Ch 5
Viewers 4k

Ch 5


နောက်တနေ့ နံနက်ငါးနာရီတွင် ကျန်းဟွေ့ အိပ်ရာထသည်။


သူမက သော့ကို တိတ်တိတ်ဆိတ်ဆိတ်ယူကာ မီးဖိုချောင်တံခါးကို ဖွင့်ပြီး လတ်ဆတ်တဲ့အသားနဲ့ ဝက်သားကို Mall မှဝယ်လိုက်သည်။


အသားများ ခုတ်ထစ်သံကြောင့် သူမ့အမေနဲ့ ညီမလေး နိုးလာမှာကို သူမကြောက်သည်။ နောက်ပိုင်း မျိုးဆက်တွေဆီက အသားကြိတ်စက်ရှိရင် ပိုအဆင်ပြေပြီး တခြားသူတွေကို မနှောက်ယှက်ဘဲ မြန်မြန်ဆန်ဆန်နဲ့ ထိရောက်မှုလဲ အများကြီး တိုးတက်လာနိုင်မယ်လို့ သူမတွေးသည်။


သူမ့ဆန္ဒကို အကောင်အထည်ဖော်နိုင်ဖို့ ငွေအများကြီးရှာရမယ်။


အနာဂတ်တွင် စားသောက်ကုန်လုပ်ငန်းက အလွန်ကောင်းမွန်ပါက စားသောက်ကုန်များ ထုတ်လုပ်ရန် စက်ရုံတစ်ခုဖွင့်ဖို့ စဉ်းစားမည်။


ဒါပေမဲ့ သူမဘယ်လောက်ဘဲ တွေးနေ၊ ဘယ်လောက်ဘဲ ကောင်းနေ အသားတွေကို ကိုယ်တိုင်ခုတ်ထစ်ပြီး မုန့်လုပ်ရမည်။


စောနေသေးတယ်ဟု ထင်ကာ ကျန်းဟွေ့က ကြက်သွန်မြိတ်နဲ့ ကြက်ဥများဖြင့် ပေါင်းထားသော ပေါင်မုန့်ကို ပထမဆုံးချက်ကာ နို့အရသာနဲ့ ပေါင်းထားသော ပေါင်မုန့်ကို ပြုလုပ်သည်။ ဒီနှစ်မျိုးက ပါးပါးလှီးထားတဲ့ အသားဆော့စ် မလိုဘူး၊ ဒါကြောင့် သူမအမေနဲ့ ညီမလေး အနှောက်အယှက်ဖြစ်မှာ မကြောက်ဘူး။


နောက်တစ်နာရီကြာတော့ ကြန်သွန်မြိတ်ပေါင်မုန့် တစ်အိုးနဲ့ နို့ပေါင်မုန့် တစ်အိုး ရပြီး။


ကျန်း‌ဟွေ့က အသားကို စတင်လှီးဖြတ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း အသားလှီးသံက ရဲ့နင်းရှန်ကို နိုးလာစေသည်။


ရဲ့နင်းရှန်က မနေ့က သမီးကြီး ပြောတာကို စဉ်းစားမိပြီး ချက်ချင်းထလိုက်သည်။ မီးဖိုချောင်ထဲ သွားတဲ့အခါ သမီးကြီးက အသားတွေ ဓားနဲ့လှီးနေတာ တွေ့လိုက်ရသည်။


သူမအမေနိုးလာတာ မြင်တော့ ကျန်းဟွေ့က ပြုံးပြီး "အမေ နှောက်ယှက်မိလို့လား "


ရဲ့နင်းရှန်က ခေါင်းခါပြီး "မဟုတ်ဘူး၊ ခြောက်နာရီ ထိုးနေပြီး၊ အမေလည်း ထသင့်ပြီး၊ မျက်နှာသစ် သွားတိုက်ပြီးမှ လာကူမယ်။"


"ဟုတ်ကဲ့"


ကျန်းဟွေ့က အသားကို မြန်မြန်ခုတ်ထစ်လိုက်သည်။ ရဲ့နင်းရှန်က ဆေးကြောပြီး သူမနဲ့ မုန့်လုပ်ရန် လာခဲ့သည်။


ကျန်းဟွေ့ရဲ့ မုန့်တစ်လုံးစီက အသားများစွာဖြင့် ပြည့်ကျပ်နေတာကို ရဲ့နင်းရှန် မြင်ပြီး နာကျင်စွာနဲ့ "ဟွေ့ဟွေ့ ဈေးက မုန့်တွေမှာ သမီးလုပ်သလောက် အသားတွေအများကြီး ထည့်မယ်မထင်ဘူး။ အသားအရမ်းများတယ်၊ ပိုက်ဆံဆုံးရှုံးလိမ့်မယ်။"


ကျန်းဟွေ့က "အမေ သမီးတို့ မဆုံးရှုံးပါဘူး။ အများစုက နည်းနည်းဘဲ ထည့်လိမ့်မယ်။ ရေရှည်စီးပွားရေး လုပ်ချင်ရင် သမီးတို့က ပစ္စည်း အစစ်အမှန်ကို သုံးရမယ်။ စဉ်းစားကြည့် တခြားသူတွေက သမီးတို့ကို ယုံပြီး ပစ္စည်းတွေ ဆက်ဝယ်နေလိမ့်မယ်။"


"လိမ်လည်လှည့်စားတဲ့ လုပ်ငန်းရှင်ကို တစ်ချက်ကြည့်ကြည့် တစ်ကြိမ်ဝယ်ပြီး တစ်ခုခုမှားနေတာ ‌တွေ့မှာပြီး နောက်တခါ ထပ်မဝယ်မှာ သေချာတယ်။ "


ရဲ့နင်းရှန်က ခေါင်းညိတ်ပြီး "သမီး မှန်တယ်။ စီးပွားရေးလုပ်ရင် သမီးမှာ အသိစိတ်ရှိမယ်။ သမီး လိမ်လို့မရဘူး။ ဟုတ်ပြီ၊ ပိုက်ဆံမဆုံးရှုံးဘူးဆို သမီးစိတ်ကြိုက်လုပ်နိုင်တယ်။"


ရဲ့နင်းရှန်က မူလက သွက်လက်တဲ့လူ ဖြစ်‌သည်။ သူမ အိမ်ထောင်ပြုပြီး နှစ်တွေကြာလာတာနဲ့အမျှ ဘဝရဲ့ အခက်အခဲတွေက လှပတဲ့အမျိုးသမီးကို ပိန်ပိန်ပါးပါးနဲ့ နွမ်းနယ်တဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် အဖြစ် ပြောင်းလဲစေခဲ့သည်။


ရဲ့နင်းရှန်က သူမရဲ့မိသားစုနဲ့ ရှိနေစဉ် ကောင်းမွန်တဲ့ ဘဝတစ်ခု ပိုင်ဆိုင်ခဲ့သည်။ သူမရဲ့အဖေက ကျောက်မီးသွေးတွင်းရဲ့ ခေါင်းဆောင်ငယ်ဖြစ်ပြီး အမေကတော့ ရွာမှာရှိတဲ့ အမျိုးသမီးအဖွဲချုပ်ရဲ့ ဒါရိုက်တာပါ။


သူမအထက်မှာ အစ်ကိုတစ်ယောက်နဲ့ အစ်မတစ်ယောက်ရှိပြီး သူမအောက်တွင် မောင်လေးတစ်ယောက်ရှိကာ သူမက တတိယမြောက်ဖြစ်သည်။


အစ်ကိုအကြီးဆုံးက စစ်ထဲဝင်ပြီး အလုပ်ရာထူးတိုးသည်။ အလုပ်ပြောင်းပြီးနောက် ခရိုင်မြို့တော်ရှိ ရဲစခန်းတွင် တာဝန်ကျပြီး သူရဲ့ ယောက္ခမမှာလည်း ပြပြည်နယ်မြို့တော်မှ ဖြစ်သည်။ 


ဒုတိယအစ်မက မြို့မှာ အိမ်ထောင်ကျပြီး ခင်ပွန်းဖြစ်သူရဲ့ မိသားစုမှတစ်ဆင့် မြို့ထဲရှိ သူငယ်တန်းကျောင်းတွင် ဆရာမအဖြစ် လုပ်ကိုင်သည်။


မောင်လေးက အထက်တန်းကျောင်းပြီးတဲ့အခါ အဖေရဲ့က ငွေအမြောက်အမြားသုံးပြီး မြို့ရှိ စက်ယန္တရားစက်ရုံတွင် အလုပ်ဝင်စေခဲ့သည်။


ဒီနှစ်တွေမှာ ကံကောင်းထောက်မစွာဖြင့် သူမရဲ့မိသားစုက ရဲ့နင်းရှန်ကို ထောက်ပံ့ငွေများပေးနေခဲ့သည်။ ဒီလိုမှမဟုတ်ရင် ရဲ့နင်းရှန်ရဲ့ ဘဝသည် ပို၍ပင် ခက်ခဲလာလိမ့်မည်။ 


ကျန်းဟွေ့က အဘိုး၊အဘွား၊ ဦးလေးနဲ့ ဒေါ်လေးတို့ကြားက ခင်မင်မှုကို အမြဲအမှတ်ရနေသည်။


အဖေ့ဘက် ဆွေမျိုးတွေ၊ အဘိုးနဲ့ ဝမ်းကွဲ‌တွေက ပိုပြီး တစ်ကိုယ်ကောင်းဆန်သည်။ တခြားဦးလေးတွေ နဲ့ အဒေါ်တွေက သဘောမကျဘူး။ သူမတို့မိသားစုက အခက်အခဲတွေကို ကူညီချင်စိတ်မရှိဘူး။


ရဲ့နင်းရှန်က ပိုက်ဆံချေးချင်တဲ့အခါ  သူမဝမ်းကွဲတွေဆီက ချေးတာ ဒါမှမဟုတ် လက်သမားအဖြစ်လုပ်ကိုင်တဲ့ ကန်ထရိုက်တာဆီ သွားပြီး လုပ်အားနဲ့ အကြွေးဆပ်တာ ဒါမှမဟုတ် ဝက်ရောင်းပြီး ငွေပြန်ဆပ်သည်။


ဒီခေတ်တွင် အမျိုးသမီးတွေက မိသားစုကို ကိုယ်တိုင်ထောက်ပံ့ဖို့ တကယ်ခက်ခဲသည်။ တခြားသူများကို ချေးရင် မချေးပေးတာက သင့်လျော်ပါသည်။


ကျန်းဟွေ့က သူတို့ရဲ့ လျစ်လျူရှုမှုအတွက် အပြစ်မတင်ဘဲ အနည်းငယ် အေးစက်နေခဲ့သည်။ ဒါပေမဲ့ သူမက Feng Shui လည်ပတ်မှု နိယာမကို အမြဲယုံကြည်ထားပြီး အလုပ်ကြိုးစားချင်စိတ်ရှိသရွေ့ တစ်နေ့မှာ အောင်မြင်မှာပါ။ 


အခု ငါ့ကို လျစ်လျူရှုထားရင် အနာဂတ်မှာ မင်းကို နွေးနွေးထွေးထွေး ဆက်ဆံဖို့ မမျှော်လင့်နဲ့။


အရင်ဘဝက သူမချမ်းသာလာတဲ့အခါ ထိုအမျိုးတွေက သူမအား ငွေချေး‌စေရန် အမျိုးမျိုးသော ကျေးဇူးများနဲ့ တောင်းခံရန် သူမရဲ့တံခါးသို့ သတ္တိရှိရှိ ရောက်ရှိလာသည်။


ကျန်းဟွေ့က အဲ့ဒီတုန်းက သူတို့ကို တိုက်ရိုက်ပြန်ပြောခဲ့သည်။ "ဒေါ်လေးနဲ့ ဦးလေးတို့ သမီးမိသားစု ဒုက္ခရောက်တုန်းက အားလုံးကို ခခယယ‌ တောင်းပန်ခဲ့ပင်မဲ့ အားလုံးက ငြင်းဆန်ခဲ့တယ်လေ။ ဒီတော့ ဒုက္ခရောက်နေရင် ကျမဆီမလာနဲ့ တောင်းပန်ပါတယ်။" သူတို့အားလုံး ပြောစရာ စကားမဲ့သွားသည်။


နောက်ပိုင်း ရွာမှာ ကောလဟာလတွေ ရှိပေမဲ့ ချမ်းသာချိန်မှာ မျက်နှာလှည့်ပြီး လူတွေကို ငြင်းတယ်လို့၊ သူမမျက်လုံးထဲမှာ ဆွေမျိုးမိတ်ဆွေ မရှိဘူးလို့ ပြောကြသည်။ 


ဒါပေမဲ့ ကျန်း‌ဟွေ့က Peng Cheng တွင် အခြေချနေထိုင်ခဲ့ပြီး သူမက သူတို့ပြောတာကို ဂရုမစိုက်ပေ။ 


ကျန်းဟွေ့ရဲ့ နိယာမမှာ ကျွန်ုပ် နှိမ်ချနေချိန်၌ ကျွန်ုပ်အား ကူညီပေးသောသူအား ကျွန်ုပ် အဆင်ပြေချိန်တွင် ပြန်၍ သင့်ရဲ့ ကျေးဇူးကို ဆပ်ပါမည်။ ဒါပေမဲ့ ကျွန်ုပ်ကို ဆိုးဆိုးဝါးဝါး ဆက်ဆံရင် မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ မမျှော်လင့်ပါနဲ့ ။


"သူတစ်ပါးကို မုန်းတီးပြီး ရယ်မောခြင်း" ဟူသောရွာတွင် လူဆိုးများစွာ ရှိနေသောကြောင့် ကျန်းဟွေ့က အစပိုင်းတွင် နိမ့်ကျသောပုံစံဖြင့် ဖွံဖြိုးလာခဲ့သည်။


ရဲ့နင်းရှန်က သူမ မုန့်တစ်ခုထုပ်နေချိန်တွင် ကျန်းဟွေ့က မုန့်များစွာထုပ်ပြီးနေပြီးကို မြင်ပြီး အံ့ဩခြင်းမရှိဘဲ "ဟွေ့ဟွေ့  သမီးတကယ် လုပ်နိုင်နေပြီ။ အမေ့ကို ဒုက္ခအများကြီးကနေ ကယ်တင်လိုက်ပြီ။"


ကျန်းဟွေ့က သူမကို နှစ်သိမ့်ပြီး "အမေ မနေ့က သမီးမုန့် 20 ကျော်လုပ်ပြီး ရောင်းလိုက်တာ 2 ယွမ်နီးပါးရခဲ့တာ" 


သူမက 4 ယွမ်ထက်ပိုရသည်ဟု မပြောရဲဘဲ Mall ရဲ့ အဆင်ပြေမှုကို အခွင့်ကောင်းယူပြီး အပြင်လောကကို သည်းမခံနိုင်ပေ။ လူတွေက အရမ်းစပ်စုတယ်။


သူမ ဆက်လက်ပြောပြသည်။ "‌ဒီနေ့ နည်းနည်းပိုလုပ်ရင် ယွမ် 20 လောက် ရနိုင်မယ်။ နေ့တိုင်း ဒီလောက်များများရရင် ညီမလေး ကျူရှင်ခအတွက် စိတ်ပူစရာ မလိုတော့ဘူး။"


ရဲ့နင်းရှန်က အံ့အားသင့်သွားပြီး "တကယ် ဟုတ်လို့လား။ တနေ့ကို အဲ့လောက် ရနိုင်ပေါ့မလား"


ကျန်းဟွေ့က ပြုံးရင် ခေါင်းညိတ်ပြီး "ဟုတ်တယ်အမေ၊ ဒီလုပ်ငန်းကို လျော့မတွက်နဲ့ လက်ရာကောင်းနေသရွေ့ လက်ဖက်ကြက်ဥ ရောင်းတဲ့ ကိစ္စကို ရနိုင်တယ်။"


ရဲ့နင်းရှန်က ပြုံးပြီး "ဘာဖြစ်တာလဲ။ လက်ဖက်ကြက်ဥ ရောင်းတာ ချမ်းသာတယ်ဆို၊ လူတိုင်းမရောင်းပါဘူး။"


ကျန်းဟွေ့က ရဲ့နင်းရှန်ကို ဟာသမလုပ်ခဲ့ပေ။


1990 ပြည့်လွန်နှစ်များတွင် အရင်ဘဝက သိပ္ပံသုတေသနတွင် ပါဝင်သူများသည် လက်ဖက်ကြက်ဥရောင်းသူများလောက် မကောင်းကြောင်း လူကြိုက်များသော စကားတစ်ခုရှိခဲ့သည်။ 


1980 နဲ့ 1990 ခုနှစ်များတွင် အလုပ်အကိုင်ရှာဖွေရန် ခက်ခဲခြင်း၊ လုပ်ခနည်းခြင်း၊ နောက်ပိုင်းတွင် အဆင်မပြေတော့ခြင်း။ လုပ်ငန်းက အမြတ်အစွန်း ရတာကို မြင်တော့ အစိုးရ အရာရှိ တော်တော်များများ နှုတ်ထွက်ပြီး ပင်လယ်ထဲသွားကြသည်။


1990 ပြည့်လွန်နှစ်တွေမှာ စီးပွားရေးလုပ်တဲ့သူတွေက လေပေါ်မှာရပ်နေတဲ့ ဝက်တွေနဲ့တူသည်။ ဘယ်သူမဆို ပျံသန်းနိုင်တယ်လို့ တချို့က ပြောကြသည်။


တကယ်တော့ မဟုတ်ဘူး။ 1990 ပြည့်လွန်နှစ်တွေမှာ လူတော်တော်များများက သူတို့ရဲ့ အမြင်၊ ပုံစံနဲ့ ကံကြမ္မာကြောင့် စီးပွားရေးမှာ ငွေဆုံးရှုံးနေတုန်းပါဘဲ။


ဒါပေမဲ့ ‌ပြောရလျှင် တိုင်းပြည်သည် 1990 ပြည့်လွန်နှစ်များတွင် စတင်ဖွံ့ဖြိုးလာခဲ့ပြီး စီးပွားရေးလုပ်ငန်း အောင်မြင်မှုနှုန်းသည် ပိုမိုမြင့်မားလာမည်မှာ သေချာပါသည်။ ဦးနှောက်နည်းနည်း၊ အ‌မြော်အမြင်နည်းနည်းနဲ့ ကံကောင်းမှု နည်းနည်း ရှိတဲ့သူတွေက ငွေအများကြီး ရှာနိုင်သည်။


တချို့သော အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံရန် အမြော်အမြင်ရှိလျှင် လူများစွာသည် နောက်ပိုင်းတွင် စင်းလုံးငှား ငှားသူများ ဖြစ်လာကြပြီး အိမ်တွင်ထိုင်ကာ ကောင်းမွန်တဲ့ဘဝနဲ့ ငှားရန်ခများ စုဆောင်းပြီး‌နေထိုင်နိုင်သည်။


သူမရဲ့ အရင်ဘဝမှာ အလုပ်စောစောထွက်လုပ်ခဲ့သော်လည်း အရင်းအနှီးနဲ့ အဆက်အစပ်မရှိသဖြင့် Peng Cheng တွင် အနှစ် 20 သို့မဟုတ် 30 ကြာ ရုန်းကန်ကာ ခြေလှမ်းတစ်လှမ်းပြီး တစ်လှမ်း တတ်လှမ်းကာ သူမရဲ့ အလုပ်အောင်မြင်ခဲ့သည်။


Mall ရဲ့ ကောင်းချီးများနဲ့အတူ အရင်ဘဝထက် ထက်မြတ်ပြီး ကြွယ်ဝသော လုပ်ငန်းအတွေ့အကြုံနှင့်အတူ သူမလုပ်သမျှ အရာအားလုံးက ပိုမိုချောမွေ့လာမည် ဖြစ်သည်။


ကြိုးစားအားထုတ်ပြီး သတ္တိရှိရှိ ရှေ့ကိုဆက်လျှောက်နေသရွေ့ လှပတဲ့နေ့ရက်တွေ့က စောင့်ကြိုနေသည်။


သားအမိနှစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုဖြင့် မှိုနဲ့ အသားတုံးများကို အလျင်အမြန်ပြုလုပ်ပြီး ကြော်ရန်အတွက် ခြင်းထောင်းထဲ ထည့်ထားသည်။


ကျန်းဟွေ့က ကြက်သွန်မြိတ်နဲ့ နို့အရသာရှိသော ပေါင်မုန့်ကို သေတ္တာထဲ အရင်ထည့်လိုက်သည်။


သူမက ရဲ့နင်းရှန်ကို "အမေ ဒီနေ့ အလုပ်သွားမှာလား"


ရဲ့နင်းရှန်က ခေါင်းခါလိုက်ပြီး "မသွားဘူး။ ကန်ထရိုက်တာက ဒီနေ့ လူများများ မလိုဘူးလို့ ပြောတယ်၊ လိုအပ်ရင် လာခေါ်မယ်‌ပြောတယ်"


အရင်တုန်းက ရဲ့နင်းရှန်က လက်သမား အလုပ်မရှိရင် ထပ်ပြီး စိုးရိမ်ရလိမ့်မယ်။


ဒါပေမဲ့ ငွေရှာနည်း အသစ်တစ်ခုရှိတော့ ကျန်းဟွေ့က "အမေ အဲ့ဒီကို သွားစရာမလိုရင် ကောင်းပါတယ်။ အိမ်မှာနေပြီး မုန့်လုပ်ဖို့ ကူညီပေးပါလား"


"ဒီနေ့ ပေါင်မုန့် 150 လုပ်ထားတယ်။ ရောင်းကောင်းမလား ကြည့်ရအောင်။ ရောင်းကောင်းရင် နောက်ထပ်လုပ်ပြီး နေ့ခင်းမှာ သွားရောင်းမယ်"


"အလုပ်က ပင်ပန်းပင်‌မဲ့ ငွေအမြန်‌ဝင်တယ်။ စီးပွားရေး တည်ငြိမ်တဲ့အခါ Jiang Cheng  အမှတ် 1 အထက်တန်းကျောင်းနားမှာ အိမ်ငှားလိုက်မယ်။ ဆိုင်က ပေါင်မုန့်နဲ့ Lo mei ရောင်းတဲ့အတွက် စိတ်ပူစရာ မလိုဘူး။ အနာဂတ်မှာ နေထိုင်ရေးတွက် ပြဿနာ နည်းနည်းရှိတယ်။"


ရဲ့နင်းရှန်က ထက်မြတ်စွာပြောနေသော သမီးကြီးကို ကြည့်လိုက်ရာ သူမ့သမီးသည် အခုအချိန်တွင် မိသားစုရဲ့ အဓိကလူဖြစ်လာကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ 


သူမ့သမီး လုပ်နေတဲ့ မုန့်ကြောင့် သူမ တုန့်လှုပ်သွားသည်။ ဒီတိုင်းတာ ဆက်သွားနေပါက သူမသမီး ပြောသမျှ အမှန်ဖြစ်မှာ ယုံကြည့်သည်။


သူမက မှန်ကန်တဲ့လူကို လက်ထပ်ခဲ့ခြင်း မဟုတ်သော်လည်း သမီးကောင်းတစ်ဦးကို မွေးဖွားခဲ့သည်။ ရဲ့နင်းရှန်ရဲ့ မျက်လုံးများက အနည်းငယ် နီနေပြီး "ကောင်းပြီ အမေနားထောင်ပါမယ်" ဟု စိတ်လှုပ်ရှားစွာ ပြောသည်။


သူမအမေရဲ့ ထိတ်လန့်တုန်လှုပ်နေသည့် အကြည်ကို မြင်သောအခါ ကျန်းဟွေ့က သူမလက်ကို ကိုင်ပြီး "အမေ စိတ်မပူပါနဲ့ သမီးတို့မိသားစု ပိုကောင်းလာမယ်လို့ သမီး ကတိပေးတယ်"


ရဲ့နင်းရှန်က အားတတ်သရော ခေါင်းညိတ်လိုက်ပြီး "အင်း အမေ သမီးကို ယုံတယ်" 


ကျန်းဟွေ့က ရဲ့နင်းရှန်ရဲ့ စကားကို ကြားပြီး ညီမဖြစ်သူရဲ့ ယုံကြည်သည့် မျက်နှာကို မြင်တဲ့အခါ  စိတ်လှုပ်ရှားလာသည်။


သူမတွင် ဖခင်ကောင်း မရှိသော်လည်း မိခင်ကောင်းနဲ့ ညီမကောင်း တစ်ယောက်ရှိသည်။


သူမတို့ သုံးယောက် မိသားစု ထာဝရ ရှင်သန်နိုင်မယ် လို့ မျှော်လင့်သည်။ အနာဂတ်မှာ ပိုက်ဆံရှိရင်တောင် မူလရည်ရွယ်ချက်ကို ထိန်းသိမ်းနိုင်မယ်လို့ ယုံကြည်သည်။


သူမ‌အဖေအတွက်ကတော့ ကျန်းဟွေ့က သူ့ကို အစီအစဉ်ထဲမှာ တကယ်မထည့်ထားပါဘူး။ သူပါဝင်ချင်တယ်ဆိုရင်တောင် ကျန်းဟွေ့က သူကို ပြုပြင်ပြောင်းလဲပြီး မိသားစုကို ထပ်ပြီး မထိခိုက်စေဖို့ တားဆီးဖို့ နည်းလမ်းရှာပါလိမ့်မယ်။


မှိုအသားပေါင်မုန့် ရလာတဲ့အခါ ကျန်းဟွေ့က အမေနဲ့ ညီမ မနက်စာ စားဖို့အတွက် ခြောက်လုံး ချန်ထားလိုက်သည်။ သူမက Shiitake မှိုအသားပေါင်မုန့်ကို သေတ္တာထဲ ထည့်ကာ သေတ္တာတစ်ခုလုံး ပြည့်လျှံသွားသည်။


ကျန်းဟွေ့က ရဲ့နင်းရှန်ကို "အမေ သမီး မုန့်သွားရောင်းတော့မယ်။ အိမ်မှာနေပြီး သတင်းကောင်း စောင့်နေနော်"


ရဲ့နင်းရှန်က သေတ္တာကို စိုက်ကြည့်ကာ "ဟွေ့ဟွေ့  သေတ္တာက ဘာလဲ။ အရမ်းကောင်းတယ် ဘယ်ကလဲ။"


ကျန်းဟွေ့က "မြို့ကဝယ်ခဲ့တာ အမေ သမီးသွားပြီး"


ရဲ့နင်းရှန်က စိုးရိမ်သောကဖြင့် ပြောသည် "ဟွေ့ဟွေ့ အမေ သမီးနဲ့အတူ လိုက်ခဲ့မယ်။ သွားရအောင်"


ကျန်းဟွေ့က ပြုံးပြီး "ရတယ်အမေ သမီးတယောက်ထဲ လုပ်န်ိုင်တယ်။"


ရဲ့နင်းရှန်က သူမကို "ဒါဆို သတိထားနော်။ အန္တရာယ်ဖြစ်ရင် အိမ်မြန်မြန်ပြန်လာ ငွေရှာဖို့ စဉ်းစားမနေနဲ့"


"သိပါပြီး အမေ"


ကျန်းဟွေ့က ရဲ့နင်းရှန်ကို တာတာ့ပြပြီး သူမနောက်ကျောက သေတ္တာနဲ့အတူ ပင်လယ်ရပ်ခြား တရုတ်ရွာသို့ လျှောက်သွားသည်။ 


ကျန်းဟွေ့က ငွေရှာတဲ့အခါ အနာဂတ်တွင် မုန့်ရောင်းရန် လမ်းလျှောက်စရာမလိုတော့ဘဲ အချိန်ကုန်သက်သာပြီး မုန့်ရောင်းချခြင်း စွမ်းရည်ကို မြှင့်တင်ရန် ကိုယ့်ကိုယ်ကိုယ် တွေးခဲ့သည်။


မနက် 7 နာရီ ထိုးပြီး လူတိုင်း မနက်စာပြင်ချိန် ဖြစ်သည်။


သူမ အမြန်လမ်းလျှောက်ရင် လူတော်တော်များများက မနက်စာအတွက် ခေါက်ဆွဲကို ရွေးချယ်ကြပြီး သူမကိုယ်တိုင်လည်း ချက်တတ်လာပါလိမ့်မယ်။


ပင်လယ်ရပ်ခြား တရုတ်ရွာသို့ ရောက်တာနဲ့ ကျန်းဟွေ့က "မုန့်ပေါင်း ရောင်းတယ်။ မွှေးကြိုင်ပြီး အရသာရှိတဲ့ မှိုအသား ပေါင်မုန့်၊ ကြက်သွန်မြိတ် ကြက်ဥ ပေါင်မုန့်၊ နို့အရသာ ပေါင်မုန့် ရတယ်။"


သူမ ထပ်ခါထပ်ခါ အော်ပြီး မကြာခင်မှာ တစ်စုံတစ်ယောက်က အိမ်ထဲက ထွက်လာပြီး လာဝယ်သည်။ 


ဝယ်သူ A "ညီမ မုန့်ခြောက်ခု ထုပ်ပေးပါ။"


ကျန်းဟွေ့က စိတ်အားထက်သန်စွာ ပြုံးပြီး "ကောင်းပြီ။ အစ်မ ဘာမုန့်အမျိုးအစား လိုချင်တာလဲ။ မှိုအသား ပေါင်မုန့် တစ်လုံးကို ဆင့် 20၊ ကြက်သွန်မြိတ် ကြက်ဥ ပေါင်မုန့်နဲ့ နို့အရသာ ပေါင်မုန့် တစ်လုံးဆီက ဆင့် 50 လဲကျတယ်။"


ဝယ်သူ A "မှိုအသား ပေါင်မုန့် ယူမယ်။ မနေ့က လူတော်တော်များများ ဝယ်တယ်။ အရသာရှိတယ်လို့ လူတိုင်းက ပြောကြတယ်။ ဝယ်ပြီး စမ်းကြည့်မလို့။ အရသာရှိလား သိချင်လို့။"


ကျန်းဟွေ့က "အရသာရှိတယ်။ မကောင်းရင် ပိုက်ဆံ ပေးစရာ မလိုဘူး။"


ဝယ်သူ A က ကျယ်လောင်စွာ ရယ်မောပြီး "ဒါဆို ငါကစားပြီး မကောင်းဘူးလို ပြောရင် မင်းက ငါကို ငွေမယူဘူးပေါ့။"


ကျန်းဟွေ့က "အစ်မ စားပြီး အရသာမရှိဘူး ထင်ရင် ပိုက်ဆံ ပြန်အမ်းမှာပါ။ ဒါပေမဲ့ အစ်မ အသေးစိတ်ပြောရမယ်။ ပိုက်ဆံပြန်ရဖို့ အတွက်နဲ့ မပြောရဘူး။"


ထိုအချိန်တွင် မနေ့က မုန့်ဝယ်တဲ့ အဒေါ်တချို့လည်း ဝိုင်းဖွဲကြပြီး အားလုံးက ကျန်းဟွေ့အတွက် စကားပြောပေးကြသည်။


ကျောက်ရှောင်လန်က ‌ကျန်းဟွေ့ရဲ့ စကားကို ပထမဆုံး သံယောင်လိုက်ကာ ဝယ်သူအား "ငါ့ညီမ ပြောတာ မှန်တယ်။ ဝမ်ကွေ့လန် မင်း အဲ့ဒီ ပေါင်မုန့်ကို လောဘကြီးရုံနဲ့ ငါ့ညီမရဲ့ ဂုဏ်သိက္ခာကို မထိစေနဲ့။" 


"မှန်တယ် ဝမ်ကွေ့လန် မင်းအသိစိတ်နဲ့ ပြောရမယ်"


"ဝမ်ကွေ့လန် မနေ့က ငါတို့အားလုံး ညီမလေးရဲ့ မုန့်တွေ ဝယ်ခဲ့တာ အားလုံးက အရသာရှိတယ်လို ထင်တယ်။ ဒီနေ့ ညီမလေးရဲ့ အသံကြားလို့ မြန်မြန်ဝယ်ဖို့လာတာ ကုန်သွားမှာကြောက်လို့။"


"ဟုတ်တယ်။ ငါတို့အားလုံးက အရသာရှိတယ် ထင်တယ်။ ဒါပေမဲ့ မင်းက အရသာမရှိဘူး ပြောရင် ဒါက မင်းရဲ့ပြဿနာဘဲ။"


ဝမ်ကွေ့လန်က သူမကို အော်ငေါက်တဲ့ လူ‌တွေကို မြင်တဲ့အခါ ရှက်ရွံ့စွာနဲ "ကောင်းပြီ။ ငါအခု ချက်ချင်းဝယ်ပြီး အရသာရှိမရှိ စားကြည့်မယ်။"


ကျန်းဟွေ့က အရသာမကောင်းရင် ပိုက်ဆံမယူဘူး ပြောတာကို သူမကြားတဲ့အခါ အရသာရှိရင်တောင် မရှိဘူးပြောဖို့ စိတ်ကူးထားတာ။ မမျှော်လင့်ဘဲ ကျောက်ရှောင်လန်နဲ့ တခြားသူတွေက တွေ့သွားတယ်။ 


သူမက များသောအားဖြင့် သူများဆီကနေ အခွင့်ကောင်းယူလေ့ရှိသည်။ ကျောက်ရှောင်လန်နဲ့ တခြားသူတွေက သူမရဲ့ အကျင့်ကို သိကြပြီး သူမအား ပထုတ်ရန် တမင်တကာ ဒီစကားများကို ပြောကြသည်။ 


ကျန်းဟွေ့က ဝမ်ကွေ့လန် အတွက် မုန့်ခြောက်ခုကို ထုပ်ပိုးပြီး ပေးလိုက်သည်။ ဝမ်ကွေ့လန်က သူမအိတ်ကပ်ထဲက 2 ယွမ်ကို တုံ့ဆိုင်းစွာ ထုတ်ယူကာ တွန့်ဆုတ်နေသော မျက်နှာဖြင့် သူမထံသို့ ပေးလိုက်သည်။


ကျန်းဟွေ့က ပြုံးပြီး လွယ်အိတ်ထဲ ထည့်လိုက်သည်။


ဝမ်ကွေ့လန်က စိတ်ဆိုးပြီး မှိုအသား ပေါင်မုန့်ကို ချက်ချင်းထုတ်ပြီး ကိုက်လိုက်သည်။