အပိုင်း ၅၈
Viewers 14k

Chapter 58
ရပ်လိုက်! မဟုတ်ရင် ငါမင်းကိုထပ်နမ်းမှာနော်!
ရုန်ယီ ချန်းခယ့်ယောင်အနံ့ကိုကြိုက်သည်။
နူးညံ့သည့်ရနံ့က သူ၏အပြင်ပိုင်းပုံစံနှင့်လုံးဝကွာခြားသည်။ ၎င်းမှာနေရောင်ထဲမှ ဂျုံပင်၏ရနံ့ သို့မဟုတ် နေရောင်အောက်တွင်အခြောက်ခံထားပြီးစစောင်တစ်ထည်၏ရနံနှင့်တူသည်။ သင်သည် ၎င်းကိုအဆုတ်ထဲအထိရှူရှိုက်လိုက်လျှင် သင့်နှလုံးသားတစ်ခုလုံးနူးညံ့သွားရလိမ့်မည်။
၎င်းသည်လူများကို အသိစိတ်လွတ်သွားသည်အထိစွဲလန်းမိစေပြီး စိတ်အားထက်သန်မှုများဝန်းရံကာ အလုံးစုံနစ်မြုပ်သွားလိမ့်မည်။ တစ်ခါနစ်မြုပ်သွားသည်နှင့် မည်သို့သောအန္တရာယ်မျိုးကိုမှစိုးရိမ်ကြောင့်ကြမနေတော့ဘဲ သတိတရားများကိုပါလွှတ်ပေးလိုက်လိမ့်မည်။
ချန်းခယ့်ယောင်ကဲ့သို့ နူးညံသိမ်မွေ့ပြီး သင့်တင့်လျောက်ပတ်သည်။
ရုန်ယီ ချန်းခယ့်ယောင်ကိုနမ်းသည့်အချိန်တိုင်းတစ်သက်စာခန့်ရှည်ကြာတတ်သည်။
ကံခေစွာဖြင့် ချန်းခယ့်ယောင်ကထိုနေရာတွင် မတော်နေခဲ့ပေ။
ရုန်ယီသည် အသာယာဆုံးရပ်ဝန်းလေးတွင်ပျော်မွေ့နေစဉ် ချန်းခယ့်ယောင်က အကွာအဝေးအနည်းငယ်ခန့်မြောက်တက်သွားပြီး ဆိုဖာဘေးမှအံဆွဲဆိသို့ပြေးရန်ခုန်ထသည်။ အတွင်းဘက်မှရေတစ်ဘူးကိုနှိုက်သည်၊ အဖုံးကိုလှည့်ဖွင့်ကာ ဘူးတစ်ဝက်အထိလောင်းချသည်။
(ဟိုတယ်တွေမှာ ရေခဲသေတ္တာအသေးလေးကို ဗီရိုထဲထည့်ထားတာမျိုးပြောချင်တယ်ထင်တာပဲ)
ရုန်ယီမှာ ဆိုဖာတွင်ထိုင်ပြီးပါးစပ်အဟောင်းသားဖြစ်နေရှာ၏။
ချန်းခယ့်ယောင် ကိုယ်တွင်မသက်မသာဖြစ်နေသည်မှာအံ့ဩစရာမဟုတ်သည့်တိုင် အံဆွဲတွင်းမှရေဘူးက...အတော်လေးဈေးကြီးသည်။ သူစရောက်သည့်နေ့တည်းကသတိထားမိခဲ့၏။ သူဈေးနှုန်းကိုယူကြည့်ပြီး လေးစားသမှုဖြင့်ချက်ချင်းပြန်ချထားခဲ့သည်။
၎င်းကအမှန်တကယ်ကို ဈေးကြီးသည်။ သူတို့ယခုအတိုင်း တစ်ယောက်နှင့်တစ်ယောက် မနမ်းနိုင်တော့မည်ပင်စိုးရိမ်ရသည်။
ချန်းခယ့်ယောင်မှာ ရုန်ယီ၏စိတ်ထဲဖြစ်ပျက်နေသမျှကိုမသိပေ။ ရေပုလင်းကိုချလိုက်ပြီးနောက် သူထိုနေရာတွင်ရပ်နေပြီးအသက်ဝအောင်ရှူသည်။ ထို့နောက် သူနောက်တစ်ခါလှည့်လာပြီးအလွန်အမင်းပျော်ရွှင်နေပုံရသည်။
သို့သော် သူရုန်ယီအနားတွင်ပြန်ထိုင်သည့်အခါမျက်နှာမကောင်းသေးချေ။
"မင်းဘာဖြစ်နေတာလဲ"
ရုန်ယီက သူ့ကိုမျက်မှောင်ကြုတ်ကြည့်သည်။
"ကိုယ်..."
ချန်းခယ့်ယောင်သည်ရေဘူးကိုညှစ်နေပြီးဆိုသည်။
"ကိုယ့်မှာဒီရောဂါကပုံမှန်ရှိနေတာဖြစ်မယ်၊ ဒါပေမဲ့ ကိုယ်မင်းနဲ့ကစားဖို့မရည်ရွယ်ပါဘူး၊ ကိုယ်ကဒီအတိုင်း..."
"မင်းကအယ်လ်ဖာပရိုမုန်းတွေမခံနိုင်ဘူး၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မင်းမော့ယွီဖေးနဲ့တော့အတူနေခဲ့ဖူးတာပဲ"
ရုန်ယီ ပြောလိုက်သည်။
"ဒီတော့ မင်း ငါနဲ့လည်း အတူနေလို့ရမယ်လို့ငါယူဆတယ်"
ချန်းခယ့်ယောင် အံအားသင့်သွားသည်။
ရုန်ယီကိုယ်တိုင်လည်း သူ့စကားကိုသူအံ့ဩသွားသည်။
အမှန်တွင် မူလကသူချန်းခယ့်ယောင်ကို အိုမီဂါများအပေါ်အန်ရသည့်အကြောင်းအရင်းအားမေးမြန်းချင်ခဲ့ပြီး သူ့ခံစားချက်များကိုဝန်ခံရန်သင့်မသင့်ဆုံးဖြတ်ချင်ခဲ့သည်။
ယခုသူသည် သူ၏အစီအစဉ်များကိုဖျက်ဆီးပစ်ပြီး သူ့ကိုယ်သူတဇွတ်ထိုးဆန်ကာမဆင်မခြင်နိုင်သူဖြစ်ကြောင်း မယုံနိုင်ဖွယ်သိရှိလိုက်ရ၏။
သို့သော်ငြား သူမရပ်ခဲ့ပေ။
"မင်းငါ့ကိုသဘောကျနေတုန်းပဲလား"
ချန်းခယ့်ယောင်ကရုန်ယီ၏အကြည့်အောက်မှာပင် ဘူးတစ်ဝက်ခန့်ကျန်နေသေးသည့်ရေကိုသောက်လိုက်သည်။
ဘူးခြံအလွတ်ကို နှစ်ယောက်ရှေ့မှကော်ဖီစားပွဲပေါ်တင်လိုက်သည်၊၎င်း၏အလယ်မှာညှစ်ခံထားရ၍ ပြားချပ်နေသည်။
"မင်းလည်းကိုယ့်လိုလက်ခံဖို့ခက်နေမှာကိုယ်သိပါတယ်"
ထူးဆန်းသည့်ရေဘူးခွံပုံစံကို ခပ်ရေးရေးမျက်မှောင်ကြုတ်ကြည့်ကာသူပြောလာသည်။
"မင်းကိုယ့်ကိုနောက်ဆုံးတစ်ခေါက်ကငြင်းခဲ့တာပုံမှန်ပါပဲ၊ ဒါပေမဲ့ရုန်ယီ....ကိုယ်မင်းအပေါ်ကိုအတည်ပါ၊ မင်းကအရမ်းကောင်းတယ်၊ကိုယ်...."
သူရုန်ယီကိုကြည့်ရန်ခေါင်းမော့လိုက်ပြီး ချက်ချင်းအလျင်စလိုနောက်ဆုတ်လိုက်သည်။
"နေဦး!"
သူပြောသည့်အတိုင်း ရုန်ယီသည်ချန်းခယ့်ယောင်ကိုဘယ်အချိန်ကနောက်ဆုံးငြင်းခဲ့သလဲ မမှတ်မိတော့သော်ငြား ၎င်းကအရေးမကြီးတော့ပေ။ အရေးပေါ်အခြေအနေအရ သူချန်းခယ့်ယောင်ကိုချက်ချင်းနမ်းပစ်ချင်နေသည်။
သူပစ်ဝင်သည့်အရှိန်ကပြင်းလွန်းသောကြောင့် ချန်းခယ့်ယောင်မှာအချိန်မီ မတုံ့ပြန်နိုင်ဘဲ ဆိုဖာပေါ်လဲကျသွားသည်။
သူချန်းခယ့်ယောင်၏ဘေးနှစ်ဖက်ကိုလက်ထောက်ထားပြီး သုံးစက္ကန့်ခန့်ငေးကြည့်နေသည်။ ပြီးနောက် သူ့ကိုယ်သူမရပ်တန့်နိုင်တော့ပေ။
ဤနေရာမှ ရေက အနည်းငယ်ဈေးကြီးသည်၊ သို့ထိတိုင် နောက်တစ်ကြိမ်ထပ်နမ်းရန် တတ်နိုင်ပါသေးသည်။
အကျိုးဆက်အနေဖြင့် ချန်းခယ့်ယောင် အန်လိုက်ရသည်။
ရုန်ယီ၏ အနမ်းကိုအနည်းငယ်တုံ့ပြန်ပြီး သူသည်ရုတ်တရက်လက်နှင့်ဆိုဖာနောက်ကျောကိုရိုက်သည်။ ရုန်ယီမှုန်တေတေနှင့်ခေါင်းကိုမြှောက်လိုက်သည့်အခါ သူဆိုဖာမှခုန်ထကာယုံနိုင်စရာမရှိသည့်အမြန်နှုန်းဖြင့် မရပ်ဘဲရေချိုးခန်းထဲပြေးဝင်သွားခဲ့သည်။
ဤတစ်ကြိမ် သူတံခါးပင်မပိတ်နိုင်တော့ပေ။
ရုန်ယီသည် ဆိုဖာတွင်တစ်ယောက်တည်းထိုင်နေခဲ့ပြီး ရေချိုးခန်းရှိရာကိုကြောင်တောင်တောင်နှင့်ကြည့်နေသည်။
ခဏအကြာတွင်ရေကျသံကြားရသည်၊ ရုန်ယီသည်ဆိုဖာကူရှင်ကိုတိတ်တိတ်လေးဆွဲကာ လက်ထဲတွင်ပိုက်ထားပြီး မျက်နှာကိုနှစ်၍ရယ်နေသည်။
အစီအစဉ်နှင့်လုံးဝကွာခြားသည်။
သူဖွင့်မပြောခင် ချန်းခယ့်ယောင်ကိုခြိမ်းခြောက်ပြီးသူ့အစားဝန်ခံခိုင်းခဲ့သည်။
သူအကြောင်းအရင်းကိုအတိအကျမသိသော်ငြား ချန်းခယ့်ယောင်မအန်ခဲ့သည်မှာသေချာသည်၊ အကြောင်းမှာ သူသည်မူမမှန်ရောဂါရှိနေခဲ့သောကြောင့်ပင်။ အွန်လိုင်းတွင်တွေ့ရသည့်သူငယ်ချင်းက သူအနှစ်သက်ဆုံးအိုမီဂါကြောင့်အန်သည် ဟုပြောခဲ့သည်။ ချန်းခယ့်ယောင်မှာလည်းအတူတူပင်ဖြစ်နိုင်သည်။
အခုရေချိုးခန်းထဲရှိလူက ရှိသမျှအားတွေကုန်အောင်အန်နေပြီး အသံကြားရတာသနားစရာကောင်းသည်၊ သူငါ့ကိုသဘောကျနေလို့ဖြစ်နိုင်တယ်။
ရုန်ယီသည်ဆိုဖာပေါ်တွင် မနေနိုင်မထိုင်နိုင်လှိမ့်နေပြီးကူရှင်ကိုလက်သီးဖြင့်ထိုးနေသည်။
ရုန်ယီသည် ခေတ္တခန့်အရူးတစ်ယောက်ပမာတခစ်ခစ်ရယ်နေပြီးနောက်ဆုံးတွင် ရေချိုးခန်းထဲရှိရေသံမှာလည်းရပ်သွားသည်၊ သို့ဖြစ်၍ သူ့အသက်ရှူနှုန်းနှင့်မျက်နှာကိုအမြန်ထိန်းရန်ကြိုးစားပြီးမတ်တပ်ရပ်သည်။
ထို့နောက် ချန်းခယ့်ယောင်ကတံခါးနားတွင်နီရဲနေသည့်မျက်လုံးများဖြင့်ရပ်နေပြီး အလွန်တရာကြောက်လန့်နေသယောင်တွေ့ရသည်။
"ရုန်ယီ..ကိုယ်ပြောတာကိုနားထောင်ပါ"
သူဆိုဖာအနီးကိုအလေးအနက်ထားနေသည့်မျက်နှာဖြင့်လာပြီး နှုတ်ခမ်းများကိုသပ်သည်။
"ကိုယ်တုံ့ပြန်တာစိတ်ရှုပ်စရာကောင်းမှန်းသိပါတယ်၊ ဒါပေမဲ့ အဲဒါကအကြောင်းအရင်းပါပဲ..."
ရုန်ယီက လက်ခံသလိုခေါင်းညိတ်ပြသည်။
"အို့!...ဘာအကြောင်းပြချက်လဲ"
ချန်းခယ့်ယောင်ကခေတ္တခန့်တွေဝေနေသေးသည်။ သူပါးစပ်ကိုဖွင့်တော့မည့်အချိန် ရုန်ယီကဆိုဖာတွင်ပြန်ထိုင်ပြီးသူ့ဘေးနေရာကိုပုတ်ပြကာ
"ဒီကိုလာ၊ ငါနဲ့အဝေးကြီးရပ်ပြီးဘာလုပ်နေတာလဲ"
ချန်းခယ့်ယောင်ကထိတ်လန့်သွားသလိုမျက်မှောင်ကြုတ်ပြီး သူ့ကိုကြည့်နေကာတစ်ချက်ပင်မရွေ့ပေ။
"မင်းဘာဖြစ်နေတာလဲ"
ရုန်ယီသိချင်လာသည်။
"မင်းငါ့ကိုလက်မခံနိုင်သေးဘူးလို့ပြောမလို့လား"
ချန်းခယ့်ယောင်က သူ့ထံခြေတစ်လှမ်းရွေ့သည်၊ ရုန်ယီယခုလေးတင်ကိုင်ထားသည့်ကူရှင်ကိုကောက်ပြီး သူ့လက်မောင်းကြားတွင်ပိုက်ထားသည်။
"မဟုတ်ဘူး...မင်းစိတ်ဆိုးရင်ကိုယ့်ကိုဆက်ရိုက်လို့ရပါတယ်"
သူပြောလိုက်သည်။
"ကိုယ့်ခန္ဓာကိုယ်ကအရမ်းမာတယ်၊ မင်းရဲ့လေ့ကျင့်ခန်းမလုပ်ထားတဲ့ခန္ဓာကိုယ်က ကိုယ့်ခန္ဓာကိုယ်ထက်ပိုနာလိမ့်မယ်၊ အဲဒါကမတန်ဘူးလေ"
"....."
ရုန်ယီက ကူရှင်ကိုငုံ့ကြည့်သည်။
"ဘာ?"
ထို့နောက် သူဘာတွေဖြစ်နေမှန်းချက်ချင်းနားလည်သွားသည်။ ချန်းခယ့်ယောင် ရေချိုးခန်းထဲကထွက်ထွက်ချင်းကူရှင်ကိုဆွဲယူလိုက်ခြင်းက အထင်လွဲစရာကောင်းသည်။
ရုန်ယီသည်ရှက်သွားသော်ငြား ရယ်စရာလည်းကောင်းနေသလိုပင်။
အနာဂတ်တွင် ချန်းခယ့်ယောင်ကသူ့ကိုဒေါသထွက်စေခဲ့လျှင်ပင်အကြမ်းဖက်သည့်နည်းလမ်းကိုအားကိုးမည်မဟုတ်။ ပထမအကြောင်းပြချက်မှာ သူချန်းခယ့်ယောင်ကိုနာကျင်စေချင်သည့်ရည်ရွယ်ချက်မရှိ၊ ဒုတိယမှာ သူသည်အနှီသူနှင့်တိုက်ခိုက်ရာတွင်ပြိုင်ဘက်ကောင်းမဟုတ်။ သည့်အပြင် အနှီသူကိုကုသမှုမတိုင်ခင် အနမ်းတစ်ချက်နှင့်ဖြေရှင်းနိုင်မည့်ပြဿနာကို အဘယ်ကြောင့်အကြမ်းဖက်နေဦးမည်နည်း။သူအကျိုးဆက်များကိုဂရုမစိုက်လျှင်ပင် ကိုယ်တွင်းရှိရေဓာတ်များခန်းခြောက်သည်အထိ နမ်းရန်ယုံကြည်ချက်ရှိသည်။
သူတိတ်ဆိတ်နေပြီး မျက်နှာအမူအရာကတောက်ပနေ၍ချန်းခယ့်ယောင်ကအာရုံစိုက်လာသည်။
"ကိုယ်ကုသခဲ့ပါတယ်၊ တကယ်ပြောတာပါ"
ချန်းခယ့်ယောင်မှာ သူ့အနားတွင်မထိုင်ရဲ၍မတ်တပ်ရပ်၍ရှင်းပြနေရှာသည်။
"မင်းမသိလောက်ဘူး၊ ဒါပေမဲ့ အရင်ကထက်တော့ပိုကောင်းလာပါပြီ"
"အာ?"
ရုန်ယီ အံ့ဩသွားသည်။
"မင်းဆရာဝန်နဲ့တောင်တွေ့ပြီးသွာပြီလား၊ ဘယ်တုန်းကလဲ"
မကြာသေးခင်ကတက်ကြွနေသည့်အွန်လိုင်းမိတ်ဆွေထံမှရခဲ့သောသတင်းအချက်အလက်များမှာ ယခုအသုံးမဝင်တော့ပုံရသည်။
"မင်းအိမ်ရောက်လာပြီးလဝက်တည်းက၊ အတော်လေးကြာပြီ"
ရုန်ယီ စိတ်တိုနေသည့်ပုံစံမပေါ်သောကြောင့် ချန်းခယ့်ယောင်ကလျှောက်သွားပြီး သူ့ဘေးတွင်ထိုင်ချကာလက်ကိုလှမ်းကိုင်သည်။
"ဒါတွေသာမဖြစ်ခဲ့ရင် ကိုယ်မင်းနောက်ကိုထပ်မလိုက်ခင်ကိုယ့်အခြေအနေကိုပိုကောင်းလာတဲ့အထိစောင့်မှာ"
"မင်းငါ့ကိုသဘောကျနေတာပဲ!"
ချန်းခယ့်ယောင်ကခေါင်းညိတ်ပြီး ရုတ်ချည်းရယ်သည်။
"မင်းဘာရယ်တာလဲ"
ရုန်ယီရှက်လွန်း၍မျက်နှာနီလာသည်။
"ကိုယ်လည်းမသိဘူး၊ ကိုယ်ပျော်နေရုံပါပဲ"
ငါမင်းကိုသဘောကျတယ်၊ မင်းလည်းငါ့ကိုသဘောကျမယ်လို့ထင်တယ်။
ဒါကြောင့် ငါရှေ့ကိုနှစ်လှမ်းတိုးဖို့ကြိုးစားခဲ့ပြီး မင်းလည်းငါ့ဆီကိုပြေးလာနေခဲ့တယ်။
အစ်အောက်မေးခဲ့သမျှ၊ အချည်းနှီးဖြစ်ခဲ့သမျှများ နှင့် အားထုတ်ခဲ့ရသမျှတိုင်း အဓိပ္ပါယ်ရှိခဲ့သည်။
အဲဒါကြောင့် ငါအရမ်းပျော်တယ်။
ရုန်ယီမှာလည်း မရယ်ဘဲမနေနိုင်တော့၊ သို့သော် သူခေါင်းကိုချက်ချင်းလှည့်ကာ ချန်းခယ့်ယောင်ကိုကြည့်နေခြင်းအားရပ်လိုက်သည်။
"ရပ်လိုက်၊ မဟုတ်ရင်ငါမင်းကိုနောက်တစ်ခါနမ်းမှာနော်!"
ချန်းခယ့်ယောင်က ခဏရပ်သွားသည်၊ သူ့လက်ကိုဆွဲကာအနောက်ဘက်ကိုနမ်းလိုက်၏။
"ကိုယ်မင်းကိုသဘောကျတော့ကိုယ့်တုံ့ပြန်မှုကိုယ်မထိန်းနိုင်ဘူး"
သူပြောလာသည်။
"ကိုယ်အိုမီဂါတစ်ယောက်ကိုသဘောကျမိနေတာကိုလက်မခံနိုင်ဘူး"
ရုန်ယီ အံ့ဩသွားသည်။
သူယခင်က အနှီဖြေရှင်းချက်မျိုးကိုကြုံဖူးသည်။
၎င်းက စိတ်အားထက်သန်နေသည့်အွန်လိုင်းမိတ်ဆွေမှပြောခဲ့ဖူးသည့်အကြောင်းပင်။
သူဖတ်ဖူးသည့်ပို့စ်ကိုဂရုတစိုက်ဖြင့်ပြန်စဉ်းစားပြီး စမ်းမေးလိုက်သည်။
"ကလေးဘဝကထရော်မာတွေကြောင့်လား"
ချန်းခယ့်ယောင်ကခေါင်းညိတ်သည်။
"မင်းမှန်းထားပြီးသားလား"
ရုန်ယီမှာ သူပြောနေသည့်စကားကိုနားမလည်ပေ၊ သို့သော် နောက်တစ်ခုကိုခပ်ရေးရေးမှန်းဆလိုက်သည်။
ချန်းခယ့်ယောင်ကဲ့သို့ အိုမီဂါကိုတုံ့ပြန်သောပို့စ်တင်သူ၊ အိုမီဂါနှင့်ချစ်မိသူ၊ အယ်လ်ဖာကဲ့သို့ဆက်ဆံသောအိုမီဂါ။ ၎င်းကတိုက်ဆိုင်သည်ထက်များလွန်းသည်။ ယခုအဖြေရှာမရသည့်ပျို့အန်မှုကပါအကြောင်းပြချက်တူနေသည်။
အစတွင် ရုန်ယီသည်ပို့စ်တင်သူကချန်းခယ့်ယောင်ဟုမထင်ခဲ့ပေ။ အကြောင်းမှာ အချိတ်အဆက်မမိသည့်လိင်ပိုင်းခြားမှုနှင့်အချိန်ကွာခြားမှုကြောင့်ဖြစ်သည်။
သို့သော် အကယ်၍တောင်ပြာတန်းအိပ်မက်က ချန်းခယ့်ယောင်ဖြစ်ခဲ့လျှင် သူသည်အမျိုးသမီးစာရေးသူအဖြစ်ဟန်ဆောင်ချင်၍ဖိုရမ်တွင်အမျိုးသမီးအမည်ကို ရွေးချယ်ခဲ့သည်မှာအံ့ဩစရာမရှိ။ အချိန်ကိုကြည့်ခြင်းအားဖြင့် ချန်းခယ့်ယောင် ဆရာဝန်ကိုသွားတွေ့သည့်အချိန်၊ ပို့စ်တင်သည့်အချိန်ကတို့နှစ်ယောက်အတူနေသည့်အချိန်နှင့်တစ်ပတ်ခန့်ကွာခြားနေပြီး ရှင်းပြပြီးဟုမှတ်ယူရသည်။
သူထိုနေရာတွင်စနေပြီးမှ ချန်းခယ့်ယောင်ကသူ့နှလုံးသားထဲတွင်လိုချင်သည့်အရာကိုသိနေသည်၊ ၎င်းကသူ့ကိုပိုပြီးစိတ်တိုလာစေကာဖိုရမ်ကိုသွားခဲ့ရသည်။ ထို့နောက် သူဆရာဝန်ကိုသွားတွေ့သည်။ အရာအားလုံးကဘယ်လိုတောင်အစီအစဉ်တကျဖြစ်နေရသနည်း။
မဆီလျော်ဆုံးက ထိုလူ၏ချစ်သူအကြောင်းအားဖော်ပြချက်ပင်။
ထိုအတွေးနှင့် ရုန်ယီတွေဝေသွားသည်။
အဆိုပါဖော်ပြချက်ကသူနှင့်လိုက်ဖက်သည်ဟုမတွေးခဲ့မိပေ။
သို့သော် မနေ့ကမော့ယွီဖေးပြောခဲ့သည့်စကားများနှင့် ကမ်မ္ဘာပေါ်တွင်သာမန်လူသားများမွ စံနှုန်းကွဲပြားသည့် 'ချစ်စရာကောင်းသော' အယ်လ်ဖာလူနည်းစုရှိနိုင်ကြောင်းခန့်မှန်းချက်ကိုမတွေးမိဘဲမနေနိုင်ပေ။
ခန့်မှန်းနေခြင်းကအသုံးမဝင်၊ ရုန်ယီကချက်ချင်းမေးရန်ပင်ဆုံးဖြတ်လိုက်သည်။
သူချန်းခယ့်ယောင်လက်ကိုကိုင်လိုက်သည်။
"အင်တာနက်ပေါ်မှာမင်းနာမည်ကဘာလဲ"
ချန်းခယ့်ယောင်ခေတ္တခန့်တုံ့ဆိုင်းသွားသည်။
"မင်းရဲ့ဆရာချန်း"
ရုန်ယီ မျက်မှောင်ကြုတ်မိလိုက်သည်။
"အိုကေ...အိုကေ"
ချန်းခယ့်ယောင်ကသက်ပြင်းချသည်။
"တောင်ပြာတန်းအိပ်မက်က ကိုယ့်ရဲ့ကလောင်နာမည်၊ ဒါပေမဲ့ ကိုယ်ယူထားတာမဟုတ္ဘူး၊ ကိုယ့်အကောင့်ကို sign up မလုပ်တတ်ဘူးအဲဒါကြောင့် အစ်မလန်အကောင့်ကိုအစားထိုးသုံးနေတာ၊ ကိုယ်ကကြုံရာတစ်ခုခုရေးချင်ရုံပါ၊ ပြီးတော့ ရုတ်တရက်ကြီးလူကြိုက်များလာမယ်လို့မထင်ခဲ့ဘူးလေ၊ အဲဒီတုန်းကနာမည်ပြောင်းလို့လည်းမရတော့ဘူး၊ အဲဒါကြောင့် အခုထိဆက်သုံးနေသေးတာ"
ရုန်ယီမှာလည်း ချန်းခယ့်ယောင်က တောင်ပြာတန်းအိပ်မက်မှန်းသိနေခဲ့သည့်တိုင် လူကိုယ်တိုင်ဝန်ခံသည်ကိုကြားရပြီးလက်ခံနိုင်ရန်မှာမယုံကြည်နိုင်ဖွယ်ဖြစ်နေသည်။
ငါ့ဘေးကလူကငါသိလာခဲ့တာကြာပြီး လေးစားခဲ့ရတဲ့စာရေးဆရာကြီးဖြစ်နေတယ်။ သင်အိုင်ဒေါတစ်ယောက်ကိုရုတ်တရက်တွေ့ရသည့်အခါခံစားချက်ကကွဲပြားနိုင်သည်။ ရုန်ယီသည် အနည်းငယ်ရှက်နေသည့်ချန်းခယ့်ယောင်ကိုကြည့်လိုက်ပြီး ဓာတ်ပုံထဲရှိပုံရိပ်တစ်ခုလုံးရုတ်တရက် filter ထည့်လိုက်သလိုခံစားရသည်။
အရူးနှင့်တူနေခဲ့သည့်အနှီသူက ဉာဏ်ပညာနှင့်တောက်ပနေသည်။
သို့သော် ၎င်းကရုန်ယီမေးမြန်းချင်သည့်အရာမဟုတ်။
သူအသက်ပြင်းပြင်းရှူကာဆက်မေးလိုက်၏။
"ဒါပေမဲ့မင်းလိုင်းပေါ်မှာကလောင်နာမည်ကိုပုံမှန်မသုံးဘူးမဟုတ်လား၊
'မင်းဆရာချန်း' ဆိုတာအပြင်အခြား ID သုံးသေးလား"
Xxxxxx