Ch 4
Viewers 4k

Ch 4 


ကျန်းဟွေ့ရဲ့ အံ့အားသင့်‌နေတဲ့ အမူအရာကို မြင်လိုက်တော့ သက်လတ်ပိုင်း အစ်မဖြစ်သူက ‌ရယ်မောကာ "ညီမလေး မင်းပြောတာ မှန်တယ်။ တကယ်ပေါင်မုန့် ဆယ်လုံးဘဲ"


သူမပြောပြီးတာနဲ့ အိတ်ကပ်ထဲက အိတ်သေးသေးလေးကို ထုတ်ကာ ထိုအိတ်သေးသေးလေးထဲတွင် ယွမ်ငွေအမျိုးအစား များစွာပါရှိသည်။


ကျန်းဟွေ့ရဲ့ အမြင်နဲ့စစ်ဆေးရာတွင် သူမတွင် ငွေ အနည်းဆုံး ယွမ် 100 ရှိသည်။ 


ဒီအစ်မကြီးသည် အမှန်တကယ် ချမ်းသာသူ တစ်ဦးဖြစ်ပြီး သူမနဲ့အတူ ငွေများစွာ ယူဆောင်သွားသည်မှာ ရှားပါးလှသည်။


ကျန်းဟွေ့က ပေါင်မုန့်ဆယ်လုံးကို တကယ်ဝယ်လိုကြောင်း အတည်ပြုပြီးတာနဲ့ အိတ်ထဲ မှိုအသားပေါင်မုန့် ဆယ်လုံးကို အမြန်ထည့်လိုက်သည်။ အိတ်ကို ကြိုးချည်ပြီး အစ်မကြီးကို ပေးလိုက်သည်။ ထိုအစ်မကြီးက ပေါင်မုန့်ကိုယူပြီး ကျန်းဟွေ့ကို 2 ယွမ် ပေးလိုက်သည်။ 


ထိုအချိန်တွင် ကောင်လေးများစွာ ပြေးလာကြသည်။ သူတို့နှစ်ယောက်က သက်လတ်ပိုင်း အစ်မကို "အဖွား အဖွား မုန့်ဝယ်တာကို စားချင်တယ် စားချင်တယ်"


သက်လတ်ပိုင်း အစ်မဖြစ်သူက မြေးနှစ်ယောက်ကို ပြုံးပြကာ အိတ်ထဲမုန့် တစ်လုံးစီ ပေးလိုက်သည်။ ကောင်လေးနှစ်ယောက်က မုန့်ရတာနဲ့ သူတို့ပါးစပ်ထဲ ချက်ချင်းထည့်လိုက်သည်။ စားပြီးတာနဲ့ မျက်လုံးတွေ တောက်ပလာပြီး မုန့်ကို အမြန်စားလာပြီး ပေါင်မုန့်တစ်လုံးကို နှစ်ကိုက် သုံးကိုက်နဲ့ ကုန်သွားသည်။ ကုန်သွားဝာာနဲ့ လက်ဆန့်ပြီး "အဖွား ဒီပေါင်မုန့်က အရမ်းအရသာရှိတယ်။ အနံ့လည်း အရမ်းကောင်းတယ်။ စားချင်တယ် စားချင်တယ်။"


သက်လတ်ပိုင်း အစ်မကြီးက ချောမောတဲ့ မြေးနှစ်ယောက် ကိုက်စားလိုက်သည့်အခါ မှိုအသားပေါင်မုန့်ရဲ့ အနံ့ သင့်ပျံ့နေပြီး အခုချက်ချင်းပင် စားချင်နေပြီး ဖြစ်သည်။ 


မြေးဖြစ်သူကို တစ်လုံးစီ ပေးပြီး ကျန်တာ ကိုယ်တိုင်စားသည်။ စားလိုက်တာနဲ့ သူမ့မျက်လုံးတွေ တောက်ပလာပြီး "ဒီပေါင်မုန့်ရဲ့ အရသာက အရမ်းကောင်းတယ်။ "


သူမက ကျန်းဟွေ့ကို ကြည့်ပြီး "ညီမလေး ဒီပေါင်မုန့်က ညီမလေးမိသားစု လုပ်ထားတာလား"


ကျန်းဟွေ့က ခေါင်းညိတ်ပြီး "ဟုတ်တယ်။ ညီမမိသားစုက လုပ်ထားတာ"


"ညီ‌မလေးတို့ မိသားစုရဲ့ လက်ရာက အရမ်းကောင်းတယ်။ ဒီပေါင်မုန့်က အရမ်းအရသာရှိတယ်။ ညီမလေး အစ်မကို နောက်ထပ် ပေါင်မုန့်ဆယ်လုံး ပေး။ ဒီနေ့ နေလည်စာ မချက်တော့ဘူး။ ညီမလေးရဲ့ ပေါင်မုန့်ကို မြည်းကြည့်ရအောင်"


ကျန်းဟွေ့က အစ်မဖြစ်သူ ချမ်းသာကြောင်း သိနေတာကြောင့် အိတ်ထဲ ‌မှိုအသားပေါင်မုန့် ဆယ်လုံး ထုပ်ပိုးပြီး သူမလက်ထဲက ပိုက်ဆံကို ယူလိုက်သည်။


အနီးအနားမှာ စောင့်ကြည့်နေတဲ့ အမျိုးသား အမျိုးသမီး အများအပြားကလည်း "ညီမရှောင်လန် ဒီပေါင်မုန့်က တကယ်အရသာရှိတာလား"ဟု မေးသည်။


သက်လတ်ပိုင်း အစ်မနာမည်က ကျောင်းရှောင်လန် ဖြစ်သည်။ ဒီလူတွေရဲ့ မေးခွန်းကို ကြားတဲ့အခါ သူမက ပြုံးပြပြီး "ဟုတ်တယ် ဒါကအရသာရှိတယ် မဟုတ်ရင် အများကြီး ဝယ်မှာ မဟုတ်ဘူး"


ဘေးက လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ကျောင်းရှောင်လန်ကို "ညီမရှောင်လန် မင်းအများကြီး ဝယ်ထားတာ စားမကုန်မှာ ငါကြောက်တယ် ငါနှစ်ခု စားကူမယ်လေ"


ကျောင်းရှောင်လန်က တံထွေးထွေးပြီး " *စားချင်ကိုယ်တိုင်ဝယ်စား"

*သူမက fuck you လိုဆဲတာ ပါ


ကျန်းဟွေ့ကလည်း "အစ်ကို အစ်မတို့ ညီမမိသားစုက လုပ်ထားတဲ့ မုန့်က တကယ်အရသာရှိတယ်။ ညီမကြွားနေတာ မဟုတ်ဘူး။ တစ်လုံးစားပြီးရင် နောက်ထပ် ထပ်စားချင်နေမှာ။ ညီမမှာ ပေါင်မုန့် 6 လုံးဘဲ ကျန်တော့တယ်။ ဝယ်ချင်ရင် မြန်မြန်ဝယ် ခဏနေရင် ဝယ်လိုရမှာ မဟုတ်ဘူး" 


ကျန်းဟွေ့ပြောတာကြားတော့ တုံ့ဆိုင်းနေတဲ့သူတွေက သူတို့ပိုက်ဆံ‌တွေကို ထုတ်ပြီး 


"ညီမ နှစ်လုံးပေး"


"ညီမ ငါ့ကို တစ်လုံးပေး"


"ညီမ ကျန်တဲ့ သုံးလုံးစလုံး ပေး"


မျက်စိတစ်မှိတ်အတွင်းမှာ ကျန်တဲ့ မုန့်ခြောက်လုံး အကုန်ရောင်းကုန်သွားသည်။


ကျန်းဟွေ့က သူတို့အတွက် မုန့်ကို ထုပ်ပိုးပြီး ပိုက်ဆံယူကာ ပြုံးပြပြီး "အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ မုန့်တွေအကုန် ကုန်သွားပြီ။ ညီမသွားတော့မယ်။ နောက်မှတွေ့မယ်"


ကျောင်းရှောင်လန်က ကျန်းဟွေ့ရဲ့လက်ကို ကိုင်ထားသည်။ သူမထွက်သွားတော့မှာမို့ အမြန်မေးလိုက်သည်။ "ညီမလေး အိမ်က ဘယ်နားမှာလဲ။ မနက်ဖြန်လာမှာလား"


ကျန်းဟွေ့က "ညီမ့အိမ်က nan xin ရွာမှာ ၊ ညီမနာမည်က ကျန်းဟွေ့ပါ၊ မနက်ဖြန်လာမှာ။"


ကျောင်းရှောင်လင်က ပြုံးပြီး "ကောင်းပြီ ဒါဆို အစ်မတို့ စောင့်နေမယ်"


"ကျေးဇူးဘဲ။ *ညီမလေး အစ်မတို့သွားကြရအောင်။ *နောက်မှတွေ့မယ်။"

*ပထမက သူ့ညီမကိုပြောတာ *ဒုတိယက မုန့ဝယ်တဲ့သူတွေကို ပြောတာ


ကျန်းဟွေ့က ကျောင်းရှောင်လင်နဲ့ တခြားသူတွေကို နှုတ်ဆက်ကာ ညီမလေးရဲ့ လက်ကို ဆွဲကာ အိမ်သို့အမြန်ပြန်သွားသည်။ 


ဒီနေ့လုပ်ငန်းက သူမမျှော်လင့်ထားတာထက် ပိုပြီးချောမွေ့နေသည်။ ဒီလိုကောင်းမွန်တဲ့ စီးပွားရေးစတင်မှုက သူမကို စိတ်ချမ်းသာစေသည်။


ပင်လယ်ရပ်ခြား တရုတ်ရွာမှ ထွက်ခွာပြီးနောက် ကျန်းကျင်းက "အစ်မ ဟိုအစ်မကြီးက အရမ်းချမ်းသာတယ်။ သူမမုန့်တွေအများကြီး ဝယ်ပြီးတာကို ထပ်ဝယ်တယ်။ သူတို့အကုန်စားနိုင်ပေါ့မလား"


ကျန်းဟွေ့က ပြုံးပြီးပြောတယ်။ "သူတို့မိသားစုက လူများတယ်။ နှစ်ယောက် သုံးယောက်စားလိုက်ရင် ကုန်သွားလိမ့်မယ်။"


"စားမှာ!"


ကျန်းဟွေ့က ရယ်မောပြီး "ချမ်းသာတာကောင်းတယ်။ ညီမလေး ကောင်းကောင်းစားလို့ရတယ်၊ ကောင်းကောင်းဝတ်လို့ရတယ်၊ ကောင်းကောင်းနေနိုင်တယ်။ ညီမလေးလိုချင်တာကို ဝယ်နိုင်တယ်"


ကျန်းကျင်းက ထပ်မေးသည်။ "ညီမတို့ မိသားစုကော ချမ်းသာတဲ့ဘဝမှာ နေနိုင်မှာလား"


ကျန်းဟွေ့က သူမခေါင်းကို ညင်သာစွာကိုင်လိုက်ပြီး "အစ်မတို့အတူတူ အလုပ်လုပ်နေသရွေ့ အစ်မတို့မိသားစုက ချမ်းသာလာလိမ့်မယ်"လို့ တိုးတိုးလေး ပြန်ဖြေသည်။ 


ကျန်းကျင်းက သူမ့အစ်မကို လှမ်းကြည့်ရင်း "အစ်မကို ညီမလေး ယုံတယ်။"


ကျန်းဟွေ့က သူမကို "ဟုတ်တယ်  အစ်မတို့ သေချာပေါက်လုပ်နိုင်မှာ"


ညီမနှစ်ယောင်လုံးရဲ့ အပြုံးနဲ့တူတဲ့ လှပတဲ့မျက်နှာမှာ မျှော်လင့်ချက်တွေ ပြည့်နေသည်။ အိမ်ပြန်ရောက်တော့ ကျန်းဟွေ့နဲ့ ကျန်းကျင်း ညီမနှစ်ယောက်လုံးက တစ်ကိုယ်လုံး ချွေးတွေစိုရွဲနေပြီး မသက်မသာဖြစ်နေသည်။ 


ညီမတွေက အဝတ်အစားအမြန်လဲပြီး ကျန်းဟွေ့က ရေဆေးပြီး တံခါးနားက အဝတ်လှန်းတဲ့နေရာပေါ်မှာ တင်ထားသည်။ 


သူမအလုပ်ပြီးတဲ့အခါ ကျန်းကျင်းက "အစ်မ နောက်ထပ်မုန့်ပေါင်းလုပ်ချင်လား"လို့ မေးသည်။ ကျန်းဟွေ့က ခေါင်းခါလိုက်ပြီး "ဒီနေ့ မလုပ်ဘူး၊ မနက်ဖြန် မနက်စောစောလုပ်မယ်"


ကျန်းဟွေ့က နောက်ထပ် မုန့်တချို့ကို လုပ်ရန် စီစဉ်ထားသည်။ shiitake မှိုပေါင်မုန့် အပြင် ကြက်သွန်မိတ်နဲ့ ကြက်ဥပေါင်မုန့်ကိုလည်း ပြုလုပ်နိုင်ပြီး နို့ဆီပေါင်မုန့်များကိုလည်း ရေနွေးငွေ့နဲ့ ပြုလုပ်န်ိုင်သည်။


သူမတို့ လယ်ကွင်းထဲမှာ ကြက်သွန်မိတ်‌ရှိပြီး လက်တဆုပ်စာကို လှီးဖြတ်ပြီး ပြန်လာခဲ့သည်။ ကဲ ခဏလောက် အနားယူကြမယ်။


အမေက လက်သမားအဖြစ် အလုပ်သွားပြီး ပိုင်ရှင်က နေ့လယ်စာ ထမင်းကျွေးတဲ့အတွက် ပြန်မလာတော့ဘူး။ ကျန်းဟွေ့က ဝက်စာချက်ပြုတ်ပြီး ဝက်တွေကို ကျွေးကာ သူမ့ညီမကို တစ်ရေးတစ်မော အိပ်ရန် ခေါ်သွားသည်။ 


နိုးလာပြီးနောက် ကျန်းဟွေ့က တက်ကြွလာပြန်သည်။ ညီမလေး အိပ်နေသေးတာကို မြင်တော့ mall ကိုဖွင့်ပြီး  ဒီနေ့ရောင်းရတဲ့ပိုက်ဆံတွေကို mall ထဲထည့်လိုက်သည်။ အကြွေစေ့ 380 ကိုမြင်လိုက်ရတော့ ကျန်းဟွေ့က အရမ်းကျေနပ်သွားသည်။


နေ့တိုင်း အနည်းငယ်တိုးတက်မှုရှိပြီး မကြာခင်မှာ သူမ ခြေလှမ်းကြီးကြီးကို လှမ်း‌နိုင်တော့မည် ဖြစ်သည်။ ကျန်းဟွေ့က သူမအမေကို mall အကြောင်းပြောပြရမလား စဉ်းစားနေသည်။ 


သူမအမေကို မပြောပြရင် ဂျုံမှုန့်နဲ့ ဝက်သားတွေ ဝယ်ဖို့ ပိုက်ဆံရှိတာကို ဘယ်လိုအကြောင်းပြချက် ပေးရမလဲ။ သူမအရင်ဘဝတုန်းက သူမအမေက သူတို့နှစ်ယောက်အတွက်နဲ့ အရာအားလုံးလုပ်ခဲ့ပြီး ဖျားနာကာသေဆုံးသည်။ ဒီလိုမိခင်ကို မယုံရင် ဘယ်သူကို ယုံရမှာလဲ။


ဒါပေမဲ့ သူမရဲ့အရင်ဘဝ အတွေ့အကြုံအရ လူ့သဘာဝအရ စမ်းသပ်မှုများကို ခံနိုင်ရေ မရှိကြောင်း သိခဲ့ရသည်။ ဆွေမျိုးများစွာသည် ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းခြင်းကို မျှဝေခံစားနိုင်သော်လည်း စည်းစိမ်ဥစ္စာကို မမျှဝေနိုင်ပေ။


သူမအမေနဲ့ ညီမကို စမ်းသပ်ဖို့ ဒီ mall ကို မသုံးချင်ဘူး၊ ဒါကြောင့် သူမကို တစ်ကိုယ်ကောင်းဆန်သူ အဖြစ်သာ ဆက်ဆံပါ။ အချိန်တော်တော်များများ စဉ်းစားပြီးတဲ့နောက်မှာ ကျန်း‌ဟွေ့က ဒီလျှို့ဝှက်ချက်ကို သူမကိုယ်တိုင် သိမ်းထားရန် ဆုံးဖြတ်ခဲ့သည်။


ဒီအရာတွေနဲ့ ပတ်သက်၍ ကျန်းဟွေ့က အတန်းဖော် လီမိန်တင်း ထံမှ ငွေများ ချေးယူထားသည်ဟု အကြောင်းပြချက် အဖြစ် အသုံးပြုခဲ့သည်။ 


လီမိန်တင်းရဲ့ မိသားစုနောက်ခံက အလွန်ကောင်းမွန်သည်။ သူ့အဖေက တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူမကို မကြာခဏ မုန့်ဖိုးပေးတတ်သည်။ သူမက လီမိန်တင်းကို အကြောင်းပြချက်အဖြစ် အသုံးပြုကာ သူမအမေက ယုံကြည်လိမ့်မည်။ 


ကျန်းဟွေ့က တုံ့ပြန်မှုအကြောင်း စဉ်းစားပြီးနောက် မီးဖိုချောင်သို့ သွားကာ မနက်ဖြန်အတွက် ဂျုံမှုန့်၊ ကြက်ဥ၊ shiitake မှိုနဲ့ ပါဝင်ပစ္စည်းများကို စတင်ဝယ်ယူခဲ့သည်။ 


ဝက်သားကို ကြိုဝယ်လို့မရဘူး။ ဩဂုတ်လသည် အပူဆုံးအချိန်ဖြစ်သည်။ ကြိုဝယ်ထားရင် မနက်ဖြန် မနက်မှာ လတ်ဆတ်နေမှာ မဟုတ်ဘူး။ ပစ္စည်းတွေ ဝယ်ပြီးတာနဲ့ ကျန်းဟွေ့က သူမညီမကို အိမ်စောင့်ဖို့ နိုးလိုက်ပြီး ဟင်းသီးဟင်းရွက်တောင်းယူကာ ကြက်သွန်မြိတ်ခူးဖို့ သီးသန့်မြေကွက် ကို သွားခဲ့သည်။


သူမရဲ့ လက်ရာကို မ်ိခင်ဖြစ်သူကို ဆွဲဆောင်နိုင်ဖို့ ကျန်းဟွေ့က ညစာကို ကြက်သွန်မြိတ်နဲ့ ကြက်ဥ ခေါက်ဆွဲ တချို့ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး သူမရဲ့ လက်ရာကို မြည့်စမ်းစေနိုင်ခဲ့သည်။ 


ရဲ့နင်းရှန်က သူမရဲ့ တစ်နေ့တာအလုပ် ပြီးမြောက်‌ပြီး အိမ်သို့ ပင်ပန်းနွမ်းနယ်စွာ အိမ်သို့ ပြန်လာသည်။ ကျန်းဟွေ့က ပေါင်မုန့်နဲ့ ပင်လယ်ရေမှော် ကြက်ဥပြုတ် ဟင်းရည်တစ်အိုးကို ချက်ပြီး သူမညစာစားရန် စောင့်နေသည်။


ရဲ့နင်းရှန်က သမီး စားပွဲပေါ်သို့ ယူလာပေးသော ပေါင်မုန့်နဲ့ ပင်လယ်ရေမှော် ကြက်ဥပြုတ်ကို ကြည့်လိုက်ရာ သမီးဖြစ်သူရဲ့ ဂရုစိုက်မှုနဲ့ နားလည်မှုကို ခံစားလိုက်ပြီး ပင်ပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားသည်။ 


ဒါပေမဲ့ သူမစိတ်ထဲ သံသယတွေ ရှိနေတုန်း "ဟွေ့ဟွေ့  ဂျုံမှုန့်နဲ့ ပင်လယ်ရေမှော် ဝယ်ဖို့ ပိုက်ဆံ ဘယ်ကရတာလဲ။"


ကြက်ဥကို အိမ်မှာရနိုင်သည်။ သူမ့မိသားစုတွင် ကြက်ပေါင်း တစ်ဒါဇင်ကျော်ရှိပြီး ရှစ်ကောင်မှာ ကြက်မများဖြစ်ပြီး နေတိုင်း ဥအနည်းငယ် ရနိုင်သည်။ ရဲ့နင်းရှန်သည် ကြက်ဥနဲ့ ပတ်သက်၍ သံသယမရှိပေ။ ဒါပေမဲ့ ဂျုံမှုန့်နဲ့ ပင်လယ်ရေမှော်ကို ပိုက်ဆံနဲ့ ဝယ်ရမယ်။ သူမ သမီးကို ပိုက်ဆံမပေးခဲ့ဘူး။ သူမ ဘယ်လိုဝယ်ခဲ့တာလဲ။ 


သူမ့သမီး လမ်းမှားရောက်မှာ စိုးလို့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မေးရမယ်။ ကျန်းဟွေ့က "အမေ လီမိန်တင်နဲ့ တခြားအတန်းဖော်တွေ ဆီကနေ မုန့်လုပ်ရောင်းဖို့ ယွမ် 20 ချေးခဲ့တာ"


ရဲ့နင်းရှန်က မျက်မှောင်ကြုတ်ပြီး "မုန့်လုပ်ရောင်းတာက အလုပ်ဖြစ်ပေါ့မလား "


ကျန်းဟွေ့က ချက်ချင်းဘဲ ပေါင်မုန့်ကို ယူပြီး ရဲ့နင်းရှန်ရဲဘ ပန်းကန်ထဲ ထည့်ကာ "အမေ ပေါင်မုန့်ကို အရသာရှိမရှိ အရင် စမ်းစားကြည့် ။ စားပြီးမှ စကားပြောလဲရတယ်လေ"


ရဲ့နင်းရှန်က သမီးကြီးကို ကြည့်လိုက်ပြီးနောက် သူမဘေးတွင် တိတ်တဆိတ် ရယ်မောနေတဲ့ သမီးငယ်ကို ကြည့်လိုက်သည်။ ညီမနှစ်ယောက်က သူမကို တစ်ခုခု ဖုံးကွယ်ထားတယ်လို့ ခံစားရသည်။ 


သူမ‌နောက်ထပ်  စကားမပြောတော့ဘဲ ပေါင်မုန့်ကို စားကြည့်လိုက်သည်။ တစ်ကိုက်စားပြီးတာနဲ့ သူမ အနည်းငယ် ထိတ်လန့်သွားသည်။ "ဟွေ့ဟွေ့၊ သမီး ဒီပေါင်မုန့်ကို တကယ်လုပ်ခဲ့တာလား။ ဘယ်တုန်းက သင်ခဲ့တာလဲ။ အရသာရှိအောင် ဘယ်လိုလုပ်တာလဲ။"


ရဲ့နင်းရှန်က အကြီးဆုံး သမီးဖြစ်သူက မည်မျှဉာဏ်ထက်မြတ်သည်ကို သိပြီး ခနလေးနဲ့ လုပ်တတ်သွားတာကို လည်းသိသည်။ 


ဒါပေမဲ့ များသောအားဖြင့် တောင်ဘက်တွင် ထမင်းစားကြပြီး လူအနည်းငယ်သာ ပေါင်မုန့်စားကြပြီး လုပ်နည်းကိုပင် လူသိနည်းလှသည်။ 


ကျန်းဟွေ့က ဒီလောက်ကောင်းတဲ့ အရည်အချင်းကို ဘယ်မှာသင်ယူခဲ့တာလဲ။ သူမသိချင်တယ်။


ကျန်းဟွေ့က ပြုံးပြီး "အမေ တခြားသူလုပ်တာကို တခါမြင်ဖူးတာမလို့ ကိုယ်တိုင်လုပ်ကြည့်တာပါ။ အရသာရှိလိမ့်လို့ မမျှော်လင့်ထားဘူး။ အရည်အချင်းရှိလို့ ဖြစ်မယ်"


ရဲ့နင်းရှန်က ကျန်းဟွေ့ရဲ့ စကားကို သံသယမရှိခဲ့ပေ။ ကျန်းဟွေ့က သူမအား ခြောက်နှစ်သားအရွယ်ကတည်းက ချက်ပြုတ်ခြင်းနဲ့ အိမ်မှုကိစ္စများကို ကူညီဆောင်ရွက်ပေးခဲ့သည်။


ထိုအချိန်တွင် အသက်ခြောက်နှစ်သာ ရှိသေးတဲ့ ကျန်းဟွေ့က မီးဖိုလောက် အရပ်မရှည်သေးဘဲ ခွေးခြေပေါ်တွင် ရပ်ကာ အသီးအရွက်များကို ခက်ခက်ခဲခဲ ကြော်နေတာကို ရဲ့နင်းရှန်က မှတ်မိနေသေးသည်။


သူမကို စိတ်ဆင်းရဲစေပြီး ပျော်ရွှင်စေတဲ့ ထိုမြင်ကွင်းက သူမစိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားပြီး မေ့ဖိုခက်သည်။


ကျန်းဟွေ့က ငယ်စဉ်ကတည်းက အလွန်လွတ်လပ်ပြီး အရာအားလုံးနီးပါးကို နှလုံးသားဖြင့် သင်ယူလိုစိတ် ရှိသူဖြစ်သည်။ ရဲ့နင်းရှန်က သူမ့သမီး အနာဂတ်မှာ သေချာပေါက် အောင်မြင်မည်ဟု အမြဲအမြဲလိုလို ခံစားရသည်။ 


ပေါင်မုန့်များကို စားပြီး လတ်ဆတ်ချိုမြိန်တဲ့  ပင်လယ်ရေမှော်ဟင်းရည် တစ်ပန်းကန်ကို သောက်ပြီး သဘောမတူတဲ့ စကားကို ရဲ့နင်းရှန် မပြောတော့ပေ။


သမီးရဲ့ လက်ရာက အရမ်းကောင်းလွန်းလို့ စားရတာကို စွဲလန်းသွားသည်။ တခြားသူများလည်း အလားတူတုံ့ပြန်လိမ့်မယ်။ 


သူမ့သမီးက အရမ်းဉာဏ်ကောင်းပြီး အလုပ်ကြိုးစားကာ ငွေရှာချင်တဲ့သူ ဖြစ်သည်။ ရဲ့နင်းရှန်က တခြားဘာများပြောနိုင်မှာလဲ သူမ့ကို ခွန်အားအပြည့်ဖြင် ပံ့ပိုးနိုင်ရုံဘဲ တတ်နိုင်သည်။


သူမ့မိခင်ရဲ့ ပံ့ပိုးမှုဖြင့် ကျန်းဟွေ့က အင်အား‌တွေ ပြည့်ဝလာသည်။