Ch 2
Viewers 4k

Ch 2


ကျန်းဟွေ့က စိတ်ဓာတ်တက်ကြွနေသည်။


သူမက အားလပ်ချိန်မှာ စိတ်ကူးယဉ် အချစ်ဝတ္တုတွေ အားလုံးနီးပါးကို ဖတ်လေ့ရှိသည်။


တစ်စုံတစ်ယောက်ကို ကယ်တင်ပြီးနောက် ရွှေလက်ချောင်းနဲ့အတူ သူမ ပြန်လည်မွေးဖွားတာ ဖြစ်နိုင်ပေါ့မလား။


Mall! နေရာများစွာကို ချိတ်ဆက်ထားတဲ့ ဝတ္တုထဲက ဈေးဝယ်စင်တာမျိုးလား။


ဒါသာအမှန်ဆို သူမ ချမ်းသာမည်။


ကျန်းဟွေ့က အတွေးနဲ့ "ဖွင့်လိုက်"


မိုဘိုင်းလ်ဖုန်းစခရင်ကဲ့သို့ ကြီးမားတဲ့ ဗားရှင်းတစ်ခုက သူမမျက်စိရှေ့မှာ ချက်ချင်းပေါ်လာပြီး စခရင်ပေါ်တွင် "Wan Jie Mall" ဟူသော သေင်္ကတ တစ်ခုတာရှိသည်။ 


ကျန်းဟွေ့က လှမ်းပြီး နှိပ်လိုက်သည်။


အေးစက်စက်အမျိုးသမီး အသံက အခုမှ ထပ်ပြီး " Wan Jie Mall ကနေ ကြိုဆိုပါတယ် host၊

Mall မှာ ကမ္ဘာပေါ်မှာ ရှိတဲ့အရာအားလုံး၊ host မျှော်လင့်ထားတဲ့အရာအားလုံး ရှိပါတယ်။ အသစ်စက်စက် လက်ဆောင်ပက်ကေ့ခ်ျကို host လက်ခံပေးပါ။"


မဖွင့်ရသေးသော လက်ဆောင်ထုပ်တစ်ခု ဖန်သားပြင်ပေါ်‌တွင် ပေါ်လာပြီး ကျန်းဟွေ့ က နောက်တစ်ကြိမ် ဖွင့်ရန်ကို နှိပ်လိုက်သည်။


မီးရှူးမီးပန်းများ တဖျပ်ဖျပ်ပေါ်လာပြီး မျက်နှာပြင်ထိပ်ပိုင်းတွင် 


"လက်ဆောင်ထုပ်ကို လက်ခံရရှိတဲ့အတွက် host ကို ဂုဏ်ယူပါတယ်။ 

1. အရင်းအနှီး အကြွေစေ့ 100

2. Hercules ဆေးပြားတစ်ပြား

3.God of Cooking Book 

host အခုဘဲ ယူမလား" 


ကျန်းဟွေ့က "ယူမယ်" သူမ စကားပြောပြီးတာနဲ့တစ်ပြိုင်နက် စနစ်ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ 

ဂဏန်း 100 ကို ချက်ချင်းပြသခဲ့သည်။


စနစ်ရဲ့ ဂိုဒေါင်တွင် Hercules Pill နဲ့ God of Cooking Book  ပေါ်လာသည်။


ကျန်းဟွေ့က Hercules Pill ကို 'လက်ခံသည်' နှိပ်လိုက်သည်။


သူမလက်ထဲတွင် အနက်ရောင် ဆေလုံးအဝိုင်းလေး‌ ပေါ်လာသည်။ မဆိုင်းမတွဘဲ ကျန်းဟွေ့က ဆေးလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ Hercules Pill က ပါးစပ်ထဲတွင် ချက်ချင်းအရည်ပျော်သွားသည်။


မကြာခင်မှာဘဲ ကျန်းဟွေ့က သူမ့တစ်ကိုယ်လုံးမှာ အဆုံးမရှိတဲ့ စွမ်းအားတွေနဲ့ပြည့်နေတယ်လို့ 

ခံစားလိုက်ရသည်။ ဆေးရဲ့ မှော်ဆန်မှုကို ခံစားလိုက်ရသဖြင့် ကျန်းဟွေ့က God of Cooking Book ကို 'လက်ခံသည်' ချက်ချင်းနှိပ်လိုက်သည်။ 


God of Cooking Book သည် အလင်းရောင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး နတ်ဘုရားရဲ့ ဉာဏ်အလင်းကဲ့သို့ သူမရဲ့ခန္ဓာကိုယ်ပေါ်သို့ ကျလာပြီး သူမစိတ်ထဲတွင် ချက်ချင်းဆိုသလို ပ်ဝင်ပစ္စည်းများကို ဖန်တီးရန် နည်းလမ်းပေါင်း ထောင်ချီရှိနေပြီး ဖြစ်သည်။


သူမရဲ့ ဟင်းချက် ကျွမ်းကျင်မှုက ကောင်းမွန်ပေမဲ့ စာဖိုးမှူးနဲ့ ဝေးပါသည်။


အခု သူမတွင် God of Cooking Book ရှိသည်၊ သူမက Snack bar တစ်ခုသာ ဖွင့်ထားသော်လည်း အစားအသောက်နဲ့ အဝတ်အစားကို စိတ်ပူစရာမလိုဘဲ မိခင်နဲ့ ညီမ ကောင်းမွန်စွာနေထိုင်နိုင်ရန် God of Cooking Book ရဲ့ ကျွမ်းကျင်မှုကို အားကိုးနိုင်မည်ဟု ယုံကြည်သည်။


ကျောင်းတတ်ဖို့ ပိုက်ဆံမရှိလို့ စောစောအလုပ်သွားစရာ မလိုတော့ဘူး။ သူမရဲ့ ကံကြမ္မာက အခုအချိန်တွင် စတင်ပြောင်းလဲနေပြီး ဖြစ်သည်။


ဒီ mall ရဲ့ ကောင်းချီးမှုဖြင့် ဒီဘဝတွင် သူမရဲ့ဘဝက အံ့‌ဩဖွယ်ကောင်းနေလိမ့်မည်။


ကျန်းဟွေ့က တိတ်တဆိတ် ဝမ်းသာသွားသည်။


သူမအမေ ရဲ့နင်းရှန်က တံခါးဖွင့်ပြီး ဝင်လာတာကို တွေ့တော့ သူမထပြီး အပြင်ထွက်သည်။


သူမ နိုးလာသည်ကိုမြင်တော့ ရဲ့နင်းရှန်က 

သက်ပြင်းတစ်ချက်ချကာ "ဟွေ့ဟွေ့ နိုးလာပြီးလား။ သက်သာရဲ့လား?"


ကျန်းဟွေ့က သူမရဲ့ ငယ်ရွယ်ပြီး လှပသော မိခင်ကို ကြည့်ပြီး သူမစောစီးစွာ သေဆုံးခြင်းကို တွေးမိကာ ခံစားချက်များ ရောထွေနေခဲ့သည်။


နှာခေါင်းနာသွားတာကို ခံစားရပြီး သူမရဲ့အသံက " အမေ သမီးနေကောင်းပြီး သမီးချက်ချင်းထလိုက်မယ်" လို့ ပြောသည်။


ရဲ့နင်းရှန်က ကျန်းဟွေ့ဆီသို့လာပြီး သူမရဲ့နဖူးကို စမ်းကာ အဖျးပျောက်သွားတာ သေချာအောင် တိုင်းနေသည်။


"အခု သမီး ကိုယ်မပူတော့ဘူး၊ ထမင်းထွက်စားလို့ရလား မဟုတ်ရင် အမေ သမီးစားဖို့ ယူလာပေးမယ်" 


ကျန်းဟွေ့က သူမရဲ့ခေါင်းကို လျင်မြန်စွာခါလိုပြီး "ရတယ် အမေ သမီး အပြင်ထွက်စားလိုက်မယ်" 


ရဲ့နင်းရှန်က ကျန်းဟွေ့ရဲ့ မျက်နှာပေါ်ရှိ တောက်ပတဲ့ အပြုံးကို ကြည့်လိုက်ပြီး သူမရဲ့နှလုံးသား ပျော့ပြောင်းသွားသည်။


သူမက ကျန်းဟွေ့ရဲ့ခေါင်းကို ညင်သာစွာကိုင်လိုက်ပြီး " ကောင်းပြီ၊ ဒါဆို မြန်မြန်သွားစား ။ ဒီနေ့က သမီးရဲ့မွေးနေ့ ‌အမေက သမီးအတွက် အသက်ရှည် ခေါက်ဆွဲနဲ့ ကြက်ဥကြော်နှစ်လုံး စားပွဲပေါ်တင်ထားတယ်၊ သမီးထပြီး သွားစား၊ အမေ ဝက်စာသွားကျွေးလိုက်အုံးမယ်။"


ကျန်းဟွေ့က အးတက်သရော ခေါင်းညိတ်ပြီး "ဟုတ်ကဲ့  ကျေးဇူးပါ အမေ" 


ရဲ့နင်းရှန်က ပြုံးပြီး ထွက်သွားသည်။


သူမအမေရဲ့ ပါးလွှာတဲ့ ကျောပြင်ကို ကြည့်လိုက်တော့ ကျန်းဟွေ့က သူမရဲ့နှလုံးသားထဲမှာ နူးညံ့စွာသက်ပြင်းချလိုက်သည်။


အိမ်မှာ အခြေအနေတွေ ပိုကောင်းလာဖို့ သူမအမြန်လုပ်မယ်ဆို သူမအမေက ခက်ခက်ခဲခဲ နေစရာမလိုတော့ဘူး။


အခုအချိန်အခါက စီးပွားရေး မဖွံဖြိုးသေးဘဲ ကျေးလက်နေမိသားစုများအတွက် ဝင်ငွေ အရင်းအမြစ် အနည်းငယ်သာ ရှိသေးသည်။


ပထမဆုံးအချက်မှာ လယ်ယာစိုက်ပျိုးသော်လည်း လယ်ယာလုပ်ငန်းမှာ တစ်နှစ်ပတ်လုံး ခက်ခဲသဖြင့်‌ ငွေအများကြီး မရှာနိုင်ပေ။


ဒုတိယအချက်မှာ ဝက်မွေးမြူရန်ဖြစ်ပြီး တတိယအချက်မှာ လက်သမားလုပ်ရန် ဖြစ်သည်။


သူမမိသားစုက အခု ဝက်နှစ်ကောင်မွေးသည်။ ‌ဒီဝက်နှစ်ကောင်ကို နွေဦးရာသီအစတွင် ဝယ်ယူမွေးမြူခဲ့သည်။ အခု သူတို့က ကျင်း 150 လောက်ရှိသည်။


ဒီဝက်နှစ်ကောင်ရောင်းရငွေက ညီမနှစ်ယောက် တစ်နှစ်စာ စာသင်ရန် ကျူရှင်စရိတ်ဖြစ်သည်။

ပိုလျှံလျှင် မိသားစုရဲ့ အသုံးစရိတ်ကို ထောက်ပံ့ပေးသည်။


ကျေးလက်ဒေသရှိ ဆင်းရဲနွမ်းပါးသော ကလေးများက သိတတ်စအရွယ်မှာ မိသားစုရဲ့ အိမ်မှုကိစ္စတွေကို ကူညီစပြုလာကြသည်။ အသက်ကြီးလာတဲ့အခါမှာ ကျောင်းစာနဲ့ အိမ်မှုကိစ္စတွေအပြင် လယ်ကွင်းကိုလည်းသွားရသည်။


ရဲ့နင်းရှန်က များသောအားဖြင့် လယ်ကွင်းများမှာ အလုပ်လုပ်ပြီး ကျန်းဟွေ့က ကျောင်းမှပြန်လာတဲ့အခါ အိမ်မှာ အိမ်စာလုပ်ကာ ဟင်းသီးဟင်းရွက်များကို ခုတ်ထစ်ကာ ကြက်နဲ့ ဝက်ကို အစာကျွေးသည်။


လွန်ခဲ့နှစ်ရက်မှာ ကျန်းဟွေ့က ‌အအေးမိပြီး အဖျားတတ်ခဲ့သည်။ ရဲ့နင်းရှန်က အလုပ်လုပ်ရုံသာမက ကျန်းဟွေ့ကိုလည်း စောင့်ရှောက်ခဲ့သည်။ သူမက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရသော်လည်း တစ်နေကုန် အနားမယူရဲဘဲ ထိန်းထားခဲ့သည်။


ကျန်းဟွေ့က အလုပ်ကြိုးစားပြီး သန်မာသော မိခင်ကို အမြဲချစ်ပါသည်။


သူမရဲ့ဝန်ထုပ်ဝန်ပိုးကို လျှော့ချဖို့ သူမ့အမေကို အလုပ်ပိုလုပ်ပြီး ကူညီ‌ပေးချင်ခဲ့သည်။


ညီမလေး ကျန်းကျင်းကလည်း အလုပ်နည်းနည်းဘဲ လုပ်နိုင်ပေမဲ့ ငယ်ငယ်လေးကတည်း အားနည်းပြီး ဖျားနာကာ လေးလံတဲ့အလုပ်တွေကို မလုပ်နိုင်ခဲ့ပါဘူး။ ဟင်းသီးဟင်းရွက်ကောက်ခြင်းနဲ့ ဟင်းချက်ခြင်း စသည့် ပေါ့ပေါ့ပါးပါး အလုပ်များကိုသာ လုပ်နိုင်သည်။ 


ကျန်းဟွေ့က မျက်နှာသစ် သွားတိုက်ပြီး မီးဖိုချောင်ထဲသို့သွားကာ စားပွဲပေါ်တွင် သူမအမေလုပ်ပေးထားသော အသက်ရှည်ခေါက်ဆွဲကို တွေ့လိုက်ရသည်။ 


သူမက ဖင်ထိုင်ခုံပေါ်တွင်ထိုင်ကာ ဖြေးဖြေးချင်းစားနေသည်။ ရိုးရှင်းသော ခေါက်ဆွဲပန်းကန်းက 

သူမအမေရဲ့ နက်ရှိုင်းထဲ ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံနေသည်။ ဒီလို အရသာ မခံစားရသာ ကြာပြီး။


ကျန်းဟွေ့က သူမရဲ့ မျက်လုံးထောင့်က မျက်ရ ည်များကို သုတ်ရင်း ခေါက်ဆွဲနဲ့ ကြက်ဥကြော်ကိုသာမက နောက်ဆုံး ဟင်းချိုရေကိုပင် သောက်လိုက်သည်။


သူမ ပန်းကန်ဆေးပြီးတာနဲ့ ရဲ့နင်းရှန်လည်း ဝက်‌တွေကို အစာကျွေးပြီး ပြန်လာသည်။ 

သူမနောက်မှာတော့ သူမရဲ့ပိန်နေတဲ့ညီမ ကျန်းကျင်း ပါလာသည်။


အသက် 12 နှစ်အရွယ် ကျန်းကျင်းက ချောမောလှပတဲ့ အသွင်အပြင်နဲ့ ရှက်တတ်ပြီး ကောက်ကြောင်းလှတဲ့ ခန္ဓာကိုယ်ရှိသည်။


အစ်မ နေပြန်ကောင်းလာတာကို မြင်တော့ ဝမ်းသာအားရနဲ့ သူမဆီရောက်လာပြီး "အစ်မ အဆင်ပြေရဲ့လား။" 


ကျန်းဟွေ့က သူမကိုပြုံးပြပြီး "အင်း အဆင်ပြေတယ်။"


သူမအမေနှုတ်ခမ်း နည်းနည်းကွဲနေတာကို မြင်တော့ ကျန်းဟွေ့က သူမအတွက် ရေတစ်ခွက်ခပ်ပြီး "အမေ ရေသောက်လိုက်အုံး"


ရဲ့နင်းရှန်က ရေငတ်နေတာကြောင့် ရေခွက်ကိုယူကာ ရေကို တစ်ချက်ထဲ အကုန်သောက်လိုက်သည်။ သူမက ခွက်ကိုချ၍ ကျန်းဟွေ့အား "ဟွေ့ဟွေ့ အမေ အလုပ်သွားလုပ်အုံးမယ်။ အိမ်မှုကိစ္စတွေကို သမီးနဲ့ထားခဲ့လိုက်မယ်။ အိမ်မှာ ညီမလေးကို ဂရုစိုက်။"


ကျန်းဟွေ့က သူမအမေ အလုပ်ကြမ်းတွေ သွားလုပ်တော့မှာကို ကြားပြီး သူမရင်ထဲ ခံရခက်လာသည်။


ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လက်သမားတစ်ယောက်အနေနဲ့ လုပ်တာ အရမ်းခက်ခဲပြီး ပင်ပန်းလေ့ရှိသည်။ ဒီလိုအလုပ်မျိုးကို အမျိုး‌သားတွေဘဲ လုပ်လေ့ရှိသည်။


ဒါပေမဲ့ သူမ‌အမေက သူမအဖေလို တာဝန်မဲ့တဲ့လူနဲ့ လက်ထပ်ပြီး အိမ်မှာ အလုပ်လုပ်မဲ့လူမရှိလို့ 

သူမကိုယ်တိုင် သွားလုပ်လေ့ရှိသည်။


ကျန်းဟွေ့က အခုပြန်လည်‌မွေးဖွားလာပြီး သူမမိသားစုကို တိုးတက်အဆင်ပြေစေမဲ့ နည်းလမ်းကောင်းရှာမတွေ့တာကြောင့်  သူမခေါင်းညိတ်ကာ သဘောတူလိုက်သည်။ "အမေ စိတ်မပူပါနဲ့ ညီမလေးကို ကောင်းကောင်းဂရုစိုက်လိုက်ပါမဲ့။"


ရဲ့နင်းရှန်က သူမရဲ့ ဉာဏ်ကောင်းပြီး နာခံမှုရှိတဲ့ သမီးလေးရဲ့ ခေါင်းကို ထိကာ "ကောင်းပြီး" 


ကျန်းဟွေ့က သူမညီမရဲ့ မျက်နှာမှာ သိမ်မသိတာတဲ့ အမာရွတ်ကို ကြည့်ကာ အမှတ်ရလိုက်ပြန်သည်။


လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူမညီမလေးက အဖေ့ကို ဘာလုပ်ခဲ့မှန်း မသိပေမဲ့ အဖေက သူ့ခါးပတ်ကို ဆွဲထုတ်ပြီး ညီမလေးကို  ပွန်းပဲ့ဒဏ်ရာရတဲ့အထိ ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သည်။ နဂိုကတည်းက အားနည်းတဲ့ ညီမလေးက 

ငိုပြီး ပြာယာခတ်ကာ သေလုမတတ် ဖြစ်ခဲ့သည်။


ကျန်းဟွေ့က ညီမလေးကို ကာကွယ်ရန် အသည်းအသန်ရှေ့သို့ လာခဲ့ပြီး သူမအမေက ခါးပတ်ကို ဆွဲလုရန် အသည်းအသန်လာခဲ့သည်။


နောက်ဆုံးမှာ အဖေက ဒေါသတကြီးနဲ့ တံခါးဖွင့်ပြီး အပြင်ထွက်ကာ အတူသောက်ဖို့ အဖော်သွားရှာပြန်သည်။


ထိုအချိန်တွင် ကျန်းဟွေ့က အနာဂတ်တွင် လက်ထပ်ပါက သူမအဖေလို တာဝန်မဲ့တဲ့ ယောင်္ကျားကို ဘယ်တော့မှ မရှာဘူးလို စိတ်ထဲမှာ ကျိန်ခဲ့သည်။


ဇနီးနဲ့ သမီးတွေကို ထောက်ပံ့ဖို့ ငွေမရှာဘဲ ဇနီးကိုဆပ်ဖို့ အကြွေးတစ်ကိုယ်လုံးစာ ထားခဲ့နဲ့ မိသားစုရဲ့ တာဝန်တစ်ခုလုံးကို ထားခဲ့ပြီး အိမ်တွင်းအကြမ်းဖက်ကာ ဇနီးနဲ့ သမီးတွေကို ထားခဲ့သည်။


တခါက ကျန်းဟွေ့က သူမအမေက မှားပြီး သူမ‌အဖေတွက် ငိုနေတာကိုမြင်တော့ "ငါသာ ငါ့အမေဖြစ်ရင် အဖေ့ကို ကွားရှင်းမယ်။" 


1980 ခုနှစ်များတွင် သူမက သူမအဖေကို သမီးအမြင်အရ ဒါဟာ သစ္စာဖောက်မှုဘဲလို့ ပြောခဲ့သည်။ ဒေါသကြီးတဲ့ ဖခင်က ဒေါသဖြင့် နီမြန်းနေသော မျက်နှာဖြင့် သူမကို ပါးရိုက်လိုက်သည်။


ထိုသို ပြတ်သားပြီး ကျယ်လောင်ကာ သနားညှာတာမှုကင်းမဲ့သော ပါးရိုက်မှုကြောင့် ကျန်းဟွေ့ရဲ့ ခေါင်းတစ်ခုလုံး တုန်လှုပ်သွားကာ သူမရဲ့မျက်နှာက နီရဲပြီး ရောင်ရမ်းနေသည်။ 


ပါးရိုက်တာကို သူမအမြဲသတိရနေခဲ့သည်။ ကျန်းဟွေ့ ငယ်ငယ်လေးကတည်းက သူမအဖေကို နှလုံးသားထဲကနေပြီး မုန်းတီးခဲ့သည်။


သူမအဖေက အရည်အချင်းရှိရင် သူမ၊ သူမအမေနဲ့ ညီမလေးက အဲလောက်ပင်ပန်း‌နေမှာ မဟုတ်ဘူးလို့ အမြဲခံစားနေရသည်။


အတိအကျဆိုရင် သူမငယ်စဉ် ကလေးဘဝကတည်းက သူမအမေနာကျင်ခံစားရတာကို ကြည့်ပြီး သမီးဖြစ်သူက ဒုက္ခရောက်ခဲ့ရ‌တာကြောင့် ကျန်းဟွေ့က အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီး သတိကြီးကြီး ထားခဲ့သည်။


ငယ်ငယ်က ကြုံတွေခဲ့ရတဲ့ အခက်အခဲတွေကြောင့် ကျောင်းထွက်ပြီး ရှေ့ရောက်အောင် ကြိုးစားခဲ့ရတဲ့ အကြောင်းအရင်းလည်း ဖြစ်သည်။ သူမအမေနဲ့ ညီမလေးတို့ ဘဝ ပိုကောင်းစေဖို့အတွက် ပိုပြီးကြိုးစားခဲ့သည်။


သူမပြန်လည်မွေးဖွားလာတဲ့အချိန်က သူမအဖေက စီးပွားရေးလုပ်ဖို့ တခြားပြည်နယ်သွားပြီး ပုန်မလာတာ တစ်နှစ်ခွဲကျော်နေပြီ။


နှစ်ကုန်ရင် အကြွေးရှင်တွေ လာကြမယ်။ ထိုမှသာ သူမနဲ့ သူမအမေက ဖခင်က စီးပွားရေးတွင် ငွေကြေးဆုံးရှုံးရုံသာမက တစ်ကိုယ်လုံးအကြွေးတင်နေကြောင်း သိရှိခဲ့ရသည်။ တရုတ်နှစ်သစ်ကူးတုန်းက ပြန်လာဖို့တောင် မဝံ့မရဲဖြစ်ခဲ့ပြီး အကြွေးဆပ်ဖို့ အကြွေးရှင်က ရိက္ခာတွေ လုယက်တာလည်း ခံခဲ့ရသည်။ အဲ့နှစ်က ကျန်းဟွေ့ရဲ့ မိသားစုအတွက် အရှက်ရဆုံးနှစ်လည်းဖြစ်သည်။ ဒီနှစ်က ကျန်းဟွေ့က ပြတ်ပြတ်သားသားနဲ့ ကျောင်းထွက်ပြီး အလုပ်ထွက်လုပ်သည့်နှစ်လည်းဖြစ်သည်။


ကံကောင်းထောက်မစွာ ယခု သူမပြန်လည်မွေးဖွားလာခဲ့သည်။ ဒီဘဝတွင် သူမက ဒီအဖြစ်အပျက်ကြောင့် ဖြစ်ပေါ်လာတဲ့ အနုတ်လက္ခဏာရလဒ်များကို ပြောင်းလဲရန် နည်းလမ်းကို သေချာပေါက် ရှာတွေ့လိမ့်မည်။


ကျန်းဟွေ့က လက်ထဲတွင်ရှိသော ပိုက်ဆံကို တွက်ချက်ကြည့်လိုက်တော့ ငါးဆယ် သုံးဆင့်ဘဲရှိတာကို တွေ့လိုက်ရသည်။ ဒီငွေနဲ့ ဘာလုပ်လို့ရလောက်သလဲ။ 


ဒီနေက ဩဂုတ်လ 22 ရက်နေ့ ၊ တကယ်လို့ သူမက မြို့တော်ရှိ အဓိက အထက်တန်းကျောင်းကို သွားလိုပါက စက်တင်ဘာ 1 ရက်နေ့မတိုင်ခင် ကျောင်းလခနဲ့ နေထိုင်စရိတ် လုံလောက်စွာ ရှိရမည်။


ကျန်းဟွေ့က mall ကိုပြန်တွေးပြီး အကြွေစေ့ 100 နဲ့ ကနေဦး အရင်းအနှီးကို ပြန်တွေးခဲ့သည်။


သူမညီမလေးကို သူမ့အိမ်စာတွေ ပြန်လည်သုံးသပ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူမ့အခန်းထဲကို ဝင်သွားခဲ့သည်။ သူမအတွေးနဲ့ Mall ကိုဖွင့်ပြီး အကြွေစေ့ 100 က ဘာဝယ်လို့ရလဲဆိုတာ သိဖို့ Mall မှာရှိတဲ့ ကုန်ပစ္စည်းတွေကို 

စစ်ဆေးကြည့်သည်။


ကျန်းဟွေ့ ‌ Mall မှာ *သမိုင်းမတိုင်ခင်က နေရာ၊ 

Immortal နေရာ၊ မှော်နေရာ ၊ သိပ္ပံနေရာ၊ ကြယ်စဉ်နေရာ၊ ရှေးခေတ်နေရာ၊ ခေတ်သစ်နေရာ၊ ကိုယ်ခံပညာနေရာနဲ့ စိုက်ပျိုးရေးနေရာ* ကိုတွေ့လိုက်ရသည်။ ခေါက်ဆွဲ စသဖြင့်......


ကျန်းဟွေ့က primordial plane ကို စူးစမ်းလိုစိတ်ဖြင့် နှိပ်လိုက်ရာ အဲ့ နေရာရှိ ပစ္စည်းများရဲ့ အနိမ်ဆုံးမှာ အကြွေစေ့ 1000 နဲ့ အထက် ဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။


Immortal Cultivation Plane, Magic plane,

Science fiction plane နဲ့ Interstellar plane 

တွေအားလုံးဟာ အကြွေစေ့ 1000 နဲ့ စတင်သည်။


ကျန်းဟွေ့က မူလနေရာ၊ ရှေးခတ်နေရာ၊ ခေတ်သစ်နေရာ၊ ကိုယ်ခံပညာနေရာနဲ့ စိုက်ပျိုးရေးနေရာတို့ကို စစ်တေးကြည့်ရာ အကြွေစေ့ 1000 အောက်သာရှိသော ပစ္စည်းများစွာ ရှိကြောင်း တွေ့လိုက်ရသည်။


သူမက အကြွေစေ့ 100 အတွင်း ကုန်ပစ္စည်းများကို ရှာဖွေခဲ့သည်။


နောက်ဆုံးမှာ သူမနဲ့အရင်းနှီးဆုံး ခေတ်မီနေရာမှာ သူမပန်းတိုင်ကို သော့ခတ်ထားဆဲ ဖြစ်သည်။


ဖရဲသီးအစေ့က တစ်ကတ်တီကို 6 ယွမ်


ဟင်းခတ်အမွှေးအကြိုင်ငါးမျိုး၊ နို့မှုန့်၊ caramel ဖရဲသီးစေ့ အကုန်လုံးက တစ်ကတ်တီကို 9ယွမ်


ဝက်သား 28 ယွမ်


အဆီများပြီး အသားနည်းတဲ့ ဝက်သားက 20 ယွမ် 


ဂျုံမှုန့် တစ်ကတ်တီကို 3 ယွမ် 


ဟေး ဒီပစ္စည်းတွေရဲ့ ဈေးနှုန်းက သူမ အရင်ဘဝက ဈေးနှုန်းတွေ ဖြစ်ပုံရသည်။


ကျန်းဟွေ့က စိတ်ရှုပ်ထွေးသွားပြီး စနစ်အား "စနစ် ဒီကုန်တိုက်က ဈေးတွေက ဘယ်လိုလဲ၊ တကယ်ဈေးနှုန်းက ဘယ်လိုလဲ"


"1986 မှာရှိတဲ့ ငွေကြေးက အကြွေစေ့ (ယွမ်) နဲ့ 1:80 ဖလှယ်မှုအချိုးရှိတယ်။ ဆိုလိုတာက 1986

က 1 ယွမ်ကို အားပြန်သွင်းတာက အကြွေစေ့ 80 ရနိုင်တယ်"


ကျန်းဟွေ့က ငွေလဲနှုန်းကို ကြားတဲ့အခါ စိတ်သက်သာရာ ရသွားသည်။


သူမက 1970 နှစ်နှစ်တွင် ‌မွေးဖွားခဲ့သည်။ သူမက ရာဇဝင်ချုပ်များကို ဖတ်ရတာ နှစ်သက်ပြီး သက်ဆိုင်ရာ အချက်အလက်တွေကိုလည်း တိုင်ပင်ဆွေးနွေးခဲ့သည်။ ဒီလဲလှယ်မှုအချိုးက ယုံကြည်စိတ်ချရသည်။


စနစ်က "ငွေလဲနှုန်းကို နှစ်တိုင်း ချိန်ညှိမှာ ဖြစ်ပြီး၊ စနစ်က  ဈေးနှုန်းမှားနေတဲ့ ထုန်ကုန်တွေအတွက် ပြန်လည်ချိန်ညှိပေးမှာပါ" ဟု ဆက်လက်ပြောသည်။


ကျန်းဟွေ့က သူမစိတ်ထဲတွင် ဝက်သားပေါက်ဈေးကို တွက်ချက်သည်။


ဒီနှစ်မှာ ဝက်သားပေါက်ဈေးက တစ်ကတ်တီကို 1.8 ယွမ် ဖြစ်သည်။ သူမက 1.8 ယွမ်ကို စနစ်သို့ အားပြန်သွင်းပါက 144 ယွမ် ရှိမည် ဖြစ်သော်‌လည်း ကုန်တိာက်တွင် 5 ကတ်တီ ဝယ်နိုင်မည်ဖြစ်သည်။ ဒါက ဈေးနှုန်းကွာခြားချက်ဘဲ။


အခုအခါ အသားပါသော မုန့်ပေါင်းသည် ဆင့် 20 ကုန်ကျပြီး ဝက်သား တစ်ကတ်တီကို မုန်းပေါင်း 30 ခန့် လုပ်နိုင်သည်။ ဝက်သား ငါးကတ်တီက မုန့်ပေါင်း အခု 150 ရပြီး ယွမ် 30 ရနိုင်သည်။


ဂျုံမှုန့်နဲ့ ဟင်းခတ်အမွှေးအကြိုင် တချို့ရဲ့ ကုန်ကျစရိတ်ကို နုတ်ပြီး ယွမ် 30 မှာ အမြတ်ငွေ 27 ယွမ် ရနိုင်သည်။


ထိုသို့တွက်ချက်မှုဖြင့် ကျန်းဟွေ့ မပျော်နိုင်တော့ပေ။ ကျောင်းမထွက်ခင် တစ်ပတ်ဘဲ ရှိသေးသည်၊ ကျူရှင်နဲ့ နေထိုင်စရိတ် အပြည့်အဝ ရနိုင်သည်။ 


အဆုံးမရှိတဲ့ ကုန်တိုက်ရဲ့ ကျေးဇူးကြောင့် သူမရဲ့ဘဝက အဆုံးမရှိနိုင်တော့ချေ။


*သမ်ိုင်းမတိုင်ခင်နေရာ......* မြန်မာလိုပြန်ထားလို ဖတ်ရတာထောက်နေရင် အင်္ဂလိပ်လိုဖတ်လိုက်ပါ 


Prehistoric plane, immortal plane, magic plane, scienc

e fiction plane, interstellar plane, primitive plane, ancient plane, modern plane, martial arts plane, farming plane