Ch 11
Viewers 5k

Ch 11


ဆိုင်မဖွင့်မီ ရက်အနည်းငယ်တွင် ကျန်းဟွေ့နဲ့ သူမညီမတို့က စတိုးဆိုင်အနီးမှာ ကြော်ငြာနဲ့ ကူပွန်များကို နေ့စဉ် ဖြန့်ဝေခဲ့သည်။


ကျန်းဟွေ့က စတိုးဆိုင်ကို ငှားရမ်းပြီး ပြုပြင်မွမ်းမံချိန်တွင် ကိုယ်ပိုင်ပုံနှိပ်စက်ရုံသို့ သွားကာ ရောင်စုံကြော်ငြာလက်ကမ်းစာစောင်များ၊ မီနူးနဲ့ ကူပွန်တွေကို အထူးရိုက်နှိပ်ခဲ့သည်။


လုပ်ငန်းချဲ့ထွင်ဖို့ စတိုးဆိုင်ဖွင့်ရန် ရည်ရွယ်ထားသော်လည်း ပေါင်မုန့်များကို မရောင်းပါ။


ကျန်းဟွေ့က lo-mei နဲ့ ဆားဖုတ်ထားတဲ့အစာတချို့ကို ထည့်ရန်စီစဉ်ထားသည်။ ဒီအစားအစာ နှစ်မျိုးကို ကြိုတင်ပြင်ဆင်ပြီး ရောင်းချနိုင်သည်။


Lo mei 


ထိုအသားများကို ထိန်းသိမ်းရန်အတွက် ကျန်းဟွေ့က Mall တွင် တံခါးလေးပေါက်ပါတဲ့ ရေခဲသေတ္တာကို အကြွေစေ့ 2280 ဖြင့် ဝယ်ယူခဲ့သည်။


သူမက အကြွေစေ့ 1592 ပြားကို အဆင်မြင့်ပန်ကာ ရှစ်ခု ဝယ်ရန် သုံးစွဲခဲ့ပြီး ၎င်းတို့ထဲမှ ခြောက်ခုကို နံရံမှာ တပ်ဆင်ထားပြီး ကျန်နှစ်ခုကို မီးဖိုချောင်နဲ့ စတိုးဆိုင် တံခါးပေါက်မှာ တပ်ဆင်ထားသည်။


Mall တွင် ဈေးဝယ်နေစဉ် အလွန်လှပတဲ့ အပြာရောင်နဲ့ အဖြူရောင် ပန်းကန်လုံးများကို သူမတွေ့လိုက်ရသည်။ တစ်စုံကို အကြွေစေ့ 39 ပြားသာ ကုန်ကျသည်။ သူမက အလုံးတစ်ရာကို ဝယ်ယူရန် အကြွေစေ့ 3900 ပြားကို သုံးစွဲခဲ့သည်။




ထိုပန်းကန်အစုံတွင် ပန်းကန်လုံးလေးလုံး၊ တူလေးစုံ၊ ပန်းကန်ပြားနှစ်ခုနဲ့ ခေါက်ဆွဲနဲ့ စွပ်ပြုတ်တို့ ထည့်နိုင်တဲ့ ပန်းကန်လုံးကြီး တစ်လုံးတို့ ပါရှိသည်။ ဒါကတကယ့်ကို အဆင်ပြေသည်။


အိုးနဲ့ လက်ဖက်ရည်ခွက်များ စသဖြင့် ဝယ်ယူရတွင် အကြွေစေ့ 3000 နီးပါးကုန်ကျသည်။



ကျန်းဟွေ့မှာ ကံ‌ကောင်းစွာနဲ့ Mall ရှိနေလို့ မဟုတ်ရင် သူမ ဘယ်လိုလုပ် သတ္တိရှိပေါ့မလဲ။


လွန့်ခဲ့တဲ့ နှစ်လကျော်က သူမတို့ သုံးယောက် အတူတူ အလုပ်လုပ်ပြီး ပိုက်ဆံရှာခဲ့သည်။ ဒါပေမဲ့ စတိုးဆိုင်ဖွင့်ဖို့ ပိုက်ဆံလိုတဲ့နေရာ အများကြီးရှိသည်။


ကံကောင်းစွာနဲ့ အောက်တိုဘာလမှာ ယွမ် 4000 ကျော် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ရဲ့နင်းရှန်က ပိုက်ဆံတစ်ပြားတစ်ချပ်မှ မယူဘဲ ဆိုင်အတွက် သုံးရန် ကျန်းဟွေ့ကို အကုန်‌ပေးခဲ့သည်။


သူမလက်ထဲက ယွမ် 1000 ကျော်ကိုလည်း ပေးချင်ပေးမဲ့ ကျန်းဟွေ့က အပိုအလိုအဖြစ် သူမကို သိမ်းခိုင်းထားသည်။


စတိုးဆိုင်ရှိ အလှဆင်ပစ္စည်းများမှာ အကြွေစေ့ 40,000 ရှိပြီး Mall တွင် ဝယ်ယူကာ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိသော ပစ္စည်းများလဲ ဖြစ်သည်။


အလှဆင်သူနဲ့ အလုပ်သမားနှစ်ဦးအတွက် တစ်လနီးပါး လုပ်အားအတွက် ယွမ် 400 ပေးချေခဲ့ရသည်။


ထိုအချိန်တွင် ကျန်းဟွေ့၊ သူမအမေနဲ့ ညီမတို့ အလုပ်များလွန်းလှသည်။


သူမအမေနဲ့ ညီမလေး ပင်ပန်းမှာကို စိုးရိမ်တာကြောင့် အကြွေစေ့ ပေါများလာတဲ့အခါ Xiu Xian Plane က ဝိညာဉ်စမ်းရေကို ဝယ်ယူပြီး သူမတို့ခန္ဓာကိုယ် ပြန်လည် ကျန်းမာစေဖို့ သောက်သုံးကြသည်။


ထိုဝိညာဉ်စမ်းရေက ဈေးမကြီးပါ။ အကြွေစေ့ 1000 ကို ဝိညာဉ်စမ်းရေ 10 ကတ်တီ ဝယ်နိုင်သည်။


သူမက Pei Yuan ဆေးပြား သုံးပြားကိုလည်း ဝယ်ယူ သောက်သုံးခဲ့သည်။ ဆေးပြားတစ်ပြားကို အကြွေစေ့ 1000 ကုန်ကျပြီး စုစုပေါင်း အကြွေစေ့ 3000 သုံးခဲ့သည်။


သူမ နောက်ထပ် အကြွေစေ့ 20,000 နဲ့ ကုန်ကြမ်းအများအပြားကို ဝယ်ယူခဲ့သည်။


မူလက Mall တွင် အကြွေစေ့ 140,000 ကျော်ရှိသော်လည်း ဒီကာလတွင် သုံးစွဲပြီးနောက် အကြွေစေ့ 60,000 ကျော်သာ ကျန်တော့သည်။ ၎င်းက အမှန်တကယ် ငွေဖြုန်းတီးမှု ဖြစ်သည်။


ကံကောင်းစွာဖြင့် စက်တင်ဘာလရဲ့ လက်ကျန်ငွေနဲ့ အောက်တိုဘာလရဲ့ လည်ပတ်မှု ပမာဏရှိပြီး သူမက အနည်းငယ်သာ သုံးစွဲခဲ့သည်။ သူမ လက်ထဲတွင် ငွေသား 5000 ကျော် ရှိနေသေးပြီး အချိန်မရွေး အားပြန်သွင်းနိုင်သည်။


အချိန်အကြာကြီး အလုပ်ရှုပ်ပြီးနောက် သူမရဲ့ အရသာရှိတဲ့ စားသောက်ဆိုင်ကို နောက်ဆုံးတွင် ဖွင့်လှစ်ခဲ့သည်။


ကျန်းဟွေ့က 'Kitchen God Gourmet Store' ဟူသော အလွန်မိုက်သော နာမည်ဖြင့် ဖွင့်လှစ်ခဲ့သည်။


တခြားသူများ၏အမြင်တွင် ဆိုင်ရဲ့နာမည်က အလွန်လွှမ်းမိုးကြီးစိုးပြီး မာနကြီးကာ ဟင်းချက်နတ်ဘုရား၏အမည်ဟု ခေါ်ဆိုဝံ့ခြင်းကို မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း မရှိပေ။


ဒါပေမဲ့ လက်ကမ်းစာစောင်‌ပေါ်ရှိ အစားအသောက်နဲ့ စားသောက်ဆိုင်နာမည်ကြောင့် စိတ်လှုပ်ရှားနေသူ အများကြီးရှိသည်။


ဒီစားသာက်ဆိုင်ကို ဟင်းချက်ခြင်းရဲ့ နတ်ဘုရားဟု ခေါ်ဆိုဝံ့တဲ့ မိသားစုရဲ့ လက်ရာက အလွန်ကောင်းမွန်တာလား?


ဆိုင်ဖွင့်တဲ့အခါ သွားပြီး စမ်းစားကြည့်ရမယ်။


ဤသည်မှာ ကျန်းဟွေ့ လိုချင်တဲ့ အကျိုးသက်ရောက်မှုဖြစ်သည်။


သူမမှာ စားဖိုမှူးတစ်ယောက်ရဲ့ အရည်အချင်းရှိပြီးသားမလို သူမကို စားဖ်ိုမှူးလို့ခေါ်တဲ့အခါ နှိမ့်ချမှု လုံးဝမရှိဘူး။


အောက်တိုဘာလ 31 ရက်နေ့က သောကြာနေ့ဖြစ်သည်။


စတိုးဆိုင်ဖွင့်ဖို့အတွက် ကျန်းဟွေ့က အတန်းပိုင်ဆရာမ ဟွမ်ဇီလင်ကို ခွင့်တစ်ရက်တိုင်ခဲ့သည်။


နေ့လယ်ကျောင်းဆင်းချိန်တွင် ကျန်းဟွေ့က ကျိန်းရရှင်းကို ဆိုင်မှာလာစားဖို့ ဖိတ်သည်။


ကျိန်းရရှင်းကလည်း ကျောင်းဆင်းတာနဲ့ လာမယ်လို့ ဝမ်းသာအားရ သဘောတူလိုက်သည်။


ကျန်းဟွေ့၊ ရဲ့နင်းရှန်နဲ့ ကျန်းကျင်းတို့က ညရှစ်နာရီတွင် အိပ်ရာဝင်ကြပြီး မနက်လေးနာရီတွင် ထကြသည်။


ကျန်းဟွေ့က ပါဝင်ပစ္စည်းချိန်ညှိပြီးနောက် သူမအ‌မေနဲ့ညီမကို ခေါက်ဆွဲလုပ်ရန် တောင်းဆိုခဲ့သည်။


သူမက ကြက်သားဟင်း၊ ကြက်‌ခြေထောက်စွပ်ပြုတ်၊ ဝက်သားဟင်း၊ ဝက်နားရွက်ဟင်း၊ ဝက်ခြေထောက်စွတ်ပြုတ်၊ ကြက်ဥပြုတ်၊ တိုဟူးစွပ်ပြုတ်၊ အမဲသားဟင်း တို့ကို ပြုလုပ်သည်။


အမဲသားဟင်း



တိုဟူးစွပ်ပြုတ်



ကြက်သားဟင်း



ကြက်ခြေထောက်စွပ်ပြုတ်



ဝက်သားဟင်း



ဝက်နားရွက်ဟင်း



ကြက်ဥစွပ်ပြုတ်



ဝက်ခြေထောက်စွပ်ပြုတ်


ဆားဖုတ်ထားတဲ့ ကြက်သား၊ ကြက်တောင်ပံ၊ ကြက်‌ပေါင်နဲ့ လက်ဖက်ကြက်ဥများလဲ ရှိသည်။





Lo mei နဲ့ ဆားဖုတ်ထားသော အစားအစာများ သူမလုပ်တဲ့အခါ တစ်ဆိုင်လုံး မွှေးရနံ့နဲ့ ပြည့်နှက်နေသည်။


ရဲ့နင်းရှန်နဲ့ ကျန်းကျင်းတို့ နှစ်‌ယောက်စလုံး စားချင်လွန်းလို့ သရေတောင်ကျလာသည်။


စားချင်စရာကောင်းတဲ့ ဆွဲဆောင်မှုရှိတဲ့အနံ့က လေနဲ့အတူ ပတ်ဝန်းကျင်က လူတွေဆီ ရောက်ကုန်သည်။


မွှေးရနံ့ကြောင့် လူတွေ စပ်စုလာကြသည်။


"အနံ့အရမ်းကောင်းတယ် ဘယ်ကအနံ့လဲ?"


"‌ဒီအနံ့က ဘယ်ကလာတာလဲ? မနက်အစောကြီး ဗိုက်ဆာနေပြီ!"


"ဒီအနံ့ကြောင့် ဗိုက်ဆာပြီး အိပ်မရတော့ဘူး။ အနံ့ကဘယ်ကလဲ မဖြစ်ဘူး လိုက်ရှာရမယ်။"


ထိုအစားအစာများအပြင် ကျန်းဟွေ့က ပဲနို့၊ သစ်သီးဖျော်ရည်၊ ဆန်‌ခေါက်ဆွဲနဲ့ အမဲသားခေါက်ဆွဲကိုလည်း ပြုလုပ်ထားသည်။




အမဲသားခေါက်ဆွဲ


'Kitchen God Gourmet Store ' ကို 7 နာရီမှာ ဖွင့်ဖို့ စီစဉ်ထားသည်။


ပေါင်မုန့်များ အဆင့်သင့် ဖြစ်ပြီးနောက် ကျန်းဟွေ့က ၎င်းတို့ကို လီကျန်းဂန်ဆီ စက်ဘီးနဲ့ အလျင်အမြန် ပို့ခဲ့သည်။


လီကျန်းဂန်က ပေါင်မုန့်အလုံး 500 မှာယူပြီး ဈေးနေ့များတွင် အလုံး 700 မှာယူသည်။ သူရဲ့လုပ်ငန်းက ပို‌ကောင်းလာသည်။


ကျန်းဟွေ့က ပေါင်မုန့်များကို လာပို့ပြီးနောက် လီကျန်းဂန်ကို "အစ်ကိုလီ ညီမမြို့ထဲမှာ ဆိုင်ဖွင့်ထားလို့ အလုပ်ရှုပ်နေလို့ မနက်ဖြန်မနက် ကိုယ်တိုင်လာယူနိုင်မလား။"


လီကျန်းဂန်က ခဏစဉ်းစားပြီးနောက် ‌"ကောင်းပြီ။ ငါလာယူမယ်။" လို့ ဖြေသည်။


သူကိုယ်တိုင်သွားမယူရင် ကျန်းဟွေ့က သူ့ကို ပို့ဖို့ အချိန်မရှိလို့ ပစ္စည်းပြတ်သွားမှာ ကြောက်သည်။


လီကျန်းဂန် သဘောတူတာ မြင်‌တော့ ကျန်းဟွေ့ စိတ်သက်သာရာ ရသွားသည်။ အမှန်တော့ သူမမှာ အကြံအစည် ရှိသည်။ လီကျန်းဂန် သဘောမတူရင် ပစ္စည်းမပို့တော့ဘူး။ သူကိုယ်တိုင် ပစ္စည်းလာယူဖို့ ဆန္ဒရှိရင် သူမ ဆက်ပြီးပေးနိုင်သည်။


ကျန်းဟွေ့က လီကျန်းဂန်ကို ထပ်ပြောလိုက်သည်။ "အစ်ကိုလီ ညီမ အခု Lo mei နဲ့ ဆားဖုတ်ထားတဲ့ အစားအစာ ရောင်းနေတာ အားမပေးချင်ဘူးလား။"


လီကျန်းဂန်က ပြုံးပြီး "မနက်ဖြန်ကြရင် လာစားကြည့်မယ်။ စားကောင်းရင် တချို့ရောင်းမယ်။"


အဓိကအားဖြင့် လယ်တွေနည်းလွန်းတာကြောင့် မြို့ထဲမှာ အသားပြုတ်နဲ့ ဆားဖုတ်တဲ့အစားအစာတွေကို ဘယ်သူမှ ‌မရောင်းကြသေးဘူး။ လူအများစုက ပသားကုန်ကြမ်းတွေ အများကြီးဝယ်နေကြတဲ့အတွက် အဆင်မပြေဘူး။ Lo mei က ပေါင်မုန့်တွေလို့ အရသာကောင်းရင် မြို့ထဲမှာ ရောင်းတာက အရမ်းစီးပွားဖြစ်သည်။


ကျန်းဟွေ့က ပြုံးပြီး "အဲ့ဒါက အရသာရှိတယ်။" 


ခဏကြာ စကားစမြည်ပြောပြီးနောက် ကျန်းဟွေ့က ကမန်းကတန်းထွက်လာပြီး ဆိုင်ဖွင့်ဖို့ ပြင်သည်။


ဆိုင်ကိုပြန်ရောက်တော့ 7 နာရီထိုးနေပြီ။


ဆိုင်အဝင်ဝမှာ လူတွေစုဝေးနေတာ မြင်တော့ ကျန်းဟွေ့က သူမရဲ့လက်ကမ်းစာစောင်ကြောင့်လို့ ထင်မြင်ကာ တိတ်တဆိတ် ပျော်ရွှင်နေပြီး ဆိုင်အနောက်တံခါးက ဝင်လာသည်။


ရဲ့နင်းရှန်က ကျန်းဟွေ့ ပြန်ရောက်လာတာကို မြင်တော့ သက်ပြင်းတစ်ချက်ချကာ "ဟွေ့ဟွေ့ သမီးအချိန်မီပြန်မလာကို စိုးရိမ်နေတာ။ အမေနဲ့ ကျန်းကျင်း နှစ်ယောက်ထဲ မလုပ်နိုင်ဘူး။"


ဒီနေ့ ဆိုင်စဖွင့်မှာမို့လို့ ကျန်းကျင်းက ခွင့်တစ်ရက်ယူပြီး ကူညီပေးသည်။


ပြင်ဆင်ပြီးနောက် 7 နာရီထိုးခန့်နီးတွင် ကျန်းဟွေ့က ဆိုင်တံခါးကို အချိန်မီဖွင့်လိုက်သည်။


တံခါးအပြင်ဘက်မှာ ဖောက်သည်တွေ ပိုများလာတာမြင်တော့ သူမက ပြုံးပြီး "ဦးလေး၊ ဒေါ်လေး၊ ညီအစ်ကို မောင်နှမတွေ လာအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခဏစောင့်ပေးပါလားရှင့် ဖွင့်ပွဲအတွက် မီးပန်းဖောက်မလို့ပါရှင့်။"


သူတို့အားလုံးက အပြုံးနဲ့ "မြန်မြန်လုပ်ပါ သမီးရယ် သမီးဆိုင်က အနံ့ကြောင့် မနက်ကတည်းက ဗိုက်ဆာနေတာ "


"မနက်က အနံ့ကြောင့် နိုးလာတာ။"


"ကိုယ်လည်းလဲ.."


"ကိုယ်လည်းဘဲ..."


ကျန်းဟွေ့က မီးရှူးမီးပန်းဖောက်ပြီးနောက် အပြုံးနဲ့ ရောင်းချရန် အဆင်သင့်ဖြစ်နေသည်။


ကျန်းဟွေ့က လက်အိတ်အကြည်နဲ့ မျက်နှာဖုံးအကြည်ကို ဝတ်ဆင်ပြီး "ဒီဆိုင်ဖွင့်တဲ့အနေနဲ့ shiitake မှိုအသား ပေါင်မုန့်နှစ်ခု ဝယ်ရင် ကြက်သွန်မြိတ် ကြက်ဥ ပေါင်မုန့် ဒါမှမဟုတ် နို့အရသာ ပေါင်မုန့် တစ်ခု ယူနိုင်ပါတယ်။" လို့ ဧည့်သည်တွေ ပြုံးပြီး ပြောသည်။


သူမက ပစ္စည်းရောင်းပြီး ရဲ့နင်းရှန်က ငွေကောက်ရန် တာဝန်ယူသည်။


"ဘော့စ် ငါ မှိုအသား ပေါင်မုန့်နှစ်ခု လိုချင်တယ်။ ကြက်သွန်မ်ြိတ် ကြက်ဥပေါင်မုန့် ပေးပါ။"


"ကောင်းပြီ မှိုအသား ပေါင်မုန့်နှစ်ခုနဲ့ ကြက်သွန်မြိတ် ကြက်ဥ ပေါင်မုန့်"


လူအများစုက ကြက်သွန်မြိတ် ကြက်ဥ ပေါင်မုန့်ကို ယူကြပြီး အနည်းငယ်ကသာ နို့အရသာ ပေါင်မုန့်ကို ယူကြသည်။


ကြက်သွန်မြိတ် ကြက်ဥ ပေါင်မုန့်နဲ့ နို့အရသာ ပေါင်မုန့်ကို သုံးဆင့်နဲ့ ရောင်းချပြီး အပိုအနေနဲ့လည်း ရရှိနိုင်သည်။


လက်ရှိမှာ ကြော်ငြာ ‌ဖြန့်ဝေတဲ့ဆိုင် သိပ်မရှိသေးတော့ ဒီကြော်ငြာက အရမ်းဆွဲဆောင်နိုင်သည်။ ဖောက်သည်တွေ တဖွဲဖွဲလာပြီး တန်းစီနေသူတွေလည်း ရှိသည်။


ထိုအချိန်တွင် ကျန်းဟွေ့က Jiang Cheng အမှတ် 1 အလယ်တန်းကျောင်းက ကျောင်းသားနဲ့ ဆရာများစွာကို တွေ့လိုက်ရသည်။ ကျန်းဟွေ့ ပေးလိုက်သော ကြော်ငြာစာရွက်ကြောင့် ဒီနေရာမှာ ဆိုင်ဖွင့်ထားကြောင်း သူတို့သိသည်။


ဖောက်သည်အများအပြားက ခေါက်ဆွဲနဲ့ ပဲနို့ဝယ်ပြီး ဆိုင်တွင်ထိုင်စားကြသည်။


ဆိုင်တွင် မှုတ်ပန်ကာကြီးတစ်ခုရှိပြီး ကြီးမားကာ တောက်ပနေသည်။ ဒီမှာထိုင်စားရတာ အဆင်ပြေသည်။


ကျိန်းရရှင်းက သူမရဲ့ လုပ်ငန်းကို ကူညီရန် အထူးရောက်လာပြီး shiitake မှိုအသားပေါင်မုန့်နဲ့ ပဲနို့တစ်ခွက်ကို ဝယ်ယူခဲ့ပြီး ကျန်းဟွေ့က သူမကို ကြက်သွန်မြိတ် ကြက်ဥ ပေါင်မုန့်နဲ့ နို့အရသာ ပေါင်မုန့်တစ်လုံးကို ပေးခဲ့သည်။


သူမက ‌ကျန်းဟွေ့ကို ဝမ်းသာအားရနဲ့ "ဟွေဟွေ့ ကျောင်းပြီးရင် ပြန်လာခဲ့မယ်။"


ကျန်းဟွေ့က ပြုံးပြီး ခေါင်းညိတ်ကာ "ကောင်းပြီ။ မြန်မြန်စား မနောက်ကျစေနဲ့။"


ကျိန်းရရှင်းက သူမကို ပြုံးပြပြီး "ဟုတ်ကဲ့ ခေါင်းဆောင်"


ကျန်းဟွေ့က နောက်ဖောက်သည်ကို ဆက်လက်ဝန်ဆောင်မှု ပေးခဲ့သည်။


ဖောက်သည်များထံမှ အစဉ်တဆက် ချီးမွမ်းသံကြားတဲ့အခါ ကျန်းဟွေ့နဲ့ ရဲ့နင်းရှန် တို့နှစ်ယောက်စလုံး ပျော်ရွှင်တဲ့အပြုံးတွေ သူမတို့ရဲ့ မျက်နှာပေါ်တွင် ရှိနေကြသည်။


ဒီလုပ်ငန်းက တည်ငြိမ်မယ်ဆိုပြီး သူမတို့သိကြသည်။


God of Cooking Gourmet Store ရဲ့ စီးပွားရေး အရှိန်အဟုန် မြင့်တတ်လာတဲ့အခါ စတိုးဆိုင်မှ မီတာ 20 ခန့် အကွာတွင် God of Kitchen Gourmet စတိုးဆိုင်ကနေ ငွေဘယ်လောက်ရနိုင်မယ်ဆိုတာ လူဆိုး 3 ဦးက ဆွေးနွေး‌နေကြသည်။



ကျန်းဟွေ့နဲ့ ရဲ့နင်းရှန် တို့က 8 နာရီကျော်ထိ အလုပ်များနေပြီး ဖောက်သည်များ တဖြေးဖြေး နည်းပါးလာသည်။


ပင်ပန်းတာက တကယ်ပင်ပန်းတယ် ပျော်လည်းပျော်တယ်။


ဒီအခိုက်အတန့်မှာ ပုပ်ပွနေတဲ့ ကောင်လေးသုံးယောက်က လက်ထဲမှာ စတီးပိုက်ကို ‌ကိုင်ပြီး စတိုးဆိုင်ထဲ ဝင်လာကာ ကျန်းဟွေ့ကို လက်ညိုးထိုးပြီး "ကောင်မလေး မင်းရဲ့ သူဌေးကို ခေါ်လာခဲ့"


ကျန်းဟွေ့က သူတို့ကို အေးအေးဆေးဆေး ကြည့်ကာ အေးအေးဆေးဆေး မေးသည်။ "မင်းတို့က ဘယ်သူလဲ ငါတို့သူဌေးနဲ့ ဘာလုပ်မလို့လဲ"


ဆံပင်အဝါရောင်ဆိုးထားတဲ့ ကောင်လေးတစ်ယောက်က မောက်မာစွာနဲ့ "ငါက အစ်ကိုဖေးရဲ့ လက်အောက်ငယ်သား။ တစ်လကို ယွမ် 200 ပေးရင် မင်းဘေးကင်းစွာနဲ့ စီးပွားလုပ်လို့တယ်။ ဒီမှာနေချင်ရင် ပိုက်ဆံပေးရမယ်။"


ကျန်းဟွေ့က အေးစက်လာပြီး "ဒါဆို ပိုက်ဆံမပေးရင် ဘယ်လိုလုပ်မှာလဲ။"


လူဆိုးက "မင်း ပိုက်ဆံမပေးမချင် ဒီမှာထိုင်နေမှာ။ မင်းသူဌေးကို ခေါ်လိုက်။" 


ကျန်းဟွေ့က "ငါကသူဌေးဘဲ။"


အဝါရောင်ဆံပင်နဲ့ သူ့အဖော်က ကျန်းဟွေ့စကားကို ကြားတဲ့အခါ တခဏမျှ ထိတ်လန့်သွားပြီး ကျန်းဟွေ့ကို အကြိမ်ပေါင်းများစွာ အပေါ်အောက် စိုက်ကြည့်ကြသည်။


အဝါရောင်ဆံပင်နဲ့‌သူက "ကောင်မလေး ငါကို လာမလိမ့်နဲ့ မင်းအသက်ဘယ်လောက်ဖို့လို့ သူဌေးဖြစ်နိုင်မှာလဲ ငါမယုံဘူး။"


ကျန်းဟွေ့က အေးစက်စက် ပြုံးပြီး "ယုံချင်ယုံ မယုံချင်နေ။ ဒီနေ့ဆိုင်ဖွင့်တာ အဆင်ပြေလို့ မင်းတို့သုံးယောက်ကို အရသာရှိတဲ့ မနက်စာ ကျွေးနိုင်ပေမဲ့ အကာအကွယ် အခကြေးငွေကို မပေးနိုင်ဘူး။ဥပဒေကို သိလား အရင်နှစ်အနည်းငယ်က ဖြိုခွင်းခံရတာ ဘယ်လောကာကြာပြီးမို့လို့လဲ မကြောက်ဘူးလား။"


ရွှေရောင်ဆံပင်နဲ့တစ်ယောက်က ကျန်းဟွေ့စကားကြားတဲ့အခါ အံ့အားသင့်သွားပြီး အရင်နှစ်အနည်းငယ်အတွင်း ပြင်းထန်တဲ့ ဖြိုခွင်းမှုကို တွေးမိပြီး အနည်းငယ် ကြောက်လန့်သွားသည်။


ဒါပေမဲ့ အထက်လူကြီးက ပေးအပ်တဲ့ တာဝန်ကို မပြီးမြောက်ပါက အပြစ်ပေးခံရမှာကို တွေးမိပြီး သူရဲ့နှုတ်ခမ်းကို ကိုက်ကာ "မိုက်မဲတဲ့စကားတွေ ရပ်လိုက်နေတော့ ပိုက်ဆံမြန်မြန်ပေး။"


ဆံပင်အဝါရောင်နဲ့ အဖော်က "ပိုက်ဆံမြန်မြန်ပေး မဟုတ်ရင် ငါတို့ အားနာနေမှာ မဟုတ်ဘူး။"


ကျန်းဟွေ့က သူမလက်တွေ့ကို ပွတ်သပ်ပြီး "ငါပိုက်ဆံမပေးဘူး။ ဘာလို့ အဲ့လောက်မိုက်ရိုင်းနေတာလဲ။ လာစမ်းပါ။"