မင်းနောက်တစ်ခါမအန်မချင်း ငါမင်းကိုနမ်းမယ်
ထို့နောက် အပြင်ဘက်တွင်တဒင်္ဂငြိမ်သက်သွားသည်။
ရုန်ယီမှာ စိတ်မတည်ငြိမ်ဖြစ်နေစဉ် မော့ယွီဖေးကထပ်ပြောလာသည်။ သည်တစ်ကြိမ် သူ့လေသံမှာမတိုင်ခင်ကနှင့်အတော်လေးကွာခြားနေ၏။
သူသည်ပုံမှန်နူးညံ့ပြီး နစ်နာသူတစ်ယောက်ကဲ့သို့ခေါ်လာသည်။
"ဘယ်လိုလုပ်ကျွန်တော့်ကိုတစ်ယောက်တည်းထားခဲ့ရလောက်အောင်လူမဆန်ရတာလဲ"
ချန်းခယ့်ယောင်သဘောထားက သိပ်ကောင်းမနေပေ။
"ငါ့အမျိုးလိုဟန်ဆောင်မနေနဲ့တော့၊ ထွက်သွား"
"မင်းငါ့ကိုအနိုင်ကျင့်တယ်လို့ငါ့ဦးလေးကိုပြောပြလိုက်မယ်"
မော့ယွီဖေးကထပ်ပြောပြန်သည်။
"မနေ့ကမင်းငါ့အမေကိုတောင် -င်ချမယ်လို့ပြောခဲ့တယ်လေ"
"မင်းမပြီးနိုင်သေးဘူးလား"
"ငါတကယ်ကိုနားမလည်နိုင်ဘူး"
"အနစ်နာခံပြီးလက်လွှတ်ပေးလိုက်ရတာငါပါ၊ ဘာလို့မင်းကငါ့ကိုအမှားလုပ်ခဲ့တယ်လို့တွေးနေရတာလဲ"
"မင်းရဲ့အကြောင်းပြချက်အမှားတွေနဲ့ယုတ္တိမရှိတာတွေထပ်ပြောနေရင်ငါမနက်ဖြန်သတင်းစာခေါင်းကြီးပိုင်းမှာပါလာအောင် မင်းကိုရိုက်မယ်"
အပြင်တွင်ထပ်ပြီး တိတ်ဆိတ်သွားပြန်သည်။
သို့သော်ငြား စာကြောင်းရေအနည်းငယ်သာပါသော သတင်းအချက်အလတ်များက ရုန်ယီ၏ဦးနှောက်ကိုဟန်မဆောင်နိုင်တော့အောင်ပြည့်လျှံသွားစေခဲ့သည်။ အဆိုပါလူနှစ်ယောက်ကြားရှိပတ်သတ်မှုကသူထင်ထားသည်ထက် ပိုရှုပ်ထွေးမည့်ပုံရသည်။ သို့သော် နားမလည်နိုင်သည်မှာ သူအမြန်ထွက်သွားစေချင်သည့်သူက ယခုလေးတင်ချန်းခယ့်ယောင်ကို သူလိမ်ခဲ့သည့်အကြောင်းအရင်းကိုမေးမြန်းနေခဲ့ခြင်းပင်။
မော့ယွီဖေးအား လုံးဝလက်လျှော့အောင်လုပ်ရန်ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ ၎င်းကိုကြားရသည့်အတွက်ရုန်ယီပျော်ရွှင်ခဲ့သည်။
အချိန်အတန်ကြာပြီးနောက် မော့ယွီဖေးကထပ်ပြောခဲ့သည်။
"မင်းမှာထပ်ပြောစရာမရှိရင်သွားတော့"
ချန်းခယ့်ယောင် ပြောလိုက်သည်။
"ငါ့မှာနောက်ဆုံးမေးခွန်းရှိသေးတယ်"
"ဘာလို့ငါမင်းကိုပေးထားတဲ့လက်မှတ်ကို မင်းပါတနာဆီပေးလိုက်ရတာလဲ"
"ငါသူ့ကိုဘာပေးလိုက်လို့လဲ"
"ငါအဲဒါကိုအမှိုက်ပုံးထဲပစ်ထားခဲ့တာ၊ အမှိုက်ကောက်တဲ့ကောင်ကယူသွားတာလေ"
တံခါးနောက်တွင်ချောင်းနားထောင်နေသည့် အမှိုက်ကောက်သမားလေးရုန်ယီက မှုန်ကုပ်ကုပ်နှင့်စောင်ကိုတင်းနေအောင်ဆုပ်ကိုင်ထားလိုက်သည်။
"ငါနောက်တစ်ခါမင်းကိုလက်မှတ်ပို့ပေးလို့မှ မင်းမလာရင်..."
ချန်းခယ့်ယောင်ကဖြတ်ပြောသည်။
"သူမင်းကိုနောက်ထပ်မတွေ့ချင်တော့ဘူးလို့ပြောတယ်"
"ငါကတော့သူငါ့ကိုအရမ်းသဘောကျတယ်လို့ထင်တာပဲ"
သူ၏အသံက ခြေသံများနှင့်တံခါးပိတ်လိုက်သံအကြားတွင်ပျောက်ကွယ်သွားသည်။ ချန်းခယ့်ယောင်က မော့ယွီဖေးထွက်သွားစေရန် မည်သို့ချေပပြီး မည်သည့်နည်းလမ်းဖြင့်လုပ်ရမည်မသိဖြစ်နေပုံရသည်။
မော့ယွီဖေးကသက်ပြင်းရှည်ကြီးချပြီးပြောလိုက်သည်။
ချန်းခယ့်ယောင်အသံမှာတကယ်ကို တရင်းတနှီးမရှိလှတော့ပေ။
"မနေ့ကငါသူ့ကိုဖုန်းခေါ်တော့တစ်ချိန်လုံးဖုန်းပိတ်ထားခဲ့တာ အံ့ဩစရာမရှိတော့ဘူး၊ -ိုးတဲ့မှမင်း....."
"မင်းစိတ်ပြောင်းသွားရင် ငါ့ဖုန်းနံပါတ်က call log ထဲမှာရှိတယ်"
"မင်းငါ့ကိုအချိန်မရွေးဆက်သွယ်နိုင်ပါတယ်"
သူပြောပြီးသည့်နောက် တံခါးခပ်ကြမ်ကြမ်းပိတ်လိုက်သည့်အသံကကျယ်လောင်စွာထွက်လာသည်။
ရုန်ယီမှာ ထိတ်လန့်သွားသည်၊ မသိစိတ်အလိုအရ နောက်ဆုတ်လိုက်သည်တွင် မတော်တဆစောင်ကိုတက်နင်းမိပြီးချော်လဲသွားသည်။
မနာသော်ငြား အသံကားကျယ်သွားခဲ့ပြီး ချက်ချင်းကြီးချန်းခယ့်ယောင်အာရုံကိုဆွဲဆောင်လိုက်နိုင်၏။
သူတံခါးကိုသာသာလေးခေါက်လိုက်သည်။
"ကိုယ့်ကြောင့်မင်းနိုးသွားလား"
ရုန်ယီ စောင်ကိုချက်ချင်းဆွဲကာတံခါးရှိရာဘက်သို့အော်လိုက်၏။
"ဟို...မင်း...ဧည့်ခန်းထဲက suitcase ကိုငါ့အခန်းထဲယူလာပေးပါလား"
ချန်းခယ့်ယောင် suitcase ကိုအခန်းထဲယူလာသည့်အခါ ရုန်ယီသည်အိပ်ရာပေါ်တွင်ပြန်လှဲနေပြီး မျက်နှာကိုဖုံးထားသည်။
ချန်းခယ့်ယောင်မှာ အဆိုပါမြင်ကွင်းကြောင့်အနည်းငယ်စိုးရိမ်သွား၏။
"မင်းနေရတာအဆင်မပြေဖြစ်နေလား"
ရုန်ယီ စောင်ပုံထဲတွင်ပင်ခေါင်းခါလိုက်သည်။
"ငါအဆင်ပြေပါတယ်၊ မင်း...မင်းအရင်ထွက်နှင့်လိုက်...."
သူ့ကိုယ်တွင်ဘာမှ မှားယွင်းနေခြင်းမရှိ။ မနေ့ညကဖြစ်ပျက်ခဲ့သည်များကိုပြန်မှတ်မိသည့်အခါ သူဆိုးဆိုးဝါးဝါးမျက်နှာပူလာသည်။ သူချန်းခယ့်ယောင်ကိုမြင်ခွင့်ပေးရန် မဝံ့ရဲပေ။
ချန်းခယ့်ယောင်သည် တွေဝေနေပြီး နောက်ဆုံးတွင်လှည့်ထွက်သွားသည်၊ ရုန်ယီသည် အသံကြားမှချက်ချင်းစောင်ကိုအောက်အနည်းငယ်ဆွဲချကာ မျက်လုံးလေးနှစ်လုံးဖော်လိုက်သည်။
သူချန်းခယ့်ယောင်ကိုရက်အတန်ကြာအောင် မမြင်တွေ့ခဲ့ရ၍ဖြစ်မည်၊ရုန်ယီသည် ယခုမြင်နေရသည့်ချန်းခယ့်ယောင်၏နောက်ကျောဘက်လေးပင်ပိုမိုကြည့်ကောင်းနေသယောင်ခံစားရသည်။
ရုန်ယီသည် သူ့နှုတ်ခမ်းကိုကိုက်ကာစိတ်ကူးယဉ်နေစဉ် ချန်းခယ့်ယောင်ကလှည့်ကြည့်လာသည်။ ရလဒ်အနေနှင့်ယောကျ်ားသားနှစ်ယောက်သည် တစ်ယောက်မျက်လုံးတစ်ယောက်အပြန်အလှန်ကြည့်နေခဲ့ကြသည်။
နှစ်ယောက်လုံးစက္ကန့်အနည်းငယ်ကြာသည်အထိ တောင့်တင်းနေကြ၏၊ ချန်းခယ့်ယောင်သည်ဘာစကားမှမပြောဘဲ ချက်ချင်းအနောက်လှည့်ထွက်သွားသည်။
ရုန်ယီသည် အတွင်းခံနှင့်ဘောင်းဘီကိုဖြည်းဖြည်းချင်းလဲဝတ်ကာ စိတ်တင်းပြီးအပြင်ထွက်လာသည်တွင် ချန်းခယ့်ယောင်ကရေချိုးခန်းထဲတွင်သူ့ကိုယ်သူနောက်တစ်ခါပိတ်ထားသည်ကိုတွေ့လိုက်ရ၏။
မနေ့က မော့ယွီဖေး၏လက်ထောက်ယူသွားခဲ့သည့်သူ၏ဖုန်းက ဧည့်ခန်းအလယ်ရှိကော်ဖီစားပွဲတွင်တင်ထားသည်။
ရုန်ယီ ဖုန်းကိုကောက်လိုက်သည်၊ ခေတ္တတုန့်ဆိုင်းနေပြီးရေချိုးခန်းတံခါးထံပြေးသွားကာ ခေါက်လိုက်၏။
တံခါးကချက်ချင်းပွင့်လာပြီး ချန်းခယ့်ယောင်မျက်နှာမှာစိုရွှဲနေသည်။
"မင်းရေချိုးခန်းသုံးချင်လို့လား"
ချန်းခယ့်ယောင်ကခေါင်းငုံ့ကာအပြင်ထွက်လာသည်။
ရုန်ယီ၏မျက်ဝန်းများကသူ့မျက်နှာပေါ်တွင်သာ ဝေ့ဝဲနေသည်။
တကယ်တော့ ဘာမှမဟုတ်ပါဘူး။ ငါမင်းကိုသတိရနေတော့ချက်ချင်းတွေ့ချင်လာလို့ပါ။
ငါမင်းကိုမနေ့ကနမ်းနေတာနဲ့တင် အလုပ်ရှုပ်သွားခဲ့တာ၊ မင်းမျက်နှာတောင်သေချာမကြည့်ရသေးဘူး။
မနေ့က သူတို့၏လျှောက်လမ်းပေါ်မှအနမ်းကိုပြန်သတိရသည့်အခါ ရုန်ယီ၏မျက်နှာမှာပူလာပြန်၏။
"အဲဒါဆိုမင်းဗိုက်ဆာလို့လား"
ချန်းခယ့်ယောင်မှာအလွန်အမင်းစိတ်လှုပ်ရှားနေပုံရပြီး ဧည့်ခန်းထောင့်မှစားပွဲထံလျှောက်သွားသည်။
"ကိုယ်မင်းစားဖို့ဆိုပြီးစားစရာနည်းနည်းဝယ်လာခဲ့တယ်၊ မင်းကြိုက်တာပါလားလို့လာကြည့်လေ"
ရုန်ယီသည် ချန်းခယ့်ယောင်၏ကျောပြင်ကိုကြည့်ရင်းရပ်နေဆဲ။
ချန်းခယ့်ယောင်ကချက်ချင်းလှည့်ကြည့်လာသည်။
"ဘာလို့မင်းရဲ့ရည်းစားဟောင်းက မင်းကိုအဲဒီလိုခေါ်တာလဲ"
ချန်းခယ့်ယောင်သည် စက္ကန့်အနည်းငယ်ကြာအောင်ကြက်သေသေနေပြီးမှ တမဟုတ်ချင်းကူကယ်ရာမဲ့နေသည့်ပုံစံဖြစ်သွားသည်။ သူနေ့လည်စာထမင်းဘူးကိုယူကာ ဆိုဖာခုံသို့သွား၍ထိုင်ချလိုက်၏။
ချန်းခယ့်ယောင်ကမငြင်းပေ။ ဤသည်မှာ သူနှင့်မော့ယွီဖေးအကြားတွင် တစ်စုံတစ်ခုရှိနေခဲ့သည့်အကြောင်းဝန်ခံလိုက်သည်နှင့်အတူတူပင်။
"မင်းတို့နှစ်ယောက်ကြားမှာဘာမှမရှိပါဘူးလို့မင်းငါ့ကိုအရင်ကလိမ်ခဲ့တယ်"
ချန်းခယ့်ယောင်ကစိတ်ဖိစီးနေပုံရသည်၊ လက်များကိုဆန့်ကာသူ့ဆံပင်များကိုဆွဲဆုပ်နေသည်။
"ဘာလို့လဲဆိုတော့ ကိုယ်နဲ့သူက ဘာမှမပတ်သတ်တော့ဘူးလို့မျှော်လင့်ထားလို့ပဲ"
ရုန်ယီလည်း သူ့ထံလျှောက်သွားကာထိုင်ချလိုက်၏။
ချန်းခယ့်ယောင်က စကားကိုတစ်ဝက်တွင်ရပ်ပြီးမပျော်ရွှင်သည့်အမူအရာကိုပြလာသည်။
"ကိုယ်မင်းကိုအကြောင်းအရင်းပြောပြလိုက်ရင်၊ မင်းထပ်ပြီးစိတ်ရှုပ်လာမယ်၊ မင်းအိုင်ဒေါကိုအနိုင်ကျင့်တယ်ဆိုပြီးကိုယ့်ကိုအပြစ်တင်လိမ့်မယ်"
ရုန်ယီသူ့ကိုရယ်စရာကောင်းသည့်အကြည့်မျိုးဖြင့်ကြည့်လိုက်သည်။
ချန်းခယ့်ယောင်မပြောလျှင်ပင် သူနှင့်မော့ယွီဖေးအကြားတွင်ထူးခြားသည့်အရာရှိနေမှန်းသိနားလည်သည်။
မနေ့ကတစ်နေ့လုံးသူ့နှာခေါင်းမှ ဦးဆောင်ရာနောက်လိုက်နေခဲ့ပြီး ကာလရှည်စုပုံထားခဲ့သည့်စိတ်ကူးယဉ်မှုများနှင့် ပေါက်ကွဲထွက်လာသည့်အချက်အလက်များကြောင့် သူလက်လွန်သွားခဲ့သည်။ ယခုတွေးကြည့်လိုက်မှပင် မော့ယွီဖေး၏လှုပ်ရှားမှုတိုင်းကအနည်းငယ်ကြောက်စရာကောင်းသည်။
သူ၏လက်ထောက်ဖြစ်သူသည် ပုံမှန်လုပ်ရိုးလုပ်စဉ်အရ သူ့ဖုန်းကိုသိမ်းသွားခဲ့သည့်သဘောထားကိုထောက်ဆလျှင် အနှီသူသည်အတိအကျပင်ပြောမရဆိုမရသူဖြစ်လိမ့်မည်။
ချန်းခယ့်ယောင်သာရုတ်တရက်မပေါ်လာခဲ့ပါက နောက်ဆက်ဖြစ်မည်ကိုဘုရားသာသိလိမ့်မည်။ ရုန်ယီသည်ပြန်ပြောင်းတွေးမိပြီးမှ ထိတ်လန့်လာ၏။
"ငါလည်းသူ့ကိုထပ်မကြိုက်တော့ပါဘူး"
ချန်းခယ့်ယောင်ကသူ့ကိုသံသယဖြစ်စွာကြည့်သည်။
"မင်းတို့နှစ်ယောက်တွဲနေကြတုန်းက သူနောက်တစ်ယောက်ထားခဲ့လို့မင်းသူ့ကိုခွင့်မလွှတ်နိုင်တာလား"
"သူတစ်ခါမှအဲဒီလိုမလုပ်ပါဘူး"
စိတ်ကူးကြည့်ရန်မှာ မခက်ခဲလောက်ဟုထင်သည်။
"ကိုယ်ကအရမ်းတာဝန်သိခဲ့တာကြောင့်လည်းဖြစ်မယ်"
ချန်းခယ့်ယောင်ကသက်ပြင်းချသည်။
"ကိုယ်ကအယ်လ်ဖာပရိုမုန်းတွေကိုမခံနိုင်ဘူး၊ အနံ့ရလိုက်တာနဲ့စိတ်တိုလာပြီးလေထုကိုဖျက်ဆီးမိတတ်တယ်။ သူလိုလူအတွက်အဲဒီလိုမျိုးဆက်ဆံရေးက သည်းခံဖို့မဖြစ်နိုင်ဘူးလေ"
"မင်းကအယ်လ်ဖာပရိုမုန်းမျိုးသည်းမခံနိုင်ဘူး?"
ရုန်ယီမနေနိုင်ဘဲလှောင်ရယ်ရယ်လိုက်သည်။
"မင်းကဘယ်လိုပရိုမုန်းမှသည်းမခံနိုင်တာ၊ အိုမီဂါအနံ့တွေရလည်းမင်းအန်တာပဲ"
ချန်းခယ့်ယောင်အမူအရာက တောင့်ဆတ်သွားသည်။
"ဒါပေမဲ့....မင်းတို့နှစ်ယောက်အတူရှိနေတုန်းကဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် မင်းအပေါ်အမှားမလုပ်သင့်ဘူး"
"ဆိုတော့ မင်းအမှားမဟုတ်ဘူး"
ချန်းခယ့်ယောင်ကသူ့ကိုကြည့်နေပြီးစကားမပြောပေ။
ရုန်ယီရုတ်တရက်စိတ်လောသွားသည်။ သူ၏တင်းမာနေမှုကိုဖြေလျှော့ရန် ဆက်ပြောလိုက်သည်။
"ပြောရရင်...မင်းပါတနာအဖြစ်နဲ့ဘီတာတစ်ယောက်ကိုရှာကြည့်ပါလား"
ချန်းခယ့်ယောင်ကဟာသလိုမြင်သည်။
"ကိုယ်ကဘာလို့ဘီတာကိုရှာရမှာလဲ"
"ဘာလို့လဲဆိုတော့မင်းက အယ်လ်ဖာကိုရော အိုမီဂါကိုရောသည်းမခံနိုင်လို့လေ"
"ဒါကမသင့်တော်တဲ့အဖြေနှစ်ခုကိုဖယ်ပြီး တစ်ခုပဲရွေးလို့ရတဲ့မေးခွန်းမျိုးမှမဟုတ်တာ"
ချန်းခယ့်ယောင်ကပြုံးကာခေါင်းယမ်းသည်။
"မင်းကအခက်အခဲမရှိ အတူအိပ်ရုံတင်မဟုတ်ဘဲ အတူနေပြီးမိသားစုတစ်စုကိုတည်ဆောက်ဖို့လူရှာချင်တာလေ"
ရုန်ယီသည် တဒင်္ဂတွေဝေနေပြီးခေါင်းယမ်းသည်။
"မင်းသဘောကျတဲ့ပုံစံမဟုတ်ရင် သူနဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်ဖို့ မင်းကိုယ်မင်းဖိအားပေးနေရလိမ့်မယ်၊ ဘာလို့လဲဆိုတော့ အနာဂတ်မှာမင်းတို့နှစ်ယောက်ကသာမန်အတူနေကြသည့်ဘဝမျိုးရမယ်လို့မင်းယုံကြည်လို့လေ၊ ဟုတ်တယ်မလား?"
"အယ်လ်ဖာနဲ့တူတဲ့မင်းသဘောကျတဲ့ဘီတာမျိုးရှာလို့ရတာပဲ"
"အင်း...ကိုယ်တော့တစ်ယောက်မှမတွေ့သေးဘူး"
"မင်းသာဘီတာဆိုရင်တော့ကိုယ်သေချာပေါက်..."
သူပြုံးလိုက်သည်၊ စကားတဝက်တွင်ရပ်ကာ ရုတ်တရက်တိတ်ဆိတ်သွားသည်။
ရုန်ယီသည် မျက်လုံးကိုပြူးနေအောင်ဖွင့်ကာသူ့ကိုလှည့်ကြည့်လိုက်သည်။ ချန်းခယ့်ယောင်မျက်နှာကတောင့်တင်းနေပြီး အကြည့်ရွေ့သွားသည်၊ အလွန်အမင်းစိတ်လှုပ်ရှားနေပုံရ၏။
"မင်းကျိန်းသေဘာလုပ်မှာလဲ"
ရုန်ယီသူ့ဘက်ကိုမှီလိုက်၏။
ချန်းခယ့်ယောင် အနောက်ကိုဖြည်းညှင်းစွာမှီလိုက်သည်၊ ပါးစပ်ဖွင့်လာပြီးဘာမှမပြောပေ။
ထို့ကြောင့် ရုန်ယီကအရှေ့ကိုထပ်တိုးသည်။
သူတကယ်ကြီးစိတ်လှုပ်ရှားနေသည်။ သို့သော် မျှော်လင့်ချက်များ များလွန်းနေ၍သူ့နှလုံးသားကပေါက်ကွဲထွက်တော့မည်။ သူ့ကိုယ်သူထိန်းချုပ်ထားနိုင်ရန်မှာမဖြစ်နိုင်တော့ပေ။
သူ၏အချိန်တိုအတွင်းရဲရင့်မှုနှင့်စိတ်လိုက်မာန်ပါလုပ်မှုများက ရှင်းပြမရသော်ငြား မဆိုးရွားသလိုလည်းခံစားရသည်။
"မင်းငါ့ကိုသဘောကျနေတုန်းပဲလား"
အဆိုပါမေးခွန်းက မနေ့ညမှအနမ်းပြီးတည်းကသူ့စိတ်ထဲတွင်တဝဲလည်လည်ဖြစ်နေခဲ့သည်။
သူမျက်ခုံးများကိုတွန့်ချိုးလိုက်သည်။
"ငါမင်းနောက်တစ်ခါမအန်မချင်းနမ်းမှာ"
ပြောပြီးမှပင် သူ၏ခြိမ်းခြောက်မှုကကို့ရို့ကားယားဖြစ်နေသလိုခံစားရသည်။ သို့ဖြစ်၍ သူသည်ချက်ချင်းနောင်တရသွားပြီးအနည်းငယ်ပင်ရှက်သွားမိသည်။
သို့သော်ငြား ချန်းခယ့်ယောင်ကထိုစကားကြားပြီးပါးစပ်ကိုဖွင့်ကာပြန်ပိတ်သွားသည်။
ယောကျ်ားသားနှစ်ယောက်တို့်သည် ခဏတဖြုတ်အပြန်အလှန်ကြည့်နေကြပြီး ရုန်ယီမှာအနည်းငယ်စိတ်မရှည်ဖြစ်လာသည်။
ချန်းခယ့်ယောင်ကတွေဝေနေပြီး သူ့ကိုထူးဆန်းသည့်အမူအရာပြလာသည်။
ရုန်ယီမှာ သူဆိုလိုချင်သည့်အဓိပ္ပါယ်ကိုနားမလည်၍ ဒေါသထွက်ကာရှက်လာသည်။
"မင်းငါ့ကိုသဘောမကျဘူးဆိုရင်လည်း မနေ့ကဘာလို့ငါ့ကိုမတွန်းထုတ်လိုက်တာလဲ၊ ဘာလို့ငါတို့ကလက်ထပ်ပြီးပါပြီလို့ပြောတာလဲ၊ ဘာလို့ငါ့အပေါ် အရမ်းကောင်းနေရတာလဲ၊ မင်းဘာဖြစ်နေတာလဲ!"
ရုန်ယီသည် စကားပြောအပြီးအချိန်အတန်ကြာအောင် အရိပ်အကဲပြနေသည့်ချန်းခယ့်ယောင်က နောက်ဆုံးတွင်လက်လျှော့လိုက်သည်။
"မင်းကိုယ့်ကိုနမ်းချင်တယ်လို့ပြောခဲ့တာမဟုတ်ဘူးလား"
"မင်းပဲကိုယ့်ကိုနောက်နေတာ"
ပြောပြီးသည့်နောက် ချန်းခယ့်ယောင်ကလက်ကိုဆန့်ထုတ်သည်၊ ရုန်ယီ၏ခေါင်းအနောက်ကိုလက်ချိတ်ပြီး ရုန်ယီကိုသူ့ထံဆွဲလိုက်သည်။
အလွန်အံ့အားသင့်သွားသည့်အခိုက်အတန့်ကြောင့် ရုန်ယီမျက်လုံးမှိတ်လိုက်မိသည်။