Chapter 60
ရုန်ယီ၊ မင်းကကိုယ့်ဘဝထဲဝင်လာတဲ့မတော်တဆမှုလေးပဲ
ပုံပြင်လေး၏နောက်ပိုင်းဇာတ်ကြောင်းတိုးတက်မှုက ရုန်ယီခန့်မှန့်ထားသည်နှင့် များစွာကွာခြားသွားခြင်းမရှိ။
ရုန်ယီတွင်လည်း တူညီသည့် အတွေ့အကြုံအများအပြားရှိသည်။ သူသည်လည်း ဖြူစင်သည့်စိတ်ထားရှိအိုမီဂါသူငယ်ချင်းများနှင့်ရင်းနှီးခဲ့ဖူးသည်၊ သို့သော် အချို့သူများကသူ၏ပုံစံကြောင့်အယ်လ်ဖာဟုအလိုလိုသတ်မှတ်လိုက်ကြသည်ကိုမရှောင်လွှဲနိုင်ခဲ့ပေ၊ နေ့နှင့်ညအချိန်များအပြန်အလှန်ကုန်ဆုံးခဲ့ကြသည့်အခါ သူငယ်ချင်းထက်ပိုသောကွဲပြားသည့်ခံစားချက်များရှိခဲ့ကြသည်။
နှိုင်းယှဉ်ကြည့်လျှင် ချန်းခယ့်ယောင်ကရုန်ယီထက်အပြစ်ရှိစိတ်ကိုပိုခံစားခဲ့ရသည်။ ထို့အပြင် သူကမှအရပ်ရှည်ပြီးချောမောသည့်အယ်လ်ဖာအစစ်အမှန်။ ရုန်ယီသည် သူ့ကိုယ်သူဘူပိတ်နေသည့်ကျောင်းသားအဖြစ်အစားထိုးလိုက်ပြီး အနှီသူအရှေ့တွင် သနားစရာကောင်းသည့်လူတစ်ယောက်က မကောင်းဆိုးဝါးအလုပ် လုပ်နေသည့်အလားခံစားလိုက်ရသည်။
ချန်းခယ့်ယောင်အားသဘာဝကျစွာဖြင့် ဝန်ခံနေသည့်ကျောင်းသားငယ်လေးပမာ ကြုံတွေ့နေရသည့်ရုန်ယီမှာ ပယ်ချခံလိုက်ရ၏။
ချန်းခယ့်ယောင်၏အကြောင်းအရင်းကိုကြားရပြီးနောက် စိတ်လေးနေသည့်ကျောင်းသားလေးကမေးလာပါသည်။
"မင်းမကြိုးစားကြည့်ရသေးဘူးလေ၊ အိုမီဂါတစ်ယောက်နဲ့တကယ်ကြီးမဖြစ်နိုင်ဘူးလို့မင်းဘယ်လိုသိလဲ"
"ဒါကြောင့်သူကကိုယ်ပြောခဲ့တာတွေနဲ့မတူတဲ့အကြောင်းပြောချင်ခဲ့တယ်၊ ကိုယ်ကအိုမီဂါပရိုမုန်းတွေအပေါ် စိတ်မလှုပ်ရှားဘူးဆိုတာကိုပေါ့"
"ပြီးတော့ သူမအောင်မြင်ခဲ့ဘူးလား"
"မဟုတ်ဘူး၊ သူအောင်မြင်သွားပါတယ်"
"....."
"ကိုယ်လည်းမသိတော့ဘူး၊ တစ်ခါလောက်တော့ ကိုယ်အယ်လ်ဖာဖြစ်နေရင်တောင်ဒီဗီဇကိုဖယ်ထုတ်နိုင်မယ်လို့ထင်ခဲ့တယ်၊ ဒါပေမဲ့ ကိုယ်မှားခဲ့တယ်၊ ကိုယ်အဲဒီအနံ့ပိုင်ရှင်ကိုသဘောမကျရင်တောင် ကိုယ်အိုမီဂါပရိုမုန်းတွေကိုတုံ့ပြန်နိုင်ခဲ့တယ်၊ ကိုယ်မချစ်တဲ့သူနဲ့လိင်ဆက်ဆံဖို့်လည်းတွန်းအားဖြစ်လာတယ်၊ ကိုယ့်ဝိညာဉ်နဲ့ခန္ဓာကလုံးဝဆုတ်ဖြဲခံလိုက်ရသလိုပဲ"
"ပြီးတော့ မင်းတို့နှစ်ယောက်...."
"ဟင့်အင်း"
ချန်းခယ့်ယောင်ကခေါင်းယမ်းပြောသည်။
"ဖြစ်ခါနီးလေးပါပဲ၊ အဲဒီအချိန်တုန်းက စိတ်ထဲမှာကိုယ်ကလေးအရွယ်တုန်းကအစ်မလန်ပြောခဲ့တဲ့စကားတွေနဲ့ပြည့်နေပြီး ကိုယ်အရမ်းထင်ရာစိုင်းနေခဲ့တာ၊ သူ့ဘဝရဲ့ခါးသီးတဲ့ခံစားချက်တွေ၊ နာကျင်မှုတွေနဲ့ ဖျက်ဆီးခံလိုက်ရတဲ့ဘဝ အကုန်လုံးကကိုယ့်ဆီမှာလာဖြစ်နေတယ်၊အဲဒါကကိုယ်ခြေမချဘူးလို့ငယ်ငယ်တည်းကအခိုင်အမာစိတ်ပိုင်းဖြတ်ထားခဲ့တဲ့လမ်းပဲ၊ ဒါပေမဲ့ အသုံးမဝင်ဘူး၊ ကိုယ်အဲဒီတွန်းအားကိုခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရတယ်၊ ကိုယ်ဒီလိုဖြစ်နေတာကိုသည်းမခံနိုင်ဘူး၊ ကိုယ်မနေကောင်းဖြစ်နေတယ်"
"မဟုတ်ပါဘူး"
သူအမြန်ရှေ့တိုးကာမှီလိုက်ပြီး သူ့လက်မောင်းများနှင့်ပွေ့ဖက်ထားကာအနှီသူ၏နဖူးကိုသူ့ပုခုံးတွင်တင်စေသည်။
"မင်းမှားနေပြီ၊ မင်းကအဖိုးတန်လေးပါ၊ မင်းနှလုံးသားကဖြူစင်လွန်းလို့အပြစ်ရှိစိတ်ကိုခံစားနေရတာ၊ နောက်ဆုံး မင်းတွန်းလှန်နိုင်ခဲ့တယ်မဟုတ်လား"
သူ့စကားဆုံးသွားသည့်အခါ သူ့ပုခုံးပေါ်မှခေါင်းကနှစ်ကြိမ်ခန့်တုန်သွားပြီး ဂွတီးဂွကျရယ်သံထွက်ပေါ်လာသည်။
"ကိုယ်သူ့ကိုမစွန့်ပစ်နိုင်ဘူး"
ချန်းခယ့်ယောင်ကအသံတိမ်တိမ်နှင့်ဆိုပါသည်။
"သူအရှက်ကွဲခဲ့ရတယ်လေ"
"အာ..."
"အဲဒါမတိုင်ခင်တည်းက ကိုယ်လွန်လွန်ကဲကဲတုံ့ပြန်မယ်လို့မထင်ခဲ့တော့ သူလန့်သွားတယ်"
ချန်းခယ့်ယောင် သက်ပြင်းယဲ့ယဲ့ချလိုက်သည်။
"ပြီးတော့ ကိုယ်တို့နှစ်ယောက်လုံးကငယ်ကြသေးတယ်၊ ပြီးသွားတော့သူလည်းခဏတဖြုတ်တော့နောင်တရသွားမှာပဲ"
"အဲဒါကြောင့် မင်းအိုမီဂါအနံ့ရတိုင်းအန်တာပေါ့?"
ချန်းခယ့်ယောင်ကခေါင်းမော့ပြီး သူ့ကိုသတိထားကြည့်လာသည်။
"ဟို...ကျေးဇူးပြုပြီး ကိုယ်ပြောမှာကိုစိတ်မရှိပါနဲ့"
"ဘာလဲ?"
"အဲဒီတုန်းက ဆရာဝန်ကပြောလိုက်တာရှိတယ်၊ ဒီလိုမျိုးစိတ်ဖိစီးမှုကြောင့်တုံ့ပြန်တာက ဆက်စပ်အခြေအနေပြီးတဲ့နောက်ပိုင်းပြန်ဖြစ်လာတာနဲ့မတူဘူးတဲ့၊ ကိုယ်ဒီလိုဖြစ်နေရသေးတာက ကိုယ်ကိုယ်တိုင်စိတ်ပိုင်းဆိုင်ရာသတိပေးနေမိလို့တဲ့"
"ဘာကိုဆိုလိုတာလဲ"
"ဆိုလိုတာက....စိတ်ဖိစီးမှုအရတုံ့ပြန်မှုက ကိုယ့်ကိုလုံခြုံစိတ်ချမှုပေးတယ်"
ချန်းခယ့်ယောင်ကဆိုသည်။
"ကိုယ်ဘယ်တော့မှအိုမီဂါတွေကိုသဘောမကျဘူးလို့တွေးခဲ့တယ်လေ၊အဲဒါကြောင့်ကိုယ်လုပ်မှရတော့မယ်ဆိုရင် ကိုယ့်ရဲ့လုံခြုံရေးခလုတ်ကအလိုအလျောက် ကိုယ့်ကိုအထပ်ထပ်သတိပေးတယ်"
"......"
"ဒါက ကိုယ့်ကိုတစ်နေ့ကျရင်ဒီလိုမျိုးဒုက္ခတွေသယ်လာလိမ့်မယ်လို့ကိုယ်တစ်ခါမှမတွေးခဲ့မိဘူး"
ချန်းခယ့်ယောင် ရုန်ယီကိုကြည့်လိုက်သည်။
"ရုန်ယီ၊ မင်းကကိုယ့်ဘဝထဲဝင်လာတဲ့မတော်တဆမှုလေးပဲ"
ရုန်ယီခမျာ စကားပင်မပြောနိုင်တော့ပေ။
သူ အနှီသူကိုထပ်နမ်းချင်သည်၊ သို့သော် အနှီသူနေမကောင်းဖြစ်သွားမည်ကိုလည်းစိုးရိမ်သည်။
"ဒါပေမဲ့ အခုပိုကောင်းလာပါပြီ"
ချန်းခယ့်ယောင် သူ့လက်ကိုဆွဲလျက်ဆိုသည်။
"ကိုယ်အဲဒီအကြောင်းတွေးလိုက်တိုင်း အစာအိမ်ကိုပြောင်းပြန်လှန်နေသလိုပဲ၊ ဒါပေမဲ့ မင်းသိပါတယ်၊ မနေ့ညကမင်းရဲ့ချိုလွန်းတဲ့အနံလေးထဲကိုယ်နစ်မြုပ်ခဲ့ပေမဲ့ အသက်ရှင်ခဲ့တယ်လေ"
သူပြောပြလိုက်သည်တွင် မနေ့ညမှရှက်စရာကောင်းသည့်မှတ်ဉာဏ်များက အနှေးနှင့်အမြန်ရုန်ယီ၏ဦးနှောက်ထဲပြန်လည်ဝင်ရောက်လာသည်။
"မနေ့ညက....ငါအိပ်ပျော်သွားပြီး...."
ထုတ်ပြောရန်ခက်ခဲလွန်းသည်။ သူ့အသံကလမ်းတဝက်တွင်ပင် ပျောက်ဆုံးသွားသည်။
"ကိုယ်ဝင်လာဖို့လည်းမရည်ရွယ်ပါဘူး"
ချန်းခယ့်ယောင် ရှက်နေလျက်နှင့်ပင်ပြောနေသည်။
"ဒါပေမဲ့ ဒီအတိုင်းထားလိုက်ပြန်ရင်လည်း၊ ကိုယ်သေသွားလိမ့်မယ်"
"......"
"ကိုယ်ဘယ်ကိုမှမကြည့်ခဲ့ပါဘူး"
ရုန်ယီ သက်ပြင်းရှိုက်လိုက်သည်။
"ဒါဆို မင်းရဲ့စိတ်ပိုင်းအကြံပေးချက်ကိုဖယ်ထုတ်နိုင်အောင်ငါဘာလုပ်ပေးရမလဲ"
သူစိတ်ထဲမှစကားကိုထုတ်မပြောခဲ့ပေ။
မင်းချောင်းမကြည့်ခဲ့ရင်တောင်မှ စိတ်ဒုက္ခရောက်တယ်၊ ဘယ်တော့မှမင်းရဲ့ရင်အုပ်ကြွက်သားကိုငါကိုင်ဖို့အခွင့်အရေးရမှာလဲ။
ချန်းခယ့်ယောင်က ဗြုန်းစားကြီးရယ်သည်။
"အရင်က ဆရာဝန်ပြောတာတော့ ဆွေးနွေးတဲ့အခါမှာပါတနာနဲ့အတူလာရင်ကောင်းတယ်တဲ့"
ရုန်ယီ ချက်ချင်းခေါင်းညိတ်သည်။
"အိုကေ...နောက်တစ်ခေါက်ဆိုရင်ရော?"
ချန်းခယ့်ယောင်ကား ပြုံးနေသေးသည့်တိုင်ရုန်ယီ၏မေးခွန်းကိုဖြေရန်စိတ်ကူးမရှိ။ တစ်ချိန်လုံး သူ့ကိုကြည့်နေခဲ့သည်။
ရုန်ယီ ဘာပြောရမှန်းမသိဖြစ်နေသည်။
"ဘာလဲ?"
"ကိုယ့်ရဲ့ပါတနာ"
ချန်းခယ့်ယောင်ကအပြုံးတစ်ပွင့်နှင့်ပြောကာ သူ့ကိုလက်ညိုးထိုးပြ၏။
"မင်းက"
ရုန်ယီခမျာ ရှက်လွန်း၍မျက်နှာနီမြန်းလာသည်။
"ဘာလို့လဲ..မဟုတ်ဘူးလား..ငါတို့က..အဲဒီလို...ငါပြောတာမှားလို့လား"
"မမှားပါဘူး"
ချန်းခယ့်ယောင် သူ၏လက်မောင်းကိုကိုင်ထားသည်။
"ကိုယ်ပျော်သွားလို့ပါ"
"....."
"ဘဝရဲ့အတက်အကျတွေပဲ"
"တစ်နေ့ညကကိုယ်လေယာဉ်လက်မှတ်ဝယ်မရတော့ ကိုယ့်ဆံပင်တွေကိုနှုတ်ပစ်မိခါနီးလေးပဲ၊ လိုင်းပေါ်မှာအကြာကြီးရှာနေပြီးမှ တစ်ယောက်ယောက်ကလေယာဉ်လက်မှတ်ကိုဖျက်လိုက်တယ်၊ ပရိသတ်တွေ့ဆုံပွဲကိုလည်းမီသေးတယ်၊ ကိုယ်လေယာဉ်ပေါ်ကဆင်းပြီးအမြန်လာတော့ မင်းကဟိုတယ်လည်းပြန်မလာတဲ့အပြင်ဖုန်းလည်းပိတ်ထားသေးတယ်၊ ကိုယ့်ဘဝတော့ဆုံးပြီပဲလို့တွေးလိုက်တာ"
"....."
ရုန်ယီကစကားမပြောဘဲသူ့ခေါင်းနောက်ဆံပင်များကိုပွတ်သပ်နေသည်။
"ဘာလို့မင်းအခန်းကတ်ကကိုယ့်ဆီမှာရှိနေတာလဲလို့မမေးတာလဲ"
ချန်းခယ့်ယောင်ကရုတ်တရက်မေးလာသည်။
"အခန်းကမင်းယူထားတာလေ၊ မင်းအတွက်ခက်ခဲနေတာမဟုတ်ဘူး"
"မင်းစိတ်မဆိုးဘူးလား"
ယေဘူယျအားဖြင့် အဆိုပါစကားမျိုးကအန္တရာယ်များသည့်တိုင် ရုန်ယီအမုန်းဆုံးမှာ အနှီသူသည်အလွန်အကျွံစည်းစောင့်ထိန်းတတ်ခြင်းပင်၊၎င်းက သူ့အဝတ်များကိုချွတ်ပြီးအိပ်ရာထဲသို့ခုန်ပစ်ဝင်လျှင်ပင် ဆယ့်ရှစ်နှစ်မပြည့်သေးခင် မသင့်တော်သည့်မည်သည့်အရာများမလုပ်နိုင်ဟုငြင်းဆန်သလိုဖြစ်နေသည်။
ထိုအစား ချန်းခယ့်ယောင်ကဆေးရုံသွားသည့်တစ်လျှောက်လုံးအန်နေရလိမ့်မည်။
တွေးကြည့်ပြီး ရုန်ယီကောက်ကာငင်ကာမေးလိုက်သည်။
"စကားမစပ်၊ မင်းနဲ့အဖွဲ့ဝင်ကျောင်းသားလေး...."
"အဲဒါဖြစ်ပြီးနောက်ပိုင်းကိုယ်တို့မထိတွေ့ဖြစ်ကြတော့ဘူး"
ချန်းခယ့်ယောင်ကပြန်ဖြေသည်။
"မင်းတို့မိဘတွေကရှော့ခ်ရသွားတယ်၊ ပြီးတော့ မင်းတို့မိဘတွေအတူနေဖြစ်ကြတော့ လမ်းခွဲလိုက်ကြတယ် အဲဒီလိုလား?"
"....."
"အဲဒီလိုလား"
"သေစမ်း!"
"ငါဘယ်လိုလုပ်ဒီလောက်ဉာဏ်ကောင်းတဲ့ပါတနာမျိုးရလာတာလဲ...အဆင်မပြေတော့မှာတောင်ကြောက်တယ်"
အနှီသူကဗြုန်းစားကြီးအပြောကောင်းနေသော်ငြား ရုန်ယီမှာ သူစကားခေါင်းစဉ်ပြောင်းချင်နေမှန်းရိပ်မိသည်။
"ငါကအဲဒီလောက်မတွန့်တိုပါဘူး"
ရုန်ယီကပြောလာသည်။
"မင်းရဲ့သွေးတဝက်နှောတဲ့အစ်ကိုက အချစ်စစ်ကိုရှာတွေ့ပြီးလက်ထပ်သွားပြီလေ၊ ကောင်းတာပေါ့"
"အင်း...ကိုယ်လည်းအဲဒီလိုပဲထင်ပါတယ်"
"....."
ရုန်ယီကား မဖြစ်နိုင်ဘူးဟုထင်လိုက်သည်။
"မင်းဘယ်လိုလုပ်နှုတ်ချိုလာတာလဲ"
"ကိုယ်လား...ကိုယ်လည်းမင်းဒေါသမထွက်တော့လို့ထူးဆန်းတယ်ထင်နေတာ"
သူ့ပါးစပ်မှထိုစကားထွက်လာသည်နှင့် မသာမယာလေသံကိုပါသယ်ဆောင်ထားသည်။ ရုန်ယီစိတ်ဆိုးသွားသည့်တိုင် သူ့စိတ်ထဲတွင်အသက်ပြင်းပြင်းရှူပြီး စိတ်လျှော့လိုက်သည်။
ပြီးနောက် ယခုမှပင်မဖြစ်နိုင်ဟုထင်ရသည့်မေးခွန်းကရုတ်တရက်ပေါ်လာသည်။
"မော့ယွီဖေးကအဲဒီလိုလူစားမှန်းသိလျက်သားနဲ့ ဘာလို့မင်းကိုပေးထားတဲ့လက်မှတ်ကိုငါ့ကိုပေးရတာလဲ"
"မင်းမကြားလိုက်ဘူးလား"
ချန်းခယ့်ယောင်အသံက စာနာစိတ်မရှိ။
"မင်းဟာမင်းအမှိုက်ထဲကကောက်သွားတာလေ"
ရုန်ယီက ကိုယ်နောက်ရို့ကာ ချန်းခယ့်ယောင်ကိုမျက်မှောင်ကြုတ်ကြည့်သည်။
ချန်းခယ့်ယောင်ကဆိတ်ဆိတ်ပင်အကြည့်လွှဲလိုက်သည်။
"အခြားအကြောင်းအရင်းမရှိဘူး၊ ရူးနေလို့ပဲ"
"ငါ့ကိုပြောနေတာလား၊ မင်းကိုယ်မင်းပြောနေတာလား"
အချိန်ခဏယူကာ အေးအေးလူလူချင့်ချိန်နေပြီး ချန်းခယ့်ယောင်ကခပ်တိုးတိုးဖြင့်ဗလုံးဗထွေးရေရွတ်လာသည်။
"မင်းကသူ့ကိုသဘောကျတယ်ဆိုတည်းက ဉာဏ်သိပ်မကောင်းလို့ပဲ"
ထိုအစုတ်အပြတ်ကောင်က လွန်ခဲ့သည့်နှစ်မိနစ်ကတင် သူ့အား 'ဉာဏ်ကောင်းလွန်းသည့်ပါတနာ' ဟုပြောခဲ့သည်။
ရုန်ယီ၏ထက်ရှသည့်အကြည့်အောက်တွင် ချန်းခယ့်ယောင်၏သဘောထားကနူးညံ့နေသည်၊ ပြီးနောက် သူပုခုံးတွန့်ကာပြောလိုက်၏။
"ကိုယ်ဟာကိုယ်ပြောတာပါ၊ အဲဒီလိုအသုံးမကျတဲ့အလုပ်မျိုးလုပ်ရတဲ့အထိကိုယ်ကမတုံးလွန်းဘူးလား"
"ငါ့ကိုလျော်ပေးဖို့လား"
ရုန်ယီ အဖျားကြီးနေသည့်ဒုတိယနေ့၌ချန်းခယ့်ယောင်သည်လက်မှတ်ကိုချန်ထားခဲ့သည်။ ထိုနေ့က သူချန်းခယ့်ယောင်အခန်းထဲတွင်နေရန်ဖိအားပေးခံရ၍ နေမကောင်းဖြစ်နေခဲ့ပြီး သူ၏ပရိုမုန်းများသက်ရောက်ခြင်းကိုခံရသည်။
သို့ဖြစ်၍ တောင်းပန်ရန်မှာအလွန်ကို့ရိုးကားယားဖြစ်နေသည်။
"အနည်းနဲ့အများပေါ့...."
ချန်းခယ့်ယောင်အမူအရာက အနည်းငယ်ဆောက်တည်ရာမရဖြစ်နေလေသည်။
"အဲဒီတုန်းကကိုယ်အဲဒီအကြောင်းမတွေးခဲ့မိဘူး၊ ကိုယ်ထင်တာက...မင်းပျော်မယ်လို့"
"....."
"ရလဒ်က....မင်းပျော်တယ်လေ"
ချန်းခယ့်ယောင်ကဆိုသည်။
"ကိုယ်ဒေါသထွက်ခါနီးလေးပဲ"
"ငါလည်းပျော်မနေဘူး"
သူသည် အချိန်အကြာကြီးထိုအိုင်ဒေါကိုရူးခါနေသည်အထိနှစ်သက်ခဲ့သည်။ သူ၏ပုံရိပ်ကရုတ်တရက်ပြိုကွဲသွားသည့်အခါ ရုန်ယီ၏နှလုံးသားထဲတွင်ရှောင်လွှဲမရသည့် မရေမရာခံစားချက်များကျန်ရစ်ခဲ့၏။
အိုင်ဒေါဆိုသည်မှာ မှော်ဆန်သည့်ဖြစ်တည်မှုပင်။ သင်သူ့ကိုသဘောကျလျှင် သင်နှင့်သူ့အကြားမှရိုမန့်တစ်ဇာတ်လမ်းများကိုကြိုက်သလောက် စိတ်ကူးယဉ်နိုင်သည်၊ သို့ထိတိုင် ၎င်းကအစစ်အမှန်ဖြစ်မလာနိုင်ပေ။ တစ်ဖက်ကစည်းကျော်လာသည်နှင့် သင့်နှလုံးသားထဲတွင်ထပ်ပြီး ပြီးပြည့်စုံသည့်လူတစ်ယောက်ဖြစ်မလာနိုင်တော့။
သို့သော် ရုန်ယီသည် သူ့ကိုစိတ်ကူးယဉ်ကမ္ဘာထဲခေါ်သွားသည့်လူကိုထပ်မလိုအပ်တော့။
ယခု သူ့ကိုအစစ်အမှန်နှင့်အနာဂတ်အားခေါ်ဆောင်သွားနိုင်မည့်သူရှိနေပြီ။
"သေစမ်း...အဲဒီအရူးကလွဲလို့ဘယ်သူမှစိတ်မချမ်းသာတော့ဘူး"
ချန်းခယ့်ယောင်က မည်းမှောင်နေသည့်မျက်နှာနှင့်ဆိုသည်။
"ငါ့ရဲ့တုံးအမှုကိုဘာနဲ့မှဖော်ပြနိုင်မှာမဟုတ်ဘူး"
ရုန်ယီမှာ မရယ်ဘဲမနေနိုင်တော့ချေ။
လက်မှတ်ရစဉ်ကသူအလွန်ပျော်ရွှင်ခဲ့ရသည်။
သူယခုထင်သလောက်မပျော်တော့ပေ။ ချန်းခယ့်ယောင်ကသူ့ကိုပျော်စေချင်သည်ဟုပြောခဲ့သည်၊ သူအလွန့်အလွန်ပျော်ရွှင်ခဲ့ရသည်။ ပျော်ရွှင်မှုက ဓာတ်ကူပစ္စည်းတစ်ခု၊ ၎င်းကအသေးငယ်ဆုံးပျော်ရွှင်မှုလေးကိုပင် လူသားများကိုအထက်ကိုးဘုံအထိရောက်ရှိစေပြီးအဆုံးအစမဲ့ပြန့်ကားစေသည်။
ဤအချိန်မျိုးတွင် နှမြောဖွယ်ကောင်းသည်က အနှီသူကိုနမ်းရန်ဆန္ဒကိုတွန်းလှန်နေရခြင်းပင်။ မနေ့ညမှယခုထိ ချန်းခယ့်ယောင်ဘယ်နှကြိမ်အန်ခဲ့မှန်းဘုရားသာသိလိမ့်မည်။
ရုန်ယီသည် သူ့ခန္ဓာကိုယ်က၎င်းကိုမကိုင်တွယ်နိုင်မည်အားစိုးရိမ်၏။
သူချန်းခယ့်ယောင်ကိုစိုးရိမ်နေခိုက် ချန်းခယ့်ယောင်ကသူ့ကိုပြန်စိုးရိမ်နေသည်။
"မင်းတကယ်ဗိုက်မဆာဘူးလား"
သူသည်လက်ဖက်ရည်စားပွဲပေါ်မှ အဆာပြေဘူးကိုလက်ညိုးထိုးပြသည်။
"အေးကုန်တော့မှာပဲ"
ရုန်ယီကလှည့်ကြည့်ပြီး စိတ်ထဲတွင်အကြံတစ်ခုကရုတ်တရက်ပေါ်လာသည်။
"မင်းပုစွန်ဖက်ထုပ်မစားချင်ဘူးလား"
သူချန်းခယ့်ယောင်လက်ကိုလှုပ်ယမ်းနေသည်။
"ငါမင်းကိုအခုချက်ချင်းစားသောက်ဆိုင်ခေါ်သွားမယ်"
Xxxxxxx