Ch 8
Viewers 4k

Ch 8


ရဲ့နင်းရှန်က ကျန်းဟွေ့စကားကို ကြားတဲ့အခါ အရမ်းဝမ်းသာသွားပြီး "အရမ်းကောင်းတယ်။ နောက်ကျရင် မုန့်‌တွေမရောင်းရမှာကို စိတ်ပူစရာ မလိုတော့ဘူး။"


ကျန်းဟွေ့က သူမအမေ ပျော်ရွှင်နေတာကို ကြည့်ပြီး "အမေ သမီးကိုယုံ သမီးတို့ မိသားစုဘဝက ပိုကောင်းလာလိမ့်မယ်။"


ရဲ့နင်းရှန်က ဝမ်းသာအားရ ပြုံးပြီး ခေါင်းညိတ်ကာ "ကောင်းပြီ။ အမေ သမီးကို ယုံကြည်တယ်။ အမေတို့ မိသားစုရဲ့ ဘဝက ပိုကောင်းလာမှာ သေချာတယ်။"


ကျန်းဟွေ့က "ပေါင်မုန့်တွေ ရောင်းကုန်ပြီးလား အမေ"


ရဲ့နင်းရှန်က "သုံးလုံးကျန်သေးတယ်" လို့ ပြန်ဖြေသည်။


ကျန်းဟွေ့က "ဒါဆို သမီးတို့ မရောင်းတော့ဘူး။ ကျန်တာကို ကိုယ့်တိုင်ဘဲ စားကြမယ်။ မြန်မြန်သိမ်းပြီး အိမ်ပြန်ကြရအောင်။"


သူမတို့ ပျော်ရွှင်စွာနဲ့ သံမဏိပုံးကို အလျင်အမြန် သိမ်းလိုက်ပြီး အိမ်သို့ပြန်ကာ ရောက်တုန်းကထက် အရမ်းကို ပေါ့ပါးသွားသည်။ ကျန်နေတဲ့ မုန့်သုံးလုံးကို အမေနဲ့ သမီး တစ်ယောက်တစ်လုံးစီယူကာ အိမ်ပြန်ရင် လမ်းမှာစားကြသည်။


အိမ်ပြန်ရောက်တဲ့အခါ ကျန်းဟွေ့က သူမရဲ့ပိုက်ဆံအိတ်ကို ထုတ်ကာ ပိုက်ဆံကို ရေတွက်လိုက်သည်။ အားလုံးကို ယွမ်အနည်းငယ်သာ ရှိသော်လည်း လောင်းချတဲ့အခါ အများကြီး ရှိခဲ့သည်။


ရဲ့နင်းရှန်နဲ့ ကျန်းကျင်းတို့က ဒီလောက်များပြားတဲ့ ငွေကို မမြင်ဖူးတဲ့အတွက် စိတ်လှုပ်ရှားစွာနဲ့ "အတူတူ ရေတွက်ကြမယ်" လို့ ပြောသည်။


ကျန်းဟွေ့က အပြုံးလေးနဲ့ "အိုကေ ပိုက်ဆံကို အတူတူရေတွက်ကြတာပေါ့။ နောက်ကျရင် ပိုက်ဆံကို ကြွက်တတ်တဲ့အထိ ရေတွက်ရမှာ။"


ရဲ့နင်းရှန်က ရယ်ပြီး "ကလေး ကြွက်တတ်တဲ့အထိ ပိုက်ဆံရေတွက်ရတဲ့နေ့က အရမ်းကောင်းမှာဘဲ။"


ကျန်းဟွေ့က အခိုင်အမာ ခေါင်းညိတ်ပြပြီး "ဟုတ်တယ်။ သမီးပိုက်ဆံ အများကြီးရတဲ့အခါ အမေကြွက်တတ်မလား ဆိုတာ သိဖို့ တစ်သန်းရှာပေးမယ်။"


ကျန်းကျင်းက "ဟားဟား ညီမလေးလဲ ရေတွက်မယ်။ ကြွက်တတ်တဲ့အထိ ရေတွယ်မယ်။"


"ဟားဟား..." အမေနဲ့ သမီးသုံးယောက် ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ 


ရဲ့နင်းရှန်နဲ့ ကျန်းကျင်းတို့က ကျန်းဟွေ့ကြောင့် သူမတို့မိသားစုတွင် ထိုနေ့ရောက်လာမယ်ဆိုတာကို ယုံကြည်ခဲ့ကြသည်။


ကျန်းဟွေ့က ပိုက်ဆံများကို ရေတွက်ပြီးနောက် အကျဉ်းချုပ်အနေနဲ့ ရဲ့နင်းရှန်အား "အမေ ဒီနေ့ စုစုပေါင်း 71 ယွမ်နဲ့ ဆင့် 80 ရတယ်။ ကုန်ကျစရိတ်က ယွမ် 40 လောက်ရှိတယ် ဆိုလိုတာက ဒီနေ့ 31 ယွမ်နဲ့ ဆင့် 80 အမြတ်ရတယ်။"


ရဲ့နင်းရှန်နဲ့ ကျန်းကျင်းတို့က ချက်ချင်း မျက်လုံးများ ပြူးကျယ်လာပြီး "အရမ်းများတာဘဲ။"


ကျန်းဟွေ့က ပိုက်ဆံစုပြီး ပြုံးကာ "မှိုအသား ပေါင်မုန့်အလုံးတစ်ရာ၊ ကြက်သွန်မြိတ် ကြက်ဥ ပေါင်မုန့် အလုံး ငါးဆယ်နဲ့ နို့အရသာ ပေါင်မုန့် အလုံး ငါးဆယ် ကို ခဏနေလုပ်မယ်။ ပြီးရင် နေ့ခင်းမှာ ရွာတွေဆီ သွားရောင်းရင် ငွေပိုရနိုင်တယ်။"


ရဲ့နင်းရှန်က နောက်ထပ်ငွေအနည်းငယ် ရှာနိုင်သည်ဟု ကြားတဲ့အခါ "ဒါဆို အမေပြင်ဆင်လိုက်မယ်။"


ကျန်းဟွေ့က ကမန်းကတန်းရပ်ပြီး "အမေဟင်းချက်စားကြရအောင်။ မနက်က ဝက်သားတစ်ပိုင်း ဖယ်ထားတယ် ကြော်စားရအောင်။"


"ညီမတို့ ဒီနေ့ အသားစားရမှာလား။"


ကျန်းဟွေ့က မတ်တပ်ရပ်ပြီး "အခုချက်လိုက်မယ်။ ဂျင်း၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်အနောက်နဲ့ ဝက်သားကြော်စားရအောင်။ စားပြီးရင် ထပ်စားချင်လောက်အောင် အရသာရှိတယ်။"


ရဲ့နင်းရှန်နဲ့ ကျန်းကျင်းတို့လည်း မတ်တပ်ရပ်ပြီး "ချက်ပြုတ်ဖို့ မီးသွားမွေးကြတာပေါ့။"


"ကောင်းပြီ။" ကျန်းဟွေ့က ဦးဆောင်ပြီး မီးဖိုချောင်ဘက်ကို လျှောက်သွားသည်။


ဘဝကတိုးတက်လာတယ်။ အမေနဲ့သမီးက ခွန်အားအပြည့်ရှိ‌နေသည်။


ကျန်းဟွေ့ရဲ့ အဖေအတွက်ကတော့ အမေနဲ့သမီးတွေက အချိန်တော်တော်ကြာကတည်း သူကိုမေ့လျော့ထားပြီး တစ်ယောက်မှသူကို သတိမရပေ။ သူအိမ်မှာမရှိတုန်း အမေနဲ့ သမီးတွေရဲ့ ဘဝက ပိုကောင်းလာတယ်။


ကျန်းဟွေ့က သူမညီမ ကျန်းကျင်းက မီးကူမွေးခိုင်းပြီး သူမအမေက ထမင်းလာချက်သည်။


မနက်ခင်းမှာနှပ်ထားတဲ့ဝက်သားကို ပါးပါးလှီးပြီး ဒယ်အိုးထဲ ဆီထည့်လိုက်သည်။ ဆီပူလာရင် လှီးထားတဲ့ ဝက်သားကို အိုးထဲလောင်းချပြီး ဆီနဲ့ကြော်သည်။ဂျင်း၊ ကြက်သွန်မြိတ်၊ ပဲငပိနဲ့ ပဲငံပြာရည် ထည့်ပြီး အဆက်မပြတ်မွှေကြော်ရင် အနံချက်ချင်းထွက်လာမှာ ရွှေရောင်သန်းတဲ့ထိကြော်ရင်ရပြီ။


ဘေးအိမ်က အိမ်နီးချင်း လုယင်ဟုန်ကလည်း အနံကြောင့် လောဘကြီးလာသည်။ သူမက ပန်းကန်တစ်လုံးနဲ့ တံခါးဆီ လှမ်းလာပြီး "အားရှန် ဘာတွေချက်နေတာလဲ။ အရမ်းမွှေးတာဘဲ။ ငါ့ပါးစပ်ကတောင် သရေကျနေပြီ။" လို့မေးသည်။


ရဲ့နင်းရှန်က ပြုံးပြီး "ဟွေ့ဟွေ့က ဝက်ဗိုက်သားကြော်နေတာ။ နောက်မှစမ်းကြည့်ဖို့ ထည့်ပေးလိုက်မယ်။"


အိမ်နီးနားချင်း နှစ်ယောက်ကြားက ဆက်ဆံရေးက မဆိုးပါဘူး။ အရသာရှိတာ တစ်ခုရှိရင် တစ်ယောက်နဲ့ တစ်ယောက်ကျွေးလေ့ရှိသည်။


"ဟေး ဒါဆို ငါမယဉ်ကျေးတော့ဘူးနော်။ နောက်တစ်ခါ အိမ်မှာ အမဲသားချက်မှ လာပေးမယ်။"


လုယင်ဟုန်ရဲ့ ခင်ပွန်း ကျန်းယုံရှိန်းက ကြားခံအဖြစ် အလုပ်လုပ်နေပြီး သူတို့မိသားစုရဲ့ဘဝက တော်တော်လေး သာယာသည်။ ရွာထဲမှာ အရမ်းရှားတဲ့ စက်ဘီးတွေလည်းရှိသည်။ သူမရဲ့ ခင်ပွန်းသည်က စက်ဘီးကို ရတနာတစ်ခုလို သဘောထားပြီး နေ့တိုင်း သိမ်းထားပြီး သူပြန်လာတဲ့အခါတိုင်း အဝတ်တစ်ထည်ယူပြီး ဖြေးဖြေးချင်းသုတ်ပြီး ကောင်းစွာသိမ်းစည်းထားသည်။


ဂျင်း၊ ကြက်သွန်မြိတ်နဲ့ ပဲပိစပ်ချဉ်ပါတဲ့ ဝက်သားကိုအိုးထဲက ထုတ်တဲ့အခါ လူတိုင်းက သရေတွေကျနေသည်။


ကျန်းဟွေ့က ပန်းကန်သေးသေးတစ်လုံးကို ထုတ်ပြီး လုယင်ဟုန် အတွက် ထည့်ပေးပြီး အရံဟင်းတစ်ချို့နဲ့ အသား‌‌ခြောက်ပါရှိသည့် ပန်းကန်ငယ်တစ်ခုက သူမရဲ့ မိသားစုအတွက် ဟင်းတစ်ခွက်ရသွားသည်။


ကျန်းဟွေ့က သူမအတွက် အသားများစွာ ထည့်ပေးထားသည်ကို မြင်လိုက်ရတော့ လုယင်ဟုန် အနည်းငယ်ရှက်သွားပြီး "ဟွေ့ဟွေ့ ဘာလို့ ငါ့အတွက် ဒီလောက်အများကြီး ထည့်‌ပေးနေတာလဲ။ ငါ တစ်ပိုင်းလောက် ယူပြီး မြည်းရရင် ရပြီ။"


ကျန်းဟွေ့က ပန်းကန်လုံးကို သူမလက်ထဲ ထည့်လိုက်ပြီး "အန်တီ ယူသွားပါ။"


လုယင်ဟုန်ရဲ့သား ကျန်းတုန်းလင်က ကျန်းဟွေ့နဲ့ အတန်းတူသည်။ သဘာဝအတိုင်း ကောင်းပါသည်။ ဒါပေမဲ့ ကျန်းဟွေ့က မိသားစု အခက်အခဲကြောင့် ကျောင်းထွက်ဖို့ ရွေးချယ်ခဲ့သည်။


ကျန်းတုန်းလင်ရဲ့ မိသားစုက ပိုကောင်းတာကြောင့် အထက်တန်းကျောင်း တက်ခဲ့သည်။ သုံးနှစ်ကြာပြီးတဲ့နောက်မှာ ပြည်နယ်မြို့တော်ရှိ တက္ကသိုလ်တစ်ခုတွင် သူ့ဆန္ဒအတိုင်း တက်‌ခဲ့သည်။ ဘွဲ့ရပြီးနောက် ပြည်နယ်မြို့တော်တွင် အလုပ်တာဝန် ထမ်းဆောင်ခဲ့သည်။


သူမ မသေဆုံးခင်မှာ ကျန်းတုန်းလင်က ပြည်နယ်မြို့တော်တစ်ခုရဲ့ အကြီးတန်း ကေဒါတစ်ဦး ဖြစ်လာခဲ့ပြီး သူကတော့ သူရဲ့အတန်းဖော်တွေထဲမှာ အကောင်းဆုံးဖြစ်သည်။ 


ကျန်းဟွေ့က အရင်ဘဝတွင် သူ့ကို မနာလိုဖြစ်ခဲ့သည်။


ကျန်းတုန်းလင်ရဲ့ ဘဝအစက သူမထက် များစွာမြင့်သော်လည်း သူ့မိသားစုရဲ့ လွှမ်းမိုးမှုကြောင့် သူ့ဘဝလမ်းကြောင်းသည် ချောမွေ့ဖြောင့်ဖြူးခဲ့ပြီး အနည်းဆုံး သူမထက် ချောမွေ့ခဲ့သည်။ ဒါပေမဲ့ သူ့ဘဝလမ်းကြောင်းက ကြမ်းတမ်းသည်။ 


သူမ ကြိုးစားအားထုတ်ပြီးနောက် ဘဝတွင် အောင်မြင်မှုရရှိခဲ့သော်လည်း သူမရဲ့ နှလုံးသားထဲတွင် နက်ရှိုင်းစွာ ဝမ်းနည်းကြေကွဲမှုနဲ့ မူလမိသားစု ‌အပေါ်  စိတ်ဓာတ်ကျမှုများ အမြဲရှိနေသည်။


ဒါပေမဲ့ သူမသည် ပြန်လည်မွေးဖွားခဲ့သည်။ သူမ ကိုယ်တိုင် ဒီရလဒ်ကို ပြောင်းလဲသွားမည် ဖြစ်သည်။


လုယင်ဟုန်က ဝက်သားကိုယူပြီး ပန်းကန်လုံးပြန်ပေးတဲ့အခါ မုန်လာဥတစ်ထုပ်ကိုပါ ထည့်ပေးလိုက်သည်။


ကျန်းဟွေ့ကလည်း "ကျေးဇူးပါ အန်တီ" လို့ ပြုံးပြီး လက်ခံလိုက်သည်။


လုယင်ဟုန်က ပြုံးပြီး "ရပါတယ် ဒါဆို မနှောက်ယှက်တော့ဘူး အေးဆေးစားလို့ရပြီ။"


လုယင်ဟုန် သူမအိမ်ထဲဝင်သွားတာကို မြင်တော့ ကျန်းဟွေ့က "အမေ အားကျင်း မြန်မြန်လာစား" လို့ ပြောသည်။


ကျန်းကျင်းက အချိန်တော်တော်ကြာ ဗိုက်ဆာနေပြီး ကျန်းဟွေ့ရဲ့ ခေါ်သံကြားတော့ ချက်ချင်း ထမင်းဖြည့်ရန် ပန်းကန်တစ်လုံးကို ကောက်ယူလိုက်သည်။


သူမသည် သူမအမေနဲ့ ကျန်းဟွေ့ကို အရင်ခူးပေးရန် အသိဉာဏ်ရှိသည်ဟု နောက်ဆုံးတွင် သူ့ကိုယ်သူ ဟန်ဆောင်ခဲ့သည်။


ကျန်းဟွေ့က ရဲ့နင်းရှန် အသားယူစားချင်စိတ် မရှိတာကို တွေ့တဲ့အခါ အသား‌အမြောက်အမြားကို တူနဲ့ ကောက်ကိုင်လ်ိုက်ပြီး "အမေ ချွေတာမနေပါနဲ့။ သမီးတို့မိသားစုက အနာဂတ်မှာ သေချာပေါက် အသားစားရတော့မှာမလို့ ချွေတာစရာမလိုဘူး။"


အရင်တုန်းက သူမမိသားစုက ရံဖန်ရံခါ အသားကြော်စားတဲ့အခါ အသားဟင်းတစ်ပန်းကန်ကို သိမ်းဆည်းပြီး အကြိမ်ပေါင်းများစွာ စားသည်။ အခု သူမမှာ ငွေရှာနည်းရှိတော့ အများကြီး ချွေတာစရာ မလိုတော့ဘူး။"


ရဲ့နင်းရှန်က မူလက ငြင်းချင်သော်လည်း ဒီနေ့ရရှိတဲ့ငွေကို တွေးလိုက်တဲ့အခါ ပျော်သွားပြီး သမီးဖြစ်သူရဲ့ ကြည်ညိုလေးစားမှုကို ခံယူကာ စားလိုက်သည်။


ဒီခေတ်ကြီးမှာ လူတိုင်းက အဆီနဲ့အသားတွေ ငတ်နေကြပြီး ဘယ်သူမဆို အသားစားချင်ကြသည်။


ရဲ့နင်းရှန်လည်း စားချင်ပေမဲ့ အခကြေးငွေ ပေးစရာရှိတာကြောင့် ချွေတာရုံမှတစ်ပါး သူမမှာ ရွေးချယ်စရာ မရှိပေ။ 


ကျန်းဟွေ့က သူမညီမ ကျန်းကျင်းက အသားပိုမကောက်ဝံ့သည်ကို တွေ့လိုက်ရသောကြောင့်  သူမအတွက် အသားတုံးကြီး တစ်တုံးကိုယူပြီး ထည့်ပေးလိုက်တော့ ကျန်းကျင်းက ဝမ်းသာအားရ စားလိုက်သည်။


ထမင်းစားနေတုန်း ကျန်းကျင်းက "အစ်မ လုပ်ထားတဲ့ ဝက်သားက အရမ်းအရသာရှိတယ်။ ဒီလိုအရသာရှိတဲ့ ဝက်သားကို တခါမှ မစားဖူးဘူး။ အရမ်းအရသာရှိတယ်။"


ရဲ့နင်းရှန်က ခေါင်းညိတ်ပြီး "တကယ်အရသာရှိတယ်။ ဒီဟင်းနဲ့ အမေ ထမင်းနှစ်ပန်းကန် ထပ်စားနိုင်တယ်။" လို့ ချီးကျူးသည်။


အခုချိန်မှာ လယ်တွေကို အိမ်ထောင်စုတွေဆီ ခွဲပေးပြီး စားစရာ၊ အသီးအနှံနဲ့ သစ်သီးဝလံတွေ ရိက္ခာရပြီဆိုတော့ ပိုက်မဆာတော့ဘူး။ ဒါပေမဲ့ အသားဝယ်ဖို့ ပိုက်ဆံအပို မရှိဘူး။


ဒီနေ့ နေ့လယ်စာက အသားတစ်မျိုးနဲ့ သက်သက်လွတ်ဟင်းတစ်နပ်သာ ရှိသော်လည်း အမေနဲ့ သမီးတို့က အလွန်အရသာရှိစွာ စားကြသည်။ နောက်ဆုံးမှာ ဝက်သားနဲ့ ထမင်းကို နယ်စားပြီး ပိုက်ပြည့်သွားသည်။


ကျန်းဟွေ့က ရေနွေးကြမ်း တစ်အိုးကို လုပ်ခဲ့ပြီး မိခင် သမီးတို့ အစာချေဖျက်နေစဉ် လက်ဖက်ရည်သောက်ရင်း ကျေနပ်စွာ ထိုင်နေကြသည်။ အမေနဲ့ သမီး ခဏ အနားယူပြီး ကျန်းဟွေ့ကဘစောနေသေးတာကို တွေ့တော့ ခဏအိပ်ခိုင်းသည်။ 


သူမ နာရီဝက်ခန့် အိပ်ပျော်သွားပြီး နိုးလာတဲ့အခါ တစ်ကိုယ်လုံး လန်းဆန်းနေသည်။ သူမအမေနဲ့ ညီမ မနိုးသေးတာ မြင်တော့ ကျန်းဟွေ့က တိတ်တိတ်ဆိတ်ဆိတ် ထပြီး မီးဖိုချောင်းသွားကာ Mall ဖွင့်ပြီး နေ့ခင်းဘက် ပေါင်မုန့်လုပ်ဖို့အတွက် ပစ္စည်းတွေ ဝယ်သည်။


အိမ်မှာ ကြက်သွန်မြိတ်အကုန် သုံးထားပြီးသဖြင့် ကြက်သွန်မြိတ်နဲ့ ကြက်ဥ ပေါင်မုန့်လုပ်ဖို့ အတွက် Mall ကနေ ကြက်သွန်မြိတ်နဲ့ ကြက်ဥ ဝယ်သည်။ Mall က ပစ္စည်းတွေက အရည်အသွေးမြင့် ကုန်ပစ္စည်း ဖြစ်ကြသော်လည်း မည်သို့ပင်ဖြစ်စေကာမူ အရည်အသွေးက အကောင်းဆုံး ဖြစ်သည်။


ပါဝင်ပစ္စည်းတွေ ဝယ်ယူပြီးနောက် ကျန်းဟွေ့က ပေါင်မုန့်ကို စတင်ပြုလုပ်သည်။ သူမပြင်ဆင်ပြီးနောက် ရဲ့နင်းရှန်နဲ့ ကျန်းကျင်းတို့ နိုးလာပြီး အတူတူ အလုပ်လုပ်ကြသည်။ အလုပ်ပြီးဖို့ အမေနဲ့သမီးက နှစ်နာရီကြာအောင် လုပ်ရသည်။


ကျန်းဟွေ့က ပေါင်မုန့်များကို ထုပ်ပိုးပြီး ပင်လယ်ရပ်ခြား တရုတ်ရွာတွင် ရောင်းချဖို့ ထွက်လာခဲ့သည်။ ပင်လယ်ရပ်ခြား တရုတ်ရွာကို ရောက်တဲ့အခါ ရွာအဝင်ဝတွင် နေထိုင်တဲ့ ကျောက်ရှောင်လင်က ပထမဆုံး အသံထွက်လာသည်။


"ဪ ညီမလေးက အခုမှလာတာလား။ အစ်မက တစ်မနက်ခင်း စောင့်နေပေမဲ့ ရောက်မလာလို့ ဒီနေ့မလာတော့ဘူးလို့ ထင်နေတာ။"


ကျန်းဟွေ့က ပြုံးပြီး "တောင်းပန်ပါတယ် အစ်မကျောက် မနက်က ဈေးသွားခဲ့လို့ ရောက်မလာခဲ့တာ။ ဈေးက ပြန်လာတဲ့အခါ မလာရမှာစိုးလို ပေါင်မုန့်ကို အမြန်လုပ်ပြီး လာခဲ့တာ။"


ကျောက်ရှောင်လန်က ကျန်းဟွေ့ရဲ့ ချစ်စရာကောင်းတဲ့ အသံနဲ့ ရှင်းပြတာကိုကြားတော့ "ရပါတယ် မှိုအသားပေါင်မုန့် ဆယ်ခု ယူမယ်။"


သူမဆက်ရောင်းနေပေမဲ့ နေ့ခင်းပိုင်းမှာတော့ မနက်ပိုင်းလောက် ရောင်းရတယ အဆင်မပြေဘူး။ ကျန်းဟွေ့က နေ့ခင်းဘက်မှာ သိပ်မရောင်းရလို့ မှောင်ခါနီးအထိ ရောင်းခဲ့သည်။


ပင်ပန်းတာက ပင်ပန်းပင်မဲ့ ကျန်းဟွေ့က 52 ယွမ် ပိုရတယ်လို့ တွေးလိုက်တဲ့အခါ ဒါဟာထိုက်တန်တယ်လို့ ခံစားရသည်။ အိမ်ပြန်ရောက်‌တော့ ကျန်းဟွေ့က ပိုက်ဆံ‌ကို စစ်လိုက်သည်။ ဒီရက်တွေမှာ စုစုပေါင်း 203.3 ယွမ်ရသည်။


အရင်သုံးရက်တုန်းက အမြတ်က 78.05 ယွမ်ရပြီး သူမက အားလုံးကို Mall ထဲကို အားသွင်းလိုက်ပြီး  အကြွေစေ့ 6244 ရရှိခဲ့သည်။


ဒါပေမဲ့ ဒီရက်တွေမှာ ဂျုံမှုန့်၊ အသားနဲ့ ပါဝင်ပစ္စည်း‌တွေဝယ်ဖို့ အကြွေစေ့ 1988 သုံးစွဲခဲ့ပြီး အခုအကောင့်ထဲမှာ အကြွေစေ့ 4256 ရှိနေတာကြောင့် အားပြန်သွင်းဖို့ မလိုဘူး။


ဒီနေ့ မုန့်နှစ်ခါလုပ်တဲ့အတွက် ရတဲ့ပိုက်ဆံက တော်တော်များသည်။ စုစုပေါင်း ယွမ် 124.8 ဖြစ်ပြီး သင်တန်းကြေးပေးရန် သိမ်းဆည်းနိုင်သည်။


နောက်ရက်အနည်းငယ်ကြာတော့ အမေနဲ့သမီးက အလုပ်ကြိုးစားရမှာကို မကြောက်ဘူး။ လီကျန်းဂန်ဆီကို နေ့စဉ် ကုန်ပစ္စည်း ပို့ဆောင်တာအပြင် ကျန်းဟွေ့က နေ့ခင်းဘက်မှာ မုန့်ရောင်းရန် ရွာအသီးသီးကို သွားသည်။


ဩဂုတ်လ နောက်ဆုံးရက်တွင် ကျန်းဟွေ့က လက်ထဲရှိ ငွေများကို ရေတွက်တဲ့အခါ ယွမ် 625 ရှိပြီး သူမနဲ့ သူမညီမအတွက် ကျူရှင်ခ ပေးရန်  လုံလောက်သည်။ ဒါပေမဲ့ ရက်အနည်းငယ်ကြာတော့ အကြွေစေ့ 1528 ဘဲ ကျန်တော့သည်။


ကျန်းဟွေ့ရဲ့ အာရုံကြောများ တင်းမာလာသော်လည်း အခုအချိန်တွင် ကျူရှင်ခပေးရန် ပိုက်ဆံရှိသဖြင့် သူမရဲ့ အာရုံကြောများ ပြေလျော့သွားသည်။


သူမညီမအတွက် ဒီနှစ်တွင် ဂျူနီယာအထက်တန်းကျောင်းမှာ အလယ်တန်း ပထမတန်းတွင် ကျူရှင်ခနဲ့ အထွေထွေ အခကြေးငွေ နှစ်ခုစလုံးအတွက် ယွမ် 130 ပေးဆောင်ရသည်။


ကျန်းဟွေ့က  Jiang Cheng နံပါတ် 1 အလယ်တန်းကျောင်းကို ရည်ညွှန်းပြီး Jiang Cheng key နံပါတ် 1 အလယ်တန်းကျောင်းကို သွားခဲ့သည်။ သူမရဲ့ ကျူရှင်ခနဲ့ တည်းခိုစရိတ်မှာ 185 ယွမ် ဖြစ်သည်။


ညီမနှစ်ယောက်ရဲ့ ကျူရှင်ခနဲ့ အထွေထွေစရိတ်မှာ 315 ယွမ်ဖြစ်သည်။


ကျန်းဟွေ့က သူမညီမရဲ့ ကျူရှင်ခကို သူမအမေကို ပေးလိုက်ပြီး သုံးဖို့ နောက်ထပ် ယွမ် 100 ပေးလိုက်သည်။ ကျန်ငွေကို သူမကိုယ်တိုင် သိမ်းဆည်းထားသည်။


ကျန်းဟွေ့က 1528 အကြွေစေ့ ကျန်သေးတာကို တွေ့တော့ Phoenix အမှတ်တံဆိပ် အနက်ရောင်စက်ဘီးကို အကြွေစေ့ 333 ဖြင့် Mall တွင် ဝယ်ယူခဲ့ပြီး စက်ဘီးသော့ကို အကြွေစေ့ 20 ဖြင့် ဝယ်ယူခဲ့သည်။


ဒီစက်ဘီးအမျိုးအစားက ခိုင်ခံကာ တာရှည်ခံပြီး ကုန်ပစ္စည်းဆွဲရန် အသုံးပြုတဲ့အခါ အရမ်းလွယ်ကူသည်။


ရဲ့နင်းရှန်က သူမသမီး အထက်တန်းကျောင်းတတ်ဖို့ မြို့ကိုသွားရမယ်လို့ တွေးလိုက်သည်။ စက်ဘီးမစီးဘဲ နေ့တိုင်း အသွားအပြန် နှစ်နာရီကြာ လမ်းလျှောက်ရသည်မှာ ပင်ပန်းလွန်းလှသည်။


အိမ်မှာ လေဖိအားနည်း ရပ်ဝန်းထဲက စက်ဘီးကို မြင်တဲ့အခါ သူမ မအံ့ဩတော့ဘူး။ အရင်ရက်အတွင်း အိမ်တွင် သူမသမီးရဲ့ ပုံမှန်မဟုတ်တဲ့ ထူးခြားမှုကို သူမခံစားမိနေသည်မှာ ကြာလာပြီ။


ဒါပေမဲ့ သူမသမီး မပြောပြရင် မေးမှာမဟုတ်ဘူး။ တခြားသူတွေ မသိအောင် သမီးကြီးရဲ့ လျှို့ဝှက်ချက်ကို ကောင်းကောင်းထိန်းထားမည်။


စက်တင်ဘာ 1 ရက်နေ့သည် ကျောင်းစတက်သည့် ပထမဆုံးနေ့ဖြစ်သည်။


ကျန်းဟွေ့က စောစောထပြီး သူမ‌အမေနဲ့ ပေါင်မုန့်လုပ်သေးသည်။ မြို့ထဲကျောင်းသွားတဲ့အခါ လီကျန်းဂန်ဆီကို တခါထဲပို့ပေးသည်။


ကျန်းဟွေ့က သူမညီမ ကျောင်းလခပေးဖို့ မြို့လယ်ရှိကျောင်းကိုသွားဖို့ တောင်းဆိုခဲ့သည်။ စောနေသေးတဲ့အတွက် နောက်မှသွားလို့ရသည်။


ကျန်းဟွေ့က မနက်ခင်းလေနုအေးကို ရင်ဆိုင်ရင်း စက်ဘီးစီးကာ နှလုံးသားထဲတွင် အရမ်းပျော်ရွှင်နေသည်။ သူမ အထက်တန်းကျောင်း တက်တော့မယ်။


ကျန်းဟွေ့ရဲ့ကျောင်း အထက်တန်းလား အလယ်တန်းလား ဆိုတာမကွဲဘူးဖြစ်နေတယ် e-tran မှာကတည်းက နှစ်ခုဖြစ်နေတာ။