Ch 10
Viewers 4k

Ch 10


ကျိန်းရရှင်းက အေးဆေးတည်ငြိမ် သန်မာပြီး ယုံကြည်ချက်ရှိသော ကျန်းဟွေ့ကို ချစ်မြတ်နိုးတဲ့အပြင် ပိုပြီးသဘောကျသည်။


"အားဟွေ့ အရမ်းမိုက်တာဘဲ ငါသာဆို အဲ့လောက်သန်မာပြီး စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး။" လို့ စိတ်ဝင်တစားနဲ့ ပြောသည်။


ကျန်းဟွေ့က ပြုံးပြီး "မတတ်နိုင်ဘူးလေ။ ငါ့မိသားစုက ဆင်းရဲတယ်လေ အဲ့ကြောင့်မို့လို့ ရိုးရိုးသားသားပြောရရင် မင်းကြီးပြင်းလာပုံကိုလည်း အားကျတယ်။"


ကျိန်းရရှင်းက ဖြူစင်ပြီး တောက်ပတဲ့ အသားအရေရှိပြီး သူမရဲ့အိမ်ကလည်း မြို့ထဲမှာရှိကာ ကောင်းမွန်စွာ ဝတ်ဆင်ပြီး နာရီလည်း ဝတ်ဆင်ထားသည်။


အဆိုပါ ဖော်ပြချက်များအရ သူမက ကောင်းမွန်တဲ့ နောက်ခံရှိတဲ့ မိသားစုမှ ဆင်းသက်လာတာဖြစ်သည်။


ဇာတ်မြစ်ကို ရွေးချယ်နိုင်ရင် ဘယ်သူက ကောင်းမွန်တဲ့ မိသားစုကနေ မွေးဖွားပြီး ကောင်းမွန်စွာ မနေထိုင်ချင်မှာလဲ။


ကျန်းဟွေ့က သူမကိုယ်သူမ ရယ်‌မောရင် သူမက လူဝင်စားချင် စွမ်းရည်ညံ့ဖျင်းတဲ့သူ ဖြစ်နိုင်တယ်။


သူမလို လူမျိုးတွေအတွက် အနာဂတ်မှာ ကောင်းမွန်စွာနေထိုင်လိုပါက လုံ့လဝီရိယနဲ့ ကြိုးစားအားထုတ်ခြင်းဖြင့်သာ သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်သည်။


ကျန်းဟွေ့ရဲ့ စကားကြားတော့ ကျိန်းရရှင်းက "အားဟွေ့ မင်းမိသားစုက ဆင်းရဲတယ်လို့ မပြောရင် မင်းရဲ့ ရုပ်ရည်နဲ့ ပြောနိုင်မှာ မဟုတ်ဘူး။ မင်းရဲ့မိသားစုက အရမ်းကောင်းတယ်လို့ ထင်တယ်။"


ကျန်းဟွေ့က သူမကို ပြုံးပြီး ကြည့်လိုက်သည်။


ကျိန်းရရှင်းက သူမကို ရှင်းပြရန် လောတကြီး "ကြည့်စမ်း မင်းက အရပ်ဘက်ရော စစ်ဘက်ရော ရတယ်။ မင်းရဲ့ စက်ဘီး၊ နာရီနဲ့ အဝတ်အစားတွေက တော်တော်ကောင်းတယ်။ ဒါကို ကြည့်လိုက်ရင် မင်းမိသားစုက ဆင်းရဲတယ်လို့ ဘယ်သူကတွေးမိမှာတုန်း။"


ကျန်းဟွေ့က သက်ပြင်း တိုးတိုးလေးချပြီး "ငါ့မိသားစုက အရင်က အရမ်းဆင်းရဲတယ်။ မကြာသေးခင်က ငါ ပေါင်မုန့်စရောင်းမှ အဆင်ပြေလာတာ။"


ကျိန်းရရှင်းက ရုတ်တရက် သဘောပေါက်သွားပြီး "ဒါဆို မင်းမိသားစုက ပေါင်မုန့်ရောင်းတာလား။ ဒါဆို မင်းအမေရဲ့ လက်ရာက အရမ်းကောင်းလိမ့်မယ် ဟုတ်တယ်မလား။"


ကျန်းဟွေ့က စိတ်ရှည်ရှည်နဲ့ "အင်း ငါ့အမေရဲ့ လက်ရာက မဆိုးပါဘူး။ ဒါပေမဲ့ ငါရဲ့ လက်ရာက ပိုကောင်းတယ်။ မနက်ကျရင် ပေါင်မုန့်ယူလာပေးမယ် စားကြည့် ကြိုက်သွားလိမ့်မယ်လို့ ပြောရဲတယ်။"


ကျိန်းရရှင်းက အရသာရှိတဲ့ မုန့်လို့ကြားတဲ့အခါ မျက်လုံးက အရောင်လက်လာပြီး "တကယ်လား ဒါဆို ငါနင်ကို ကျေးဇူးတင်တယ်။ ဒါပေမဲ့ ငါအလကားမစားချင်ဘူး ပိုက်ဆံပေးမှာ။"


ကျန်းဟွေ့က ဒေါသကြီး စိုက်ကြည့်ရင်း "ငါမင်းကို ကျွေးရင် စားရမယ်။ ပိုက်‌ဆံပေးရင် ငါတို့ ခင်မင်မှုပြတ်ပြီးဘဲ။"


ကျိန်းရရှင်းက လေးနက်ဟန်ဆောင်နေသော ကျန်းဟွေ့ရဲ့ မျက်နှာကို မြင်လိုက်ရပြီး ပထမဆုံး ကျောင်းတတ်တဲ့နေ့မှာ ကျန်းဟွေ့လို သူငယ်ချင်းကောင်းကို တွေ့ရလို့ ဝမ်းသာအားရ ရယ်မောရင်း "ကောင်းပြီ ပိုက်ဆံမပေးတော့ဘူး မင်းကို အခွင့်အရေးယူမယ်နော်။"


ဒီလိုပြောပေမဲ့ ငယ်ငယ်ကတည်းက မိဘတွေက ပေါ့ပေါ့ဆဆ မနေရဘူးလို့ သင်ပေးခဲ့သည်။ သူစိမ်းတစ်ယောက်ဖြစ်တဲ့ ကျိန်းရရှင်းက ကျန်းဟွေ့အတွက် မနက်ဖြန်မနက် စားရန် မုန့်ယူလာခဲ့ရန် ဆုံးဖြတ်လိုက်သည်။


မိတ်ဆွေတွေအနေနဲ့ အပြန်အလှန် ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် ကျန်းဟွေ့နဲ့ ကျိန်းရရှင်းက နေ့ခင်းမှာ ကော်ဖီဆိုင်သို့ သွားကြသည်။ ထမင်းတစ်ပွဲ၊ ဟင်းသီးဟင်းရွက်နဲ့ အသားဟင်းတစ်ပွဲ ဝယ်ခဲ့ပြီး စုစုပေါင်း ကုန်ကျစရိတ်မှာ ဆင့် 20 သာ ကျသင့်ပြီး အလွန်ဈေးသက်သာသည်။


အခု ကျောင်းကော်ဖီဆိုင်မှာ ကိုယ်ထမင်းကို ယူလာပြီးဟင်းသီးဟင်းရွက်ခြောက် ဒါမှမဟုတ် ဟင်းသီးဟင်းရွက်ချဉ် တချို့ယူလာကြသည်။ ဒါက အသက်သာဆုံး နည်းလမ်းပါ။


ပိုမိုကောင်းမွန်တဲ့ အခြေအနေရှိတဲ့ မိသားစုက ကျောင်းသားများကသာ ကော်ဖီဆိုင်မှာ တစ်နေ့ သုံးနပ်စားဝံ့ကြပြီး သာမန်မိသားစုများက လုံးဝ မတတ်နိုင်ကြပေ။


ကျန်းဟွေ့က နောက်ပိုင်းမျိုးဆက်များရဲ့ ဈေးနှုန်းများ တစ်ဟုန်ထိုးတတ်နေသည့် ခေတ်ကိုလည်း ကြုံတွေခဲ့ရသည်။ နှိုင်းယှဉ်ကြည့်လျှင် အသား၊ ဟင်းသီးဟင်းရွက်နဲ့ ထမင်းတစ်ပွဲကို ဆင့် 20 က ဈေးသက်သာသည်ဟု ခံစားမိသည်။


ဒါပေမဲ့ လစဉ်ဝင်ငွေ ယွမ်ဆယ်ဂဏန်းမျှသာရှိသောလည်း  မိသားစုကြီးတစ်ခုကို ထောက်ပံ့ရန် လိုအပ်နေသေးသော မိသားစုများအတွက် စားသောက်စရိတ် ဆင့် 20 တစ်နေ့သုံးနပ်သည် အနည်းဆုံး ဆင့် 50 သို့မဟုတ် ဆင့် 60 ဖြစ်ပြီး တစ်လကို ယွမ် 10 သို့မဟုတ် 20 ကုန်ကျသည်။


ထို့ကြောင့် ကျောင်းသားအများစုက ထမင်းယူလာရန် ရွေးချယ်ကြပြီး မုန်လာဥခြောက်၊ မုန်လာချဉ်‌နဲ့ ပဲပိစပ်ငံပြာရည်တို့ကို ယူလာကြသည်။


ဟင်းသီးဟင်းရွက်ချဉ်နဲ့ မုန်လာဥခြောက်တွေအပြင် ပိုအဆင်ပြေတဲ့အိမ်က ကျောင်းသားတွေက တခါတရံ အသားဆားနယ်ခြောက်နဲ့ ငါးဆားနယ်ခြောက်တွေကို ယူလာကြသည်။


ကျန်းဟွေ့က ဒီနေ့ ဒီလိုအရာတွေ မပြင်ဆင်ထားပေမဲ့ အခု လူတိုင်းလုပ်နေကြတော့ မနက်ဖြန် ထမင်းနွေးနွေးနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ သခွားသီး၊ ခရမ်းချဉ်သီး၊ အသားဆော့စ်နဲ့ တခြားဟင်းလျာတွေကို နေ့တိုင်းချက်ပြုတ်ပြီး ယူလာဖို့ စီစဉ်လိုက်သည်။ သူမချက်ပြုတ်တဲ့ ဟင်းလျာတွေက ကော်ဖီဆိုင်ကထက် ပိုကောင်းသည်။


နေ့လယ်စာ စားပြီးနောက် ကျန်းဟွေ့နဲ့ ကျိန်းရရှင်းက စာသင်ခန်းကို ပြန်သွားပြီး နေ့ခင်းစာသင်ချိန် မရောက်သေးသဖြင့် စားပွဲပေါ်တွင် အနားယူရန် လုပ်လိုက်သည်။


ကျန်းဟွေ့က နေ့တိုင်းစောစောထရသဖြင့် စားပွဲပေါ် လှဲလိုက်သည်နှင့် အိပ်ပျော်သွားသည်။ နေ့ဘက် အတန်းချိန် ခေါင်းလောင်းမြည်လာတဲ့အခါ ကျန်းဟွေ့ နိုးလာသည်။ 


ကျိန်းရရှင်း မနိုးသေးတာ မြင့်တော့  "ရှင်းရှင်း ထတော့ အတန်းစပြီ။" လို့ ညင်သာစွာ နိုးလိုက်သည်။


ကျိန်းရရှင်းက ထုံကျင်နေတဲ့ လက်မောင်းကို ပွတ်သပ်ရင်း "အတန်းစပြီလား။"


နေ့ခင်းအတန်းချိန်တွင် သင်္ချာနဲ့ အင်္ဂလိပ်စာသင်ပေးသည်။


ကျန်းဟွေ့က ဘာသာရပ်နှစ်ခုစလုံးကို ယုံကြည်ချက်ရှိပြီး အင်္ဂလိပ်စာကို ပိုယုံကြည်ချက်ရှိသည်။ သူမ အရင်ဘဝတွင် နိုင်ငံခြား ကုန်သည် တစ်ဦးဖြစ်ပြီး နေ့တိုင်းလိုလို နိုင်ငံခြားသားများနဲ့ ပြောဆိုဆက်ဆံနေသောကြောင့် သူမက အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာပြောဆိုနိုင်သည်။


သင်္ချာက နည်းနည်း အားနည်းသည်။ စာမေးပွဲမှာ အမှတ်ပြည့်မရပေမဲ့ အမှတ် 90 လောက်ရနိုင်သည်။ အခုက အမှတ်ပြည့် 100 စနစ်ဘဲရှိသေးသည်။


အတန်းနှစ်ခုက အမြန်ပြီးသွားသည်။


ဆရာမက အတန်းပြီးပြီလို့ ကြေငြာတာနဲ့ ကျန်းဟွေ့က  ဖတ်စာအုပ်တွေကို အလျင်အမြန်သိမ်းပြီး လွယ်အိတ်ကို လွယ်ကာ ကျိန်းရရှင်းနဲ့အတူ စာသင်ခန်းထဲက ထွက်လာသည်။


ကျိန်းရရှင်းလည်း စက်ဘီးဖြင့် လာကာ နှစ်ယောက်သား စက်ဘီးဆိုင်သို့ သွားကာ စက်ဘီးယူပြီး မနက်ဖြန်မှ တွေ့မယ်ပြောသည်။


ကျန်းဟွေ့က စက်ဘီးစီးပြီး အိမ်ပြန်သည်။ မြို့ကို ဖြတ်သွားတဲ့အခါ သူမက မီးဖိုနှစ်လုံးယူရန် လီကျန်းဂန်ဆီ သွားခဲ့သည်။


အိမ်ပြန်ရောက်‌တော့ ညီမလေး တစ်ယောက်ထဲရှိကို တွေ့လိုက်ရသည်။ သူမကို မေးကြည့်တော့ အမေက ဟင်းရွက် ရေလောင်းဖို့ လယ်ထဲသွားပြီး ပြန်မလာသေးတာကို သိလိုက်ရသည်။


ကျန်းဟွေ့က သူမညီမကို အိမ်စာမြန်မြန်လုပ်ခိုင်းပြီး သူမက ဝက်စာချက်ကာ ဝက်နဲ့ကြက်ကို အစာကျွေးပြီး ညစာပြင်ဆင်သည်။


သူမ ညစာပြင်ဆင်ပြီးတဲ့အခါ ရဲ့နင်းရှန် ပြန်ရောက်လာသည်။


သူမက ကျန်းဟွေ့ကို မြင်တော့ "ဟွေ့ဟွေ့ ဒီနေ့‌ကျောင်းမှာ စယသင်ရတာ အဆင်ပြေလား။ အတန်းဖော်တွေနဲ့ရော အဆင်ပြေလား။"


ကျန်းဟွေ့က ပြုံးပြီး ခေါင်းညိတ်ခါ "အဆင်ပြေတယ် အမေ စိတ်မပူပါနဲ့။"


"အဲ့တာ ကောင်းတယ်။" သူမစကား ကြားတဲ့အခါ ရဲ့နင်းရှင်း စိတ်သက်သာရာရသွားသည်။ ဒီနေ့ တစ်နေ့လုံး ဆရာ၊ကျောင်းသားတွေနဲ့ အဆင်မပြေမှာ လိုက်လျောညီထွေမှု မရှိမှာကို သူမ စိတ်ပူနေခဲ့သည်။


သုံးယောက်စလုံး ညစာစားပြီးနောက် ကျန်းဟွေ့က သူမညီမကို စာလုပ်ဖို့ ခေါ်လာသည်။


အရင်ဘဝတုန်းက သူမညီမက အလယ်တန်းကျောင်းပြီးသည်။ အထက်တန်းကျောင်း ဆက်မတတ်တော့ဘဲ အလုပ်ထွက်လုပ်ခဲ့သည်။ ဆယ်နှစ်ကြာတဲ့နောက်မှာ ကျေးလက်မိသားစုနဲ့ ‌အိမ်ထောင်ကျသည်။


သူမ့ခင်ပွန်းသည်က တစ်ဦးတည်းသော သားဖြစ်ပြီး မိသားစုဆက်ဆံရေးလည်း ကောင်းမွန်သည်။ နောက်ပိုင်းတွင် သားနှစ်ယောက် မွေးဖွားခဲ့ပေမဲ့ ပိုက်ဆံ အများကြီး မရှိပေမဲ့ သူမစိတ်ချမ်းသာခဲ့သည်။


လူတိုင်းမှာ ကိုယ်ပိုင်‌နေထိုင်မှုပုံစံ ရှိနိုင်သည်။


ဒီဘဝမှာတော့ ဘာဘဲပြောပြော ကျန်းဟွေ့ ပိုမိုလေ့လာပြီး တည်ငြိမ်တဲ့အလုပ်တစ်ခုကာ အနာဂတ်ကို ပိုလွယ်ကူစေမယ်လို့ တွေးခဲ့သည်။


နောက်ရက်တွေမှာ ကျန်းဟွေ့က ကျောင်းတတ်နေစဉ် သူမအမေကို ပေါင်မုန့်လုပ်ရန် ကူညီပေးခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာဘဲ လကုန်ရောက်လာသည်။


ကျန်းဟွေ့က စာရင်းတွက်ပြီးသည်နှင့် ပျော်ရွှင်စွာ ပြုံးလိုက်သည်။ 


လီကျန်းဂန်အတွက် နေ့တိုင်း ပေါင်မုန့် အလုံး 400 ပေးပြီး ဈေးနေ့များတွင် နောက်ထပ် အလုံး 200 ထပ်ပေါင်းပြီး တခါတရံ အလုံး 300 ထပ်ပေါင်းသည်။ နောက်ဆုံးငွေပေးချေတော့ စုစုပေါင်း ယွမ် 2950 ရသည်။


မိသားစုမှာ အမေရောင်းချမှုရဲ့ ဝင်ငွေမှာ 1705 ယွမ် ဖြစ်သည်။


စုစုပေါင်း ဝင်ငွေက 4655 ယွမ် ဖြစ်သည်။


ကျန်းဟွေ့က မိသားစုကရတဲ့ 1705 ယွမ် ကို သိမ်းဆည်းထားရန် ရဲ့နင်းရှန်ကို တောင်းဆိုသည်။


သူမက Mall တွင် ယွမ် 2000 အားသွင်းခဲ့ပြီး  ပါဝင်ပစ္စည်းတွေရဲ့ ကုန်ကျစရိတ် အကြွေစေ့ 16,835 ကို နှုတ်ယူပြီး Mall တွင် အကြွေစေ့ 144,282 ပြား ကျန်ရှိကာ လက်ထဲတွင် ငွေသား ယွမ် 950 ကျန်ရှိနေသေးသည်။


စာရင်းတွက်ပြီးတဲ့အခါ ကျန်းဟွေ့နဲ့ ရဲ့နင်းရှန်တို့ အလွန်ပျော်ရွှင်ကြသည်။ နောက်ဆုံးတော့ သူမမိသားစု ပိုက်ဆံကုန်မှာကို စိတ်ပူစရာမလို‌တော့ဘူး။


ကျန်းဟွေ့က ရဲ့နင်းရှန်နဲ့ ဆွေးနွေးသည်။ "အမေ အခု မုန့်လုပ်ရာတာ နည်းနည်းတော့ ခက်တယ်။ မြို့ထဲမှာ ကျောင်းနဲ့နီးတဲ့ စတိုးဆိုင်ငှားပြီး မုန့်ဆိုင်ဖွင့်ချင်တယ်။ အမေ ဘယ်လိုထင်လဲ။ အမေနဲ့ ညီမလေးလည်း မြို့မှာနေနိုင်တယ်။"


ရဲ့နင်းရှန်က ခဏလောက် စဉ်းစားပြီး "ဆိုင်ဖွင့်တာက ကောင်းပါတယ်။ ဒါပေမဲ့ အမေတို့က မြို့နဲ့ မရင်းနှီးဘူး အဆင်ပြေပေါ့မလား။"


ကျန်းဟွေ့က ပြုံးပြီး "အမေ သမီးစကား ယုံလိုက် အဆင်ပြေသွားလိမ့်မယ်။"


ရဲ့နင်းရှန်က တစ်ကိုယ်လုံး ယုံကြည်မှု ပြည့်နေတဲ့ သမီးဖြစ်သူကို ကြည့်ကာ ပြုံးရင်း ခေါင်းညိတ်ပြီး "ကောင်းပြီ။ ဆိုင်ရတဲ့အခါ အမေကို ပြန်ပြောပြ။"


"ဟုတ်ကဲ့"


ကျန်းဟွေ့က သူမပြောတဲ့အတိုင်း လုပ်ခဲ့ပြီး နေ့တိုင်း နေ့လယ်မှာ အနားမယူခဲ့ဘူး။ ကျောင်းနားကို လျှောက်သွားရင်း စတိုးဆိုင် တစ်ဆိုင်ကို ရှာတွေခဲ့သည်။


ဒီဆိုင်က ကျောင်းနဲ့ မီတာ 50 အကွာတွင် ရှိပြီး စတုရန်းမီတာ 70 မှ 80 အထိ ကျယ်ဝန်းပြီး လူနေထိုင်ရန် သီးခြားထပ်ရှိသော်လည်း ငှားရမ်းခ တစ်လလျှင် ယွမ် 20 သာပေးရသည်။


ကျန်းဟွေ့က ဆိုင်ပိုင်ရှင်နဲ့ ဈေးနှုန်းညှိနှိုင်းခဲ့ပြီး တစ်လလျှင် 18 ယွမ်သာ ကျသည်။ သူတို့နှစ်ဦးက အငှားစာချုပ် ချုပ်ဆိုခဲ့ပြီး ငှားရမ်းခကို စရံငွေ အဖြစ် စုစုပေါင်း 54 ယွမ် ပေးဆောင်ခဲ့သည်။


ဆိုင်ကို ငှားရမ်းပြီးနောက် ကျန်းဟွေ့က အနာဂတ် အမြန် စားသောက်ဆိုင်ရဲ့ အသွင်အပြင်နဲ့အညီ ပြုပြင်မွမ်းမံရန် ဆရာတစ်ဦးကို ရှာဖွေရန် သွားခဲ့သည်။


နောက်ဆုံးတွင် အလှဆင်ပြီးဖို့ တစ်လကြာသည်။


ပြောင်လက်နေတဲ့ ကြမ်းပြင်၊ စားပွဲနဲ့ ကုလားထိုင်များကို ကြည့်ရင် ကျန်းဟွေ့က ကျေနပ်မှုနဲ့ ပြည့်နေခဲ့သည်။


မနက်ဖြန် အောက်တိုဘာလ 1 ရက်နေ့က ဆိုင်ဖွင်ဖို့ သင့်တော်တဲ့နေ ဖြစ်သည်။ ဒါပေမဲ့ ဖွင့်တဲနေ့မှာ ဒုက္ခရောက်အောင် လုပ်မဲ့ လူတစ်စု ရောက်လာမယ်လို့ သူမ မမျှော်လင့်ထားပေ