Ch 3
Viewers 4k

Ch 3


ကျန်းဟွေ့က သွက်လက်ထက်မြက်တဲ့ လူတစ်ယောက်ဖြစ်သည်။


သူမက ဂျုံမှုန့် ငါးကတ်တီ၊ အသားတစ်ကတ်တီ၊ ဝက်ဗိုက်သား တစ်ကတ်တီ၊ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ shiitake မှိုနဲ့ ဟင်းခတ်အမွှေးအကြိုင်မျိုးစုံကို ကုန်တိုက်ကနေ ဝယ်လိုက်သည်။


သူမက shiitake မှိုတွေကို ရေစိမ်ပြီး ဟင်းခတ်အမွှေးအကြိုင်များ ပြင်ဆင်ကာ ခေါက်ဆွဲကို စတင်နယ်သည်။ မုန်သားနယ်ပြီးတဲ့နောက်မှာ သူမက shiitake မှိုနဲ့ အသားပါသော ပေါင်မုန့် ပြုလုပ်ရန် ဝက်သားကို ကြိတ်သည်။ 


God of Cooking Book ရဲ့ ကောင်းချီးနဲ့အတူ ကျန်းဟွေ့က အသားများခုတ်ထစ်ခြင်း၊ ဟင်းခတ်အ‌မွှေးအကြိုင်နဲ့ မုန်သားနယ်တာ အားလုံးကို လွယ်ကူစွာလုပ်ဆောင်သွားသည်။


သူမစိတ်ထဲ ဘာဘဲတွေးတွေး ခုချက်ချင်း လုပ်ဆောင်နိုင်သည်။ ဒီခံစားချက်က အရမ်းလျှို့ဝှက်ဆန်းကြယ်ပြီး ပြောမပြနိုင်လောက်အောင် အံ့ဩဖွယ်ဖြစ်သည်။


တစ်နာရီကြာပြီးတဲ့နောက်မှာ မှိုနဲ့ လုပ်ထားတဲ့ မုန့်ပေါင်းက မွှေးကြိုင်လာသည်။ ညီမလေး ကျန်းကျင်းက အနံ့ရှုရင် ရောက်လာပြီး "အစ်မ ဘာအရသာရှိတဲ့ အစားအသောက်လုပ်နေတာလဲ အနံ့က အရမ်းမွှေးတယ်"


ကျန်းဟွေ့က "ကျဲ မှိုနဲ့ အသားပေါင်မုန့်လုပ်နေတာ။ အခုလေးတင်လုပ်ထားတာ နှစ်ခုစားကြည့်လိုရတယ်။

ကျန်တာကို သွားရောင်းရင် ကျဲတို့နှစ်ယောက်အတွက် 

ကျူရှင်စရိတ်ရလောက်တယ်"


ကျန်းကျင်းက အသားပေါင်မုန့် စားချင်‌နေပေမဲ့ အခုချိန်မှာ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်း "ကျဲ ဒါဆို မစားတော့ဘူး။ အကုန်ရောင်းလို့ရတယ်လေ"


ကျန်းဟွေ့က သူမကို ပြုံးပြပြီး "ကျဲတို့တစ်‌ယောက် နှစ်ခုစားလို့ရတယ်။ ဒီပေါင်မုန့်တွေအကုန်ကုန်အောင် ရောင်းနိုင်တယ်။ ပိုက်ဆံအများကြီးရနိုင်တယ်။"


သူမက ဂျုံမှုန့် ငါးကတ်တီ၊ အသားနှစ်ကတ်တီ၊ မှို၊ အခြာပေါင်းဝင်ပစ္စည်းတွေနဲ့ မှိုနဲ့ အသားအသားပေါင်မုန့် 30 ကိုလုပ်ခဲ့သည်။ ညီမနှစ်ယောက်က တစ်ယောက်ကို နှစ်ခုစီ စားပြီး 26 ခုကို ငါးယွမ်နဲ့ ရောင်းလို့ရသည်။ 


ဂျုံမှုန့် ငါးကတ်တီ၊ အသားတစ်ကတ်တီ၊ ဝက်ဗိုက်သား တစ်ကတ်တီ၊ ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ shiitake မှိုနဲ့ ပါဝင်ပစ္စည်းတွေရဲ့ ကုန်ကျစရိတ်ဟာ 

ယွမ် 75ဆင့်ဘဲရှိသည်။ အကုန်ရောင်းပြီးသွားရင် 4.25 ယွမ် အမြတ်ကျန်သည်။


4.25 ယွမ်ကို အားပြန်သွင်းပါက အကြွေစေ့ 340 နဲ့ ကနေဦးရန်ပုံငွေ 100 မှာ 60သုံးပြီး 40 ကျန်ရှိကာ စုစုပေါင်း အကြွေစေ့ 380 သူမမှာရှိမည်ဖြစ်သည်။ 


သူမက အကြွေစေ့ 380 ဖြင့် ကုန်တိုက်မှာ ကုန်ပစ္စည်းများစွာကို ပိုမိုဝယ်ယူနိုင်သည်။ ကျန်းဟွေ့က ပေါင်မုန့်နှစ်လုံးကို ထုတ်ပြီး ပန်းကန်တစ်လုံးထဲထည့်ကာ "အားကျင်း စားကြည့်၊ ကျဲလုပ်ထားတာ စားကောင်းလား "


ကျန်းကျင်းက သူမ့အစ်မရဲ့ အာမခံ ပရိတ်သတ်တစ်ဦးဖြစ်သည်။ စားပြီးတာနဲ့ "ကျဲ ချက်တာ အရမ်းအရသာရှိတယ်။"


ကျန်းဟွေ့က သူမရဲ့ အကျင့်စာရိတ္တကောင်းမွန်ပြီး ချစ်စဖွယ် ညီမကိုကြည့်ကာ သူမရဲ့ညီမက ငယ်စဉ်ကတည်းက စာနာတတ်ပြီး ဉာဏ်ရည်ထက်မြတ်သူဖြစ်တာကို စောစောတည်းက သိခဲ့ရသည်။


သူမ ဒုက္ခရောက်ချိန်မှာ သူမ့ညီမက ခွန်အားနဲ့ ပံ့ပိုးပေးခဲ့တာကို စဉ်းစားမိရင် ကျန်းဟွေ့စိတ်ထဲ အရမ်းနွေးထွေးသွားခဲ့သည်။ ဒီဘဝမှာ ဘယ်လောက်ဘဲကောင်းနေပါစေ၊ သူမအရမ်းကောင်းနေလို့မရဘူး။


ကျန်းဟွေ့က ပြုံးပြီး "ပေါင်မုန့်တွေက အရမ်းပူတယ်၊ ဖြေးဖြေးစား အပူမလောင်စေနဲ့"


ကျန်းကျင်းက "ဟုတ်ကဲ့ကျဲ ဖြေးဖြေးစားပါမယ်"


ကျန်းကျင်းက မှိုပါတဲ့ ပေါင်မုန့်နဲ့ အသားပါတဲ့ ပေါင်မုန့်ကို ဖြေးဖြေးချင်း အရသာခံပြီး စားနေသည်။ကျန်းကျင်းက မစားမိ ပေါင်မုန့်ကို အရင်မှုတ်လိုက်သည်။


ပေါင်မုန့်အသားက နူးညံ့နေကာ မွှေးကြိုင်နေပြီး Shiitake မှိုက ပါးစပ်ထဲမှာ တခဏအတွင်း ပြည့်သွားသည်။ ဂျုံမှုန့်အနံ့၊ မှိုအနံ့၊ ဝက်သားရဲ့ လတ်ဆတ်တဲ့အနံ့၊ ပါဝင်ပစ္စည်းများရဲ့အနံ့နဲ့‌ ရောစပ်ထားတဲ့ အရသာက ကျန်းကျင်းရဲ့ မျက်လုံးများကို ပြူးကျယ်သွားစေသည်။ 


သူမ ပါးစပ်ထဲက မုန့်တွေကို စားပြီးတာနဲ့ "ကျဲ ကျဲလုပ်ထားတဲ့ မုန့်တွေက အရမ်းအရသာရှိတယ်" 


မူလက ဖြေးညှင်းစွာ မြည်းစမ်းချင်တဲ့ ကျန်းကျင်းက ယခုအခါ မုန့်များကို တစ်ကျိုက်ထဲ မျိုချချင်နေပြီးဖြစ်သည်။ 


သူမက ‌ပေါင်းထားတဲ့ ပေါင်မုန့်ကို လေနဲ့ အကြိမ်အနည်းငယ်မှုတ်ကာ အကြီးကြီးတစ်ကိုက် ကိုက်ပြီး "အရသာရှိတယ်၊ မဟုတ်ဘူး အရမ်းအရသာရှိတယ်"


ပေါင်မုန့်တစ်လုံး ယူပြီးစားလိုက်တဲ့ ကျန်းဟွေ့ရဲ့ အမူအရာက ကျန်းကျင်းနဲ့ အတူတူပါဘဲ။ 


ဒီမှိုပေါင်မုန့်က တကယ့်ကို အရသာရှိသည်။ ကျန်းဟွေ့မယုံနိုင်ဖြစ်သွားသည်။ ဒီပေါင်မုန့်တွေက သူမကိုယ်တိုင် လုပ်ထားတာ။ အရမ်းအရသာရှိတယ်!


ဒီစားဖိုမှုးရဲ့ ကျွမ်းကျင်မှုနဲ့ သူမချက်ပြုတ်ထားတဲ့ အစားအစာများက မကြာမီ ဒါမှမဟုတ် နောက်ပိုင်းမှာ Jiang Cheng တစ်ခုလုံးတွင် ရေပန်းစားလာမည်ဟု သူမ အခိုင်အမာ ယုံကြည်နေပြီ ဖြစ်သည်။


ကျန်းဟွေ့က ပေါင်မုန့်ကို အမြန်စားပြီး နံနက် 11 နာရီထိုးနေပြီးကို တွေ့လိုက်သည်။ နေ့လယ်စာ စားချိန်နီးပြီး ပေါင်မုန့်ရောင်းဖို့ အချိန်ကောင်းဘဲ။ 


ကျန်းဟွေ့က ထိုပေါင်မုန့်နည်းနည်းလေးကို မြို့သို့ သွားရောင်းရန် အစီအစဉ်မရှိခဲ့ပါ။ ဟင်းသီးဟင်းရွက်တောင်းနဲ့ သယ်ပြီး ရွာအနှံ လှည့်လည်ရောင်းဖို့ ‌စိတ်ကူးထားသည်။ 


ဒီခေတ်ရှိ ရွာတိုင်းမှာ ဈေးဆိုင်ငယ်များနှင့် စူပါမားကတ်များ မဖွင့်သေးဘဲ ဈေးရောင်းတဲ့သူတွေက ကုန်ပစ္စည်းတွေ သယ်ပြီး ရွာတိုင်းကို လိုက်လံရောင်းချကြသည်။ 


အိမ်တွင်ရှိ‌တဲ့ ဟင်းသီးဟင်းရွက်တောင်းက အိုဟောင်းနေပြီးဖြစ်သဖြင့် ကျန်းဟွေ့က ပိတ်စအဖြူတစ်ထည်ဝယ်ရန် အခန်းထဲပြန်ဝင်ကာ ချည်နှစ်ထည်၊ အပူခံသေတ္တာနဲ့ အိတ်အကြည်ကို ကုန်တ်ိုက်ကနေ ဝယ်လိုက်သည်။ အပူခံသေတ္တာက အရင်ဘဝက delivery သမားတွေသုံးတဲ့ သေတ္တာနဲ့ တူသည်။ 


ကျန်းဟွေ့ ချည်နှစ်ထည်ကို ဆေးကြောပြီး ခြောက်အောင်လုပ်ကာ တစ်ထည်ကို အောက်က ခံလိုက်သည်။ 

ပေါင်မုန့်တွေကို တစ်ခုပြီးတစ်ခုထည့်ကာ မပျက်စီးစေရန် အပေါ်ကနေ တခြားချည်အဖြူတစ်ထည်နဲ့ အုပ်ထားလိုက်သည်။ 


အဆင့်သင့်ဖြစ်တာနဲ့ ကျန်းဟွေ့က "အားကျင်း အပြင်မှာ အရမ်းပူတယ်၊ အိမ်မှာဘဲစောင့်နေနော် အဆင်ပြေတယ်မလား" 


ကျန်းကျင်းက ချက်ချင်း ခေါင်းခါလိုက်ပြီး "ညီမလေးလဲ ကျဲနဲ့ မုန့်ရောင်းဖို့ အတူသွားချင်တယ်"


ကျန်းဟွေ့က ခဏလောက် စဉ်းစားလိုက်ပြီး ခေါင်းညိတ်ပြကာ "okay ဒါဆို တံခါးသော့ခတ်ပြီး မုန့်တွေ အတူတူသွားရောင်းရအောင်"


ကျန်းဟွေ့က သူမရဲ့ညီမငယ်က ရှက်တတ်တာကြောင့် အပြင်လောကကို လေ့လာပြီး သတ္တိရှိလာစေရန် ပိုပြီး အပြင်ထွက်သင့်သည်။ 


ကျေးလက်မှာကြီးပြင်းလာတဲ့ ကလေးတွေက တစ်နှစ်ပတ်လုံး ရွာထဲမှာဘဲနေပြီး အများစုကတော့ မြို့ထဲက ဈေးကိုသွားကြသည်။ 


သူမက အလယ်တန်းနဲ့ အထက်တန်းကျောင်းပြီးသွားပြီး သူမရောက်ဖူးသည့် အဝေးဆုံးနေရာက Jiang Cheng မြို့ပြ ဧရိယာ ဖြစ်သည်။ 


ဒါပေမဲ့ အခုအချိန်မှာ ထိုနေရာသို့ သွားသည့် အကြိမ်အရေတွက်က လက်နှစ်ဖက်နဲ့ ရေလို့ရပြီး အများစုက ကျောင်းက ပို့ပေးတာဖြစ်သည်။ 


ကျန်းဟွေ့က အိမ်တံခါးကို သော့‌ခတ်ပြီး မုန့့်သေတ္တာကို နောက်ကျောတွင် ထမ်းပြီး ရွာတစ်ရွာကို ညီမနဲ့အတူ လမ်းလျှောက်သွားသည်။ 


သူတို့ရွာက လူတော်တော်များများက သူမတို့ ညီမနှစ်ယောက်ကို သိသည်။ ကျန်းဟွေ့ သူမလုပ်ငန်းမပြီးခင် တစ်ရွာလုံးကို မသိစေချင်ဘူး။ သူမက ပိုဝေးတဲ့နေရာကို သွားခဲ့သည်။


မိနစ် နှစ်ဆယ်လောက် လမ်းလျှောက်ပြီး နောက်ရွာရဲ့ နယ်စပ်ကို ရောက်သည်။  ကျန်းဟွေ့က "မုန့်ရောင်းတယ် ၊အရသာရှိတဲ့ မှိုနဲ့ အသားပေါင်မုန့် ရောင်းတယ်"


ကျန်းဟွေ့ရဲ့ ကျယ်လောင်ပြီး ပြတ်သားတဲ့အော်သံက ရွာရှိလူများကို လျင်မြန်စွာ ဆွဲဆောင်သွားသည်။ 


ပြုပြင်ပြောင်းလဲရေးနဲ့ ပွင့်လင်းမြင်သာမှုတို့အပြီးမှာ တနိုင်လုံးက ပြည်သူတွေရဲ့ စီးပွားရေးဝင်ငွေဟာ 1960 နဲ့ 1970 ခုနှစ်တို့နဲ့ ယှဉ်ရင် အများကြီး တိုးတက်လာသည်။ 


Jiang Cheng က ပြည်နယ်မြို့တော်မှ ကီလိုမီတာ 100 သာဝေးပြီး Peng Cheng မှ ကီလိုမီတာ 100 ကျော်သာ ကွာဝေးသည်။


ပြုပြင်ပြောင်းလဲမှုနဲ့ ပွင့်လင်းမြင်သာမှုရဲ့ နွေဦးလေညှင်းက ၎င်းတို့ရဲ့ပုလဲမြစ်ဝှမ်းဒေသကို ဖြတ်ပြီး ပထမဆုံး မှုတ်ထုတ်ခဲ့သည်။


Jiang Cheng မှ လူများစွာက ပြည်နယ်မြို့တော်နဲ့ Peng Cheng သို့ သွားပြီး ငွေရှာရန် အလုပ် ဒါမှမဟုတ် စီးပွားရေး လုပ်ကြသည်။ 


ကျန်းဟွေ့က နောက်ပိုင်းမျိုးဆက်ရဲ့ အချက်အလက်တချို့ကို ဖတ်ဖူးသည်။ 1986 ခုနှစ်တွင် Peng Cheng စာရင်းအင်းဗျူရိုမှ ပျမ်းမျှလစာသည် 204 ယွမ်ထိ ရောက်ကြောင်း ကြေညာခဲ့သည်။ 


ကုန်းတွင်းမြို့အများအပြားတွင် လုပ်အားခမှာ ယွမ် 50 ခန့်သာရရှိပြီး Peng Cheng ရဲ့ လုပ်အားခသည် တခြားသူများထက် များစွာမြင့်မားသည်။


Peng Cheng တွင် စက်ရုံ၊ အလုပ်ရုံ များစွာရှိပြီး လုပ်ခလစာ မြင့်မားလျက်ရှိပြီး မရေမတွက်နိုင်သော တရုတ်လူမျိုးများ စီးပွားရေးဇုန်သို့ အရူးအမူးပြေးလာရသည့် အဓိကအကြောင့်အရင်းလည်း ဖြစ်သည်။ 


ပြည်နယ်မြို့တော်နဲ့ Peng Cheng အနီးအနားတွင်ရှိတဲ့ သူတွေက အစောဆုံး အကျိုးခံစားခွင့် ရခဲ့ကြသည်။

ပြည်နယ်မြို့တော် ဒါမှမဟုတ် Peng Cheng တွင် အလုပ်သွားလုပ်တဲ့သူ သို့မဟုတ် စီးပွားရေးသွားလုပ်တဲ့သူများက သူတို့ရရှိတဲ့ငွေတွေကို အိမ်သို့ပြန်ပို့ကြသည်။ 


အတိအကျဆိုရင် Jiang Cheng မှ လူများစွာရဲ့ ဘဝများပြောင်းလဲသွားပြီး သူတို့လက်ထဲတွင် အပိုဝင်ငွေများစွာလည်းရှိသည်။ 


ကျန်းဟွေ့ရဲ့ရွာက နိုင်ငံခြားမှာ နာမည်ကြီးတဲ့ တရုတ်ရွာနဲ့ ချမ်းသာတဲ့ ရွာတစ်ရွာဖြစ်သည်။ 


မှိုနဲ့ အသားပေါင်မုန့် တစ်လုံးလျှင် ဆင့် 20 ဖြစ်ပြီး ဒီရွာရှိ မိသားစုများစွာ တတ်နိုင်သည်။ 


ထိုအချိန်တွင် ဆံပင်တိုတိုနဲ့ ကောင်းမွန်စွာ ဝတ်စားထားတဲ့ သက်လတ်ပိုင်းအရွယ် အစ်မတစ်ယောက် ရောက်လာပြီး ကျန်းဟွေ့အား "ညီမလေး မှိုအသားပေါင်း ဆယ်ခုပေးပါလား" လို့ပြောသည်။ 


ကျန်းဟွေ့က ဒီအစ်မဖြစ်သူ Da Fang ရဲ့ လှုပ်ရှားမှုကြောင့် အနည်းငယ် ထိန့်လန့်သွားပြီး " အစ်မ မှိုပါတဲ့ အသားပေါင်း ဆယ်ခု တစ်ကယ်ဝယ်ချင်တာလား


အင်္ဂလိပ်လိုကို ဘာသာပြန်တာဆိုတော့ မုန့်နာမည်က မတူဘူးဖြစ်နေတယ်။ 


ကျဲက အစ်မပါ