Ch 9
Viewers 4k

Ch 9 


ကျန်းဟွေ့က ပေါင်မုန့်ပုံးကြီး နှစ်ပုံးကို စက်ဘီးဖြင့် သယ်ဆောင်လာပြီး မြို့ထဲရှိ Li Ji Bao Zi ဆိုင်သို့  အချိန် 6 နာရီခွဲတိတိ ရောက်လာသည်။


ဆိုင်တံခါးဖွင့်ထားသော်လည်း ဆိုင်ထဲတွင် တစ်ယောက်မှ မတွေ့သဖြင့် သူတို့နှစ်ယောက် အထဲမှာ ဒါမှမဟုတ် ဒုတိယထပ်မှာ ရှိမယ်လို့ ခန့်မှန်းကာ "boss လီ boss လီ အစ်မ Pin Zhen " လို့ အော်လိုက်သည်။


Cheng Pin Zhen တို့ လင်မယား နှစ်ယောက်စလုံး ကျန်းဟွေ့ အော်သံကြားတဲ့အခါ ချက်ချင်း "လာပြီ ငါတို့လာပြီ။"


လွန့်ခဲ့တဲ့ရက်အနည်းငယ်က ကျန်းဟွေ့တို့ မိသားစုရဲ့ ပေါင်မုန့်ကြောင့် သူတို့လုပ်ငန်း ပိုမိုကောင်းမွန်လာသည်။ လီကျန်းဂန်နဲ့ Cheng Pin Zhen တို့ရဲ့ Bao Zi ဆိုင် ဂုဏ်သတင်းက ပိုမိုကောင်းမွန်လာပြီး သူတို့ရဲ့ လုပ်ငန်းက ပိုမြ့င်မားတဲ့အဆင့်ဆီ သေချာပေါက်ရောက်မယ်လို့ ယုံကြည်ထားသည်။


လီကျန်းဂန်က ကျန်းမိသားစုနဲ့ ပူးပေါင်းရန် ဆုံးဖြတ်လိုက်တဲ့ အတွက် တိတ်တဆိတ် ဝမ်းမြောက်ဝမ်းသာဖြစ်နေတယ်။ လင်မယားနှစ်ယောက် အတူတူ အောက်ထပ်ဆင်းလာသည်။


ဒီနေ့ ကျန်းဟွေ့ စက်ဘီးနဲ့ ရောက်လာတာ မြင်‌တော့ "ဟွေ့ဟွေ့ စက်ဘီးဝယ်လိုက်ပြီးလား။"


ကျန်းဟွေ့က အပြုံးလေးနဲ့ ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်။ ပစ္စည်းပို့ဖို့ စက်ဘီးနဲ့ဆို ပိုအဆင်ပြေတယ်လေ။အစ်မ Pin Zhen ညီမ ဒီသေတ္တာနှစ်လုံးကို ထားခဲ့လိုက်မယ်။ နေ့လယ် ကျောင်းက ပြန်လာမှ လာယူလို့ ရလား။"


ပစ္စည်းပို့ရာတွင် အဆင်ပြေစေရန် အတွက် ကျန်းဟွေ့က Mall ကနေ နောက်ထပ် မီးဖိုသုံးခုနဲ့ သံမဏိပုံးသုံးခုကို ဝယ်ခဲ့သည်။


အခု အိမ်တွင် မီးဖိုလေးခုနဲ့ သံမဏိပုံးလေးခုရှိပြီး ဒီတိုင်းထားရန် နှာမြောနေသောကြောင့် သူတို့ကို အသုံးပြုရန် စိတ်ပူစရာမလိုဘဲ ဒီနေရာမှာ အရင်ထားနိုင်သည်။


Cheng Pin Zhen က ပြုံးပြီး "ဒါက ဘာမှမဖြစ်ပါဘူး။ ညီမအတွက် အစ်မသိမ်းထားပေးမယ်။ ကျောင်းဆင်းရင် လာယူ။"


ကျန်းဟွေ့က နာခံစွာပြုံးပြီး "ကျေးဇူးတင်ပါတယ် အစ်မ Pin Zhen ဒါဆို ကျောင်းအရင်သွားတော့မယ်။"


"သတိထားသွား"


"ဟုတ်ကဲ့"


Cheng Pin Zhen က ကျန်းဟွေ့ စက်ဘီးနဲ့ ထွက်သွားတာကို ကြည့်ပြီး သူမဘေးနားက လီကျန်းဂန်ကို "ဟွေ့ဟွေ့က အရမ်းဉာဏ်ကောင်းတယ်။ အဒေါ်ရဲ့မှာ ဒီလိုသမီးရှိတာ စိတ်ပူစရာမလိုတော့ဘူး။"


လီကျန်းဂန်က သူမကို "ဟုတ်တယ် ဟွေ့ဟွေ့က အရမ်းတန်ဖိုးရှိတဲ့ သမီးလေးမို့ ‌အန်တီရဲ့က ကောင်းချီပေးခံရတာ။"


ကျန်းဟွေ့က မြို့ကနေ Jiang Cheng ထိ စက်ဘီးစီးခဲ့သည်။ လမ်းမှာ မတော်တဆမရှိသရွေ့ 7 နာရီမှာ ကျောင်းကို ရောက်နိုင်ပြီး မျှော်လင့်ထားသလို အချိနခတော်တော်ကုန်ပါသည်။


ကျန်းဟွေ့က Jiang Cheng နံပါတ် 1 အလယ်တန်းကျောင်းကို ရောက်တဲ့အခါ သူမလက်ကောက်ဝတ်က နာရီကို ကြည့်တဲ့အခါ 7 နာရီတိတိ ရှိနေပြီ ဖြစ်သည်။


ကျောင်းသွားချိန်နဲ့ ကျောင်းပြီးချိန်ကို သိဖို့ ကျန်းဟွေ့က မနေ့ညက Mall ကနေ အမျိုးသမီး seguall အမှတ်တံဆိပ် လက်ပတ်နာရီကို ဝယ်ဖို့ အကြွေစေ့ 138 ပြားကို သုံးစွဲခဲ့သည်။


ကျန်းဟွေ့က သူမစောစောလာတယ်လို့ ထင်ခဲ့သော်လည်း သူမထက်စောသော မိဘနဲ့ အ‌တန်းဖော်များစွာ ရှိခဲ့မယ်လို့ မမျှော်လင့်ခဲ့ပေ။


ဒီနေ့ ကျောင်းစတတ်တဲ့နေ့ဖြစ်ပြီး ကျောင်းတံခါးလည်း ဖွင့်ထားသည်။ အစောင့်အကြပ်များမရှိသဖြင့် လူများဝင်ထွက်သွားလာနိုင်သည်။


ကျန်းဟွေ့က စက်ဘီးကိုတွန်းကာ တခြားသူများနဲ့အတူ အထဲကိုလျှောက်သွားသည်။ စက်ဘီးထားတဲ့နေရာတွေ့တော့ ချက်ချင်းသွားခဲ့သည်။ စက်ဘီးကို သော့ခတ်ပြီး စာသင်တိုက်ဆီ လျှောက်သွားခဲ့သည်။


သင်တန်းကြေး ကြိုပေးရတဲ့ ကျောင်းဖြစ်တဲ့အတွက် ကျောင်းလခပေးဖို့အတွက် စာသင်တိုက်ကို အရင်သွားရသည်။


ကျန်းဟွေ့က သင်ကြားရေးအဆောက်အအုံရဲ့ ငွေပေးချေရန် ရုံးကိုသွားတဲ့အခါ တန်းစီနေတဲ့ လူများစွာရှိပြီး ကျူရှင်ခပေးရန် မိဘများနဲ့ အတန်းဖော်များ အားလုံးစောင့်ဆိုင်းနေသည်ကို တွေ့ခဲ့ရသည်။ သူမလည်း အမြန်တန်းစီလိုက်သည်။


အလုပ်ဆင်းချိန်က 8 နာရီဆိုပေမဲ့ ထိုဂိတ်မှာ အခကြေးငွေ ကောက်ခံတဲ့သူတွေ ရောက်နေပြီ။ ကျန်းဟွေ့က နာရီဝက်ခန့် တန်းစီးပြီးနောက် သူမအလှည့်ရောက်လာသည်။


Jiang Cheng အမှတ် 1အလယ်တန်းကျောင်းမှ ဝင်ခွင့်ကြော်ငြာစာနဲ့ ငွေများကို ထုတ်ယူပြီး ကောက်ခံသူ အမျိုးသမီးကို ယဉ်ကျေးစွာ "ဆရာမ အထက်တန်း ပထမနှစ် ကျောင်းသားတွေက ကျောင်းမှာ နေလို့ရလား။" မေးသည်။


အခကြေးငွေ ကောက်ခံတဲ့ အမျိုးသမီးက ကြင်နာစွာနဲ့ "ဟုတ်တယ်။ ဒါပေမဲ့ ကျောင်းအိပ်ဆောင်က အရမ်းကြပ်တယ်။ လိုချင်ရင် အိပ်ဆောင်လျှောက်ထားပြီး ကျောင်းအုပ်ဆရာမကြီးကို သတင်းပို့နိုင်တယ်။" လို့ ဖြေသည်။


ကျန်းဟွေ့က ပြုံးပြီး "ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ သမီး အပြင်မှာနေဖို့ လျှောက်ထားမယ်။ ကျူရှင်နဲ့ အထွေထွေ အခကြေးငွေကိုဘဲ ပေးလိုက်မယ်။"


ကျောင်းဝင်က အိပ်‌ဆောင်မှာ မနေရင် ယွမ် 20 လျှော့ပေးသည်။ မူလက 185 ယွမ်လို သတ်မှတ်ထားတဲ့ သင်တန်းကြေးက 168 ယွမ်ဘဲ ကျသည်။ ကျန်းဟွေ့က သင်တန်းကြေးကို ပေးသွင်းပြီးနောက် ကောင်ခံသူအား ထပ်မံမေးမြန်းခဲ့သည်။


"ဆရာမ အတန်း 1 ကို ဘယ်လိုသွားရမှာလဲ"


"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။"


ကျန်းဟွေ့လဲ အခကြေးငွေကောက်ခံသူ ညွှန်ပြသည့် လမ်းအတိုင်းသွားပြီး အတန်း 1 ကို ရှာတွေခဲ့သည်။


8 နာရီထိုးခန့်နီးပြီး အတန်းထဲမှာ ကျောင်းသား သုံးပုံ နှစ်ပုံ ထိုင်နေသည်။


ကျန်းဟွေ့ဝင်လာတာကို တွေ့တော့ အားလုံးရဲ့ မျက်လုံးတွေ လင်းလက်လာသည်။


ဒီအတန်းဖော်က အရမ်းကြည့်ကောင်းတယ်။


သူမ နာမည်က ဘာလဲ? 


ကျန်းဟွေ့က လူတိုင်းရဲ့ အာရုံစိုက်မှာကို သတိပြုမိကာလူတိုင်းကို ပြုံးပြပြီး  အနောက်က တစ်ယောက်မှ မရှိတဲ့ ခုံတွင် ဝင်ထိုင်လိုက်သည်။


သူမဘေးက စားပွဲတွင် ဆံပင်တိုတို မျက်လုံးဝိုင်းဝိုင်းနဲ့ ချစ်စရာ ကောင်မလေး တစ်ယောက်ထ်ိုင်နေသည်။


ထိုချစ်စရာကောင်မလေးက သူစိမ်းများကို မကြောက်သောကြောင့် သူမက တိုက်ရိုက်ရောက်လာပြီး ကျန်းဟွေ့ကို "ဟဲလို အတန်းဖော် ငါ့နာမည်က ကျိန်းရရှင်း မင်းနာမည်က ဘယ်လိုခေါ်လဲ။" လို့ မေးသည်။


ကျန်းဟွေ့ ပြုံးလိုက်တဲ့အခါ ပါးချိုင့်လေး ပေါ်လာပြီး အရမ်းချစ်စရာကောင်းသည်။


ကျန်းဟွေ့က သူမကို အထင်ကြီးပြီး "မင်္ဂလာပါ အတန်းဖော် ကျိန်း ငါနာမည်က ကျန်းဟွေ့ပါ။"


ကျိန်းရရှင်းက "ဒါဆို ခုကစပြီး မင်းကို အားဟွေ့လို့ ခေါ်မယ်။ ငါ့ကိုလည်း အားရှင်း ဒါမှမဟုတ် ရှင်းရှင်းလို့ ခေါ်နိုင်တယ်။"


ကျန်းဟွေ့က ပြုံးပြီး ခေါင်းညိတ်ကာ "ကောင်းပြီ ဒါဆို မင်းကို အားရှင်း ဒါမှမဟုတ် ရှင်းရှင်းလို့ ခေါ်မယ်။"


ကျိန်းရရှင်းက သူမကို တောက်ပစွာပြုံးပြပြီး "ရတယ် ကိစ္စမရှိဘူး။"


ဤနည်းဖြင့် ကျန်းဟွေ့က အထက်တန်းကျောင်းတွင် သူမရဲ့ ပထမဆုံး သူငယ်ချင်းကောင်းက ရွှင်လန်းတက်ကြွပြီး ချစ်စရာကောင်းတဲ့ အတန်းဖော် ကျိန်းရရှင်း ဖြစ်လာခဲ့သည်။


8 နာရီတွင် အသက် 35 နှစ်ရှိသော အမျိုးသမီး ဆရာမ တစ်ဦးသည် စာသင်ခန်းထဲသို့ ဝင်လာပြီး စတိတ်စင်ပေါ်တတ်သည်။


အချင်းချင်း မိတ်ဆက်စကားပြောနေကြသော ကျောင်းသားများသည် ဆရာရောက်လာတာကို မြင်တဲ့အခါ ချက်ချင်းရပ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။


ဆရာမက အတန်းထဲက ကျောင်းသားတွေကို လှည့်ပတ်ကြည့်ရင်း ပြုံးပြုံးလေးနဲ့ ပထမဆုံး နှုတ်ဆက်တယ်။ "မင်္ဂလာပါ ကျောင်းသားတို့ "


တစ်တန်းလုံးက ထုံးစံအတိုင်း "မင်္ဂလာပါ ဆရာမ"


ဟွမ်ဇီလင်က ပြုံးပြီး "ငါက မင်းတို့ရဲ့ အတန်းပိုင်ဆရာမ ဟွမ်ဇီလင်ပါ။ မတော်မတ ကိစ္စမရှိရင် မင်းတို့နဲ့ ဘွဲ့ရတဲ့ထိ သုံးနှစ်ထိ နေမယ်။"


သူမနာမည်ကို ကျောင်းသားတွေ မှတ်မိစေနိုင်တဲ့ဖို့အတွက် ကျောက်သင်ပုန်းမှာ ရေးပြသည်။


ထို့နောက် ဟွမ်ဇီလင်က ကျောင်းသားအားလုံးကို သူတို့ရဲ့နာမည်၊ ဘယ်ကလာတယ်၊ ဘယ်အရာကို ကြိုက်နှစ်သက်တယ်၊ ဘာအရည်အချင်းရှိတယ်ဆိုတာကို မိတ်ဆက်ပေးရန် တောင်းဆိုသည်။


ပထမဆုံးတန်းမှာ ထိုင်နေတဲ့ အမျိုးသားကျောင်းသားက စတိတ်စင်ပေါ်တက်တဲ့အခါ လူများစွာက သူ့ကိုစိုက်ကြည့်နေတာ တွေ့လိုက်ရတဲ့အတွက် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။


သူက ခပ်တိုးတိုးနဲ့ "ကျွန်တော် နာမည်က လင်သတုန်းပါ ကျွန်တော်က Peng Lai ခရိုင်ကပါ ဘတ်စကတ်ဘော ကစားရတာ ‌ကြိုက်ပါတယ်။" ပြောပြီးတာနဲ့ အမြန်ဆင်းလိုက်သည်။


ကျောင်းသားတွေက ရယ်မောကြသည်။


ကျောင်းသားတွေ တစ်ယောက်ပြီး တစ်ယောက် စတိတ်စင်ပေါ် တက်သွားကြပြီး မကြာခင်မှာ ကျန်းဟွေ့အလှည့်ရောက်လာသည်။


ကျန်းဟွေ့က လူတိုင်းကို ရက်ရက်ရောရောနဲ့ "ကျွန်မနာမည်က ကျန်းဟွေ့ပါ။ ကျွန်မက Nan Jiang မြို့ကပါ။ ကျွန်မမှာ ဝါသနာအစုံရှိပါတယ်။ စန္ဒာနဲ့ စန္ဒယားတီးတာကို နှစ်သက်ပါတယ်။ အနာဂတ်မှာ အတန်းဖော်တွေနဲ့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။"


ကျန်းဟွေ့ရဲ့ နိဒါန်းက လူတိုင်းက သူမကို စူးစမ်းချင်စိတ်နဲ့ သဘောကျစေခဲ့ပါသည်။


အခုခတ်တွင် ဝါသနာနဲ့ ဝါသနာပါတဲ့‌ လေကျင့်ရေး သင်တန်းများသည် နောက်ပိုင်းမျိုးဆက်များကဲ့သို့ များစွာမရှိပေ။ 


ကျန်းဟွေ့က သူမကိုယ့်သူမ မိတ်ဆက်တုန်းက စန္ဒာနဲ့ စန္ဒယား နှစ်မျိုးလုံး လုပ်နိုင်တယ်လို့ ပြောခဲ့သည်။ ယောင်္ကျားလေးတွေရဲ့ နှလုံးသားထဲမှာတော့ သူမက အရပ်ဘက်ရော စစ်ဘက်ဆိုင်ရာမှာပါ စွယ်စုံရတဲ့ ရုပ်ရည်ချောမောတဲ့ မိန်းကလေးတစ်ယောက် ဖြစ်သည်။


ကျန်းဟွေ့က ရည်ရွယ်ချက်ရှိရှိဖြင့် လူသိများသော နည်းလမ်းဖြင့် မိတ်ဆက်ခဲ့သည်။ နောင်လာနောက်သားတွေရဲ့ အတွေအကြုံအရ သင်ဟာ ပိုနိမ့်ကျလေလေ တခြားသူတွေက သင့်ကို မစွမ်းဆောင်နိုင်ဘူး ထင်လာတဲ့အခါ ပိုပြီး အနိုင်ကျင့်ခံရလေ ဖြစ်သည်။ တခါတရံတွင် သင်က သင်ရဲ့စွမ်းရည်ကို ပြသပြီး သင့်စွမ်းရည်နဲ့ အဓိကအချက်ကို တခြားသူများအား သတိပေးပါ။


နောက်ပိုင်းမျိုးဆက်က ထိပ်တန်းအနုပညာရှင်တစ်ယောက် ပြောခဲ့သလိုပါဘဲ။ သူပြောခဲ့တာက


'သင်နိမ့်ချတဲ့နေရာမှာ ရှိတဲ့အခါ သင့်ရဲ့ခံစားချက်များကို အေးစက်တဲ့မျက်လုံးများက လှောင်‌ပြောင်ခြင်းနဲ့ ငြူစူခြင်းများ ပြည့်နှက်နေတယ်။ တော်တော်များများက မင်းကိုချနင်းချင်ကြတယ်။


မြင့်မားတဲ့နေရာမှာ ရပ်တည်နေတဲ့အခါ သင့်ပတ်ဝန်းကျင်ရှိ လူများအားလုံးက စကားပြောကောင်းသူများ၊ သင့်အား ကြင်နာမှုပေးသောသူများနဲ့ သင့်အား ထောက်ခံသူများကို တွေ့ရလိမ့်မည်။'


သူမ စန္ဒနဲ့ ဘယ်လိုတိုက်ခိုက်တတ်ကြောင်း တမင်တကာ မိတ်ဆက်ပေးခဲ့သည်။ အနိုင်ကျင့်ရန် မျက်စိမရှိသူမှလွဲ၍ အနာဂတ်တွင် ဘယ်သူမှ သူမကို အနိုင်ကျင့်ဝံမည် မဟုတ်ဟု ယုံကြည်သည်။


ကျောင်းသားများ မိတ်ဆက်ပြီးနောက် ဆရာမ ဟွမ်ဇီလင်က "လူတိုင်း ကောင်းကောင်း မိတ်ဆက်ပြီးကြပြီ။ အတန်းထဲက ကျောင်းသားတွေလည်း ဝါသနာ စွယ်စုံရှိတယ်။ ကျောင်းသားတွေလည်း အနာဂတ်မှာ တက်ကြွလာမယ်လို့ မျှော်လင့်တယ်။ အတန်းမှာ ကျောင်းအတွက် ဂုဏ်ထူးဆောင်ဘွဲ့များ ရရှိမဲ့ ထူးချွန်တဲ့ကျောင်းသားတွေရှိမယ်လို့လည်း မျှော်လင့်တယ်။"


ထိုနောက် သူမက စကားပြောင်းလ်ိုက်ပြီး "ဘယ်သူက အတန်းပိုင်အတွက် အရွေးခံချင်လဲ။ မြန်မြန်စားရင်းသွင်းပါ။"


ဟွမ်ဇီလင်က လူတိုင်းငြိမ်နေလို့ 


"ဟွမ်ရွှယ် မင်းက အတန်းခေါင်းဆောင်

လော့ကျီချန် မင်းက လေ့လာရေးခေါင်းဆောင်

ကျန်းဟွေ့က အားကစားခေါင်းဆောင်

ကျိန်းရရှင်းက စာပေနဲ့ အနုပညာ အဖွဲ့ခေါင်းဆောင်

လျိုစီက အလုပ်သမားအဖွဲ့ခေါင်းဆောင် ဟုတ်ပြီးလား။"


ကျန်းဟွေ့က သူမကိုယ်တိုင် မိတ်ဆက်ခြင်းကြောင့် အားကစားအဖွဲ့ခေါင်းဆောင် ဖြစ်လိမ့်မယ်လို့ မထင်ထားပေ။


ကျိန်းရရှင်းက သီချင်းဆိုခြင်း၊ ကခြင်းနဲ့ စန္ဒယားတီးခြင်းတို့ကို ပြုလုပ်နိုင်တယ်လို့ မိတ်ဆက်ခဲ့သောကြောင့် အတန်းပိုင်ဆရာမက သူမကို စာပေနဲ့အနုပညာ ခေါင်းဆောင်ဖြစ်ရန် တောင်းဆိုခဲ့သည်။


ခေါင်းဆောင်များကို ရွေးချယ်ပြီးနောက် ‌အတန်းပိုင်ဆရာမက စာအုပ်အသစ်များကို ယူလာပြီး ဝေ‌ပေးရန် အရပ်ရှည်သော ကျောင်းသားတချို့ကို ရွေးချယ်ခဲ့သည်။


အထက်တန်းကျောင်း အမှတ် 1 မှ အထက်တန်း ကျောင်းသားများသည် အထက်တန်း စာမေးပွဲတွင် အမှတ်ကောင်းကြသူများ ဖြစ်ကြသည်။ အနာဂတ်မှာ ကျောင်းသားများကြား ပ်ြိုင်ဆိုင်မှုကြီး ဖြစ်လာမှာ သေချာသည်။


ကျန်းဟွေ့က ဘဝအသစ်တွင် နေထိုင်ပြီး Hercules Pill မှတစ်ဆင့် သူမခန္ဓာကိုယ် အလားအလာကို မြင့်တင်ခဲ့သည်။ သူမရဲ့ ဦးနှောက်သည်လည်း ပိုမိုဖွံ့ဖြိုးလာပြီး မှတ်ဉာဏ်သည်လည်း အလွန်ကောင်းမွန်လာသည်။


ဓာတ်ပုံမှတ်ဉာဏ်ကို မရောက်နိုင်သေးပေမဲ့ ပုံမှန်အားဖြင့် သင်ကြားမှုအကြောင်းအရာများကို နှစ်ကြိမ်သုံးကြိမ် ဖတ်ရုံဖြင့် အလွတ်ရသည်။


စာအုပ်အသစ်နဲ့ အတန်းအချိန်ဇယား အသစ်ကို ဝေပေးပြီးနောက် ဟွမ်ဇီလင်က လူတိုင်းကို လွတ်လပ်စွာ ပြောင်းရွေ့ခွင့်ပြုခဲ့ပြီး နေ့လယ်ပိုင်းတွင် တရားဝင်အတန်းများ စတင်ခဲ့သည်။


ကျိန်းရရှင်းက ရောက်လာပြီး ကျန်းဟွေ့ ဘေးနားကခုံတွင် ထိုင်ပြီး နှစ်ယောက်သား စားပွဲအတူတူဖြစ်သွားသည်။


ကျိန်းရရှင်းရဲ့ အိမ်က မြို့ထဲမှာ။


ဆရာမ ထွက်သွားတဲ့အခါ ကျိန်းရရှင်းက ကျန်းဟွေ့ကို "အားဟွေ့ ဘယ်အဆောင်မှာနေတာလဲ။ အချိန်ရရင် မင်းဆီလာလည်မယ်။" လို့မေးသည်။


ကျန်းဟွေ့က "အဆောင်မှာမနေဘူး နေ့တိုင်းအိမ်ပြန်တယ်။"


ကျိန်းရရှင်း အနည်းငယ် အံ့ဩသွားပြီး "အိမ်က အဝေးကြီးလေ နေ့တိုင်းအသွားအပြန် ဘယ်လောက်တောင် ပင်ပန်းမလဲ။"


ကျန်းဟွေ့က "ငါ့မိသားစုက မနက်တိုင်း ရောင်းဖို့ မုန့်တွေ အများကြီးလုပ်တယ်။ ငါ့အိမ်မှာ ငါ့အမေနဲ့ ညီမဘဲရှိတာ။ ငါမကူညီရင် သူတို့အလုပ်ရှုပ်လိမ့်မယ်။ ဒါပေမဲ့ ဒီကိုလာဖို့ စိတ်မပူနဲ့ ငါ့မှာ စက်ဘီးရှိတယ်။ မပင်ပန်းဘူး။"


ကျိန်းရရှင်းက ပူပင်သောကရနေတဲ့ မျက်လုံးများဖြင့် သူမကိုကြည့်ကာ "ဒါပေမဲ့ စာသင်ဖို့ ကျန်သေးတယ်လေ။"


ကျန်းဟွေ့ က ပြုံးပြီး "ရပါတယ်။ ငါအလုပ်လုပ်ရင်း စာကျက်နိုင်တယ်။"


Spoiler


မင်းသားမကြာခင်ပေါ်လာတော့မှာ