Chapter 70
ကိုယ့်ကိုယောကျ်ားလို့ခေါ်
ချန်းခယ့်ယောင် သူ၏အခန်းကိုလိမ်လိမ်မာမာနှင့်ပြန်သွားချိန်တွင်လည်းပုံမှန်ပင်။
ရုန်ယီသည် ချန်းခယ့်ယောင်အိပ်ရာပေါ်တွင်လှဲသည်ကိုကြည့်နေပြီးအနှီသူကို စောင်အတွင်းသို့ထိုးထည့်ကာ ချက်ပြုတ်ရန်ထွက်သွားသည်။ မီးဖိုချောင်မှာစိတ်မချမ်းသာစရာကောင်းသည့်တိုင် ထမင်းပေါင်းအိုးမှာ အကောင်းအတိုင်းရှိနေသေးပြီး ချန်းခယ့်ယောင်အတွက်ဆန်ပြုတ်အနည်းငယ်ချက်၍ရနိုင်သည်။ ရုန်ယီ ဆန်ဆေးပြီးထမင်းပေါင်းအိုးတွင်းထည့်ကာ ပလပ်ထိုးလိုက်သည်။ ထမင်းပေါင်းအိုးမှအညွှန်းပြမီးလေးအားကြည့်နေလျက် ရုတ်တရက်သူကျေနပ်အားရမှုကိုခံစားရသည်။
ချန်းခယ့်ယောင်ကနေမကောင်းဖြစ်နေသည်။ သူကိုယ်တိုင်လည်းစိတ်ဖိစီးရသည်။ သို့သော် ချန်းခယ့်ယောင်အားဂရုစိုက်ရန်အခွင့်အရေးရခဲ့၍ သူအလွန်ပျော်ရွှင်ရသည်။ သည်ရက်ပိုင်း ချန်းခယ့်ယောင်မှာသူ၏မိဘများကို အဖော်လုပ်ပေးကာမြို့အနှံ့လျှောက်လည်ပေးခဲ့ခြင်းက အနှီသူ၏ ဇီဝကမ္ပပုံမှန်လုပ်ငန်းစဉ်များကိုဆန့်ကျင်ကာပင်ပန်းနွမ်းနယ်ခြင်းတို့ကိုဖြစ်စေခဲ့ခြင်းဖြစ်မည်။ သို့ထိတိုင် ချန်းခယ့်ယောင်သည်အစဉ်အားအင်အပြည့်ဖြင့်တက်ကြွနေခဲ့သည်။ တူညီသောအကြောင်းအရင်းတစ်ခုကြောင့်ဖြစ်နိုင်သည်။
သင်တစ်စုံတစ်ယောက်ကိုနှစ်သက်နေချိန် ထိုသူအတွက်အကောင်းဆုံးလုပ်ပေးရန်အခွင့်အရေးရလာသည့်အခါ တာဝန်ပြီးမြောက်ခြင်း၏အားကောင်းသောခံစားချက်ကိုရစေလိမ့်မည်။
ချန်းခယ့်ယောင်ကသူ့အား မကြာခဏစိတ်ဆိုးအောင်လုပ်ခဲ့သော်ငြားရုန်ယီက သူသည်ချန်းခယ့်ယောင်၏အသည်းတစ်ခြမ်းလေးဖြစ်နေပြီမှန်း သိနေခဲ့သည်။ ချန်းခယ့်ယောင်ကသူ့အပေါ်ကောင်းပေးသည်။ ချန်းခယ့်ယောင်၏ကြံ့ခိုင်သည့်စိတ်ဓာတ်နှင့် ပျော်ရွှင်မှုများကို ရုန်ယီခံစား
ရသည်။ သို့ဖြစ်၍ သူရှုံးနိမ့်မှုကိုလက်မခံနိုင်ပေ။
အနှီသူနှင့်သာဆိုပါက အပေးနှင့်အယူတိုင်းမှာသူ့အားပျော်ရွှင်စေလိမ့်မည်။
အတူနေချိန်တွင် သူတို့သည်အခန်းဖော်များပင်။ ယခုသူတို့နှစ်ယောက်သည်အပြန်အလှန်ဖေးမပေးနေကြပြီး တဖြည်းဖြည်းမိသားစုတစ်စုတည်းဖြစ်လာသည်။
သူ၏မိဘများမှာမနက်ဖြန်ပြန်ကြတော့မည်။ သို့သော် ဤမြိုတွင်သူအိမ်တစ်လုံးရှိလာပြီ။
သိချင်စိတ်များဖြင့် ရုန်ယီသည်ချန်းခယ့်ယောင်၏အခန်းနားသို့ခြေသံလုံလုံဖြင့်ကပ်သွားပြီး အနှီဒုက္ခအိုးတစ်ယောက် နိုးနေသည်လားသိချင်စိတ်ဖြင့်တံခါးဖွင့်ကာစစ်ဆေးကြည့်လိုက်သည်။
သို့သော် သူသည်အိပ်ရာမှမထလာသေးပေ။
ချန်းခယ့်ယောင်သည် ညအိပ်ဝတ်စုံအပါးလေးဝတ်ထားပြီးအိပ်ရာအစွန်တွင်ထိုင်နေသည်၊ ဒူးပေါ်လက်နှစ်ဖက်တင်ကာ အိပ်ရာဘေးမှအိမ်စီး
ဖိနပ်အပါးလေးအား အလေးအနက်ဖြင့်ငုံ့ကြည့်နေသည်။
"ဘာလုပ်နေတာလဲ"
ရုန်ယီ မျက်မှောင်ကြုတ်ကာအိပ်ခန်းတွင်းသို့ဝင်လာသည်။
"အိပ်ရာကထမယ်ဆိုလည်း အနည်းဆုံးအကျီလေးတော့ဝတ်သင့်ပါတယ်"
ရုန်ယီ၏အသံကိုကြားသည်နှင့် ချန်းခယ့်ယောင်ကခေါင်းမော့ကာရုန်ယီကိုတွေ့သည်နှင့်ပြုံးပြသည်။
၎င်းအကြည့်ကထူးဆန်းစွာအူကြောင်ကြောင်နိုင်သည်။
ရုန်ယီစိတ်ရှုပ်သွားသည်။
"ဘာလဲ? ရယ်စရာပါလို့လား"
ချန်းခယ့်ယောင်ကခေါင်းညိတ်၍ ဘေးမှအိပ်ရာခင်းကိုပုတ်ပြကာ
"ဒီကိုလာထိုင်"
ရုန်ယီသည် အလျင်ဆုံး ထိုင်ခုံနောက်မှီမှကုတ်အကျီကိုယူကာချန်းခယ့်ယောင်ကိုဝတ်ပေးလိုက်သည်။ ထို့နောက် သူချန်းခယ့်ယောင်ဘေးတွင်ဝင်ထိုင်ကာ ဖိနပ်အပါးကိုငုံ့ကြည့်သည်။
"ဘာဖြစ်လို့လဲ"
ရုန်ယီသည် ဖိနပ်အပါးကိုပုံမှန်အတိုင်းငုံ့ကြည့်၊ ထူးဆန်းနေသည့်အရာမရှိ။
သူမေးလိုက်ပြီးသည်နှင့် ချန်းခယ့်ယောင်ကဖိနပ်ပါးကိုငုံ့မကြည့်တော့ဘဲ သူ့ကိုကြည့်နေမှန်းသိလိုက်သည်။
ရုန်ယီသည် အလိုလိုသိစိတ်အရကိုယ်ကိုနောက်သို့ဆုတ်လိုက်သည်။
"မင်းဘာသောက်ရူးထနေတာလဲ"
"မင်းကတိပေးခဲ့တာမှတ်မိလား"
ချန်းခယ့်ယောင်ကသူ့အားလုပ်ပြုံးဖြင့်
"အိမ်ပြန်ရောက်ရင်ကိုယ့်အတွက် ဖက်ထုပ်လေးတွေလုပ်ပေးမယ်ဆို"
ရုန်ယီ ငိုင်သွားလေ၏။
"မင်းအစာအိမ်ပြန်ကောင်းတဲ့အထိစောင့် ပြီးမှငါမင်းအတွက်လုပ်ပေးမယ်၊ အခုဘယ်လိုနေသေးလဲ"
ချန်းခယ့်ယောင် ခေါင်းခါပြီးစကားဆက်သည်။
"ကိုယ်နေကောင်းသွားပါပြီ၊ ကိုယ်ဖက်ထုပ်လေးတွေစားချင်တယ်"
ရုန်ယီ ခေတ္တတွေဝေပြီးမျက်မှောင်ကြုတ်သည်။ သူအိတ်ထဲမှဖုန်းကိုထုတ်ကာ လျိုယွမ်ထံစာပို့လိုက်သည်။
"ချန်းခယ့်ယောင်ကအရက်သောက်ပြီးရင်မူးတတ်လား"
လျိုယွမ် ပြန်မဖြေရသေးခင် ချန်းခယ့်ယောင်ကမှီတွယ်လာသည်။
"ဘယ်သူနဲ့စကားပြောနေတာလဲ"
မေးနေရင်းဖြင့် သူသည်ရုန်ယီ၏ဖုန်းမျက်နှာပြင်ပေါ်မှရိုက်ထားသည့်စာကို ရှင်းရှင်းလင်းလင်းမြင်သွားခဲ့သည်။ ထို့ကြောင့်သူခေါင်းညိတ်သည်။
"ဒါပေါ့၊ အရမ်းမူးတတ်တယ်"
"....."
"ရှူး"
ချန်းခယ့်ယောင်က တိုးတိုးလေးပြောသည်။
"သူများတွေကိုမပြောနဲ့၊ ကိုယ်လူတွေကိုကားမောင်းမှာလို့ပြောနေကျဆိုတော့ ကိုယ်မသောက်ဘူး၊ တကယ်တော့ ကိုယ်လုံးဝမသောက်
နိုင်ဘူး၊ ဟား...ဟား.."
အချိန်ကိုက်ပင်။ ရုန်ယီ၏ဖုန်းကတုန်ခါလာသည်။ လျိုယွမ်စာပြန်လာခြင်းပင်။
"ငါမသိဘူး၊ သူကဘယ်တော့မှသောက်တာမဟုတ်ဘူး၊ သူကားမောင်းရမှာမလို့ဆိုပြီးပြောတာပဲ၊ ဘာဖြစ်လို့လဲ"
ရုန်ယီသည် တဖြည်းဖြည်းနှင့်ခေါင်းကိုက်လာသည်။
သူ၏ဖုန်းမျက်နှာပြင်ကိုကြည့်နေခဲ့သည့် ချန်းခယ့်ယောင်မှာ သူ့ထက်ပင်ပိုပြီး မှုန်ကုပ်လာသည်။
"လျိုယွမ်?"
သူသည်လက်ဆန့်ကာရုန်ယီကိုဖက်ချင်နေသည်။
"သူ့ကိုမကြည့်နဲ့၊ ကိုယ့်ကိုပဲကြည့်"
ရုန်ယီသည် ပျော်နေပြီးစိတ်လည်းရှုပ်နေသည်။
"မင်းသဝန်တိုနေတာလား"
ရုန်ယီကိုသူ၏လက်မောင်းများအတွင်း တွန့်လိမ်နေသည့်ကိုယ်ဟန်ဖြင့်ဖက်ထားသည့် ချန်းခယ့်ယောင်မှာရုန်ယီ၏ပုခုံးပေါ်ခေါင်းတင်ထားပြီး
ခေါင်းညိတ်သည်။
"ဟုတ်တယ်"
ရုန်ယီ ငိုင်ကျသွားခဲ့သည်။
ထို့နောက် သူသည်စိတ်လှုပ်ရှားမှုအနည်းငယ်ဖြင့်အမြန်ရယ်လိုက်၏။
အတော်လေးမူးနေသည်ပင်၊ မေးလိုက်တိုင်း အလွန်တရာရိုးသားနေပုံက ရုန်ယီကိုချန်းခယ့်ယောင်၏အကြောင်းမှန်ပိုမိုသိရစေရန် အခွင့်အရေးကိုဖမ်းဆုပ်ချင်လာစေသည်။
ရုန်ယီ သူ၏နှုတ်ခမ်းကိုသပ်လိုက်ပြီး စိတ်တင်းကျပ်နေမှုကြောင့်လည်
ချောင်းရှင်းလိုက်သည်၊ ထို့နောက် သူမေးလိုက်၏။
"မင်းငါ့ကိုချစ်လား"
ချန်းခယ့်ယောင်ကသူ့နားကိုကပ်အော်သည်။
"ဒါပေါ့"
ရုန်ယီ၏နားစည်အိမ်မှာ တမဟုတ်ချင်းကိုက်ခဲသွားသည်။
သူချန်းခယ့်ယောင်၏ကျောကို အားထည့်ပုတ်လိုက်သည်။
"မင်းအသံကိုနှိမ့်မပြောတတ်ဘူးလား"
ချန်းခယ့်ယောင်သည် တိုးလျသောအသံဖြင့်
"အို့"
"...."
ရုန်ယီကား အနည်းငယ်စဉ်းစားပြီးမှထပ်မေးသည်။
"မင်းငါ့ကိုဘယ်လိုထင်လဲ"
ချန်းခယ့်ယောင်မှာ ဘာမှထပ်မပြော။
ရုန်ယီ ချန်းခယ့်ယောင်ကိုလှည့်ကြည့်လိုက်ပြီးအနှီသူကရယ်နေသည်ကိုတွေ့လိုက်ရသည်၊ ရယ်နေသည်မှာမရပ်မနားပင်။ ယခုမှပင် ချန်းခယ့်ယောင်မှာအမှန်တကယ်ရူးနေသယောင်၊ ရုန်ယီပင်သူနှင့်အတူလိုက်ရယ်ချင်လာသည်။
"ရယ်နေတာကိုရပ်ပြီးပြော"
ရုန်ယီသည် ချန်းခယ့်ယောင်သူ့အားချီးမွမ်းသည်ကိုကြားချင်သေးသောကြောင့် ချန်းခယ့်ယောင်ကိုမတိုက်တွန်းပဲမနေနိုင်တော့။
ချန်းခယ့်ယောင်မှာ တကယ်လိမ္မာနေသည်၊ မဆိုင်းမတွပြုံးလိုက်ကာစကားပြန်သည်။
"မင်းကအမှန်အကန်ဒေါသအိုးလို့ကိုယ်ခံစားရတယ်"
"....."
ရုန်ယီမှာ နေရာတွင်ပင်သူ၏ဒေါသကိုထုတ်ပြလုနီးဖြစ်သွားလေသည်။
၎င်းကိုသတိမထားမိသေးသည့်ချန်းခယ့်ယောင်မှာ ပြုံးပျော်နေဆဲ။
"မင်းကမြင်းနှစ်မှာမွေးတာလို့ကိုယ်သံသယဝင်မိတယ်၊ ကိုယ်ကလက်မခံနိုင်စရာပြောသရွေ့ မင်းကခွာကိုမြှောက်ပြီးကိုယ့်ကိုကန်တော့တာပဲ"
လက်ရှိအချိန်တွင် ရုန်ယရုန်ယီစိတ်အရှုပ်ရဆုံးကား အကယ်၍သူသာဒေါသထွက်ပြလိုက်မိလျှင် ဤလူကသူ့အား 'ဒေါသအိုး' ဟုပြောခဲ့သည်ကို သက်သေပြသည့်အတိုင်းဖြစ်သွားမည်ကိုပင်။
ရုန်ယီသည် ချန်းခယ့်ယောင်ကိုထပ်မဖက်ချင်တော့ပေ၊ သို့ဖြစ်သောကြောင့် ချန်းခယ့်ယောင်ကိုကော်လံမှဆွဲကာသူ၏ကိုယ်ပေါ်မှဆွဲခွာလိုက်သည်။
"ဒီတော့၊ မင်းကငါ့ကိုမကျေနပ်ဘူးပေါ့?"
"အင်း"
ချန်းခယ့်ယောင်သည် ခေါင်းညိတ်ကာ ရုန်ယီအားရေဘဝဲတစ်ကောင်နှယ်ကုပ်တွယ်ထားကာလွှတ်မပေးပေ။
"ကိုယ့်စိတ်ထဲမှာအမြဲရှိနေတဲ့အရာတစ်ခုရှိတယ်"
ယောကျ်ားသားနှစ်ယောက်သည် လိမ်ယှက်ရုန်းကန်နေပြီးနောက်ဆုံး၌ အိပ်ရာထက်လိမ့်သွားကြ၏။
ရုန်ယီ စကားမပြောရသေးခင် ချန်းခယ့်ယောင်ကစပြီးညည်းညူသည်။
"ငြိမ်ငြိမ်နေ"
ရုန်ယီသည် ချန်းခယ့်ယောင်၏စကားလုံးများနှင့်အပြုအမူများကြားမှဝိရောဓိကြောင့် လုံးဝဘာလုပ်ရမည်မသိဖြစ်နေသည်။ ရုန်ယီသည်မ
ပြောခင် အနည်းငယ်ရုန်းကန်နေသေးသည်။
"သတိထား၊ မဟုတ်ရင် မင်းအစာအိမ်ကပိုပြီးနေမကောင်းဖြစ်လာမယ်"
"နေကောင်းပါတယ်"
ချန်းခယ့်ယောင်ကသူ့အပေါ်ကိုတက်လာသည်။
"ကိုယ်အရမ်းကိုနေကောင်းနေပါတယ်"
"မင်းငါ့ကိုမကျေမနပ်ဖြစ်နေတာမဟုတ်လား"
ရုန်ယီသည်မှုန်တေတေမျက်နှာဖြင့်ပြောသည်။
"အင်း"
ချန်းခယ့်ယောင်ကခေါင်းညိတ်ပြသည်။
"ကိုယ်တွေးလေ၊ စိတ်ညစ်လာလေပဲ၊ အဲဒီတုန်းကမင်းမော့ယွီဖေးကို
ကိုယ့်ရှေ့တင် 'ယောကျ်ား' လို့ခေါ်ခဲ့တာလေ"
"......"
အဲဒါကဘယ်လောက်တောင်ကြာနေပြီလဲဟ!
ရုန်ယီသည်အပြစ်ရှိစိတ်နှင့်ပြောစရာစကားလည်း ပျောက်ဆုံးသွားလေသည်။
ရုန်ယီ ရှင်းပြရန်ကြိုးစားချိန်တွင်ချန်းခယ့်ယောင်ပြောလာသည်ကိုသူကြားလိုက်ရသည်။
"ဒါပေမဲ့ မင်းကိုယ့်ကိုကျတော့ 'ယောကျ်ား' လို့မခေါ်ဖူးဘူးလေ"
"....."
ရုန်ယီ၏မျက်နှာသည် ရှက်လွန်း၍ပန်းရောင်သန်းလာသည်။
"ဘာလို့လဲ၊ ကိုယ့်ကိုလည်းခေါ်လေ"
ရုန်ယီသည် တံတွေးမြိုချလိုက်သည်၊ သူပါးစပ်ဟလိုက်သော်ငြားအသံမှာထွက်မလာ။ သူ၏မျက်နှာကပူကြွပ်နေပြီး ခေါင်းပင်မူးလာသည်။
ရုန်ယီသည် ကံအကြောင်းသင့်၍တွေ့ဆုံမိသည့်အမြင့်တစ်နေရာမှအနုပညာရှင်တစ်ယောက်အား တူညီသည့်အမည်တပ်ခေါ်သည့်အချိန်
တွင် စိတ်လှုပ်ရှားပြီးတာဝန်ရှိသည်ဟုလည်းမခံစားရ။ သို့ထိတိုင် သူ၏ကျန်သောဘဝတစ်လျှောက်လုံးအတူတကွ ကုန်ဆုံးသွားရမည့်သူနှင့်တွေ့သည့်အခါ ထိတ်လန့်လွန်းသည်ဖြစ်ရာ သူ၏လက်ချောင်းများကိုပင်အချင်းချင်းလိမ်ထားမိသည်။
ချန်းခယ့်ယောင်ကသူ့ကိုတွယ်ကပ်နေကာ နားသို့ကပ်ကာဆက်ပြောပြန်သည်။
"ကိုယ့်ရဲ့ဘေဘီက ကိုယ့်ကို 'ယောကျ်ား' လို့ခေါ်တာလေးကြားချင်တယ်"
"....."
ဘေ...ဘာဖြစ်တယ်?
ရုန်ယီသည်မူးဝေလာပြီး နောက်ဆုံးအကြိမ်တွန်းထုတ်ရန်ရုန်းသည်။
"ငါတို့ကလက်မှမထပ်ရသေးတာ"
ချန်းခယ့်ယောင်ကား တိတ်ဆိတ်နေသည်။
ဆယ့်နှစ်စက္ကန့်နှင့်ပိုကြာသွားသည်ထင့်၊ ချန်းခယ့်ယောင်မှာရုတ်တရက်ထသွားသည်။
"မင်းပြောတာနည်းနည်းမဆီလျော်ဘူးလို့ကိုယ်ထင်တယ်"
သူသည်ရုန်ယီ၏ဘေးတွင်ထိုင်ကာ မျက်မှောင်ကြုတ်လျက်သားဖြင့်ငုံ့
ကြည့်သည်။
ရုန်ယီခမျာ မူးဝေနေဆဲ၊ အနှီယစ်ထုပ်၏အတွေးများကိုလိုက်မမီနိုင်ရှာတော့ပေ။ မေးခွန်းများစွာဖြင့် ရုန်ယီ ထ ထိုင်လိုက်သည်။
"ငါဘာလုပ်မိလို့လဲ"
ချန်းခယ့်ယောင်သည်ရုန်ယီ၏အရှေ့တွင် သူ၏လက်ချောင်းများကိုချိုးကာရေတွက်ပြသည်။
"မင်းကကိုယ့်ကို 'ယောကျ်ား' လို့မခေါ်ဘူး၊ ကိုယ်တို့လက်မထပ်ရသေး
လို့၊ မင်းကိုယ့်ကိုလက်မထပ်သေးဘူး၊ ဘာလို့လဲဆိုတော့ ကိုယ်တို့အတူရှိလာတဲ့အချိန်ကတိုတောင်းသေးလို့၊ ကိုယ်ကလည်းဘာမှမတတ်နိုင်ဘူး၊ ကိုယ်တိုးတက်မှုပြဘားတန်းကိုမညှိနိုင်ဘူး"
ရုန်ယီသည် ချန်းခယ့်ယောင်၏လက်ချောင်းများကိုကြည့်ကာမျက်တောင်နှစ်ကြိမ်ခတ်သည်။
ချန်းခယ့်ယောင်သည်ရုန်ယီအနားသို့တိုးကပ်သွားသည်။
"ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆိုရင် သူ့ရဲ့ပါတနာနဲ့တွေ့ပြီးနှစ်လအကြာမှာတင်လက်ထပ်လိုက်တယ်၊ အခုသူတို့တွေ ကျေနပ်ပျော်ရွှင်တဲ့ဘဝမှာပြည့်ပြည့်စုံစုံနဲ့နေ နေကြပြီ၊ အခု ကိုယ့်ကိုပြောပါအုံး၊
ကိုယ်တို့လက်မထပ်ခင် ဘယ်လောက်ကြာအောင်အတူနေရမှာလဲ၊ အဲဒါဆို မမြန်တော့ဘူးပေါ့"
ရုန်ယီမှာ စိတ်များရှုပ်ထွေးလွန်း၍ထိတ်လန့်နေသည်။
"ငါ...အဲဒါက...မင်းများ...."
"ဘယ်လောက်အထိကြာမှာလဲ"
ချန်းခယ့်ယောင်ကဆက်မေးလေသည်။
ရုန်ယီ တံတွေးများမြိုချလိုက်သည်။
သူသည် သူ့အရှေ့ရှိ ညအိပ်ဝတ်စုံနှင့်ငှက်သိုက်ကဲ့သို့သောဆံပင်ပုံစံဖြင့် ခြေဗလာ၊ အိုးနင်းခွက်နင်းနှင့်အမူးသမား၏လက်ထပ်ရန်ဖိအားပေးခံနေရသလိုခံစားရသည်။
သူပြောရန်အပြင် ချန်းခယ့်ယောင်ကလက်ကိုဝှေ့ယမ်းပြသည်။
"မေ့လိုက်တော့"
မေ့ထား၍မရနိုင်သည်မှာ အသေအချာပင်။ ရုန်ယီ အလောတကြီးဖြစ်လာသည်။
"မရပါဘူး"
ချန်းခယ့်ယောင်ကမလှုပ်။ သူတစ်ဖက်လှည့်ပြီး ကြမ်းပြင်ပေါ်ခြေချသည်၊ ဒယိမ်းဒယိုင်နှင့်အိမ်စီးဖိနပ်အပါးကိုကျော်သွားကာ မိန်းမောမှုအတွင်းနစ်မြုပ်နေလျက် အခန်းအလယ်သို့လျှောက်သွားသည်။
"ဖိနပ်စီးစမ်းပါ"
ရုန်ယီ စိတ်လောနေသည်။
"မင်းနေမကောင်းဖြစ်ရတာကိုအဲဒီလောက်ကြိုက်နေလား"
ချန်းခယ့်ယောင်ကသူ့ကိုလျစ်လျုရှုထားနေဆဲပင်။ သူမျက်မှောင်ကြုတ်ကာ တစ်စုံတစ်ရာအပေါ်အလေးအနက်ထား၍စဉ်းစားခန်းဖွင့်နေသည်။
ထို့နောက် သူသည်စာအုပ်စင်နှင့်ကပ်လျက်ဗီရိုကိုထုရိုက်သည်။
ရုန်ယီသည် ချန်းခယ့်ယောင်၏ဖိနပ်အပါးကိုယူကာအနောက်မှပြေးလိုက်လာသည်။
"ဖိနပ်စီးစမ်း!"
ချန်းခယ့်ယောင်ကသူ့အား လုံးဝဂရုမစိုက်။ သူဗီရိုတံခါးကိုဆွဲဖွင့်ကာ အလယ်မှအံဆွဲလေးအားဆွဲထုတ်သည်။ ထို့နောက် အံဆွဲတွင်းမှသေတ္တာငယ်လေးအားယူကာ ရုန်ယီထံပေးလိုက်သည်။
ရုန်ယီသည် အလိုလိုလက်ဆန့်ပြီးသေတ္တာကိုယူလိုက်သည့်အခါ ချန်းခယ့်ယောင်သည်ရုန်ယီ၏လက်ထဲမှဖိနပ်အပါးကိုယူသည်။
"ကိုယ်မင်းကိုအခုပေးလိုက်ပြီ၊ အဲဒါမှကိုယ်တို့အတူနေတာလုံလောက်ပြီထင်ရင် မင်းအဲဒါကိုအချိန်မရွေးဝတ်ပြီး ကိုယ့်ကို 'ယောကျ်ား' လို့ခေါ်
နိုင်တယ်"
ရုန်ယီ တောင့်ဆတ်သွား၏။
သူသေတ္တာလေးကိုဂရုတစိုက်ဖွင့်လိုက်ပြီး သူထင်ထားခဲ့သည့်အတိုင်း၎င်းမှာငွေလက်စွပ်လေးတစ်ကွင်းပင်။
ချန်းခယ့်ယောင် ဖိနပ်ကိုဝတ်ကာသူ့အားကြည့်လေ၏။
"မင်းကိုယ့်ကိုလက်ထပ်ဖို့ဆန္ဒရှိလာပြီဆိုတဲ့အချိန်ကျ...."
ရုန်ယီ လက်စွပ်ကိုသေတ္တာလေးအတွင်းမှတုံ့ဆိုင်းမနေဘဲထုတ်ကာသူ၏လက်ညိုးတွင်ဝတ်လိုက်သည်။
"အင်း၊ ငါလက်ထပ်မယ်"
ရုန်ယီ၏စိတ်လှုပ်ရှားနေပုံနှင့်ယှဉ်ကြည့်လျှင် ချန်းခယ့်ယောင်မှာတရားသူကြီးအလားတည်ငြိမ်နေ၏။ သူကျေနပ်မှုအပြည့်ဖြင့်ခေါင်းညိတ်ကာ
"အခုကိုယ့်ကို 'ယောကျ်ား' လို့ခေါ်တော့"
"......"
"ဘာလို့မခေါ်တာလဲ"
ချန်းခယ့်ယောင်ကမေးသည်။
ရုန်ယီမှာ နောက်တဖန်ရှက်သွားပြန်၏။
"မင်းရဲ့လက်ထပ်ခွင့်တောင်းနည်းကမရိုးလွန်းဘူးလား"
သူသည်ခေါင်းငုံ့၍ လက်ညိုးမှလက်စွပ်ကိုထပ်ခါတလဲလဲကြည့်သည်။
စကားပြောသည့်အခါ မရယ်ဘဲမနေနိုင်။
"တစ်ခုခုပြောသင့်တယ်မဟုတ်လား"
ချန်းခယ့်ယောင် နှုတ်ဆိတ်နေ၏။
သူသည်မျက်မှောင်ကြုတ်ကာ အတွေးနက်နေပြီး ရုတ်ချည်းဉာဏ်အလင်းပွင့်သွားပုံရသည်။
ချန်းခယ့်ယောင်သည် ကမူးရှူးထိုးဖြင့်တစ်အိမ်လုံးကိုပတ်သွားနေသည်တွင် ရုန်ယီသည်မနေနိုင်မထိုင်နိုင်သိချင်လာသည်။
"မင်းဘာကိုရှာနေတာလဲ? မင်းလက်ရေးနဲ့စာမူမရေးရသေးဘူးမဟုတ်လား?"
"အင်း"
ချန်းခယ့်ယောင်ကခေါင်းညိတ်ပြသည်။
ပြီးနောက်ရုန်ယီသည် ချန်းခယ့်ယောင်ကဲ့သို့အိပ်ရာဘေးမှဒုတိယမြောက်အံဆွဲကိုဖွင့်ကာ စာအိတ်ထူတစ်အိတ်အားထုတ်လိုက်သည်ကိုစိတ်
လှုပ်ရှားစွာကြည့်နေသည်။
ရုန်ယီသည်အလျှင်အမြန်လျှောက်သွားသည်၊ ခြေဖျားထောက်ကာတစ်ချက်အမြန်ကြည့်လိုက်၏၊ စာအိတ်ပေါ်တွင် စကားလုံးသုံးလုံးတွေ့နေရသည်။
<ရုန်ယီထံသို့>
လက်ရေးကအမှန်တကယ်လှသည်။ ပထမတစ်ကြိမ်ကြည့်ရုံဖြင့် ရုန်ယီသည် ၎င်းကိုချန်းခယ့်ယောင်လက်ဖြင့်ရေးထားမှန်းသိလိုက်သည်။
သို့သော် ရုန်ယီကိုပေးသင့်သည့်ထိုစာသည် စာရွက်အထပ်လိုက်အားဆွဲထုတ်လိုက်သည့်ချန်းခယ့်ယောင်ကြောင့် ကြမ်းတမ်းစွာဖြင့်ဖွင့်ခံလိုက်
ရ၏။
ထို့နောက် သူစာကိုဖြည်၊ လည်ချောင်းရှင်းကာစတင်ဖတ်လေတော့၏။
"ဟယ်လို၊ချစ်ရပါသောရုန်ယီ၊ ဒီစာကမင်းကို surprise ဖြစ်စေမှာပါ၊
ဒါပေမဲ့ ကိုယ်အရေးတယူစဉ်းစားပြီးမှဆုံးဖြတ်ခဲ့ပါတယ်၊ ကိုယ့်မှာ ရင်တွင်းခံစားချက်စကားလုံးလေးတွေရှိ...."
ရုန်ယီမှာ မေ့လဲတော့မယောင်ပင်။
"မဟုတ်ဘူး၊ရပ်၊ ရပ်လိုက်၊ မဖတ်ပါနဲ့တော့၊ တောင်းပန်ပါတယ်ကွာ"
"အိုး!"
ချန်းခယ့်ယောင်က ခေါင်းညိတ်လိုက်သည်။
"အစပျိုးထားတာကအဓိပ္ပါယ်ကိုမရှိဘူး၊ ကိုယ်အရေးကြီးတဲ့နေရာကစရမှာ၊ ခဏလေး..."
ပြောပြောဆိိုဆို သူစာကိုပြန်ဖွင့်ကာလည်ချောင်းကိုထပ်ရှင်းပြန်သည်။
"အမှန်တော့၊ မင်းလုပ်ပေးတဲ့ဖက်ထုပ်လေးတွေကို ကိုယ်မစားချင်ပါဘူး"
လာပြန်ပြီ ဖက်ထုပ်လေးတွေ! အစွဲအလန်းကိုကြီးတယ်!
"အိုကေ၊ ရပ်တော့၊ ရပြီ၊ လုံလောက်ပြီ"
ရုန်ယီခုန်ပြီး ချန်းခယ့်ယောင်လက်ထဲမှစာကိုဆတ်ကနဲဆွဲလိုက်သည်။
"ငါ့ကိုခဏလောက်အသက်ရှူခွင့်လေးပေးပါ!"
"မင်းနားမထောင်ချင်ပြန်ဘူးလား"
ချန်းခယ့်ယောင်သည် မှုန်ကုပ်ကုပ်နှင့်ရုန်ယီကိုမကျေမနပ်ကြည့်သည်။
"အဲဒါဆို ကိုယ့်ကို 'ယောကျ်ား' လို့ခေါ်လေ!"
Xxxxxc