အပိုင်း ၅၆.၁
Viewers 14k

Chapter 56.1
အတော်လေးအားရစရာကောင်းတဲ့ကျွေးမွေးမှုပဲ!
ရုန်ယီသည် သူ့နှုတ်ခမ်းများအပါအဝင်သူ၏ကိုယ်ပေါ်မှအစိတ်အပိုင်းတိုင်းတုန်ယင်နေသည်ကိုခံစားနေရ၏။
ရုန်ယီသည် တစ်သက်လုံးတွင် နမ်းသည့်အတွေ့အကြုံအနည်းငယ်ရှိပြီး အချိန်တိုင်းတူညီသည့်လူတစ်ယောက်နှင့်သာဖြစ်ခဲ့သည်။ ထိုသူကတောင့်တင်းပြီးမလှုပ်ရှားလာသည့်အခါ သူရှုံးနိမ့်မှုကိုစတင်ခံစားလာရသည်။
သူအနည်းငယ်ယောက်ယက်ခတ်နေပြီး နောက်ပြန်ဆုတ်ချင်သည်၊ သို့သော် နီးကပ်လာသည့်ရနံ့ဖျော့ဖျော့လေး၏ဆွဲဆောင်မှုကိုခံလိုက်ရသည်။
မည်သို့ပင်ဖြစ်စေ တစ်ဖက်တည်းမှစတင်ခဲ့လျှင် အနမ်းကမည်မျှပင်နက်ရှိုင်းပါစေ ပျော်စရာမကောင်းနိုင်တော့ပေ။
၎င်းက ရုန်ယီအလိုရှိသည့်အရာမျိုးမဟုတ်။
သူနမ်းနေသည်ကိုရပ်လိုက်ရန် တွန့်ဆုတ်နေသည့်အချိန်တွင်အလွန်တရာဝမ်းနည်းရ၏ သူယခုလုပ်နေသည်နှင့်မော့ယွီဖေးသူ့ကိုယခုလေးတင်လုပ်ခဲ့သည်က ကွာခြားမှုရှိပါသလား။
မော့ယွီဖေးကထိုနေရာတွင် ရပ်နေသေးလားသူမသိ။ သူ၏ယခုအာရုံအားလုံးကို ချန်းခယ့်ယောင်အပေါ်တွင်ထားရှိပြီး မည်သည့်အရာ၊ မည်သူကိုမှဂရုမစိုက်နိုင်တော့။
သူသာထွက်မသွားသေးခဲ့လျှင် ရုန်ယီနမ်းနေသည့်လူက မလှုပ်ရှားနိုင်ဖြစ်နေခြင်း သို့မဟုတ် နောက်ပိုင်းမှခုခံမည်ကိုတွေ့ရနိုင်သည်။ ရုန်ယီသည်သူ့ကို ဘယ်အရာကစိတ်ဒုက္ခပိုရောက်အောင်လုပ်နေမှန်းမသိတော့ချေ။
စိတ်အလိုလိုက်ပြုမူခြင်းက မလိုလားအပ်သည့်အကျိုးဆက်များကိုဖြစ်လာစေလိမ့်မည်။
သူသည်အမြန်ရပ်တန့်ပြီး အနှီယစ်မူးဖွယ်အပူချိန်နှင့်နူးညံ့သိမ်မွေ့မှုများမွ စွန့်ခွာခြင်းကပိုကောင်းမှန်းတွေးမိသည်။ ထိုအတိုင်း သူ၏မိမိကိုယ်မိမိတန်ဖိုးထားမှုကိုဆက်လက်ထိန်းသိမ်းထားနိုင်ပြီး အစောပိုင်းတည်းကအမှန်ကိုမြင်နိုင်စွမ်းခဲ့မည်။
ရုန်ယီသည် မျက်လုံးများကိုဖွင့်ကာချန်းခယ့်ယောင်ပါးအား တယုတယကိုင်ထားသည့်လက်ကိုလွှတ်လိုက်သည်။
ထို့နောက် သူ့လက်ကောက်ဝတ်ကဖမ်းဆွဲခံလိုက်ရ၏။
ရုန်ယီသည် နောက်ပြန်ဆုတ်ရန်ကြိုးစားသည့်တိုင်ချန်းခယ့်ယောင်ကတင်းကြပ်စွာဖြင့်ပြန်ဆွဲထားသည်။ တစ်ဝက်တပျက်နှင့်ရပ်တန့်ရတော့မည့်အနမ်းက ရှည်ကြာလာပြီးသိမ်မွေ့ကာရုန်းထွက်မရဖြစ်လာသည်။
ရုန်ယီ သူ့မျက်လုံးများကိုထပ်မှိတ်လိုက်သည်၊ မျက်လုံးထောင့်မှမျက်ရည်စလေးကလိမ့်ဆင်းသွားကာ အနည်းငယ်ယားယံစေသည်။
သည်အခိုက်အတန့်လေးတွင် ၎င်းကအရေးပါမနေ၍သူဂရုစိုက်နေရန်အချိန်မရှိ။
ရုန်ယီ၏ကိုယ်က ချန်းခယ့်ယောင်၏လှုပ်ရှားမှုကြောင့်မရည်ရွယ်ဘဲအနောက်ဘက်ယိုင်သွားသည် ချန်းခယ့်ယောင်သာသူ့ခါးကိုလက်တစ်ဖက်နှင့်ခပ်တင်းတင်းကိုင်ပြီးသူ့ကိုယ်ပေါ်တွင်ဖိကပ်မထားလျှင် ရုန်ယီသည် စိတ်အားတက်ကြွလွန်းသည့်အနမ်းကြောင့် အနောက်လန်ကျသွားနိုင်သည်။
ချန်းခယ့်ယောင်ကိုယ်ပေါ်မှီထားရင်း ရုန်ယီသည်လဲကျလုနီးပါးဖြစ်နေသည်ဟုထင်နေဆဲပင်။
ထို့ကြောင့် သူသည်မသိစိတ်အရချန်းခယ့်ယောင်၏လည်ပင်းကိုဖက်တွယ်ထားမိလိုက်သည်။
သူချန်းခယ့်ယောင်၏အနံ့ကိုနှစ်သက်ပြီး ထိုအထဲတွင်သူ့ကိုယ်သူနစ်မြုပ်သွားချင်သည်၊ သည်အနမ်းကိုဘယ်တော့မှရပ်တန့်မသွားရန်သူမျှော်လင့်သည်။
ချန်းခယ့်ယောင်လည်းအတွေးတူလိမ့်မည်ဟုသူယုံကြည်သည်။
အနမ်းသည် အဝေးမှဓာတ်လှေကားရပ်သွားသံမတိုင်ခင်အထိဆက်ရှိနေသည်။
ယခုလေးတင် 'အုတ်အော်သောင်းတင်း' ဖြစ်သွားမှုက ဝန်ဆောင်မှုပေးသည့်ဟိုတယ်ဝန်ထမ်းအာရုံကိုဆွဲဆောင်သွားသည်။
သူတို့အချင်းချင်း ကပျာကယာလွှတ်လိုက်ကြသည်တွင် သူ့ခြေထောက်များမှ သူ့ကိုယ်သူမထောက်နိုင်လုနီးဖြစ်နေပြီး ချန်းခယ့်ယောင်ကိုယ်နှင့်ဆန့်ကျင်ဘက် နောက်ပြန်လဲကျသွားသည်။
ထို့နောက် မျက်လုံးမှိတ်ထားပြီးချန်းခယ့်ယောင်ပုခုံးပေါ်တွင်မှီနေသည့်ရုန်ယီမှာ အနောက်မှမော့ယွီဖေးအသံကိုကြားလိုက်ရသည်။
"အာ...တောင်းပန်ပါတယ်၊ ကျွန်တော့်အခန်းတံခါးကပျက်စီးသွားတယ်၊ ကျွန်တော်ပေးဖို့လိုလား"
ရုန်ယီခါးပေါ်တွင်လက်တင်ထားဆဲ ချန်းခယ့်ယောင်မှာ သဘာဝမကျစွာချောင်းဆိုးလိုက်သည်။
ရုန်ယီ သူ့ကိုကြည့်လိုက်သည်။
ရုန်ယီ၏စိတ်က မရှင်းလင်းသေး၍လည်းဖြစ်နိုင်သလို မျက်လုံးထဲမှမျက်ရည်များထွက်နေဆဲဖြစ်နေသောကြောင့်လည်းဖြစ်နိုင်သည်၊ သူ့အမြင်အာရုံကအနည်းငယ်မှုန်ဝါးနေသည်။ သို့ထိတိုင် သည်အချိန်လေးအတွင်း ချန်းခယ့်ယောင်၏မျက်နှာကတကယ်ကြောက်စရာကောင်းနေသည်ကို သူမြင်ရသည်။
ရုန်ယီနှင့်အကြည့်ချင်းဖလှယ်ပြီးနောက် ချန်းခယ့်ယောင်ကစကားမပြောဘဲလှည့်သွားသည်၊ သူ့အိတ်ထဲမှအခန်းကတ်ကိုထုတ်ကာ ရုန်ယီ၏အခန်းတံခါးကိုဖွင့်လိုက်သည်။
ရုန်ယီသည် အပြင်းအထန်စိတ်ရှုပ်ထွေးမှုများနှင့်အထဲသို့ဆွဲသွင်းခံလိုက်ရသည်။ ချန်းခယ့်ယောင်ကသူ့အခန်းတံခါးကိုဖွင့်ရသည့်အကြောင်းအရင်းအားတွေးနေစဉ် မီးပျက်သွားသည်။
ချန်းခယ့်ယောင် တံခါးပိတ်လိုက်သည်။ အခန်းထဲတွင်မည်သည့်အလင်းရောင်မှမရှိပေ။
ရုန်ယီ ဗလာသက်သက်ကြည့်လိုက်ပြီး မှိန်ဖျော့သည့်အလင်းရောင်အတွင်း ချန်းခယ့်ယောင်၏ပုံစံကိုဖော်နိုင်ရန်ကြိုးစားနေသည်။
ချန်းခယ့်ယောင်သည် ခပ်ဖျော့ဖျော့အလင်းရောင်အတွင်းကိုယ်ကိုငုံ့ကိုင်းလာပြီး သူ့နဖူးကိုညင်သာစွာနမ်းလာသည်။ ရုန်ယီသည်လက်ကိုဆန့်တန်း၍ သူ့ကိုထပ်ပြီးတင်းကျပ်နေအောင်ဖက်ထားချင်သော်ငြား တွန်းထုတ်ခံလိုက်ရသည်။
"တောင်းပန်ပါတယ်"
ချန်းခယ့်ယောင်က ထပ်ပြီးမထိန်းထားနိုင်တော့ဟန်ပေါ်သည်။ ပြောနေရင်းနှင့်ပင် အနောက်ဆုတ်သွားသည်။
"ကိုယ်...အဲဒါက...."
သူ့စကားပင်မဆုံးခင် ချန်းခယ့်ယောင်လှည့်သွားသည်၊ ရေချိုးခန်းအတွင်းအမြန်ပြေးသွားပြီးတံခါးပိတ်ထားလိုက်တော့သည်။
မကြာမီ ရေကျသံထွက်ပေါ်လာသည်။
ရုန်ယီ တခဏမျှရပ်ကာငေးနေပြီး နောက်ဆုတ်၍ဆိုဖာတွင်ထိုင်ချလိုက်သည်။
သူမသက်မသာဖြစ်နေသည်။
ဝမ်းနည်းနေခြင်းမျိုးမဟုတ်ဘဲ စိတ်ထဲတွင်လစ်ဟာနေသည်။ ချန်းခယ့်ယောင်နှင့်သူ၏နှုတ်ခမ်းနှင့်သွားများကြားမှ အနံကိုခံစားနေရသေးသည်။ အခုလေးတင်အပြင်းအထန်စိတ်တက်ကြွခဲ့သည့်အနမ်းက သူ့ကိုယ်အတွင်းကိုမီးညှိပေးလိုက်သယောင်ပင်။
ငြိမ်းမသွားဘဲ ရုန်ယီကိုသက်သောင့်သက်သာမရှိဖြစ်နေစေသည်။
သူယခုအလိုရှိနေသည့်ဖြေဆေးက လေးငါးမီတာအကွာတွင်တံခါးတစ်ချပ်ခြားနေသည်။ အလွန်တရာနီးကပ်နေသော်ငြား ထိတွေ့၍မရ။
ဆိုဖာတွင်နစ်မြုပ်နေရင်း ရုန်ယီသည်သူ့ပါးကိုတုန်ယင်နေသည့်လက်များနှင့်တဖတ်ဖတ်ရိုက်လိုက်သည်၊ သူ့ကိုယ်သူပြန်ဆွဲနိုင်ရန်ကြိုးစားနေရသည်။ ၎င်းကအလုပ်မဖြစ်သည်မှာသေချာ၏။
သူအသက်ဝဝရှူသည်၊ မြေကြီးပေါ်ကိုဂရုတစိုက်နှင့်ခြေချသည်၊ သူ့အခန်းထဲသို့အမြန်ဝင်သွားသည်၊ တံခါးပိတ်ပြီး တံခါးကိုကျောမှီ၍ကြမ်းပြင်ပေါ်ထိုင်ချလိုက်သည်။
တံခါးနှစ်ချပ်ခြားထားသည်၊ ရေသံကမကြားရလုနီးပါးပင်။
ရုန်ယီ၏ကမ်မ္ဘာကြီးကပြန်လည်တည်ငြိမ်မှုရလာသည်။
သို့သော် သူ့နှလုံးသား၊ သူ၏အရေနှင့်သွေးများ၊ သူလျစ်လျုရှုထားခဲ့သည့် အိုမီဂါတစ်ယောက်၏မျိုးဗီဇများက မွှေနှောက်နေဆဲပင်။
သူ့ကိုယ်သူသာကယ်တင်၍ရတော့မည်။
ရုန်ယီသည် လက်ရှိတွင်မည်သည့်အရာကိုအလိုရှိနေမှန်းအတိအကျသိသည်။
သူသည် သူချစ်ရသည့်အယ်လ်ဖာကိုလိုချင်နေသည်။
သူအနှီသူ၏ပွေ့ဖက်နမ်းရှုံ့မှုကိုလိုချင်နေသည်၊ သူ၏ပရိုမုန်းနှင့်ဝန်းရံထားမှုကိုလိုချင်သည်၊ သူ၏အကာအရံကင်းမဲ့သည့်အသားအရေအပူချိန်ကိုခံစားချင်ပြီး ပွင့်လင်းသည့်ခန္ဓာကိုယ်နှင့်သူ့ကိုလက်ခံစေချင်သည်။
သူ၏လိင်ခွဲခြားမှုပြီးတည်းက ကာလရှည်တားမြစ်ဆေးကိုပုံမှန်ထိုးနှံခဲ့သည့်အိုမီဂါအနေဖြင့် သူ့တစ်သက်တာတွင်အမှန်တကယ်မေထုန်မှီဝဲသည့်အတွေ့အကြုံမရှိပေ။ အယ်လ်ဖာတစ်ယောက်ကြောင့် အာသာဆန္ဒကိုအသည်းအသန်တောင့်တမှုနှင့်ရင်ဆိုင်ရသည်တွင် သူ့ထံ၌ခုခံနိုင်စွမ်းမရှိတော့။
သို့သော်ငြား ချန်းခယ့်ယောင်ကလည်းသူ့ကိုကူညီနိုင်မည်မဟုတ်။
ရုန်ယီသည် သူ့ခါးပတ်ချိတ်ကိုဖြုတ်ရန်အချိန်အကြာကြီးယူခဲ့ရသည်။သူ့လက်များကတုန်ယင်နေသောကြောင့် အင်အားအများအပြားသုံးခဲ့ရသည်။ သူ့ဘောင်းဘီကိုဒူးအထိမရောက်ခင် အချိန်အတန်ကြာကြိုးစားခဲ့ရသည်။
သည်အသက်အရွယ်တွင် ရုန်ယီ ဤအရာကိုလုပ်ခြင်းကပထမဆုံးအကြိမ်မဟုတ်သည်မှာပုံမှန်ပင်။ အခြားသူများကိုပြောပြရန်မထိုက်တန်သည့်တိုင် ရုန်ယီမှာသူ၏ရုပ်ခန္ဓာတပ်မက်မှုကိုဘယ်သောအခါမှရှက်ရွံ့ခြင်းမရှိခဲ့ပေ။
သို့သော် ထိုနေရာအပေါ် သူ့လက်ကိုတင်လိုက်သည့်အခိုက်မှာပင် ပထမဆုံးအကြိမ်အဖြစ် အံ့အားသင့်သွားရသည်။
သူယခုလေးတင်အခန်းထဲကို ဒယိမ်းဒယိုင်ဝင်လာခဲ့သည်၊ သူ့ခြေထောက်ကြားမှအရာက အရည်များစီးကျနေခဲ့သောကြောင့် မသက်မသာဖြစ်နေမှုကိုခံစားခဲ့ရပြီးပြီ။ သူ၎င်းကိုတကယ်ထိကိုင်လိုက်သည်တွင် သူသည်ပုံမှန်ထက်ပိုနေသည့်အနှီအခြေအနေကိုမယုံကြည်နိုင်မှုနှင့်ရှုပ်ထွေးမှုများကိုခံစားနေရဆဲပင်။
သူ၏အတွင်းခံကစိုရွှဲနေပြီး ပျစ်နှစ်နေသည့်အရည်များကသူ၏ပေါင်ကိုပင်စိုသွားစေကာ အောက်ဘက်ကိုဆက်လက်စီးကျနေသည်။
သူမည်မျှပင်အယ်လ်ဖာနှင့်တူနေပါစေ၊ သူ့ခန္ဓာကိုယ်ကအိုမီဂါတစ်ယောက်၏ ပင်ကိုယ်ဗီဇအတိုင်းရိုးသားစွာဖြင့်တာဝန်ကျေနေဆဲပင်။
သူ၏ကိုယ်ကသူချစ်သည့်အယ်လ်ဖာဝင်ရောက်လာရန် စိတ်အားထက်သန်နေပြီးအသင့်ဖြစ်နေပြီ။
စိုရွှဲနေသည့်အတွင်းခံမှာ ဆက်ဝတ်ထားရန်အဆင်မပြေတော့။ ရုန်ယီမျက်မှောင်ကြုတ်၍ ချွတ်ပစ်လိုက်သည့်အခါ သူ၏အကျီလက်အနားစကိုပင် စွန်းသွားစေခဲ့သည်။ ကိစ္စတစ်ရပ်လုံးကသူ့ကိုပိုပြီးစိတ်ရှည်စောင့်စားရန်မတတ်နိုင်တော့အောင် ဖန်တီးနေသည်။ အကြောင်းမှာ လှုပ်ရှားမှုတိုင်းက ထိုနေရာမှဆန္ဒရှိနေသည့်အရည်များကိုပိုမိုစီးကျလာစေပြီး မကျေနပ်နိုင်ဖြစ်စေသည်။ ပွတ်တိုက်မှုပါးပါးလေးက ထူးဆန်းပြီးကြာရှည်သည့်ယားယံမှုများကိုယူဆောင်လာသည်။
သူလက်ချောင်းများကို အဆိုပါနူးညံစွတ်စိုသည့်နေရာသို့ခုခံနိုင်ခြင်းမရှိတော့ဘဲ ပွတ်ဆွဲလိုက်သည်။ နောက်ဆက်တွဲပါလာသည့် တသိမ့်သိမ့်ခံစားမှုက သူ့မျက်လုံးများကိုထပ်မံစိုစွတ်လာစေသည်။
သူထိန်းမနိုင်သိမ်းမရညည်းညူသံထွက်လာသည့်အခါ အနောက်ရှိတံခါးမှ ခေါက်သံပေါ်လာသည်။
"ရုန်ယီ၊ မင်းအထဲမှာလား"
တံခါးအပြင်မှချန်းခယ့်ယောင်အသံထွက်ပေါ်လာသည်။
"မင်းအဆင်ပြေလား"
မပြေပါ။ သူလုံးဝအဆင်ပြေမနေဘဲ သည်အသံကိုကြားလိုက်ရသည်တွင် သူပိုဆိုးရွားလာသည်။
ရုန်ယီခမျာ တမဟုတ်ချင်းငိုချင်လာသည်။
ထို့နောက် မျက်ရည်များကအလိုအလျောက်ကျဆင်းလာသည်။
တစ်ချိန်တည်းမှာပင် သူ့ကိုယ်ကအပြင်းအထန်တုံ့ပြန်လာသည်။ သူ့လက်ချောင်းများထိုးသွင်းထားရာ အတွင်းသားနံရံများကတစ်ချက်တစ်ချက် နစ်ဝင်နေပြီးစိတ်လှုပ်ရှားမှုနှင့်ဘဝင်ခိုက်မှုကိုခံစားရသည်။
"ငါအဆင်ပြေတယ်"
သူငိုယိုနေပြီးခပ်တိုးတိုးပြောသည်။
သူ့အသံကအဆမတန်ချွဲပြစ်နေသည်၊ တံခါးကိုဖြတ်ကာရှင်းရှင်းလင်းလင်းမကြားရလောက်ပေ။
ချန်းခယ့်ယောင်မှာ အလွန်စိုးရိမ်သွားသည်။
"ဘာဖြစ်တာလဲ၊ ကိုယ်ဝင်လာရမလား"
ပြောပြီးသည်နှင့်ရုန်ယီသည် တံခါးလက်ကိုင်လည်သွားသံကိုကြားရ၏။
တံခါးကိုလော့ခ်မချထားသည့် ရုန်ယီမှာယောက်ရက်ခတ်သွားသည်။ခြေထောက်ကိုမြှောက်ကာတံခါးကိုကန်ဖိထားသည်။ ပြီးနောက် သူသံကုန်ဟစ်လိုက်သည်။
"မဝင်လာနဲ့!"
အော်ပြီးသည့်နောက် တံခါးအပြင်တွင်တိတ်ဆိတ်သွားသည်။
စက္ကန့်အနည်းငယ်ကြာ နှေးကွေးလေးလံနေပြီးနောက်ရုန်ယီအော်ဟစ်ရတော့သည်။
မဟုတ်ပါ။ သူတကယ်ချန်းခယ့်ယောင်ဝင်လာရန်မျှော်လင့်ခဲ့သည်။
ရုန်ယီ သူ့မျက်လုံးများကိုထပ်ဖွင့်လိုက်ချိန်တွင် မနက်မိုးလင်းနေပြီ။
ရုန်ယီ အတော်လေးကြာသည်အထိငေးမောနေပြီးချက်ချင်းရှက်သွေးဖြန်းသွားသည်။ မနေ့ညမှမှတ်ဉာဏ်များကသူ့စိတ်ထဲတွင်ဖြည်းဖြည်းချင်းပြန်ပေါ်လာပြီး တစ်ခုချင်းစီကရှင်းလင်းပြတ်သားနေသည်။
ပြီးစီးသွားသည့်နောက် ရုန်ယီအသံတစ်စက်ပင်မထွက်နိုင်တော့ပေ။ ငိုနေရင်း သူ၏ပြင်းပြသည့်ဆန္ဒများကိုလက်ချောင်းများဖြင့်ဖြေရှင်းနေခြင်းမှာလည်းမရပ်တန့်နိုင်ခဲ့ပေ။