေဆုံးပြီးတဲ့နောက် သူမ့ပစ္စည်းတွေကို ရှင်းတဲ့အခါမှာ အိမ်ကိုပို့လိုက်တဲ့ ပိုက်ဆံအများစုကို သူမအမေက သိမ်းထားတာကို သိလိုက်ရသည်။ အမေက တစ်သက်လုံး ဝေဒနာခံစားခဲ့ရပြီး ကောင်းချီးမင်္ဂလာကို မခံစားခဲ့ရဘူး။ ရုန်းကန်ပြီး အဆင်ပြေလာချိန်မှာ သူမ‌အမေကဆုံးပါးသွားပြီး။


1986 ခုနှစ်သည် ကျန်းဟွေ့၏ ကံကြမ္မာကို လုံးဝပြောင်းလဲစေတဲ့ နှစ်ဖြစ်သည်။ ဒီနှစ်ဇွန်လတွင် သူမအဖေက စီးပွားရေးအစုအစပ်လုပ်ရင်း လှည့်စားခံရတယ်။ နေရာတိုင်းက ချေးထားတဲ့ပိုက်ဆံတွေအပြင် သူမအမေကို သူ့မဦးလေးဆီက‌နေ ယွမ် 1000 ချေးခိုင်းခဲ့တယ်။ 


ဒါပေ့မဲ့ နောက်ဆုံးမှာ သူကပိုက်ဆံ ဆုံးရှုံးသွားတယ်။ ငွေမရှာနိုင်ရုံသာမက ယွမ် 3000 ကျော် အကြွေးတင်ခဲ့တယ်။ 


ဒီဟာက တခြားသူများက သူ့အတွက် ထောင်ချောက်တစ်ခုဖြစ်ကြောင်း နောက်ပိုင်းမှာသိခဲ့ရတယ်။ အထူးသဖြင့် လူမိုက်ကြီးသည် သူကို ဒုက္ခရောက်စေချင်ကြောင်းကို သိရှိခဲ့ရတယ်။  သူက အကြွေးတွေကြောင့် အိမ်မပြန်ရဲဘဲ တခြားနေရာမှာ ပုန်းရှောင်နေတယ်။ အကြွေးရှင်များသည် အိမ်သို့နေတိုင်းလာပြီး အိမ်ရှိစားစရာများကို အကြွေးအဖြစ် လုယက်ကာယူဆောင်သွားလေ့ရှိသည်။ 


အဲ့အချိန်တိုင်း အမေက ညဘက်မှာ တိတ်တိတ်လေးငိုပြီး နေ့ဘက်မှာ ပုံမှန်အတိုင်းပြုံးပြပြီး အခုလို ခက်ခဲတဲ့အချိန်ကို ကျော်ဖြတ်ဖို့အတွက် ဆွေမျိုးတွေဆီက ပိုက်ဆံနဲ့စားစရာတွေကို ချေးဌားခဲ့ရတယ်။


အသက် 15 နှစ်အရွယ် ကျန်းဟွေ့သည် ယခုနှစ်တွင် အလယ်တန်းကျောင်းမှ ဘွဲ့ရခဲ့ပြီး အမှတ်ကောင်းကောင်းဖြင့် မြို့ရှိ အဓိကအထက်တန်းကျောင်းသို့ တက်ရောက်ခဲ့သည်။ 


ဒါပေ့မဲ့ သူမအမေက မိသားစုကို ပင်ပန်းကြီးစွာနဲ့ ကျွေးမွေးပြုစုနေတာကို သူမမြင်ပြီး အကြွေးရှင်တွေက နေ့တိုင်းလာနေတာကြောင့် စိတ်ပိုင်းဆိုင်ရာပြိုလဲသွားခဲ့သည်။ သူမ စာကျက်ချင်စိတ်လည်းမရှိ ဝင်ငွေရှာရန်နှင့် မိသားစုအကြွေးဆပ်ရန် ကူညီပေးချင်ရုံသာဖြစ်သည်။ နောက်ဆုံးတွင် ကျန်းဟွေ့က  တွန့်ဆုတ်စွာ ကျောင်းထွက်ပြီး ရွာရှိညီမနဲ့အတူ အလုပ်လုပ်ကိုင်ရန် ပြည်နယ်မြို့တော်သို့ သွားခဲ့သည်။ 


သူမက ပညာရေးနှင့် ယဉ်ကျေးမှု အဆင်အတန်းမမြင့်မားပေ။ သူမရဲ့ အနာဂတ် အလုပ်နဲ့ ဘဝတွင် တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနိုင်ရန်အတွက် တခြားသူတွေထက် ပိုပြီးကြိုးစားရမည်။ 


သူမက ပြည်နယ်မြိုတော်ကို ပထမဆုံးရောက်သောအခါတွင် အလယ်တန်းကျောင်းသာ ဘွဲ့ရခဲ့ပြီး အလုပ်ကောင်းကောင်းမရှာနိုင်ခဲ့ပေ။ အနိမ်ဆုံး အလုပ်သမားအဖြစ် စက်ရုံသို့သာသွားနိုင်သည်။ 


သူမက စက်ရုံတွင် 3 နှစ်ကြာ လုပ်ကိုင်ခဲ့ပြီး လုံ့လဝီရိယဖြင့် အလုပ်ရုံအသေးစား ကြီးကြပ်ရေးမှုးအဖြစ် ရာထူးတိုးခဲ့သည်။


လွန်ခဲ့သည် 3 နှစ်အတွင်းတွင် သူမက သူမ၏လေ့‌လာမှုကိုအရှုံးမပေးဘဲ ဆက်လက်တိုးတက်ခဲ့သည်။ အထက်တန်းပညာနဲ့ အင်္ဂလိပ်စာကို ကိုယ်တိုင်လေ့လာခဲ့ပြီး ကောလိပ်နှစ်ခုတက်ကာ အငယ်တန်း ကောလိပ် ဒီပလိုမာရရှိခဲ့သည်။ 


နှစ်အတော်ကြာ လုပ်ငန်းအတွေ့အကြုံနဲ့ ပညာသင်ကြားခြင်းကနေ အဆင့်မြင့်ဒီပလိုမာ ရခဲ့ပြီး  အသိပညာကြွယ်ဝခြင်းကနေ အခြားအတန်းကို တံခါးခေါက်နိုင်ကြောင်း ရှင်းရှင်းလင်းသိရှ်ိခဲ့ရတယ်။

(T/N အတတ်နိုင်ဆုံး ပြန်လိုက်တယ် သိပ်နားမလည်လို့)


စာချက်ခြင်းနဲ့ အလုပ်ကြိုးစားခြင်းသည် သူမကဲ့သို့ ဆင်းရဲသောကလေးတွေအတွက် တခုတည်းသော အောင်မြင်မှုလမ်းကြောင်းဖြစ်ပြီး အခြားဖြတ်လမ်းမရှိပါ။


ကျန်း‌‌ဟွေ့က ကောလိပ်ဒီပလိုမာရရှိပြီးနောက် နိုင်ငံခြားရန်ပုံငွေကုမ္ပဏီတစ်ခုတွင် မှတ်တမ်းစာရေးအဖြစ် ချက်ချင်းဝင်ရောက်လုပ်ကိုင်ခဲ့သည်။ဒီနိုင်ငံခြားက ငွေကြေးထောက်ပံ့တဲ့ ကုမ္ပဏီမှာ သူမဟာ 8 နှစ်ကြာအလုပ်လုပ်ခဲ့သည်။ 


လွန်ခဲ့သည့် 8 နှစ်အတွင်းတွင် သူမက အလုပ်ကျွမ်းကျင်မှုနှင့် စွမ်းရည်များစွာကို သင်ယူခဲ့ပြီး 

အလွန်ကောင်းမွန်တဲ့ ကွန်ပျူတာနည်းပညာကို သင်ယူပြီး နိုင်ငံခြားမှ ဖောက်သည်များနှင့် အင်္ဂလိပ်လို ကျွမ်းကျင်စွာ ပြောဆိုဆက်သွယ်နိုင်စေရန် သင်ယူခဲ့သည်။ 


စာရင်းကိုင်လက်မှတ်ကဲ့သို့သော ကျွမ်းကျင်လက်မှတ်များစွာကိုလည်း ရရှိခဲ့ပြီး သူမရဲ့စွမ်းရည်ကို မြှင့်တင်ရန်နဲ့ ကိုယ်ပိုင်ခွန်အား အားကောင်းစေရန် ကြိုးစားခဲ့ရသည်။ 


ကျန်းဟွေ့က အရောင်း‌ဝယ်စာရင်းငယ်တစ်ဦးကနေ ဌာနာမှူးအဖြစ် ရာထူးတိုးခံရပြီး နောက်ဆုံးမှာ ရုံးရဲ့ အထွေထွေမန်နေဂျာရာထူးကို ရယူခဲ့သည်။


ထိုအချိန်တွင် သူမက များစွာခံစားခဲ့ရသည်။ စိတ်ကြီးဝင်နေသော မျက်လုံးများကိုကြည်ကာ လှောင်ပြောင်သံများကို နားထောင်ရင်း နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းရဲ့ စည်းမျဉ်းများနဲ့ ရင်းနှီးလာကာ အဆက်အသွယ်ကွန်ရက်ကို ထူထောင်ခဲ့သည်။  နိုင်ငံခြားကုန်သွယ်မှု ကုမ္ပဏီမှာ ကောင်းကောင်းလုပ်ပြီး အငြိမ်းစားယူချိန်ထိ ဒီကုမ္ပဏီမှာ တစ်သက်လုံး အလုပ်လုပ်မယ်လို့တွေးခဲ့သည်။


ကမ္ဘာကြီးက စစ်တုရင်လို အစိုးမရမှန်း ဘယ်သူသိမလဲ။ 


နိုင်ငံခြားကုန်သွယ်ရေးကုမ္ပဏီ ပိုင်ရှင်ရဲ့ ဇနီး၏ ညီငယ်အား ဆွဲချကာ တစ်ယောက်တည်း အာဏာကို သိမ်းပိုက်နိုင်ရန် ထောင်ချောက်တစ်ခုချမှတ်ကာ မောင်းထုတ်ရန် တစ်နေကုန် စဉ်းစားနေခဲ့သည်။ 


အတောင်တွေ တောင့်တင်းလာတဲ့ ကျန်ဟွေ့က ဒီလိုဆိုးရွာတဲ့ ခြေပုန်းခုတ်ဘဝနဲ့ တစ်ချိန်လုံး ဖိနှိပ်ခံနေရတာကို ‌မခံချင်ဘူး။


သူမက အချိန်တော်တော်ကြာ စဉ်းစားခဲ့ပြီး နောက်ဆုံးတွင် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့သည်။ သူမဘာသာသူမ ထွက်လာပြီး နိုင်ငံခြား ကုန်သွယ်မှု ကုမ္ပဏီ တည်ထောင်ခဲ့သည်။


နှစ်အတော်ကြာ အလုပ်ကြိုးစားပြီး ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ကုန်ကျစရိတ်အားလုံးကို နုတ်ယူပြီး တစ်နှစ်လျှင် အမြတ်ငွေ သန်းပေါင်းများစွာ ရရှိခဲ့သည်။ 


တခြားသူ‌တွေရဲ့ အမြင်မှာတော့ ဒီအောင်မြင်မှုက သိပ်ကောင်းတာ မဟုတ်ဘူး။


သို့သော် ဆင်းရဲတဲ့မိသားစုမှ ဆင်းသက်လာသူ ကျန်းဟွေ့အတွက် အဆက်အစပ်မရှိသဖြင့် သူဘာသာသူ တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားလုပ်ဆောင်ခဲ့တဲ့အတွက် သူမက ထိုအောင်မြင်မှုများကို အလွန်ကျေနပ်နေပြီ ဖြစ်သည်။ 


နောက်ပိုင်းတွင် e-commerce ပေါ်ပေါက်လာသည်။ နိုင်ငံခြား ကုန်သွယ်မှု လုပ်နေသူအတွက် အရမ်းအကျိုးရှိသည်။ 


သူမက ဒီအခွင့်အရေးက်ို ဆုပ်ကိုင်ထားပြီး ဘီလီယံပေါင်းများစွာတန်သော Peng Cheng ရှ်ိ e-commerce ကုမ္ပဏီကြီးတစ်ခု ဖြစ်လာခဲ့သည်။


ယခု သူမ ပြန်လည်မွေးဖွားလာသည့်အတွက် သနားစရာကောင်းပြီး ဆယ်စုနှစ်များစွာ ပင်ပင်ပန်းပန်းလုပ်ခဲ့ရဝာာက အချည်းနှီးပင်။


တစ်ခုတည်းသော ကံကောင်းတာက သူမက ဥပဒေဘောင်အတွင်းက ဆန္ဒတစ်ခု ချန်ထားပြီးသားပါ။ 


အကယ်၍ သူမ မတော်တဆသေဆုံးသွားပါက သူမရဲ့မိဘများ သေဆုံးသွားပါက သူမရဲ့ လက်တွဲဖော် ဒါမှမဟုတ် သားသမီးမရှိခဲ့ပါက ယွမ်ငွေ တစ်ဘီလီယံကျော် တန်ဖိုးရှိသော ငွေသား၊ အိမ်ခြံမြေ နှင့် အခြားအိမ်ခြံမြေအားလုံးကို သူမရဲ့ညီမဖြစ်သူ ကျန်းကျန်ထံသို့ ပေးမည် ဖြစ်သည်။ 


ယွမ် 3 ဘီလီယံခန့် တန်ကြေးရှိတဲ့ ကုမ္ပဏီအတွက် သူမသေဆုံးပြီးနောက် ရှေ့နေက သူမကို ဝယ်သူကို ရှာဖွေကာ လက်တွဲဖော် ဒါမှမဟုတ် အခြားသူများထံ ရောင်းချပေးမည် ဖြစ်သည်။ 


သူမအမေနဲ့ ညီမက အံ့ဩစရာကောင်းတဲ့ လူတွေပါ။ သူမရဲ့ ရှေ့ဆက်လျှောက်လှမ်းတဲ့လမ်းမှာ သူတို့ဟာ သူမကို ပံ့ပိုးကူညီမှုတွေ အများကြီးပေးခဲ့ပြီး သူမကို သူတို့ရဲ့ အပ်နှံမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ သူမသေဆုံးပြီးနောက် သူမရဲ့ ညီမသည် သူမရဲ့အမွေတွေဖြင့် ပိုမိုကောင်းမွန်တဲ့ဘဝဖြင့်  နေထိုင်နိုင်မည်ဟုလည်း သူမ မျှော်လင့်သည်။ 


ကျန်းဟွေ့က လက်မထပ်ချင်ဘူး။ မိခင်ဖြစ်သူရဲ့ တိုက်တွန်းမှုကြောင့် သူမက မျက်မမြင်ချိန်းတွေ့ရန် ကြိုးစားခဲ့ပြီး အမျိုးသားသူငယ်ချင်း များစွာကိုလည်း ဆက်သွယ်ခဲ့သည်။ ဒါပေမဲ့ ပါတီနှစ်ရပ်ရဲ့ မိသားစုအကြောင်းကြောင့်ဘဲ ဖြစ်ဖြစ်၊ ပါတီနှစ်ခုရဲ့ သဘောထား 3 ချက် ကွဲလွဲမှုကြောင့် ဖြစ်ဖြစ် အဆုံးထိ ဆက်မသွားနိုင်ခဲ့ပါ။ 


ကျန်းဟွေ့က Peng Cheng တွင် နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ပြီး ယခုခေတ်တွင် အမှန်တကယ် ယုံကြည်စိတ်ချရသော အမျိုးသားများ နည်းပါးလွန်းကြောင်း သူမ နက်နက်ရှိုင်းရှိုင်း နားလည်ခဲ့သည်။ 


အရည်အသွေးမြင့်တဲ့ ယောက်ျားတွေရှိရင်တောင်မှ သူတို့နဲ့တွေဖို့ ကံကောင်းခြင်း‌တွေ ရှိမှာ မဟုတ်ဘူး။ ဆိုရိုးစကားအတိုင်း သူများတွေထက် ကိုယ်ကိုယ့်ကိုယ် အားကိုးတာက ပိုကောင်းသည်။ 


အသက်ကြီးလာတာနဲ့အမျှ သူမရဲ့‌ ရွေးချယ်မှုများသည် သေးငယ်ပြီးရင် သေးငယ်လာသည်။


သူမနဲ့သင့်တော်တဲ့သူကို မတွေ့ဆုံနိုင်တဲ့အတွက် ကျန်းဟွေ့က သူမရဲ့အသက်မွေး‌ဝမ်းကြောင်းကို ရိုးရှင်းစွာ အာရုံစိုက်ခဲ့ပြီး သူမရဲ့ အချစ်ရေးကို ဘယ်တော့အခါမှာ မတွေးတော့ပါ။ 


သူမရဲ့ ကိုယ်ပိုင်ဘဏ္ဍာရေး အခြေအနေ ပိုကောင်းလာတဲ့အခါ တစ်ယောက်တည်းနေဖို့၊ အထိန်းအကွပ်မရှိ လွတ်လွတ်လပ်လပ်နဲ့ သူမ လိုချင်သလို နေထိုင်နိုင်တာကို စိတ်နှလုံးအောင်ခြေကနေ ခံစားရသည်။ 


ဒါပေမဲ့ သူမအမေက သူမမှာ ကလေးမရှိ ပြုစုစောင့်ရှောက်မေးမဲ့သူ မရှိမှာကို စိုးရိမ်ပြီး သူမတ‌စ်ယောက်တည်း ဆုံးခန်းတိုင်မှာကို စိုးရိမ်သည်။ 


အဘိုးကြီး ထွက်သွားချိန်မှာတော့ သူမကို စိတ်ပူပြီး သင့်တော်တဲ့သူနဲ့တွေ့ရင် အဖော်ရှာရမယ်လို့ ပြောခဲ့ပါသည်။ 


သူမအမေ စိတ်အေးချမ်းစွာနဲ့ ထွက်သွားစေရန် ကျန်းဟွေ့က သဘောတူခဲ့ပေမဲ့ သူမ မသေမချင်း ပျက်ကွက်ခဲ့သည်။ 


သူမအရင်က ထင်ခဲ့တာ အဓိက ကတော့ ပိုက်ဆံများများရရင် အသက်ကြီးလာတဲ့အခါ ဘိုးဘွားရိပ်သာ သွားရမယ့်ကိစ္စပါဘဲ။ အခုတော့ ဘိုးဘွားရိပ်ကို ဝင်စရာမလိုဘဲ အတိတ်ကို တိုက်ရိုက်ပြန်ရောက်လာသည်။ 


သူမ့ဘဝတွင် ကတ်များကို အပြောင်းအလဲလုပ်ကာ သူမရဲ့အရင်ဘဝက နောင်တများကို ဖြည့်စွက်ရန် အခွင့်အရေးလည်း ရှိသည်။ 


ကျန်းဟွေ့က ဒါကိုတွေးပြီး စိတ်ထဲမှာ အေးစက်စက် အမျိုးသမီးအသံကို ရုတ်တရက် ကြားလိုက်ရပြီး 'Wan Jie Mall နဲ့ အောင်မြင်စွာ ပေါင်းစည်းလိုက်ပါပြီး mall ဖွင့်မလားဆိုတာကို host အတည်ပြုပေး

ပါ။ 













(T/N Wan Jie Mall ကို နောက်ပိုင်းမှာ mall လိုဘဲသုံးပါမယ်)