အပိုင်း ၅၆.၂
Viewers 14k

Chapter 56.2
သူတစ်ကြိမ်ဖြေလျှော့ပြီးသည့်နောက် ယိုင်တိယိုင်တိုင်ဖြင့်အိပ်ရာပေါ်တက်သွားသည်။ ထိုအချိန်မှာပင် ချန်းခယ့်ယောင်ကတံခါးခေါက်ပြီးသူ့ကိုဘယ်လိုနေလဲမေးလာခဲ့သည်။ သို့ဖြစ်၍ သူဒုတိယအကြိမ်ထပ်လုပ်ရပြန်သည်။
နောက်ပိုင်းမှတ်ဉာဏ်များကဝေဝါးသွားသည်။
သူတစ်ကိုယ်လုံးကိုစောင်ထဲတွင်နှစ်ထားလိုက်ချင်သည့်အခါ သူပိုမိုထိတ်လန့်ဖွယ်ကောင်းသည့်တွေ့ရှိမှုကိုသိလိုက်ရသည်။
သူမနေ့ကကုတ်အကျီချွတ်ခဲ့မိသည်ကိုမမှတ်မိ၊ သူ့တစ်ကိုယ်လုံးကိုစောင်နှင့်အုပ်ထားသည့်အကြောင်းမှာ ပြောနေစရာပင်မလိုပေ။ မနေ့ညမှည၏တစ်ခုတည်းသောနောက်ဆုံးမှတ်ဉာဏ်မှာ သူ့ကိုယ်အောက်ပိုင်းတွင်အဝတ်ရှိမနေသည့်ကိစ္စပင်။
ရုန်ယီ ပိတ်ထားသည့်တံခါးကိုတစ်ချက်ကြည့်ပြီး သူ့အသက်ရှူသံကရပ်လုနီးပါးဟုထင်ရသည်အထိကြောက်လန့်လာသည်။
အနှောင့်အယှက်ကြီးစွာဖြင့်ထိုင်လိုက်ပြီး သူအသစ်တစ်ခုတွေ့ရသည်။သည်အခန်းထဲမှ လေသန့်စင်ဆေး၏ပါးလျသောအနံ့ရနေ၏။
ရုန်ယီ ယခင်က အဆိုပါအမျိုးအစားလေသန့်စင်ဆေးကိုဝယ်ခဲ့ဖူးသည်။ ၎င်းကလေထဲရှိအိုမီဂါပရိုမုန်းများပြယ်သွားစေရန်အသုံးပြုသည်။
တုန်လှုပ်ချောက်ချားဖွယ် တွေ့ရှိမှုကရုန်ယီအား စောင်ပုံထဲတွင်ပင်လောင်ကျွမ်းသွားစေသည်။
ချန်းခယ့်ယောင် ဝင်လာခဲ့သည်။ သူ၏ပရိုမုန်းရနံ့များတစ်ခန်းလုံးပျံ့နေသည်နှင့်အလွန်တူသည်၊ ချန်းခယ့်ယောင်ကိုအထဲဝင်လာစေရန်ဖိအားပေးပြီးလေကိုသန့်ရှင်းစေခဲ့သည်။ တံခါးဖွင့်ပြီးနောက် ချန်းခယ့်ယောင်ဘယ်လိုမြင်ကွင်းကိုမြင်ခဲ့သလဲဆိုသည်မှာ ဘုရားသာသိလိမ့်မည်။
စောင်ထဲတွင် သူ့ကိုယ်သူထုပ်ထားပြီးနှလုံးသားထဲတွင်ညည်းညူနေသည်၊ သူအိပ်ရာမှထရန်ဆုံးဖြတ်လိုက်ပြီး ဘောင်းဘီကိုအလျင်ဝတ်ကာ ချန်းခယ့်ယောင်နှင့်ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲစဉ်းစားသည်။
လှည့်ပတ်ကြည့်ပြီး အိပ်ရာဘေးတွင်ခေါက်ထားသည့်ကုတ်အကျီနှင့်ဘောင်းဘီတစ်ထည်ကိုတွေ့ရသည်။
ရုန်ယီ သူ့ကိုယ်သူ အသက်မရှူနိုင်တော့သလိုခံစားရသည်။ သူ့အတွင်းဝတ်များက အတိအကျညစ်ပတ်နေပြီးအခြားသူအဝတ်များအပေါ်ထပ်ထားရန်မသင့်လျော်မှန်းသူသိသည်။ သာမန်လူများမြင်လျှင်လျှော်ဖွပ်ရန်လိုအပ်သည်ဟုခံစားကြရလိမ့်မည်။
သို့သော် သာမန်လူများပင်အခြားသူ၏အတွင်းခံကိုလျှော်ပေးမည်မဟုတ်။
ချန်းခယ့်ယောင်စိတ်က တစ်ခုခုမှားနေတာပဲဖြစ်ရမယ်!
ရုန်ယီ၏ suitcase က ဧည့်ခန်းအပြင်တွင်ရှိနေသည်။ ၎င်းကသူ့ကိုကိုယ်တုံးလုံးနှင့်အပြင်ထွက်ပြီးအသစ်တစ်ထည်သွားယူခိုင်းနေခြင်းပင်မဟုတ်လား။
ရုန်ယီခမျာ အိပ်ရာပေါ်တွင်ထိုင်ကာ ရင်ဘတ်ကိုလက်သီးဆုပ်နှင့်ထုပြီးခြေဆောင့်သည်၊ ရုတ်တရက် တံခါးအပြင်ဘက်မှဘဲလ်သံကိုကြားလိုက်ရ၏။ သူအတွင်းခံမပါဘဲ ဘောင်းဘီအရှည်သာဝတ်ပြီးအပြင်ပြေးထွက်ကာတံခါးဖွင့်ရကောင်းနိုးဖြင့် တွေဝေနေစဉ် တံခါးကိုဖြတ်ကာအသံများထွက်လာသည်။
ဘေးအခန်းမှတစ်စုံတစ်ယောက်ပြေးထွက်လာပြီး တံခါးဖွင့်သံပေါ်လာသည်။
ပြီးနောက် တံခါးအပြင်မှချန်းခယ့်ယောင်အသံကြားလိုက်ရသည်။
"မင်းကဒီမှာဘာလုပ်နေတာလဲ"
တစ်ယောက်ယောက်စကားပြောနေခြင်းဖြစ်မည်။ တံခါးမှဝေးလွန်းနေ၍ ရုန်ယီမှာရှင်းရှင်းလင်းလင်းမကြားရပေ။
မကြာခင် ရုန်ယီဘာတွေဖြစ်နေမှန်းနားလည်သွားသည်။ ထို့နောက်တခဏခန့် တုံ့ဆိုင်းနေပြီးမှသူစောင်ကိုကောက်သည်၊ ကိုယ်ပေါ်တွင်လွှမ်းသည်၊ အခန်းတံခါးအနီးကိုအမြန်သွားပြီး သူ့နားကိုတံခါးတွင်ကပ်ထားလိုက်သည်။
အပြင်မှအသံများကတမဟုတ်ချင်းကြည်လင်သွားသည်။
"မနေ့ကပြောတဲ့အတိုင်းပဲငါမင်းကိုဘာမှပြောစရာမရှိတော့ဘူး"
ချန်းခယ့်ယောင်အသံကသူစိမ်းဆန်နေသည်။
"အဲဒီတံခါးကမင်းတာဝန်၊ ငါ့ကိုအလျော်ပေးစေချင်ရင် အရင်တရားစွဲလိုက်"
သို့သော်ငြား ချန်းခယ့်ယောင်နှင့်စကားပြောနေသူကမဆီလျော်သည့်အဖြေကိုပြန်ပေးလာသည်။
"ဝိုး...ငါမနေ့ကအမြင်မှားတယ်ထင်တာ၊ မင်းမျက်နှာကဘာဖြစ်ထားတာလဲ"
မော့ယွီဖေး။ တံခါးနားကပ်ကာခိုးနားထောင်နေသည့်ရုန်ယီ မျက်မှောင်ကြုတ်သွားသည်။
ချန်းခယ့်ယောင်က စကားပြန်မပြောပေ၊ ပြောစရာစကားမရှိ၍လည်းဖြစ်နိုင်သည်။
"ဒါပေမဲ့...ချောပါသေးတယ်"
မော့ယွီဖေးကဆက်ပြောသည်။
"ဟိုဘက်လှည့်စမ်းပါဦး၊ ငါကြည့်ဦးမယ်"
"မင်းရူးနေတာလား"
ချန်းခယ့်ယောင်အသံမှာ သိသာစွာဖြင့်စိတ်မရှည်ဖြစ်နေသည်။
"မင်းကိစ္စမဟုတ်ဘူး၊ မင်းမှာပြောစရာမရှိရင်ငါတံခါးပိတ်တော့မယ်"
"မဟုတ်ဘူး!"
မော့ယွီဖေးက အခန်းထဲအတင်းဝင်နေသည်။
"ငါမင်းကိုပြောစရာရှိတယ်၊ ငါအထဲကိုအလျင်ဝင်ဦးမယ်"
သူအော်သည့်အသံမှာကျယ်လွန်း၍ ချန်းခယ့်ယောင်လန့်သွားပုံရသည်။
"မင်းအသံကိုလျှော့၊ ရုန်ယီအိပ်နေတုန်း"
သူ့အသံကပုံမှန်ထက်ပင်တိုးနေသည်။
"သူ့ကိုနိုးသွားအောင်မလုပ်နဲ့"
"အို့!"
မော့ယွီဖေး ခဏရပ်လိုက်သည်။
"ငါ့အခန်းထဲသွားပြီး ငါနဲ့စကားပြောလို့ရလား"
ရုန်ယီခမျာ ရုတ်တရက်ခေါင်းနပမ်းကြီးသွားသည်။
ကံကောင်းထောက်မစွာဖြင့် အပြင်တွင်ခေတ္တတိတ်ဆိတ်နေပြီး ချန်းခယ့်ယောင်ကလိုက်လျောပေးလိုက်သည်ထင်၏။
"အဲဒါဆိုလည်းအမြန်ပြော"
ချင့်ချိန်နေသယောင်ဖြင့် ချန်းခယ့်ယောင်သည်မော့ယွီဖေးကိုအထဲဝင်ခွင့်ပေးလိုက်ကာ တံခါးပိတ်လိုက်သည်။
ရုန်ယီ စိတ်မသက်မသာဖြစ်လာသည်။
"မနေ့ကတစ်ယောက်က ရုန်ယီလို့ခေါ်တာလား"
မော့ယွီဖေးကမေးသည်။
"အခုမင်းကောင်လေးဖြစ်နေပြီလား"
"မဟုတ်ဘူး"
ချန်းခယ့်ယောင်ကအတိအကျနှင့်တိုက်ရိုက်ငြင်းဆိုလိုက်သည်။
သူကအမှန်အတိုင်းပြောခြင်းဖြစ်သည့်တိုင် ရုန်ယီမှာဒေါသထွက်သွားခြင်းကိုရှောင်လွှဲ၍မရပေ။
သို့သော်ငြား ချန်းခယ့်ယောင်ဆက်ပြောလာသည်ကိုသူကြားလိုက်ရသည်။
"ငါတို့ကလက်ထပ်ပြီးသား၊ မှတ်ပုံတင်လည်းရှိတယ်၊ မင်္ဂလာဆောင်ဖို့ပဲလိုတော့တယ်၊ ငါ့အဖေကမင်းကိုငါတို့မင်္ဂလာဆောင်လာဖို့ဖိတ်ရင်ပေါ်မလာဖို့မျှော်လင့်ပါတယ်"
ရုန်ယီ ရှော့ခ်ရသွားသည်။
တံခါးအပြင်မှမော့ယွီဖေးမှာလည်း သူ့လောက်နီးပါးစိတ်အခြေအနေဖြစ်သင့်သည်။
"တကယ်လား...သူမနေ့ကပြောတာအဲဒီလိုမဟုတ်ပါဘူး"
"မင်းညင်ညင်သာသာလေးပြောလို့ရမလား"
ချန်းခယ့်ယောင်ပြောလိုက်သည်။
"ငါတို့နှစ်ယောက်အတူနေနေပြီလို့သူပြောတာမကြားဘူးလား"
မော့ယွီကဘာမှမပြောပေ၊ အံအားသင့်မှုများအတွင်းနစ်မြုပ်နေပုံရသည်။
"ပြောစရာကျန်သေးလား"
ချန်းခယ့်ယောင် ထပ်ပြီးမော့ယွီဖေးကိုအပြင်နှင်ထုတ်ပြန်သည်။
"မရှိတော့ရင်သွားတော့"
"နေဦး၊ နေဦး"
မော့ယွီဖေးကမေးလာသည်။
"အဲဒီတစ်ယောက်ကမင်းကိုဝအောင်ကျွေးပြီးကုပေးလိုက်တာလား"
"မနေ့ကမတွေ့ဘူးလား"
မထင်မှတ်ဘဲ ချန်းခယ့်ယောင်အသံကမကျေနပ်သလိုဖြစ်နေသည်။
"မင်းမေးနေစရာလိုသေးလား"
"ဝအောင်ကျွေးတယ်" ဆိုတာဘာကြီးလဲဟ၊ ချန်းခယ့်ယောင်အန်တာကိုပြောချင်တာဆိုရင်ဘယ်လိုလုပ်ကျေနပ်တာဖြစ်နိုင်မှာလဲ?
မနေ့ညမှ သူအထီးကျန်ပြီးကူကယ်ရာမဲ့နေခဲ့သည့်အဖြစ်ကိုပြန်မှတ်မိလျက် သည်လူကသန့်စင်ခန်းတွင်းအပြေးအလွှားဝင်ကာ မသိတတ်စွာထိုးအန်နေပြီး သူတို့အခန်းထဲဝင်ခဲ့သည့်အချိန် စောင်ထဲထုပ်ပိုးထားသည့်ရုန်ယီမှာ အကြီးအကျယ်ဒေါသထွက်နေခဲ့ရသည်။
"အဲဒါဆိုငါတကယ်ကြီးမျှော်လင့်ချက်မရှိတော့ဘူးပေါ့"
မော့ယွီဖေးကမေးသည်။
သူပြောလိုက်သည့်အခါ သူ့အသံကမမျှော်လင့်ထားဘဲအလွန်တရာဝမ်းနည်းနေပုံပေါ်သည်။
"မင်းငါ့ကိုရွံအောင်မလုပ်နေနဲ့တော့"
ချန်းခယ့်ယောင်ပြောလိုက်လေသည်။
"မင်းဒီလိုတွေလုပ်နေတာဘာကပျော်စရာကောင်းလို့လဲငါနားမလည်တော့ဘူး"
"ဟင့်အင်း"
"ငါမင်းကိုသဘောကျလို့မင်းနဲ့အတူရှိနေချင်တာလေ၊ ပုံမှန်ပဲမဟုတ်လား"
ချန်းခယ့်ယောင်ပြန်မပြောပေ။
"တကယ်တော့မင်းလက်ထပ်ထားတာ ဟုတ်ဟုတ်၊မဟုတ်ဟုတ်ငါကတော့ဂရုမစိုက်နေဘူး"
စက္ကန့်အနည်းငယ်တိတ်ဆိတ်နေပြီး ချန်းခယ့်ယောင်အသက်ပြင်းပြင်းရှူလိုက်သည်။
"မင်း၊ အခုထွက်သွားလိုက်တော့"
Xxxxxxx