Ch 6
ကျောက်ရှောင်လန်နဲ့ တခြားသူတွေက ဝမ်ကွေ့လန်ကို စိတ်ဝင်တစားကြည့်ကြပြီး သူမပြက်လုံးတွေကို ကြည့်ဖို့ ခဏစောင့်လိုက်သည်။
သူမတို့ အားလုံး မှိုအသား ပေါင်မုန့်ကို စားဖူးကြပြီး ဒီမှိုအသား ပေါင်မုန့်က ဘယ်လောက်အရသာရှိပြီး စားကောင်းလဲဆိုတာ အားလုံးသိကြပြီး နောက်တကြိမ် ထပ်စားချင်ကြသည်။
ဝမ်ကွေ့လန်လည်း ခြွင်းချက်မဟုတ်သည်မှာ သေချာသည်။ စားပြီးရင် သေမှာလား၊ ဝန်ခံမှာလား။
ဝမ်ကွေ့လန် တစ်ကိုက်ကိုက်ပြီးနောက် မျက်လုံးများ တောက်ပလာသည်။ စကားမပြောဘဲ ဆက်စားနေသည်။ မှိုပါသော လက်သီးအရွယ် အသားညှပ်အသားညှပ်ပေါင်မုန့်ကို အနည်းငယ်ကိုက်ပြီး သူမဆက်စားနေသည်။
သူမစားပြီးသွားတော့ ဆက်စားချင်နေပြီး မျက်လုံးကို မော့ကြည့်လိုက်တော့ အားလုံးက သူမကို စိုက်ကြည့်နေတယ်ဆိုတာ သိလိုက်ရသည်။
ဝမ်ကွေ့လန်က ရှက်ရွံ့စွာ ပြုံးပြီး "ဘာလို့ ငါ့ကို ကြည့်နေတာလဲ မြန်မြန် မုန့်ဝယ်ကြလေ"
ကျောက်ရှောင်လန်က "ဝမ်ကွေ့လန် ဒီမှိုအသား ပေါင်မုန့်က အရသာရှိလား။"
ဝမ်ကွေ့လန်က ရှက်ရွံ့ပြီး အော်ဟစ်ကာ "အရသာရှိတယ်၊ အရသာရှိတယိ ဟုတ်ပြီးလား"
သူမရဲ့ အဖြေကို ကြားတဲ့အခါ လူတိုင်းက ရယ်ကြသည်။
"မင်းမှာ အသိစိတ်နည်းနည်း ရှိတုန်းဆိုတော့ အဲ့ဒါက အရသာမရှိဘူးလို့ မင်းအတင်းမပြောဘူးဘဲ။"
"ငါပြောမယ် ငါ့ညီမဆီက အရသာရှိတဲ့ မုန့်တွေကို ဘယ်သူမှ မလွတ်နိုင်ဘူး။"
ထိုအချိန်တွင် ကျောက်ရှောာင်လန်က ကျန်းဟွေ့အား "ညီမ မှိုအသား ပေါင်မုန့် 40 ကို အိတ်နှစ်အိတ်ခွဲထည့်ပေး။"
ကျန်းဟွေ့က ပြုံးပြီး "ဟုတ်ကဲ့ အစ်မ၊ အများကြီး ဝယ်တာ သွားလည်မလို့လား။"
ကျောက်ရှောင်လန်က ကျန်းဟွေ့အား တအံ့တဩကြည့်ကာ ပြုံးပြီး "ငါ့ညီမလေးက အရမ်းဉာဏ်ကောင်းတာဘဲ။ ငါဧည့်သည်အဖြစ် သွားမှန်းတောင် ခန့်မှန်းနိုင်တယ်။ ဟုတ်တယ် ဒီနေ့ အမေအိမ်ပြန်မလို့။ ငါ့မိသားစုထဲက အကြီးဆုံးအစ်ကိုတွေက ဟောင်ကောင်ကနေ ပြန်လာကြပြီ။ ညီမ လုပ်ထားတဲ့ မုန့်တွေက အရမ်းအရသာရှိတယ်။ အိမ်ကို ယူသွားပြီး စမ်းကြည့်မလို့။"
ဝမ်ကွေ့လန်က ထိုစကားကို ကြားတဲ့အခါ သူမရဲ့ မျက်နှာက မနာလို မုန်းတီးမှု အပြည့်ဖြင့် ကျောက်ရှောင်လန်အား ထူးထူးခြားခြား ပြောသည်။ "အိုး ကျောက်ရှောင်လန် နင့်အစ်ကိုကြီး ပြန်လာရင် နင်တစ်ဖန်ချမ်းသာတော့မှာ ပေါင်မုန့်ဝယ်ပြီး အရမ်းဂုဏ်ယူစရာ မလိုပါဘူး။"
ကျောက်ရရှောင်လန်က ဒေါသတကြီး နဲ့ ပြန်ပြောသည်။ "ဟုတ်တယ် ငါ့အစ်ကို နှစ်ယောက်က ပြန်လာတိုင်း လက်ဆောင်တွေ ပိုက်ဆံတွေ အများကြီး ယူလာပေးတယ်။ မင်း မနာလိုနေလဲ အသုံးမဝင်ဘူး။ မင်းမှာ ဒီလိုအစ်ကို ကောင်းတွေမရှိလို့။"
ဝမ်ကွေ့လန်က အရမ်းဒေါသထွက်ပြီး ကျောက်ရှောင်လန်ကို သတ်ပစ်ချင်ခဲ့သည်။ ဒါပေမဲ့ ကျောက်ရှောင်လန်က ပြောပြီးတာနဲ့ သူမကို လျစ်လျူရှု ခဲ့သည်။
သူမအစ်ကို နှစ်ယောက်က သူမက်ို တကယ်ဂရုစိုက်သည်။ ပြုပြင်ပြောင်းလဲရေးနဲ့ ပွင့်လင်းမြင်သာရေးကို ဖွင့်လှစ်ပြီးကတည်းက ဟောင်ကောင်နဲ့ ပြည်မကြီးကြား အကောက်ခွန်ရှင်းလင်းရေးက ပိုမိုလွယ်ကူလာခဲ့သည်။ အစ်ကိုကြီးနှစ်ယောက်ကလည်း သူတို့ရဲ့ မိဘတွေဆီ နှစ်လတစ်ကြိမ် မွေးရပ်မြေကို လာလေ့ရှိသည်။
ပြန်လာတိုင်း သူတို့က တစ်ဦးတည်းသော ညီမဖြစ်သူကို ပိုက်ဆံနဲ့ လက်ဆောင်တွေ အများကြီးပေးသည်။ အစ်ကိုနှစ်ယောက်က ဟောင်ကောင်မှာ နှစ်အတော်ကြာအောင် ဝေးကွာနေပြီး ညီအစ်မတွေက သူတို့ရဲ့မိဘတွေကို ပြုစုစောင့်ရှောက်ဖို့ ကူညီပေးနေတယ် ပြောကြသည်။
အခု ညီကိုနှစ်ယောက်က ဟောင်ကောင်မှာ ကောင်းမွန်စွာ နေထိုင်နေပြီး ငွေအနည်းငယ် စုထားသောကြောင့် သူတို့ရဲ့မိဘကို ပြုစုစောင့်ရှောက်ရှာတွင် ညီမရဲ့ ကြင်နာမှုကို သဘာဝအတိုင်း ပြန်လည်ပေးဆပ်လိုကြသည်။
သူတို့သုံးယောက်ကြား ဆက်ဆံရေးက ပိုမိုကောင်းလာပြီး ဘဝက ပိုကောင်းမွန်လာသည်။ သူတို့အားလုံးက သူတို့ရဲ့မိဘတွေကို အသက်ရှည်ပြီး ပျော်ရွှင်စွာ နေထိုင်ရန် မျှော်လင့်ကြသည်။
ကျောက်ရှောက်လန်နဲ့ ဝမ်ကွေ့လန်တို့ ရန်ဖြစ်တဲ့အခါ ကျန်းဟွေ့က ကျောက်ရှောက်လန်အတွက် ပေါင်မုန့် အလုံး 40 ကို ထုပ်ပိုးထားပြီး ဖြစ်သည်။
သူမက ကျောက်ရှောက်လန်ကို လက်နှစ်ဖက်စလုံးနဲ့ ပေးပြီး "အစ်မကျောက် ဒီမှာ ပေါင်မုန့် အလုံး 40 ပါတယ်။ ဒီနေ့ အများကြီးဝယ်လို ကြက်သွန်မြိတ် ကြက်ဥ ပေါင်မုန့်နဲ့ နို့အရသာ ပေါင်မုန့်ကို ထည့်ပေးလိုက်တယ်။ ဝယ်ယူအားပေးတဲ့ အတွက် ကျေးဇူးပါ။ ဂရုစိုက်ပြန်ပါ။"
ကျောက်ရှောင်လန်က "ဒါဆို ငါ့ညီမကို ကျေးဇူးတင်ပါတယ်။ ဒီမှာ ပိုက်ဆံ ယူလိုက်။"
ကျန်းဟွေ့က ကျောက်ရှောင်လန်ရဲ့ ပိုက်ဆံကို ယူလိုက်သည်။
ကျန်းဟွေ့က ကျောက်ရှောင်လန်ကို အပိုပေးလိုက်တာ မြင်တော့ ဝမ်ကွေ့လန်က မြင်ပြီး ကျန်းဟွေ့ကို မကျေနပ်တဲ့အတွက် "ဟေး ညီမလေး မင်းက ဘာလို ကျောက်ရှောင်လန်ကို အပိုပေးတာလဲ။ မတရားဘူး။"
ကျန်းဟွေ့က ပြုံးပြီး "အစ်မလည်း အစ်မကျောက်လိုမျိုး တစ်ခါတည်း အလုံး 40 ဝယ်ရင် ပိုပေးမယ်လေ။"
ဝမ်ကွေ့လန်က ထိုစကားကို ကြားတဲ့အခါ သူမရဲ့ မျက်နှာသည် ချက်ချင်းပင် စိမ်းသွားပြီး ညည်းတွားကာ "အရမ်းပူ နေမှာကို မစိုးရိမ်ဘဲ ဘယ်သူက မုန့်အများကြီး ဝယ်နိုင်မှာလဲ။"
သူမဘေးက လူက "ဝမ်ကျောက်လန် မင်းမှာ ပိုက်ဆံမရှိရင် မရှိဘူးပြောပေါ့။ ကျောက်ရှောက်လန်မှာ ပိုက်ဆံရှိတယ်။ မကုန်ရင်တောင် ပိုက်ဆံနဲ့ ပေးဝယ်နေတာ ဒီမှာ ချဉ်နေစရာ မလိုဘူး။"
"ဟားဟား ဒါဘဲ ငါပြောချင်တာ။"
တခြားသူတွေကလည်း ဒီကိစ္စကို အချိန်တော်တော်ကြာအောင် ကြည့်နေကြပြီး အခု ကျောက်ရှောင်လန် ဝယ်သွားတာကို တွေ့ပြီး အမြန်လိုက်ဝယ်ကြသည်။
သူ့အတွက် တစ်ခု၊ သူ့အတွက် နှစ်ခု၊ သူ့အတွက် သုံးခု။ ပင်လယ်ရပ်ခြား တရုတ်ရွာမှာ ကျန်းဟွေ့က ပေါင်မုန့် 86 လုံး ရောင်းချခဲ့သည်။
ပင်လယ်ရပ်ခြား တရုတ်ရွာတွင် ရောင်းပြီးတဲ့နောက် ဘယ်သူမှ ထပ်မဝယ်တော့တာကို ကျန်းဟွေ့က မြင်ပြီး နောက်ရွာကို သွားခဲ့သည်။
တခြားရွာများရဲ့ သုံးစွဲမှုက ပင်လယ်ရပ်ခြား တရုတ်ရွာထက် များစွားနည်းပါးသည်။
ကျန်းဟွေ့က ဆယ့်တစ်နာရီ ထိုးခန့်နီး အထိ ပေါင်မုန့်များ မရောင်းရပေ။ ဒါပေမဲ့ ကျန်းဟွေ့ရဲ့ မျှော်လင့်ချက်မှာ အချိန်များစွာ ကုန်သွားအောင် ပြုလုပ်ပြီးနောက် အလုပ်အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
ကျန်းဟွေ့ အိမ်ပြန်ရောက်တော့ သူမညီမ တစ်ယောက်တည်းသာ အိမ်တွင် အသီးအရွက် ကောက်ခါ တံခါးဝတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
အစ်မပြန်လာတာကို ကျန်းကျင်းက မြင်တော့ ဝမ်းသာအားရ နှုတ်ဆက်ပြီး "အစ်မ ပြန်လာပြီးလား။ ပင်ပန်းနေပြီးလား။ ရေတစ်ခွက် ခပ်ပေးရမလား။"
"ပင်ပန်းတာက ပင်ပန်းတယ်။ ဒါပေမဲ့ ပိုက်ဆံ ရှာနိုင်တဲ့အတွက် တန်တယ်။"
ကျန်းဟွေ့က ပြုံးပြုံးရွှင်ရွှင်နဲ့ စကားပြောပြီးတဲ့အခါ အရမ်းပင်ပန်းတဲ့အတွက် ထိုင်ခုံပေါ် ထိုင်ကာ သူမဘေးတွင် ရှိသော ယပ်တောင်ကို ကောက်ကိုင်လိုက်ပြီး အရှိန်ပြင်းပြင်းနဲ့ သူ့မတစ်ကိုယ်လုံး အနှံ့ အပူတွေ အမြန်ပျောက်အောင် ကြိုးစားနေသည်။
ကျန်းကျင်းက သူမစကားကြားတော့ မျက်လုံးများ တောက်ပလာပြီး "အစ်မ ပေါင်မုန့်တွေအကုန် ရောင်းရရင် ပိုက်ဆံဘယ်လောက်ရန်ုလဲ" လို့ စပ်စုသည်။
ကျန်းဟွေ့က သူမညီမကို ကြည့်ပြီး ပြုံးပြုံးလေးနဲ့ "ဆယ်ဒါဇင် ယွမ် 20၊ ကျောင်းစမတတ်မချင်း ငါတို့နှစ်ယောက် အတွက် ကျူရှင်ခ ရှိတယ်။ အမေက တခြားသူတွေဆီ ပိုက်ဆံချေးစရာ မလိုတော့ဘူး။"
ကျန်းကျင်း ဝမ်းသာအားရ ပြုံးပြီး "ကောင်းလိုက်တာ။"
ကျန်းဟွေ့က ခဏထိုင်နေသည့်တိုင် ရဲ့နင်းရှန်ကို မတွေ့သဖြင့် ကျန်းကျင်းအား "အားကျင်း အမေ ဘယ်မှာလဲ။" ဟု မေးသည်။
ကျန်းကျင်းက "အမေက ရေကန်ကြီးနားက လယ်ကွင်းထဲမှာ ဟင်းသီးဟင်းရွက် စိုက်ဖို့သွားတယ်။ မကြာခင် ပြန်လာတော့မှာ။"
သူမ စကားပြီးသည့်နဲ့ တပြိုင်နက် ရဲ့နင်းရှန် အသံကြားလိုက်ရသည်။
သူမ အိမ်ထဲမဝင်ခင်မှာတင် ကျန်းကျင်းအား "အားကျန်း နင့်အစ်မ ပြန်ရောက်ပြီးလား။" လို့ မေးသည်။
ကျန်းဟွေ့က အမြန်ပြန်ဖြေသည်။ "အမေ သမီး ပြန်ရောက်ပြီး။"
ရဲ့နင်းရှန်က သူမရဲ့ ပေါက်ပြားနဲ့ ဟင်းသီးဟင်းရွက်တောင်းကို ချလိုက်ပြီး "စောစောပြန်လာတာ မုန့်တွေအကုန်ရောင်းကုန်သွားလို့လား။"
ကျန်းဟွေ့က ပြုံးပြီး ခေါင်းညိတ်ကာ "အင်း အားလုံးကုန်သွားပြီ။"
ရဲ့နင်းရှန်က မုန့်တွေ အကုန်ရောင်းကုန်ပြီဆိုတာ ကြားလိုက်ရတော့ စိတ်သက်သာရာရသွားပြီး ဝမ်းသာအားရပြုံးပြီး "ကောင်းလိုက်တာ အမေက သမီး အားလုံးရောင်းမကုန်မှာကို စိုးရိမ်နေတာ။ ဒါဆို အမေတို့ ထပ်လုပ်ဖို့လိုသေးလား။"
ကျန်းဟွေ့က ပြုံးပြီး "မလုပ်တော့ဘူး။ မနက်ဖြန် မြို့ဈေးနေ့ ဈေးရောင်းဖို့ မြို့ထဲသွားရအောင် အားလုံးကို ရောင်းမကုန်ရင် သမီး ရွာမှာ သွားရောင်းလိုက်မယ်။"
ရဲ့နင်းရှန်က ပြုံးပြီး "ကောင်းပြီ ဒါဆို ဈေးရောင်းကောင်း မကောင်းသိရအောင် မနက်ဖြန် သွားကြမယ်။"
ကျန်းဟွေ့က ပြုံးပြီး ခေါင်းညိတ်ကာ "ဟုတ်ကဲ့"
ရဲ့နင်းရှန်က ကျန်းဟွေ့ကို "ဟွေ့ဟွေ့ ဒီဝက်သားနဲ့ နွားနို့ကို ဘယ်ကမှာတာလဲ။ မနက်ဖြန်အတွက် ပစ္စည်းတွေအားလုံး မှာထားပြီးပြီလား။"
ကျန်းဟွေ့က သူမအမေက ပါဝင်ပစ္စည်းမျာရဲ့ အရင်းအမြစ်နဲ့ ပတ်သတ်၍ သံသယ ရှိနေမှန်း သိသည်။
သူမက တည်ငြိမ်စွာ ပြုံးပြီး "အမေ သမီးမှာ ဝက်သားနဲ့ နွားနို့ အရင်းအမြစ်တွေရှိတယ်။ စိတ်ပူစရာမလိုဘူး အမေ"
သမီးဖြစ်သူရဲ့ တည်ငြိမ်ပြီး ယုံကြည်မှုရှိသော မျက်နှာကို မြင်လိုက်ရတော့ ရဲ့နင်းရှန်က သူမစိတ်ထဲ သံသယများစွာ ရှိနေသော်လည်း သူမသမီးကို ယုံကြည်ဖို့ ဆုံးဖြတ်နေဆဲဘဲ "ကောင်းပြီ သမီးအဆင်ပြေနေသရွေ့ ရတယ်"လို့ပြောပြီး မမေးတော့ပေ။
နေက်တစ်နေ့တွင် ကျန်းဟွေ့က ရဲ့နင်းရှန်ထက် အနည်းငယ် စောပြီး ထသည်။
သူမက Mall ကနေ သုံးလွှာရှိတဲ့ ရေနွေးငွေ့ ပေါင်းအိုးကို ဝယ်ယူခဲ့ပြီး မုန့်ပေါင်း အလုံး 300 ကို ထည့်ဆန်သည့် သံမဏိပုံးကြီး တစ်ပုံးကို ဝယ်ယူခဲ့သည်။
ဒီနေ့ ကျန်းဟွေ့က ဈေးမှာသွားရောင်းဖို့ အတွက် မှိုအသား ပေါင်မုန့် အလုံး 200 ၊ ကြက်သွန်မြိတ် ကြက်ဥ ပေါင်မုန့် အလုံး 100 နဲ့ နို့အရသာ ပေါင်မုန့် အလုံး 100 လုပ်ဖို့ ဆုံးဖြတ်ထားသည်။
ဒါတွေ အားလုံး ရောင်းနိုင်ရင် ယွမ် 40 ဒါမှမဟုတ် 50 လောက် ရနိုင်သည်။
ရဲ့နင်းရှန်က မီးဖိုချောင်ထဲက လှုပ်ရှားသံကို ကြားပြီး အမြန်ထလိုက်သည်။ သူမညီမ ကျန်းကျင်းကိုပင် အလုပ်ကူညီရန် ရဲ့နင်းရှန်က ခေါ်ခဲ့သည်။
လူတိုင်းက ဈေးနေ့ကို စောစောသွားကြသည်။ ယေဘူယျအားဖြင့် 7 နာရီ သို့မဟုတ် 8 နာရီသည် လူအများစုရှိနေသည့် အချိန်ဖြစ်ပြီး 9 နာရီ သို့မဟုတ် 10 နာရီ နောက်ပိုင်းတွင် လူစုကွဲကြသည်။
ဈေးမှာ မုန့်ရောင်းချင်ရင် 6 နာရီ ခွဲမတိုင်ခင် ဈေးဆိုင်ဖွင့်ဖို့ မြို့ကို အမြန်သွားရသည်။
ကျန်းဟွေ့က မနေ့ကအတိုင်းဘဲ ကြက်သွန်မြိတ် ကြက်ဥ ပေါင်မုန့်နဲ့ နို့အရသာ ပေါင်မုန့် ကို အရင်လုပ်ပြီးနောက် shiitake မှိုအသား ပေါင်မုန့် ကို လုပ်သည်။
သူမက နှစ်ရက်တိုင်တိုင် မုန့်ပေါင်မုန့်များကို ချက်လုပ်နေသဖြင့် သူမက အလုပ်မှာ အဆင်ပြေပြီး မြန်ဆန်သည်။
သူမရဲ့ ပေါင်မုန့်များကို ပြုလုပ်သည့် လှုပ်ရှားမှုက မြန်လွန်သဖြင့် ရဲ့နင်းရှန်က သူမရဲ့ လှုပ်ရှားမှုများကို မမြင်နိုင်ပေ။
ရဲ့နင်းရှန်က သူမနှလုံးသားထဲက တစ်ဖန် သက်ပြင်းချလိုက်ရင်း သူမရဲ့ အဖိုးတန်သမီးလေးသည် ထက်မြတ်ပြီး ဉာဏ်ကောင်းကာ ကျန်းဟွေ့ ဟူသော နာမည်နဲ့ အမှန်တကယ်ကို လိုက်ဖက်ညီလှသည်။
အမေနဲ့ သမီးက ခြောက်နာရီအထိ အလုပ်ရှုပ်နေကြပြီး နောက်ဆုံးမှာတော့ ပေါင်မုန့် အလုံး 400 လုပ်ပြီးသွားသည်။ ကျန်းဟွေ့က ထိုမုန့်များကို သံမဏိ သေတ္တာထဲ ထည့်လိုက်သည်။
ခြင်းတောင်းကို ယူလာပြီး စတီးလ်ဘူးနဲ့ မီးဖိုခန်းထဲ ထည့်ခိုင်းပြီး အမေနဲ့ သမီးက ဈေးကို အလှည့်ကျ သယ်လာသည်။
(T/N ကိုယ်တော့ ဒီနား သိပ်နားမလည်ဘူး)
ညီမလေး ကျန်းကျင်းက စောစောထတာ ရှားသည်။ ကျန်းဟွေ့က သူမကို အိမ်မှာ နေပြီး အိပ်ခိုင်း ပင်မဲ့ သူမ ဆန္ဒမရှိတာကြောင့် မုန့်ရောင်းဖို့ ဈေးကို လိုက်လာသည်။
သူမတို့ရွာကနေ မြို့ကို ရောက်ဖို့ နာရီဝက် လမ်းလျှောက်ရသည်။ သုံးယောက်သား မြို့ထဲကို ရောက်တဲ့အခါ ခြောက်နာရီ ခွဲနေပြီ။
အခုအချိန်တွင် စောစောစီးစီး ရောက်လာသူ အများအပြားက နေရာကောင်းများ ရရှိနေပြီး ဖြစ်သည်။
ကျန်းဟွေ့က Dajikou တွင် နေရာယူကာ စတီးလ်ဘူးကို ချပြီး 'Jiang Ji Bao Zi ' လို့ ရေးထားတဲ့ ကြောငြာဘုတ်ကို ထုတ်ကာ အပေါ်တွင်တင်ထားသည်။
လူတွေပိုများလာတာ မြင်တော့ ကျန်းဟွေ့လည်း အော်ဟစ်တော့သည်။ "ပေါင်မုန့် ရောင်းတယ်။ အရသာရှိတဲ့ မှိုအသား ပေါင်မုန့်၊ ကြက်သွန်မြိတ် ကြက်ဥ ပေါင်မုန့်နဲ့ နို့အရသာ ပေါင်မုန့် ရောင်းပါတယ်။ ဝယ်ယူအားပေးချပါအုံး။"
"Jiang Ji Bao Zi စားပြီးတာနဲ့ အရမ်းအရသာရှိလို့ စားပြီးတာနဲ့ ထပ်စားချင်နေလိုက်မယ်။"
ကျန်းဟွေ့ရဲ့ ပြတ်သားပြီး ကျယ်လောင်တဲ့ အော်သံကြောင့် လမ်းသွားလမ်းလာများရဲ့ မျက်လုံးများက သူမကို အာရုံစိုက်လာကြသည်။
ရဲ့နင်းရှန်က ကျန်းကျင်းက စီးပွားရေးလုပ်ရာတွင် မလုပ်တတ်သဖြင့် လူတိုင်းက လှမ်းကြည့်နေသည်ကို တွေ့တဲ့အခါ အနည်းငယ် ရှက်သွားကြသည်။
မနက်စာ မစားရသေးတဲ့ လမ်းသွားလမ်းလာတချို့က ကျန်းဟွေ့ရဲ့ အော်သံကြောင့် စိတ်ဝင်စားပြီး လာကြည့်ကြသည်။
လမ်းသွားလမ်းလာ ဦးလေးက "သမီးလေးရဲ့ ပေါင်မုန့်က အရမ်းအရသာရှိရဲ့လား" လို့ မေးသည်။
ကျန်းသွေ့က သေချာစွာ ခေါင်းညိတ်ပြပြီး "တကယ်အရသာရှိတယ်။ မကောင်းရင် ပိုက်ဆံမယူဘူး။"
လမ်းသွားလမ်းလာ ဦးလေးကြီးက ကျယ်လောင်စွာ ရယ်မောရင် "ဟားဟား သမီးက စိတ်ဝင်စားစရာဘဲ ဦးလေးကို မှိုအသား ပေါင်မုန့် နှစ်ခု ပေး။"
"ဟုတ်ကဲ့"
ကျန်းဟွေ့က အိတ်ကို အမြန်ယူလိုက်ပြီး မှိုအသား ပေါင်မုန့် နှစ်ခုကို ထည့်လိုက်ပြီး "ဦးလေး မှိုအသား ပေါင်မုန့် တစ်လုံးကို ဆင့် 20 စုစုပေါင်း ဆင့် 40 "
ထိုဦးလေးက မုန့်များကို ယူပြီး ကျန်းဟွေ့ကို ဆင့် 50 ပေးသည်။
ကျန်းဟွေ့က သူ့ကို ဆယ်ဆင့် ပြန်ပေးပြီး "ဦးလေး စားပြီးရင် နောက်တစ်ခါ ပြန်လာပါ။" ထိုဦးလေးက အပြုံးနဲ့ "ကောင်းပြီ။ တကယ်အရသာရှိရင် နောက်တစ်ခေါက် လာဝယ်မယ်။"
နွားတစ်ကောင်လို စိတ်ဓာတ်ရှိတဲ့ လမ်းသွားလမ်းလာ ဦးလေးက ဝယ်လိုက်တဲ့ အခါ တခြားသူတွေလည်း လိုက်ဝယ်ကြသည်။
တချို့လူတွေ့က ဝယ်ပြီး ချက်ချင်းစားသည်။ စားပြီးတာနဲ့ "ဒီပေါင်မုန့်က တကယ် အရသာရှိတာဘဲ။ အရမ်း အရသာရှိတယ်။ အရသာရှိတယ်။" လို့ ကျယ်လောင်စွာ ချီးကျူးကြသည်။
"အရသာ ရှိလိုက်တာကွာ။ ငါ့မိန်းမနဲ့ ကလေးတွေအတွက် ထပ်ဝယ်ရမယ်။"
"နောက်ထပ် စားဖို့ ဝယ်လိုက်အုံးမယ်။"
ကောင်းတဲ့ စကားတစ်ခွန်းက လူတစ်ဦးမှ တစ်ဦးသို့ ပျံ့နှံ့သွားသည်။ မြို့ထဲက Li Ji Bao Zi ဆိုင်ကို ရောက်သွားသည်။
Li Ji Bao Zi ဆိုင်ပ်ိုင်ရှင် လီကျန်းဂန်က မြို့မှ ဖြစ်သည်။ သူ့အိမ်ရဲ့ ပထပ်မထပ်မှာ စတိုးဆိုင် ဖွင့်ပြီး ပေါင်မုန့် (Bao Zi)၊ ပဲနို့နဲ့ တခြားအစားအစာတွေကို ပြုလုပ်ရောင်းချသည်။
ပုံမန်ဈေးနေ့များတွင် သူတို့ရဲ့ ခေါက်ဆွဲနဲ့ ပေါင်မုန့်က လျင်မြန်စွာ ရောင်းထွက်သွားလေ့ရှိသည်။
ဒါပေမဲ့ ဒီနေ့ 9 နာရီထိုးနေပြီ ထပ်မရောင်းရသေးဘူး။တောင်ကုန်းလောက်မြင့်တဲ့ မိးဖိုထဲက ပေါင်မုန့်တွေကို မြင်တော့ လီကျန်းဂန်ရဲ့ မျက်လုံးထဲမှာ စိုးရိမ်နေသည်။
သူ့ကို စောင့်ကြည့်ချင်နေတဲ့ လူတစ်ယောက် လာပြီး သူ့ကို သတင်းပြောပြတဲ့အခါ ဘာဖြစ်သွားလဲ ဆိုတာ သိလိုက်ရသည်။
"ဟေး လောင်လီ မင်းမိသားစုက ဒီနေ့ ပေါင်မုန့်တွေ အများကြီး ရှိသေးတာလား။ Jikou မှာ ပေါင်မုန့် ရောင်းနေတဲ့ လူရှိနေတာကို ငါတွေ့ခဲ့တယ်။ သူ့စီးပွားရေးက ကောင်းတယ်။
လူတွေက တစ်ချိန်လုံး ဝယ်နေကြတာ။ မင်းမိသားစု စီးပွားရေးကို ထိခိုက်သေးလား။"