Chapter 67:
နေပါဦး....မင်းကကိုယ်နဲ့ လက်မထပ်ချင်ဘူးလား....
နှစ်လကြာပြီးနောက်၊ရုန်ယီပြောင်းရွှေ့လာကတည်းက ချန်းခယ့်ယောင် စိတ်ပူခဲ့သည့်အရာသည် နောက်ဆုံးတွင် ဖြစ်ပျက်ခဲ့သည်။
ရုန်ယီ ဟင်းချက်တတ်ပါသော်လည်း နောက်ဆုံးတွင်အိမ်ရှင်၏ ပူးပေါင်းဆောင်ရွက်မှုတွေနှင့်အတူတူ မီးဖိုချောင်ကို ဖျက်ဆီးပစ်လိုက်သည်။
ထိုအသံကို ကြား သောအခါ အခန်းထဲက လူသုံးယောက်လုံး အံ့သြသွားကြသည်။ ထို့နောက် ချန်းခယ့်ယောင် သည် ရုတ်တရက် သူ၏မသေမသပ် ဖြစ်နေသော အင်္ကျီကို ချွတ်လိုက်ကာ ၎င်းနှင့် ရုန်ယီအားအုပ်လိုက်သည်။
"ဖေဖေ.....တချက်ကူညီပြီး မီးဖိုခန်းကိုကြည့်ပေးနိုင်မလား..."
ဒီလိုပြောနေရင်းနှင့်ပင် ချန်းခယ့်ယောင် က ရုန်ယီ ကိုချီပြီး သူ့အခန်းထဲသို့ လျှောက်သွားခဲ့သည်။
ရုန်ယီ၏ခေါင်းကို ချန်းခယ့်ယောင်၏ ကုတ်အင်္ကျီနှင့်ဖုံးထားတာကြောင့် ဘာမှ ရှင်းရှင်းလင်းလင်း မမြင်ရ ချေ။ ထိုခြေလှမ်းများစွာ၌ သူ့ဦးနှောက်သည် လုံးလုံးလျားလျား ရှုပ်ထွေးနေခဲ့သည် ။ ထိုအရာသည် ကုတင်ပေါ် လှဲမချခင်ထိသာဖြစ်ကာ သူ့အသိစိတ်ဝင်လာပြီး ချန်းခယ့်ယောင် ၏အင်္ကျီကို ဆွဲချလိုက်သည်။
“ဒီမှာ အနားယူ နေလိုက်ပါ”
ချန်းခယ့်ယောင် က သူ့ကို မကြည့်ဘဲ ဘေးကို လှည့်လိုက်သည်။
"ကိုယ် အပြင်ကိုသွားပြီးတချက်ကြည့်လိုက်ဦးမယ်...."
သူပြောပြီးသည်နောက် သူ အမြန်ထွက်သွားကာ တံခါးကို ပိတ်လိုက်သည်။
ရုန်ယီ သည် ချန်းခယ့်ယောင်၏ ကုတ်အင်္ကျီကို ပွေ့ဖက်လိုက်ပြီး မူးဝေမှုများနှင့်အတူ ကုတင်ပေါ်တွင် ခဏလှဲပြီးနောက် သူခေါင်းကို ထိုကုတ်အင်္ကျီနှင့် အုပ်ထားလိုက်သည်။
ချန်းခယ်ယောင် ဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲဆိုတာ သူ ခန့်မှန်းနိုင်သည်။ ယေဘူယျအားဖြင့် အယ်လ်ဖာများသည် ပြင်းထန်သော ပိုင်ဆိုင်လိုစိတ်များ ရှိကြသည်။ ချန်းခယ့်ယောင်သည် ရုန်ယီ ကို အောင်မြင်စွာ အမှတ်အသားမပြုခဲ့သော်လည်း ရုန်ယီသည် သူ့အပိုင်ဖြစ်နေပြီဖြစ်သည်။ သူသည် သူ့အိုမီဂါ ၏ တပ်မက်ဖွယ်အသွင်အပြင်ကို အခြားသူများအား မြင်ခွင့်ပေးမည် မဟုတ်ချေ။
သို့သော်လည်း ရုန်ယီသည် ယခုအခိုက်အတန့်တွင် ပို၍စိုးရိမ်ပူပန်နေသောအရာမှာ ယခုပင်ဖြစ်သွားသော အရှက်ရစရာကိစ္စမဟုတ်သလို ပျက်စီးနေသော မီးဖိုချောင်လည်းမဟုတ်ပေ။
ချန်းခယ့်ယောင်က သူကို သူ့လက် တွေနဲ့ အမှန်တကယ် သယ်ဆောင်သွားနိုင်တာပဲ......
ထို့အပြင် ချန်းခယ့်ယောင်သည် အထူးသဖြင့် တည်ငြိမ်သောလက်များဖြင့် ပြုလုပ်ခဲ့တာဖြစ်ပြီး ရုန်ယီကို မတုန်မလှုပ်ဘဲ မြှောက်တင် နိုင်လိုက်သည်။
သူ့လက်နဲ့ ခါးမှာ ဘယ်လောက်ခွန်အားရှိနေလိုက်သလဲ.....
ရုန်ယီ ထိုကွဲပြားမှုကြီးပြီးကတည်းက သူ့၏ ရမှတ်သည်မြင့်လာသောကြောင့် သူ့ကို ထိုသို့ ဆက်ဆံခံရဖို့ ဘယ်တုန်းကမှ အိပ်မက်ပင် မမက်ခဲ့ချေ။ အခုလေးတင် ဆိုဖာပေါ်မှာ စိတ်ရောကိုယ်ပါ ပြင်နေကြချိန်မှာ၊ ရုန်ယီ က ချန်းခယ့်ယောင်၏ ရင်ဘတ်ကနေ ခါးအထိကို နောက်ဆုံး၌ ထိခွင့်ရလိုက်သည်။ ကြွက်သားလိုင်းက တင်းကျပ်ပြီး မာကျော နေသည် ဖြစ်ကာ ထိုအရာကပုံကြီးချဲ့ခြင်းမဟုတ်ပေ။ သူ ၎င်းကို နှစ်သက်သည်ဟု ခံစားခဲ့ရသော်လည်း ချန်းခယ့်ယောင်သည် ဤမျှသန်မာနိုင်မည်ဟု မထင်ခဲ့ပေ။
သေချာသည်က ချန်းခယ့်ယောင်ဆီက သူတွေ့ရှိသမျှများအား သဘောကျနေတာဖြစ်၏။ ချန်းခယ့်ယောင်ကတော့ အမြဲတမ်း သူ့အကြိုက်နှစ်သက်ဆုံးပင်ဖြစ်သည်။
ချန်းခယ့်ယောင်က ရုန်ယီကို ကုတင်ပေါ်အိပ်ခိုင်းရတဲ့ ရည်ရွယ်ချက်က သူ့ကို စိတ်သက်သာ စေရန်အချိန်တစ်ခုပေးဖို့ သေချာသည်။ သို့သော်လည်း ရုန်ယီ စိတ်ကူးကြည့်သောအခါတွင် သူ့ကိုယ်ကပို၍ပင်ပူလောင်လာသည်။
ယခု သူသည် ချန်းခယ့်ယောင် ၏ အိပ်ရာပေါ်တွင်ပင် လဲလျောင်းနေကာ ချန်းခယ့်ယောင် ထွက်သွားသောအခါတွင် သူ၏အနံ့နှင့် ပြည့်နေသော အင်္ကျီကကျန်ရစ်ခဲ့သည်။
သို့သော် နံရံတစ်ဖက်၌ ချန်းခယ့်ယောင် ၏ဖခင်သည် ထိုနေရာတွင် ရှိနေသေးသည်။ သို့သော်၊ အိမ်၏ အသံလုံစနစ်က အလွန်ကောင်းမွန်သောကြောင့် ရုန်ယီသည် မည်သည့်အရာကိုမျှ မကြားနိုင်တော့ဘဲ အမှန်တရားကို ရင်ဆိုင်နိုင်စွမ်းမရှိပေ။
ရုန်ယီ သည် သူ့မျက်လုံးများ စိုစွတ်လာသည်ကို ခံစားလိုက်ရသည်။
သူ့ခန္ဓာကိုယ်ရှိ အချို့သောနေရာသည် ယခုမှစ၍ သူချစ်သောအယ်လ်ဖာကို လက်ခံရန် စိတ်အားထက်သန်စွာပြင်ဆင်နေခဲ့သည်။ ချန်းခယ့်ယောင် က သူ့အခန်းထဲကို ခေါ်သွားတော့ လမ်းမှာ အရည်တွေ အများကြီး ထွက်ကျသွားသည်။
တကယ် ရှက်စရာပင်......
ရုန်ယီ သည် ဤနေရာတွင် ဖျောက်ဖျက်မရနိုင်သော ဆန္ဒကို မဖြေရှင်းဝံ့ပေ။ ချန်းခယ့်ယောင် ရုတ်တရက်ဝင်လာပြီး သူ့ကိုတွေ့မှာကို သူကြောက်သည်။ သူသည် သူ၏ ပရိုမုန်း များကို မထိန်းချုပ်နိုင်ဘဲ ချန်းခယ့်ယောင် ၏ အိပ်ယာခင်းများ၌ ပေကျံသွားမည်ကိုလည်း ကြောက်ခဲ့သည်။
နောက်ဆုံးတွင် သူ နှုတ်ခမ်းကိုကိုက်ကာ ကုတင်ပေါ်မှဆင်းကာ ချန်းခယ့်ယောင်၏အခန်းရှိ ရေချိုးခန်းထဲသို့ ခုန်ဝင်သွားသည်။
.
ချန်းခယ့်ယောင်က တံခါးလာခေါက်တဲ့အခါ ရုန်ယီ ဟာ ရေနွေးထဲမှာ စိမ်ထားရင်း သူ့စိတ်သည် အလုံးစုံ ပျောက်ကွယ်နေပြီဖြစ်၏။
ဤနာရီဝက်အတွင်းတွင် သူသည် သတိလက်လွှတ်ဖြစ်ခြင်းမှာ ထို နိယာမကို တွေးတောခြင်းသို့ ပြောင်းလဲသွားသည်။
သူ့ကိုယ်သူ နည်းနည်း စိတ်ဆင်းရဲသလို ခံစားရသည်။ သူတို့၏ ခံစားချက်အစစ်အမှန်တွေကို မဖလှယ်ကြတဲ့အခါ ချန်းခယ့်ယောင် အကြောင်း ညည်းတွားပြီး တွေးတောရင်း သူ့အလိုဆန္ဒကို သူကိုယ်တိုင် ထိန်းနိုင်ပါသေးသည်။
ယခုတော့ သူတို့နှစ်ယောက်အတူရှိကြပြီး၊ သူကိုယ်တိုင်က ချန်းခယ့်ယောင် အကြောင်းကို တွေးတောလေလေ တုန်လှုပ်လာလေလေ ဖြစ်၏။
သို့သော်လည်း ဒီတစ်ကြိမ်တွင်တော့ ချန်းခယ့်ယောင်၏ အပြစ်ဟုလည်း မမြင်မိပေ။
တွေးကြည့်ရမည်ဆိုလျှင် သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်တုန်းပင်ဖြစ်၏။
ချန်းခယ့်ယောင်ကကော ဘယ်လိုနေမလဲ....
ချန်းခယ့်ယောင်၌ ဆန္ဒရှိနေသရွေ့ စိတ်ဖိစီးမှုကြောင့် တုံ့ပြန်မှု ဖြစ်ပေါ်လာနိုင်သည်။ ထို့နောက် သူ့ကိုယ်သူပင် မဖြေရှင်းနိုင်တော့ပေ။
ထိုအရာက သနားစရာ ကောင်းလွန်းသည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူ့စိတ်ထဲတွင် ထိုအရာများ ပြည့်နေသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ ကန့်သတ်ချက်အထိ သူတကယ် ဖိနှိပ်ခံခဲ့ရတာ ဖြစ်နိုင်သည်။
သို့သော် အရွယ်ရောက်ပြီး တကိုယ်တည်း အယ်လ်ဖာတစ်ယောက်အနေဖြင့် ထိုအရာကို အမှန်တကယ် ရှောင်ကြဉ်နိုင်မယ်ထင်လား.....
…ဒါဆို သူက တခြားသူတွေကရော ထိုအရာကိုလုပ်နေရင်း ဘာတွေတွေးနေလဲဆိုတာကို သူတွေးရမယ်......
ရုန်ယီ ရုတ်တရက် လေးနက်လာသည်။
ထို့နောက် ချန်းခယ့်ယောင်၏ တံခါးခေါက်သံရောက်လာသည်။
"ရုန်ယီ.... မင်းအထဲမှာရှိလား"
"မင်းအဆင်ပြေရဲ့လား?"
“အင်း!”
ရုန်ယီ မျိုချလိုက်သည်။
"မင်း ငါ့ကို ကူယူပေးပါလား..ငါဘောင်းဘီလဲချင်လို့"
.
ချန်းခယ့်ယောင် က သူ့ကို ညအိပ်၀တ်စုံ အစုံထဲမှ ဘောင်းဘီကိုသာပေးလိုက်သည်။
"ကံကောင်းတာက မီးဖိုချောင်က ကြီးကြီးမားမား မပျက်စီးဘူး....."
ချန်းခယ့်ယောင်သည် လျှို့ဝှက်ဆန်းကြယ်သော ရှက်ကိုးရှက်ကန်းဟန် ဖြင့် ပြောကာ ရုန်ယီနှင့် အလှမ်းဝေးစွာ ရပ်ကာ သူ့ကို မကြည့်တော့ပေ။
"ကိုယ် ရှင်းပြီးပါပြီ၊ မနက်ဖြန်မှာ စစ်ဆေးပြီး ပြုပြင်ပေးဖို့ တစ်ယောက်ယောက်ကို အကူအညီ တောင်းလိုက်မယ်.....ပြဿနာကြီးကြီးမားမားတော့ မဖြစ်လောက်ပါဘူး.... ”
“…အွန်း”
ရုန်ယီခေါင်းညိတ်လိုက်သည်။
"အဖေ ထွက်သွားပြီ....."
ချန်းခယ့်ယောင် က သူ့လက်ကို ဆန့်ထုတ်လိုက်ကာ သူဆံပင်အားဖွပေးခဲ့သည်။
"သူက မင်းကို တောင်းပန်ပေးဖို့ပြောခဲ့တယ်...…"
“…”
ရုန်ယီ အလွန်ရှက်သွားသည်။
လေထုက ဖြန်းဆေးမှုတ်နံတွေနှင့် ပြည့်နှက်နေကာ ရုန်ယီ လွန်ခဲ့တဲ့ ရက်အတော်ကြာက ဟိုတယ်မှာ အိပ်ရာက နိုးလာချိန်တွေနှင့်ဆင်တူနေ၏။
ချန်းခယ့်ယောင်က ရုတ်တရက် ရယ်မောလိုက်သည် ။
“အစကတော့ အဖေက နည်းနည်းတော့ သံသယရှိနေသေးတယ်.... သူက ကိုယ်နဲ့မင်း အမှန်တကယ် ဆက်ဆံရေးရှိနေတာကို သူ မယုံကြည်ဘဲနဲ့ စာချုပ်လက်ထပ်ခြင်းလိုမျိုး တစ်ခုခုဖြစ်နေမှာကို ကြောက်နေခဲ့တာလေ ....အခုတော့ သူ လုံးဝ သံသယ မရှိသင့်တော့ပါဘူး"
"... ဘာစာချုပ်လဲ"
ချန်းခယ့်ယောင်က တံတွေး မျိုချမိလိုက်သည်။
"... သူတို့တွေနှစ်ရက်ကြာရင် တွေ့ကြပြီး ဆွေးနွေးကြမှာ မဟုတ်လား"
ရုန်ယီ သည် တကယ်နားလည်ပြီးနောက် သူ အံ့သြသွားသည် ။
"ခဏနေပါဦး ၊ အရမ်းမြန် နေတယ်မဟုတ်ဘူးလား"
“နောက်ပြီးတော့ သူတို့က ငါတို့က လက်မှတ်ရပြီးသားလို့ ထင်နေကြတာလေ...."
ချန်းခယ့်ယောင် က သူ့နှုတ်ခမ်းတွေကို နမ်းလိုက်ကာ ရုန်ယီ ကို အမြန်ကြည့်လိုက်သည်။
"မင်းအဖေကို မရှင်းပြလိုက်ဘူးလား"
ချန်းခယ့်ယောင်သည် သူ့ကို တုံ့ဆိုင်းစွာ ပြုံးပြလာသည်။
“…ရှင်းပြရတာ ရှုပ်ထွေးလွန်းတယ်....”
.
စားသောက်ဆိုင်၏ သီးသန့်ခန်းတွင် ထိုင်ကာ သူ့မိဘများနှင့် ချန်းခယ့်ယောင် ၏ဖခင်တို့ ဆွေးနွေးသည့်နေ့၌ မင်္ဂလာပွဲကျင်းပမည့်ရက်အကြောင်းကို နားထောင်ရင်း ရုန်ယီ မှာ လုံးဝကို အံ့သြသွားခဲ့သည်။
နှစ်ဖက်စလုံး၏ မိဘများသည် ပုံမှန်အားဖြင့် သူတို့ကလေးများ၏ လက်ထပ်ပွဲအကြောင်းပြောကြသောအခါ လက်တွေ့ကျသော ပြဿနာအချို့ကို မလွှဲမရှောင်သာ ဆွေးနွေးကြမည်ဖြစ်သောကြောင့် ဆန့်ကျင်ကွဲလွဲမှုများရှိရန် အလွန်လွယ်ကူပါသည်။ သို့သော်၊ လူကြီးသုံးယောက်သည်အလွန်လွယ်ကူစွာ အဆင်ချောနေသောကြောင့် ရုန်ယီ ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။
“ကောင်းပြီ၊” “ကောင်းတာေပါ့” “အဆင်ေပြတာပဲ ”....
ထို့ကြောင့် သူတို့သည် မကြာမီမှာပင် ဆွေးနွေးမှု၏အဓိက အပိုင်းကိုရောက်သွားကာ သူတို့သည် တစ်မိသားစုတည်းဟုပြောကြားခဲ့ကာ နှစ်ဦးနှစ်ဖက် ယောက္ခမများသည် ကောင်းသော အခြေအနေကိုဖန်တီးခဲ့ကြသည်။ အားလုံးပျော်ခဲ့ကြသည် ။
“ဒါက မမှန် သေးပါဘူး”
ရုန်ယီသည် ညီးတွားနေခဲ့သည်။ ချန်းခယ့်ယောင်၏ဝန်ခံမှုမတိုင်ခင် သူစိတ်ကူးယဉ်ခဲ့တဲ့ ဘဝအစီအစဉ်က ထိုသို့မဟုတ် ခဲ့ပေ။ အရမ်းမြန်သွားရုံတင်မကဘဲ ချန်းခယ့်ယောင် ကလည်း သူ့ဆီ လက်ထပ်ခွင့်ပင် မတောင်းရသေးပေ။
ပုံစံတစ်ခုမျှသာဖြစ်သော်လည်း ရုန်ယီ အတွက် အလွန်အရေးကြီးနေသေးသည်။ သူ့မူရင်းစိတ်ကူးထဲ၌ လက်စွပ်ဝယ်ဖို့ လျှို့ဝှက်ငွေစုရတဲ့ လုပ်ငန်းစဉ်ကိုတောင် အသေးစိတ်ဖော်ပြထားသေးသည်။
ဒီလို စိတ်ကူးမျိုးက ရုန်ယီကိုမပျော်ရွှင်အောင် ဖြစ်စေသည်။ သူစိန်ကြီးများမကြိုက်သော်လည်း လက်စွပ်သည် သပ်သပ်ရပ်ရပ် သပ်ရပ်စွာ ဒီဇိုင်းထုတ်ထားရမည်။ သူတို့ နှစ်ယောက် ခရီးအတူတူ ထွက်တဲ့ အထိ သူ စောင့်မည်။ထို့နောက် ချန်းခယ့်ယောင် ကို အံ့အားသင့်စေကာ လက်စွပ်ကို ထုတ်ပစ်လိုက်မည်။ သူသည် ချန်းခယ့်ယောင်၏ တုံ့ပြန်မှု ဗားရှင်း အနည်းဆုံး ငါးခုကိုပင် စိတ်ကူးယဉ်ခဲ့သည်။
ယခုမူ သူ၏ အစီအစဉ်သည် လုံးဝ အနှောင့်အယှက်ခံလိုက်ရပုံပေါ်သည် သူတို့မိဘတွေက ဘယ်ဟိုတယ်ကို ဘွတ်ကင်လုပ်သင့်တယ်ဆိုတာတောင် သူ့ထင်မြင်ချက်ကို လုံးဝမတောင်းဘဲ ဆွေးနွေးနေကြသည်။
အသစ်ဝယ်ထားသောအဝတ်အစားများကို ၀တ်ဆင်ထားကာ သူမျက်နှာ၌Band-Aidပုံစံဖြစ်နေသည်က အဆုံး၌ မိတ်ကပ်လိမ်းရမည်ကိုအလွန်ရှက်နေပါသော ချန်းခယ့်ယောင် ရုန်ယီ ၏ဘေးတွင်ထိုင်ကာ လုံးထွေးနေပြီး ဘာမှပြန်မပြောနိုင်သေးပေ။
ကံကောင်းထောက်မစွာ၊ မင်္ဂလာဆောင်ပွဲများသည် အများအားဖြင့် တစ်နှစ် သို့မဟုတ် တစ်နှစ်ခွဲခန့် ကြိုတင်စာရင်းသွင်းထားရပြီး လုပ်ငန်းစဉ်မှာလည်း ရှုပ်ထွေးပါသည်။ ဒါကြောင့် သူတို့ရဲ့မိဘတွေ ဘယ်လောက်ပဲ စိတ်အားထက်သန်နေပါစေချက်ချင်းအကောင်အထည်မဖော်နိုင်ချေ။
ထို့အပြင်၊ ရုန်ယီသည် သူပြောရမည်ဆိုပါက အရေးကြီးဆုံးကိစ္စရှိသေးသည်။
ချန်းခယ့်ယောင်၏ အဖေက စပြီးမေးလာခဲ့သည်။
"မင်းဘယ်လိုထင်လဲ ရုန်"
ရုန်ယီသည် နောက်ဆုံးတွင် စကားပြောရန် ရဲရင့်လာသည်။
"...တကယ်တော့ ကျွန်တော်တို့ လက်မှတ်မရသေးပါဘူး"
သူပြောပြီးသွားပြီးနောက် သူ့ဘေးမှာထိုင်နေတဲ့ ချန်းခယ့်ယောင်ကို အမြန်ကြည့်လိုက်သည်။
ချန်းခယ့်ယောင် ကလည်း သူ့ကိုကြည့်ကာ နှုတ်ခမ်းကိုစုလိုက်သည်။ သူက လုံးဝအပြစ်ကင်းတဲ့ပုံပေါက်နေကာ ရုန်ယီ ကို စားပွဲအောက်မှာ ကန်လိုက်သည်။
စားပွဲရှိလူများအားလုံး ရုတ်တရက် တိတ်ဆိတ်သွားကြသည်။
ခဏကြာတော့ သူ၏ချစ်လှစွာသော အမေက ပြောလာသည်။
“အိုး ဒါဆိုလည်း မြန်မြန်သွားယူကြလေ... နေကောင်းရက်သာရွေးချင်သေးတာလား..."
.
အိမ်အပြန်လမ်းတွင် ရုန်ယီသည် ခရီးသည်ထိုင်ခုံတွင် ထိုင်ကာ အပြည့်အ၀ စိတ်ရှုပ်ထွေးနေလေသည်။
ချန်းခယ့်ယောင် ကို မြင်မြင်ချင်း ချစ်မိသွားသောအခါ၌ သူသည် ချက်ချင်းလက်ထပ်ရန် နေ့တိုင်းချက်ချင်း စဉ်းစားခဲ့သည်။ ယခုမူ ထိုအရာသည် အမှန်တကယ် “အခုချက်ချင်းပဲ အသေအချာကို” ဖြစ်လာသောအခါ၊ ၎င်းကစစ်မှန်သည်ဟု သူမခံစားရပေ။
ဤသည်မှာ လျှပ်တစ်ပြက်လက်ထပ်ခြင်းဖြစ်နိုင်သည်။ တကယ်တော့ သူနဲ့ ချန်းခယ့်ယောင်တို့ နှစ်ယောက်အတူရှိချိန်ကို ရေတွက်ကြည့်လျှင်တစ်လခွဲပဲ ရှိပါသေးသည်။
"မင်းအရမ်းမြန်တယ်မထင်ဘူးလား"
သူက ချန်းခယ့်ယောင် က မေးလိုက်သည်။
ချန်းခယ့်ယောင် သည် စဉ်းစားနေပုံရသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
" အားလုံး မင်းအမှားပဲ ဘာလို့ဆို အရင်တခေါက်က ငါတို့တူတူနေတာ အရမ်းကြာပြီလို့မင်း ပြောလိုက်လို့လေ"
ရုန်ယီက ဆက်ပြောသည်။
ချန်းခယ့်ယောင် ခုထိ ဘာမှပြန်မပြောသေးပေ။
"သေသေချာချာ တွက်ကြည့်တော့ တစ်ယောက်ကို တစ်ယောက် သိတာ သုံးလပဲ ရှိသေးတယ်"
သူစကားပြောနေစဉ် ရုန်ယီက သူ့ဆံပင်ကို လှမ်းဆွဲလိုက်သည်။
“ဒီလိုပဲလား…”
လျှပ်တစ်ပြက်လက်ထပ်ခြင်းနှင့်ပတ်သက်၍ အားနည်းချက်များစွာရှိပါသည်- လူနှစ်ဦးကြားတွင် နားလည်မှုမလုံလောက်ခြင်း၊ ပေါင်းသင်းရန်အချိန်မရှိခြင်း၊ စိတ်အားထက်သန်မှု တဖြည်းဖြည်းပျောက်ကွယ်သွားပြီးနောက် လုံးဝမပေါင်းသင်းနိုင်ခြင်းတို့ ဖြစ်နိုင်ပါသည်။ ထို့အပြင် လက်ရှိအချိန်တွင် သူတို့သည် နောက်ထပ် ရင်းနှီးသော အဆက်အသွယ်များကိုပင် အောင်မြင်စွာ မရနိုင်ပေ။
ရုန်ယီသည် ယခုအချိန်တွင် အနည်းငယ် စိုးရိမ်ပူပန်နေပြီး မနေနိုင်မထိုင်နိုင် ဖြစ်နေသည်။
“စိတ်မပူပါနဲ့”
ချန်းခယ့်ယောင် က နောက်ဆုံးတွင် စကားပြောလိုက်သည်။
“ကိုယ်တို့က အရွယ်ရောက်နေပြီပဲ....မင်းတကယ် ဆန္ဒမရှိရင် သူတို့က မင်းကို ချည်နှောင်ပြီး မြို့ပြရေးရာဌာနကို ခေါ်သွားမှာ မဟုတ်ပါဘူး.....”
“…”
ရုန်ယီက မျက်မှောင်ကြုတ်ကာ သူ့ကိုကြည့်လာသည်။
"မင်းအတွေးလွန်နေပြီမဟုတ်ဘူးလား..."
ချန်းခယ့်ယောင် က ဖြည်းညှင်းစွာပြောပြီး အသံကလည်း အေးအေးဆေးဆေး ပင်ဖြစ်နေသည်။
“ဒီနေ့ သူတို့အားလုံး အရမ်းစိတ်အားထက်သန်ကြပြီး သူတို့ကို ကိုယ်တို့ စိတ်ဓာတ်မကျ စေသင့်ဘူး....နောက်ပိုင်းမှာ ငါတို့မိဘတွေနဲ့ သီးသန့်စကားပြောဖို့ပဲလိုတယ်....”
"ဘာအကြောင်းကို....?"
"မင်း အခုထိလက်မထပ်ချင်သေးတဲ့ကိစ္စကိုလေ"
ချန်းခယ့်ယောက်က ပြောသည်။
“ဒီနေ့ သူတို့ ပြင်းပြင်းထန်ထန် ပြောကြတယ် အဲဒါက အနည်းဆုံးတော့ သူတို့က ကိုယ်တို့ကို အကောင်းမြင်တယ်လို့ အကြံပေးတယ်....ကောင်းတဲ့အရာပဲလေ.... စိတ်မပူပါနဲ့.... ဘယ်တော့ လက်ထပ်မလဲ ဆိုတာကတော့ နောက်မှ ပြောလို့ရတာပဲ....ရွှေ့ဆိုင်းချင်ရင် ဆင်ခြေတွေ အများကြီးရှိတယ်....”
ရုန်ယီ က မျက်မှောင်ကြုတ်လိုက်သည် ။
"…ဘာကိုဆိုလိုတာလဲ?"
"ဟမ်?"
ချန်းခယ့်ယောင်သည် သူ့အား အမြန်ပြန်ကြည့်ပြီးနောက် ရှေ့သွားရမည့်လမ်းကို ဆက်ကြည့်လိုက်သည်။
"ကိုယ်သေချာ မရှင်းပြမီလို့လား? ကိုယ်အဓိကက ကတော့ စိတ်မပူဖို့ပဲ ပြောချင်ပါတယ်....ဒီအချိန်မှာ အိမ်ထောင်ရေးက ကိုယ်တို့ကိုယ်ပိုင်ကိစ္စပဲ မဟုတ်လား”
ရုန်ယီက သူ့ကို ကြည့်ကာ-
"ခဏနေပါဦး မင်းငါ့ကို လက်မထပ်ချင်ဘူးလား...."
“…အာ?”
ချန်းခယ့်ယောင် က သူ့ကို ထပ်ကြည့်လာသည်။
"မင်းဘာပြောလိုက်တာလဲ?"
"မင်းငါ့ကို လက်မထပ်ချင်ရင် ငါလည်းဂရုစိုက်နေမှာမဟုတ်ဘူး"
ရုန်ယီက ပြောသည်။
ချန်းခယ့်ယောင် အလွန်စိတ်ရှုပ်သွားသည်။ သူ ပါးစပ်ကို ဖွင့်ထားသော်လည်း ဘာမှပြောမလာခဲ့ပေ။
ထို့ကြောင့် ရုန်ယီလည်း တိတ်ဆိတ်နေ၏။
သူအခုတော့ သူစိတ်မပူပေမယ့် နည်းနည်းတော့ ဒေါသဖြစ်သွားသည်။
ဤသို့အရာများကို မည်သူကြားချင်မည်နည်း.....
သူသည် နောက်ဆုံးတော့ အဆုံးအဖြတ်ကို ချမှတ်နိုင်သူဖြစ်ခဲ့သည်။
ဒီလို ရိုးရိုးရှင်းရှင်းလေး ပြောပြဖို့ ချန်းခယ့်ယောင် ကို လိုအပ်နေတာလား....
ချန်းခယ့်ယောင် က ထိုအရာများကို ပြောတဲ့အခါ သူသည် လက်မှတ်ကို လုံးဝမယူချင်ဘူးလို့ ဆိုလိုတာမဟုတ်လား?
ဘာလို့ ချန်းခယ့်ယောင်က သူကိုမပြောခဲ့ရတာလဲ.....
“ဟုတ်တယ်...ဘာပဲဖြစ်ဖြစ် ကိုယ်တို့နှစ်ယောက်သိပြီးတာ ခဏလေးပဲရှိသေးပေမယ့် ကိုယ်ရဲ့ လက်ကျန်ဘ၀ကို မင်းနဲ့အတူတူဖြတ်သန်းချင်တယ်..... ဒါနဲ့ကိုယ်မင်းကို လက်ထပ်ဖို့ စိတ်အားထက်သန်မိနေတာလား"
တိတ်ဆိတ်ခြင်းက ကားထဲ၌ သက်ဆင်းသွားသည်။ ထို့နောက် ချန်းခယ့်ယောင်က ရုတ်တရက် မေးလိုက်သည်။
"မင်း စိတ်မဆိုးဘူးလား...."
ဤသည်မှာ မီးအား လောင်စာဆီလောင်းခြင်းပင် အသေအချာဖြစ်၏။
"ငါမဆိုးပါဘူး..."
ရုန်ယီက မျက်နှာကိုတည့်တည့်ကြည့်ကာ ပြောလိုက်သည် ။
ချန်းခယ့်ယောင် က သက်ပြင်းချကာ ပြုံးလိုက်သည်။
“ကောင်းပြီလေ..... ”
ရုန်ယီ က မတက်နိုင်တော့ပဲတိုးတိုးလေးပဲတီးတိုးပြောလိုက်သည်။
"… မင်း အရူး....."
"အာ?"
ချန်းခယ့်ယောင့်က ရှင်းရှင်းလင်းလင်း မကြားလိုက်ရချေ။
"မင်းဘာပြောလိုက်တာလဲ?"
“မင်းက အရမ်းဉာဏ်ကောင်းတာပဲလို့”
ရုန်ယီသည် စိတ်ရှည်သောအပြုံးကို တပ်ဆင်ထားဆဲဖြစ်၏။
"မင်း ငါ့အတွေးတွေကို တခါတည်းနဲ့ရှင်းထုတ်နိုင်ဖို့ မင်းကူညီပေးခဲ့တယ်"
ချန်းခယ့်ယောင်က ပြုံးလိုက်ပြီး
“အိုး မှန်တယ်...အန်တီ နဲ့ ဦးလေး က မနက်ခင်းမှာ ဘယ်အချိန် အိပ်ယာထလေ့ရှိလဲ.... မနက်ဖြန်အချိန်မီ သွားခေါ်နိုင်အောင်ပြောပါဦး"
သူတို့ အခုလေးပဲ ထမင်းစားနေတုန်းဖြစ်ကာ ချန်းခယ့်ယောင်က ရုန်ယီ ရဲ့ မိဘတွေရဲ့ လမ်းပြအဖြစ် စေတနာ့ဝန်ထမ်းလုပ်ခဲ့ပြီး နောက်ရက်အတော်ကြာအောင် မြို့အနှံ့ ခရီးသွားဖို့ လိုက်ပို့ပေးခဲ့သည်။ ရုန်ယီ သည် သူ့မိဘများအကြောင်း ကောင်းစွာသိသည်။ ညစာစားချိန်အတွင်း သူတို့၏စကားများနှင့် အပြုအမူများကို ကြည့်လိုက်ရုံနှင့် ချန်းခယ့်ယောင် ကို အလွန်ကျေနပ်နေပုံရသည်။
ရုန်ယီ စိတ်ထဲမှာ အနည်းငယ် နာကျည်းသွားသည်။
ဤကဲ့လိုလူမိုက်ကို သူ့ဘဝလက်တွဲဖော်အဖြစ် ဘယ်လိုများ ရွေးချယ်နိုင်ပါမလဲ......
ထို့အပြင် သူ့မိဘများကိုပင် သူပြန်ပြီး တိုင်တောခြင်းမပြုနိုင်ချေ။