Ch 7
Viewers 4k

Ch 7


ဧည့်သည်ရဲ့ ကြည်နူးနေတဲ့ အသံကြားတော့ လီကျန်းဂန်က သူ့ကို စိုက်ကြည့်ကာ "ရီလီတုန်း မင်းမိသားစုရဲ့ စီးပွားရေး ကိုသာ ဂရုစိုက်စမ်းပါ။ င့ါမိသားစု ကိစ္စကို မင်းစိတ်ပူစရာမလိုပါဘူး။"


ရီလီတုန်းက လီကျန်းဂန်ရဲ့ မျက်နှာကိုမြင်တဲ့ကာ ရန်ဖြစ်ရန် မလွယ်ကူဘူး ထင်ကာ ရပ်လိုက်ပြီး သူ့ကို မနှောက်ယှက်ဝံ့တော့ဘဲ ချက်ချင်း ဝန်ခံကာ "ကောင်းပြီ။ မေ့လိုက်ဝော့ာ ငါသွားပြီ။"


လမ်းလျှောက်ရင်း စိတ်ထဲ‌နေက 'မင်း တ‌နေကုန်မိုက်မဲနေတာ ကြည့်စမ်းပါ။ လူတိုင်းက မင်းကို ကြောက်နေတယ် ထင်နေတာလား။ စောင့်နေလိုက်ပါ လူတစ်ယောက်က မင်းလုပ်ငန်းကို လုသွားတဲ့အခါ မင်းဘာလုပ်မှာလဲ။ ဟဟ ပိတ်လိုက်တာဘဲ ကောင်းတယ်။ မြန်မြန်ရောက်ပါစေ။' လို့ကျိန်ဆဲနေသည်။


ကျန်းဟွေ့ရဲ့ ပေါင်မုန့်များက ကိုးနာရီ ထိုးခန့်နီးတွင် ရောင်းကုန်လုနီးပါးဖြစ်ပြီး တစ်ဒါဇင်ဘဲ ကျန်တော့သည်။


ရဲ့နင်းရှန်က အရမ်းပျော်နေပြီး "ဟွေ့ဟွေ့ အမေတို့ ပေါင်မုန့်တွေ ဒီလောက်မြန်မြန် ရောင်းရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ နောက်ရက်တွေ ပိုလုပ်ကြမလား။"


ကျန်းဟွေ့က ပေါ့ပေါ့ပါးပါး ပြုံးပြီး "အမေ စိတ်မပူပါနဲ့  ပစ္စည်းတွေ ရောင်းကုန်တဲ့ထိ စောင့်ပါအုံး။ ဆယ်နာရီနောက်ပိုင်းမှာ ရောင်းကုန်ရင် ဒီလောက်လုပ်ထားတာက လုံလောက်ပြီ။ တိုးဖို့မလိုဘူး အရမ်းများနေရင် ရောင်းကုန်မှာ မဟုတ်ဘူး။"


ရဲ့နင်းရှန်က စိုးရိမ်တကြီးနဲ့ "အများကြီး မရောင်းနိုင်လို့ ကျန်နေရင် ရွာတွေကို သွားရောင်းလို့ရတယ်လေ။"


ကျန်းဟွေ့က အနည်းငယ် အကူညီမဲ့သွားသည်။ အမေရဲ့ အရင်အချိန်တွေ ပြန်တွေးကြည့်တော့ ပင်ပန်းလွန်းလို့ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်ပြီး စောစောသေသွားသည်။


သူမက ရဲ့နင်းရှန်ကို ထပ်ပြီး "အမေ သမီးတို့ အများကြီးလုပ်ရင် သမီးတို့ အရမ်းပင်ပန်းလိမ့်မယ်။ ပိုက်ဆံရှာချင်ပေမဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ရမယ်လေ။ ခန္ဓာကိုယ်က မကျန်းမာရင် ဆုံးရှုံးမှုက အမြတ်ထပ်ပိုတယ် ‌အမေ။"လို့ ဖျောင်းဖျသည်။ 


ရဲ့နင်းရှန်က "ပိုက်ဆံရှာနိုင်သရွေ့ ပင်ပန်းတာက ကိစ္စမရှိဘူး။ အလုပ်ကြိုးစားရင်တောင် ငွေမရှာနိုင်မှာကြောက်တယ် ဒါကို ဒုက္ခလို့ ခေါ်တယ်။"


ကျန်းဟွေ့က ထပ်ပြောချင်ပေမဲ့ နောက်ထပ် ဝယ်သူလာနေတာကို တွေ့လိုက်ရသည်။


သူမက ဝယ်သူကို အမြန်နှုတ်ဆက်ပြီး "ဟဲလို ဘယ်လိုပေါင်မုန့် အမျိုးအစားဝယ်မလဲရှင်။"


Li Ji Bao Zi ‌ဆိုင်ပိုင်ရှင် လီကျန်းဂန် လာခဲ့တာဖြစ်သည်။ သူက ကျန်းဟွေ့ကို "မင်းမှာ ရှိတဲ့ ပေါင်မုန့်အမျိုးအစား တစ်လုံးချင်းစီ ပေးပါ။"


ကျန်းဟွေ့က "ကျွန်မတို့မှာ မှိုအသား ပေါင်မုန့်၊ ကြက်သွန်မြိတ် ကြက်ဥ ပေါင်မုန့်နဲ့ နို့အရသာ ပေါင်မုန့်ရှိတယ်။ မှိုအသား ပေါင်မုန့် တစ်လုံးကို ဆင့် 20 နဲ့ ကြက်သွန်မြိတ် ကြက်ဥ ပေါင်မုန့်နဲ့ နို့အရသာ ပေါင်မုန့်က တစ်လုံးကို ဆင့် 50 ကျတယ်။"


လီကျန်းဂန်က ခေါင်းညိတ်ပြီး "ကျွန်တော် အားလုံး တစ်မျိုးစီ ရချင်တယ်။"


သူက ကျန်းဟွေ့ကို တစ်ယွမ်နဲ့ ဆင့် နှစ်ဆယ် ပေးပြီး မုန့်ကိုယူကာ သူမကို အခက်အခဲမဖြစ်စေဘဲ ထွက်လာခဲ့သည်။ 


ဒီအကြောင်းကို တစ်ယောက်ယောက်က သူ့ကို လာပြောတာက သူ့ကို ဒုက္ခရောက်စေဖို့နဲ့ သူ့ဒုက္ခရောက်တာကို ကြည့်ဖို့ဆိုတာ သူသိသည်။ ဒါပေမဲ့ သူ့အတွက် ကိစ္စက သိပ်မသေးလှပေ။ သူ့ရှေ့က သေးငယ်တဲ့ အကျိုးအတွက် တခြားသူတွေနဲ့ ရန်ဖြစ်မှာ မဟုတ်ဘူး။ လူတိုင်းငွေရှာနိုင်ပြီး win-win အခြေအနေအတွက် ပူးပေါင်းဆောင်ရွက်ခြင်းကို ပိုနှစ်သက်သည်။ ဒီကလေးမရဲ့ ပေါင်မုန့်တွေက တကယ်အရသာရှိတယ် ဆိုရင် သူမနဲ့တွဲလုပ်ရတာ ကိစ္စမရှိပါဘူး။ 


လီကျန်းဂန်က သူ့ပေါင်မုန့်ဆိုင် ပြန်ရောက်တာနဲ့ တပြိုင်နက် အိတ်ကိုဖွင့်ပြီး မစောင့်နိုင်ဘဲ အရသာခံသည်။ သူ့ပါးစပ်ထဲမှာ အငန်အရသာရှိပြီး အရသာပြည့်နေတဲ့ အစားအစာတွေကို ချက်ချင်းခံစားရသည်။ ဒီပေါင်မုန့်က တကယ် အရသာရှိသည်။ သူ့ပေါင်မုန့်တွေထက် ဆယ်ဆ ပိုကောင်းသည်။ သူမလုပ်ငန်းက အရမ်းကောင်းတယ်၊ အရသာရှိတဲ့ ပေါင်မုန့်တွေနဲ့ အဆင်ပြေတာ အံ့ဩစရာမရှိဘူး။


လီကျန်းဂန်က ဒီပေါင်မုန့်တွေနဲ့တာဆို သူ့လုပ်ငန်းက နာမည်ကောင်းနဲ့ ဒီထက် ပိုအောင်မြင်လာမှာလို့ ခန့်မှန်းထားသည်။ 


လီကျန်းဂန်က shiitake မှိုအသား ပေါင်မုန့်ကို စားကြည့်ပြီးမှ ကြက်သွန်မြိတ် ကြက်ဥ ပေါင်မုန့်ကို ကောက်ယူပြီး ကိုက်ကြည့်လိုက်သည်။ အရသာက အတူတူပါဘဲ။ ထပ်ပြီး နို့အရသာ ပေါင်မုန့်ကို ထုတ်ယူပြီး စားကြည့်ကာ အရမ်းအရသာရှိလှသည်။ ဒီပေါင်မုန့်တွေက အရသာရှိပြီး တစ်ခုချင်းစီမှာ ထူးခြားချက်ရှိကာ လူများကို စားပြီးနောက် ထပ်စားချင်စေသည်။


လီကျန်းဂန်က အရပ်ရှည်ပြီး သူ့ကိစ္စကို သူ့ကိုယ်တိုင် ဖြေရှသ်းသည်။ စားပြီးတဲ့အခါ သက်ပြင်းရှည်ကြီး ထွက်လာသည်။ သူ့မမှားခဲ့ဘူး။ 


လီကျန်းဂန်က ချက်ချင်းထပြီး ကျန်းဟွေ့ ဆီ ပြန်သွားခဲ့သည်။ 


ကျန်းဟွေ့က ခုဏက မုန့်ဝယ်သွားတဲ့ အရပ်မြင့်မြင့်နဲ့ လူပြန်လာတာ မြင်တော့ ပြုံးပြီး "အစ်ကို မုန့်ထပ်ဝယ်ချင်သေးလား။" လို့ မေးသည်။ 


လီကျန်းဂန်က ပြုံးပြီး ကျန်းဟွေ့ကို အရင်မေးသည်။ "ညီမ ဒီပေါင်မုန့်ကို ကိုယ်တိုင် လုပ်ထားတာလား။"


ကျန်းဟွေ့က ခေါင်းညိတ်ပြီး "ဟုတ်တယ်။ ညီမတို့ မိသားစု ကိုယ်တိုင် လုပ်ထားတာ။"


လီကျန်းဂန်က သေချာအောင် မေးပြီးတဲ့နောက်မှာ "ငါ ညီမနဲ့ စီးပွားရေးတစ်ခု ဆွေးနွေးချင်တယ်။ ငါနဲ့ ခဏလောက် စကားပြောလို့ ရမလား။"


ကျန်းဟွေ့ရဲ့ ပါတီမှာ လူသုံးယောက် ရှိပေမဲ့ ကျန်းဟွေ့ထက် အသက်အများကြီး ကြီးပြီး သူမအမေနဲ့ တူတဲ့ လူတစ်ယောက် ရှိတယ်ဆိုတာ သူပြောနိုင်သည်။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်း တစ်ခုလုံးမှာ ကျန်းဟွေ့က စကားပြောပြီး သူမအမေက ပိုက်ဆံသိမ်းဖို့ ဒါမှမဟုတ် မုန့်ထုပ်တွေ ထုပ်ဖို့ပဲ ကူညီပေးသည်။ 


ဒီကောင်မလေး တကယ်မလွယ်ဘူး။ သူမက ငယ်ရွယ်တော်လည်း သူမရဲ့ မျက်လုံးများတွင် အလင်းရောင်ရှိပြီး တည်ငြိမ်ပြီး အေးဆေးတဲ့ ဗိုလ်ချုပ်ရဲ့ လေထုကို ပိုင်ဆိုင်ထားသည်။


ကျန်းဟွေ့က လီကျန်းဂန်ကို ကြည့်ကာ ခေါင်းညိတ်ပြီး "ဟုတ်ကဲ့ အရင်ပြောပါ ဘယ်လိုပူးပေါင်းမလဲဆိုတာ။"


လီကျန်းဂန်က ပတ်ဝန်းကျင်က လူတွေကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းဟွေ့ကို "ကျွန်တော်က Li Ji Bao Zi ဆိုင်ပိုင်ရှင်ပါ။ ကျွန်တော့်ဆိုင်မှာ စကားပြောလို့ရမလား။"


လီကျန်းဂန်ကို လူဆိုးဂိုဏ်းလို့ မြင်ပေမဲ့ သူ့မျက်လုံးတွေက ကြည်လင်ပြီး လိမ္မာတဲ့ လူတစ်ယောက်မဟုတ်ဘူး ဆိုတာကို ကျန်းဟွေ့က မြင်လိုက်ရသည်။


ထို့အပြင် သူမက Hercules Pill ကို သောက်ထားပြီးနောက် သူမခန္ဓာကိုယ်တွင် ခွန်အား အလုံးတစ်ထောင်ရှိပြီး အရင်ဘဝက စန္ဒာနဲ့ လက်ဝှေ့ကို လေကျင့်ဖူးတော့ကြောင့် ဒုက္ခရောက်မည်ကို မကြောက်ပေ။


ရဲ့နင်းရှန်က စိုးရိမ်သွားပြီး ကျန်းဟွေ့ရဲ့ အဝတ်ထောင့်ကို လျှို့ဝှက်စွာ ဆွဲထားသည်။


ကျန်းဟွေ့က ခေါင်းလှည့်ပြီး သူမကို နှစ်သိမ့်ပြုံးပြပြီး "အမေ ဒီအစ်ကိုကြီးနဲ့ စကားပြောဖို့ သွားလိုက်အုံးမယ်။ စိတ်မပူပါနဲ့ အဆင်ပြေပါတယ်။"


လီကျန်းဂန်ကလည်း "အန်တီ စိတ်မပူပါနဲ့။ ကျွန်တော်က လူကောင်းတစ်ယောက်ပါ။ လူဆိုးလည်းမဟုတ်ပါဘူး။ သမီးငယ်လေးကို ဒုက္ခမပေးပါဘူး။ နောက်ပြီး ကျွန်တော်မှာ ဆိုင်လည်းရှိတယ်။ မကောင်းတာလုပ်ရင် မလွတ်မမြောက်နိုင်ပါဘူး။"


ရဲ့နင်းရှန်က ကျန်းဟွေ့အား "ဒါဆို သတိထား ပြောပြီးရင် မြန်မြန်ပြန်လာနော်။"


"သိပါပြီ အမေ ဘေးကင်းဖို့ ဂရုစိုက်ပါမယ်။ ပြောပြီး ပြန်လာခဲ့မယ်။ မကြာပါဘူး။"


ကျန်းဟွေ့က စကားပြောပြီး လီကျန်းဂန်ကို "အစ်ကို ကျေးဇူးပြုပြီး လမ်းပြပါ။"


Li Ji Bao Zi ဆိုင်ရဲ့ တည်နေရာကို သူမ သိနိုင်တဲ့အပြင် ဒီမြို့နိုင် အလယ်တန်းကျောင်းကို နေ့တိုင်းသွားတတ်သောကြောင့် ပတ်ဝနးကျင်ကို ကောင်းစွာသိပြီး သူမဒုက္ခရောက်မည်ကို မကြောက်ပေ။


ဆိုင်ကိုပြန်လာရာ လမ်းမှာ လီကျန်းဂန်က ‌ကျန်းဟွေ့နဲ့ မိတ်ဆက်ဖို့ အစပြုပြီး "သမီးလေး ငါနာမည်က လီကျန်းဂန်ပါ။ ငါက ဒီမြို့ Li Wu ကပါ။ သမီးကကော နာမည်ဘယ်လိုခေါ်လဲ။"


ကျန်းဟွေ့က "ကျွန်မက ကျန်းဟွေ့ Nan Xin ရွာကပါ။"


လီကျန်းဂန်က ပေါ့ပေ့ါပါးပါးနဲ့ "Nan Xin ရွာကို ကြားဖူးပေမဲ့ တခါမှ မရောက်ဖူးဘူး။ အခွင့်အရေးရရင် အိမ်ကို လာလည်မယ် ကြိုဆိုမလား?"


ကျန်းဟွေ့က ပြုံးပြီး "ငါတို့က သူငယ်ချင်းဖြစ်သွားရင် ငါ့အိမ်က ကြိုဆိုပါတယ်။"


သူမစကားရဲ့ နောက်အဓိပ္ပာယ်က မင်းငါ့ သူငယ်ချင်းမဖြစ်ရင် တောင်းပန်ပါတယ် ငါမင်းကို ကြိုဆိုမှာ မဟုတ်ဘူး။


လီကျန်းဂန်က ဒီနှစ်မှာ အသက် 30 ရှိပြီး သူက လူ့အဖွဲအစည်းမှာ ကြာရှည်စွာ ရှိနေခဲ့သည်။ ကျန်းဟွေ့ရဲ့ စကားကို ကြားပြီး ကျန်းဟွေ့ဆိုတဲ့ ကလေးမက ပိုပိုပြီး  စိတ်ဝင်စားစရာကောင်းလာတယ်လို့ သူခံစားရသည်။သူ သူမကို အကြောင်းပြန်ခါနီးတွင် သူ့ပေါင်မုန့်ဆိုင် တံခါးကို သူတို့ရောက်နေပြီး ဆိုတာကို သိလိုက်ရသည်။


သူက သူ့ဆိုင်ရှေ့ကို ညွှန်ပြပြီး ကျန်း‌ဟွေ့ကို "ဒီ Li Ji Bao Zi ဆိုင်ကို ငါပိုင်တယ်။ ဝင်ပြီးစကားပြောရအောင်။"


အခုဆိုင်ကို ကြည့်နေတဲ့သူက လီကျန်းဂန်ရဲ့ ဇနီး Cheng Pin Zhen ဖြစ်သည်။ လီကျန်းဂန် အပြင်ထွက်သွားပြီး လှပတဲ့ ကလေးမတစ်ယောက်နဲ့ ပြန်လာတာ မြင်တော့ "အားဂန် ဒီမိန်းကလေးက ဘယ်သူလဲ?"


လီကျန်းဂန်က "အားကျိန်း ဒီကလေးမက ကျန်းဟွေ့လို့ ခေါ်တယ်။ သူမမိသားစုက လုပ်တဲ့ပေါင်မုန့်က အရသာရှိတယ်။ ပူးပေါင်းဆောင်ရွက်မဲ့အကြောင်း ပြောမလို့။"


ကျန်းဟွေ့က ပြုံးပြီး ခေါင်းညိတ်ကာ "မင်္ဂလာပါ။"


လီကျန်းက သူ့မိန်းမကို ရှင်းပြပြီးနောက် ဆိုင်မှာ ဝယ်သူတွေ ရှိနေသေးတာကို မြင်တော့ "ညီမ အပေါ်ထပ်မှာစကားပြောရအောင်။"


"ကောင်းပြီ။" 


ကျန်းဟွေ့က ဒုတိယထပ်သို့ လိုက်သွားကာ  ဧည့်ခန်းတွင် ထိုင်လိုက်သည်။ 


လီကျန်းဂန်က လက်ဖက်ရည်အိုးနဲ့ ခွက်ထဲ ရေနွေးလောင်းလိုက်ပြီး "ညီမ ငါကွေ့ပတ်မပြောတော့ဘူး။ ညီမအိမ်မှာ မုန့်လက်ကားရှိလားလို့ မေးချင်တယ်။ ညီမအိမ်က ပေါင်မုန့်ကို ဝယ်ပြီး ရောင်းချင်တယ်။"


လီကျန်းဂန်က ကျန်းဟွေ့ရဲ့ ပေါင်မုန့်များ ရောင်းကောင်းမည်ဟု ယုံကြည်ထားပြီး သဘောတူညီချက်ပြုလုပ်ပါက သူငွေဆုံးရှုံးမှာ မဟုတ်ပေ။ ဒါအပြင် ကျန်းဟွေ့ရဲ့အိမ်မှ ဝယ်ယူပါက သူမိသားစုလည်း မုန့်လုပ်ဖို့ စောစောထရန် မလိုဘဲ အခက်အခဲများစွာကို သက်သာစေမည် ဖြစ်သည်။ 


ကျန်းဟွေ့က ထိုစကားကို ကြားတဲ့အခါ စိတ်လှုပ်ရှားသွားသည်။ သူမက လီကျန်းဂန်ကို "လက်ကားရောင်းလို့ရတယ်။ မှိုအသား ပေါင်မုန့်ကို ဆင့် 20 နဲ့ ရောင်းတယ်။ လက်ကားဈေး ဆင့် 18 နဲ့ရမယ်။ ကြက်သွန်မြိတ်နဲ့ နို့အရသာ ပေါင်မုန့်က ဆင့် 17 ရှိတယ်။ လက်ကားဈေး ဆင့် 15 နဲ့ရမယ်။"

(ဈေးက နည်းနည်းလွဲနေသလိုဘဲ မူရင်းမှာကိုက အဲ့အတိုင်းဘဲ)


လီကျန်းဂန်က ချက်ချင်းခေါင်းယမ်း လိုက်သည်။ "အရမ်းဈေးကြီးတယ်။ ဒီဈေးနဲ့ ပိုက်ဆံမများကြီး မရဘူး။ နည်းနည်းလျှော့လိုက်ရအောင်။"လို့ပြောသည်။


ကျန်းဟွေ့က "ဈေးက အတော်အသင့်ဘဲ။ တစ်လုံးကို နှစ်ဆင့်ရတယ်။ တစ်ရာ ရောင်းရရင် နှစ်ယွမ် ရမယ်။ အလုံး 200 ရောင်းရင် 4 ယွမ်ရလိမ့်မယ်။ အလုံး 300 ရောင်းရင် 6 ယွမ်ရပြီး အလုံး 500 ရောင်းရင် 10 ယွမ်ရမှာ ဒီနည်းနဲ့ အစ်ကို လုပ်ငန်းက ညီမလုပ်ငန်းထပ် အမြတ်ပိုရတယ်။"


"အစ်ကို ပေါင်မုန့်တွေ ရောင်းတာ နေ့တိုင်း မနက် လေးနာရီ ထရမယ်ဆိုတာ သိထားတာဘဲ။ ပြီးတော့ ညီမတိုက ခက်ခက်ခဲခဲနဲ့ ငွေနည်းနည်းဘဲရတာ။"


လီကျန်းဂန်က ကျန်းဟွေ့ရဲ့စကားကြားပြီး ဈေးဆစ်ရမှာကို ရှက်သွားပြီး အရေးကြီးဆုံးမှာ ကျန်းဟွေ့ပြောတာ အမှန်တရားဖြစ်သည်။


တကယ်လို ကျန်းဟွေ့မှာ space မရှိပါက သူမတို့ အမှန်တကယ် ငွေများများစားစား မရနိုင်ပေ။ အားလုံးက ပင်ပင်ပန်းပန်း လုပ်ကိုင်ကြရသည်။ 


လီကျန်းဂန်က ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်ပြီး "ကောင်းပြီ ညီမပြောတဲ့အတိုင်းဘဲ ဒီနေ့ ရောင်းတာ ဘယ်လောက်လဲ ပေါင်းလိုက် မနက်ဖြန် အစ်ကို့့ကို ဘယ်လောက်ပို့ပေးမှာလဲ။ ရောင်းကောင်းရင် အစ်ကိုထပ်တိုးမယ်။"


ကျန်းဟွေ့က သဘောတူညီမှု ရရှိရန် မမျှော်လင့်ခဲ့ဘဲ သဘောတူညီမှု အပြီးမှာ သူမ အလွန်ပျော်ရွှင်သွားခဲ့သည်။ "ကောင်းပြီ။ မနက်ဖြန် မနက် 6 နာရီခွဲမှာ အစ်ကိုဆီကို ပစ္စည်းတွေ ပို့ပေးမယ်။ ပစ္စည်းရောက်မှ ငွေပေးချေမယ်ဆို အဆင်ပြေလား။"


လီကျန်းဂန်က "ကောင်းပြီ။"


အခုကိစ္စပြီးသွားတော့ ကျန်းဟွေ့က မတ်တပ်ရပ်ပြီး "အစ်ကိုလီ ညီမအရင်သွားတော့မယ်။ မနက်ဖြန် ညီမ ပစ္စည်းတွေကို အချိန်မီပို့ပေးမယ်။"


"ကောင်းပြီ။ ညီမကို လိုက်‌ပေးပို့မယ်။"


လီကျန်းဂန်က ကျန်းဟွေ့ကို ဆိုင်တံခါးဖွင့်ပေးပြီး အဝေးရောက်သွားသည် အထိကြည့်ကာ ဆိုင်ထဲပြန်ဝင်သွားသည်။


သူ့မိန်းမ Cheng Pin Zhen က သူ့ဆီအမြန်လာပြီး "အားဂန် ဘာကိစ္စ ပြောကြတာလဲ။" လို့မေးသည်။


လီကျန်းဂန်က သူ့ဘေးနားက လူကို တစ်ချက်ကြည့်လိုက်ပြီး "ကျန်းဟွေ့ရဲ့ အိမ်က ပေါင်မုန့်က အရမ်းအရသာရှိတယ်။ မနက်ဖြန်ကစပြီး ငါတို့ကိုယ်တိုင်လုပ်စရာ မလိုတော့ဘူး။ မုန့်တွေက အဆင်သင့်ဖြစ်နေပြီး လက်ကားရောင်းရအောင်။ ငါတို့က တစ်နေ့ကို ပေါင်မုန့် ငါးရာ ခြောက်ရာ လုပ်လေ့ရှိတဲ့ အချက်ကို အခြေခံပြီး ရောင်းတာက ကိုယ်တိုင်လုပ်တာထက် အမြတ်ပိုရတယ်။ ကိုယ်တို့ အလုပ်မရှုပ်တော့ဘူးပေါ့။"


Cheng Pin Zhen က လီကျန်းဂန် ပြောတာကို အမြဲနားထောင်သည်။ "ကောင်းပြီ အစ်ကိုပြောတဲ့အတိုင်း လုပ်တာပေါ့။ မုန့်လုပ်ဖို့အတွက် စောစောထစရာမလိုဘူး။ စွမ်းအင်ချွေတာရာ ရောက်တာပေါ့။"


ကျန်းဟွေ့က သူမမုန့်ရောင်းတဲ့နေရာကို ပြန်သွားပြီး သိချင်စိတိပြင်းပြနေတဲ့ ရဲ့နင်းရှန်မှာ စိတ်သက်သာရာရသွားသည်။ 


သူမက ကျန်းဟွေ့ကို "ဟွေ့ဟွေ့ ကိစ္စတွေက ဘယ်လိုလဲ အဆင်ပြေရဲ့လား။"


ကျန်းဟွေ့က ပြုံးပြပြီး "အမေ အဆင်ပြေတယ်။ Li Ji Bao Zi ဆိုင်ပိုင်ရှင်က သမီးတို့ မိသားစုနဲ့ စကားပြောချင်တယ်လို့‌ ပြောတယ်။ ဒီနေ့ရောင်းတဲ့ ပေါင်မုန့်တွေကို လက်ကားယူပြီး မနက်ဖြန်သွားဖို့တာနဲ့ ပိုက်ဆံရမှာ။ ဒီလိုဖောက်သည်နဲ့ဆို သမီးတို့ရဲ့ ဝင်ငွေက တည်ငြိမ်နေလိမ့်မယ်။"


လီကျန်းဂန်ရဲ့ မိန်းမ နာမည်က မြန်မာလိုရေးရင် အဆင်မပြေလို့ အင်္ဂလိပ်လို့ဘဲ ရေးလိုက်တယ်။