အပိုင်း ၆၉.၂
Viewers 14k

Chapter 69.2



ဆေးရုံသို့အမြန်ရောက်လာကြပြီးနောက် ချန်းခယ့်ယောင်မှာအသက်ငါးဆယ်ကျော်အရွယ်ဆရာဝန်ကြီးအရှေ့တွင်ပင် အန်ခါနီးဖြစ်နေသည်။ ရုန်ယီမှာအော်ရယ်ခဲ့ရသည်။



ဆရာဝန်က ချန်းခယ့်ယောင်အားအလျင်သွေးစစ်ကြည့်စေသည်။



ဆေးစစ်ချက်စောင့်နေစဉ် ရုန်ယီသည်ချန်းခယ့်ယောင်ကိုအဖော်ပြုကာခုံတန်းရှည်တွင်ထိုင်စောင့်ပေးနေသည်။ ရုတ်တရက်ပင် မကြာသေးသောထပ်တူညီသည့်ညသန်းခေါင်တွင် ချန်းခယ့်ယောင်သည်လည်းသူ့အားအဖော်ပြု၍ထိုင်ပေးခဲ့ဖူးသည်။



ရုန်ယီသည်နေထိုင်မကောင်း၍ သူ၏ပေါင်ပေါ်တွင်ကို့ရို့ကားယားလှဲနေသည့် အနှီလူကြီး၏ဘေးတိုက်မျက်နှာကိုကြည့်လိုက်သည်။ သူ၏အမေပြောခဲ့ဖူးသည့်စကားများပေါ် လာသည်။



လူနှစ်ယောက်အတူနေပါက တစ်ယောက်နှင့်တစ်ယောက်ဂရုစိုက်ရမည်။ 



ရုန်ယီသည် လက်ဆန့်ကာချန်းခယ့်ယောင်၏ခေါင်းအနောက်ကိုပွတ်သပ်လိုက်သည်။



"အိုကေလား"



ချန်းခယ့်ယောင်ကကြည့်ပြီးပြုံးပြလာသည်။



"အခုတော့ပိုကောင်းလာပါပြီ"



"မင်းဒီလိုဇိမ်ကျနေလို့မရဘူး"



ရုန်ယီကဆိုလာသည်။



"ငါ့ပုခုံးပေါ်မှီလိုက်"



ချန်းခယ့်ယောင်က ထ ထိုင်သည်၊ ရုန်ယီကိုမှီလိုက်ပြီးမျက်လုံးများကိုမမှိတ်ခင် သူ၏ကိုယ်အနေအထားကိုပြင်လိုက်သည်။



ရုန်ယီကသူ့အားငုံ့ကြည့်ကာပြန်မှီလိုက်သည်။



ရုန်ယီသည် သူအရပ်ရှည်လွန်းသည်ကိုကျေးဇူးတင်လိုက်သည်၊ ထို့ကြောင့်သာ သူတို့အပြန်အလှန် အံဝင်ခွင်ကျစွာမှီတည်နိုင်ကြခြင်းဖြစ်သည်။



ရောဂါဆေးစစ်ချက်အဖြေမှာ အစာအိမ်အချဉ်ပေါက်ပြီးရောင်ရမ်းခြင်း။



ရုန်ယီသည် ဆရာဝန်ကိုအစာအိမ်ရောင်ရမ်းခြင်းသည်မကြာခင်ကချန်းခယ့်ယောင်၏ အော့အန်ခြင်းနှင့်သက်ဆိုင်ခြင်းရှိမရှိမေးမြန်းကြည့်သည်။ ထိုအကြောင်းကိုကြားရသည့်အခါ ဆရာဝန်ကခေါင်းယမ်း၍ပြောသည်။



"မင်းဝိတ်ချဖို့အန်တာလား၊ အဲဒါကမင်းအစာအိမ်ရောင်တာကိုထိခိုက်စေလိမ့်မယ်"



သွေးသွင်းသည့်အချိန်တွင်လည်း ရုန်ယီသည်ချန်းခယ့်ယောင်ကိုအဖော်လုပ်ပေးသည်။ သွေးသွင်းနေသည့်အလယ် ရုန်ယီသည်သူသန့်စင်ခန်းသွားသည့်အခါ ပုလင်းကိုင်ကာကူညီပေးရပြီး နောက်တစ်ခါအန်သည်ကိုမြင်ရပြန်သည်။ ရုန်ယီသည်ထိုသူ၏အစာအိမ်ကနေမကောင်းသည်လား သို့မဟုတ် ထိုသူကမကောင်းသည့်အရာတစ်ခုခုတွေးမိ၍လားသေချာမသိတော့ပေ။



"ကိုယ့်အစာအိမ်...."



ချန်းခယ့်ယောင်ကမှားနေသည်ကိုခံစားမိသည်။



"ကိုယ်အဲဒီအကြောင်းစဉ်းစားမိလည်းမအန်တော့ပါဘူး၊ ကိုယ်နည်းနည်းမသက်မသာဖြစ်နေရုံပါ၊ ဒါပေမဲ့ ကိုယ်သည်းခံနိုင်တယ်၊ ကိုယ့်ကိုမယုံရင်အခုနမ်းလိုက်လို့ရတယ်"



မည်သို့များ ရုန်ယီကသူ့ကိုနမ်းရဲပါမည်နည်း။ ရုန်ယီသည်ချန်းခယ့်ယောင်ကို ပေါက်ကရအလုပ်များမလုပ်ရန်နှင့်ယုတ္တိမတန်သည့်စကားများမပြောစေတော့ပေ။



ရုန်ယီသည် ချန်းခယ့်ယောင်အစာအိမ်နာနေသည့်အချိန်တွင်သူနှင့်စိမ်းသက်နေသောကြောင့် အပြစ်ကင်းနေသည်ဟုခံစားရသည်။ ဆရာဝန်ကသူတို့အလျင်မလိုလျှင် ကုသနိုင်သည့်အကြောင်းပြောခဲ့သည်။ သို့သော် ချန်းခယ့်ယောင်ကသူနှင့်ဆက်၍ရန်ဖြစ်နေသည်။



"အစာအိမ်ကမဟုတ်ရင် ပြဿနာကြီးပဲ၊ တကယ်နာနေရင်ပြန်ကောင်းလာဖို့ခက်တယ်၊ နာတာရှည်အစာအိမ်အောင့်တာဆိုရင် မင်းပိုခံစားရလိမ့်မယ်"



ရုန်ယီက စောဒကတက်သည်။



"ဒါပေမဲ့ ကိုယ်လည်းမတတ်နိုင်ဘူး"



ချန်းခယ့်ယောင်က ခုံတန်းရှည်အနောက်ကိုမှီနေစဉ်ညည်းတွားနေသည်။



"မင်းကိုယ့်အရှေ့မှာပေါ်မလာရင်ပေါ့၊ အို့!...အဲဒါလည်းအလုပ်မဖြစ်ပါဘူး၊ မင်းပေါ်မလာရင်ကိုယ်မင်းအကြောင်းပိုတွေးမိလိမ့်မယ်"



ရုန်ယီကသူ့ကိုဖျတ်ကနဲလှမ်းကြည့်သည်။



"အနီးကန်းရေ၊ မင်းသာနာတာရှည်ရောဂါဖြစ်ရင် ငါတို့အသက်ကြီးတဲ့အခါမင်းကိုစောင့်ရှောက်ပါ့မယ်"



ထိုစကားကြားရသည့်အခါ ချန်းခယ့်ယောင်ကမျက်လုံးဖွင့်လိုက်သည်၊ရုန်ယီကိုဖြည်းညှင်းစွာကြည့်ကာပြန်လှဲချသည်။



"ကိုယ်တောင်းပန်ပါတယ်"



ပြောပြီးသည့်အခါ မရိုးသားသည့်အတိုင်းတစ်ချိန်လုံးရယ်နေလေ၏။

.......

အိမ်မှမီးဖိုချောင်က သုံးမရတော့သောကြောင့် နေ့လည်စာကိုမှာစားရန်စီစဉ်လိုက်ကြပြီး ညစာကိုအနီးနားမွစားသောက်ဆိုင်တွင်သွားစားကြသည်။ ယခု ချန်းခယ့်ယောင်ကရုတ်တရက်နေမကောင်းဖြစ်လာသည့်အခါ အရာရာတိုင်းကပုံမှန်အတိုင်းရိုးရှင်းနေသည်။



သူ၏မိဘများက ဟိုတယ်ပြန်သွားကြပြီး မနက်ဖြန်တွင်သူတို့ကိုယ်တိုင်လေဆိပ်သွားမှ ချန်းခယ့်ယောင်မှာကောင်းကောင်းအနားယူနိုင်မည့်အကြောင်း မက်ဆေ့ချ်ပို့ကြသည်။ သူတို့သည် ချန်းခယ့်ယောင်အတွက် စာအိတ်နီကိုကော်ဖီစားပွဲတွင်ထားခဲ့သည့်အကြောင်းလည်းပြောခဲ့သည်။ မူလက ညစာစားသည့်အချိန်မှသူတို့၏သားမက်ကိုလက်ဆောင်အဖြစ်ပေးချင်ခဲ့ကြသည်။ ယခုကား ပိုရှင်းသွားပြီ၊ အချို့သောလက်ခံခြင်းနှင့်ငြင်းပယ်ခြင်းပွဲများထံမှ သူတို့ချမ်းသာရာရသွားသည်။၎င်းကငွေများမဟုတ်ဘဲ သူတို့၏ရင်တွင်းခံစားချက်များပင်။



သူချန်းခယ့်ယောင်ကိုအခန်းအတွင်းသို့ပြန်ခေါ်လာပြီး ကော်ဖီစားပွဲပေါ်သို့ကြည့်လိုက်သည်၊ ထိုနေရာတွင် ထူထဲသည့်ပိုက်ဆံအထပ်လိုက်ရှိနေသည်။



သူ၎င်းစာအိတ်နီကိုချန်းခယ့်ယောင်အခန်းအတွင်းသို့ ယူသွားပြီးအနှီသူကိုပေးလိုက်သည်။



"ဒီမှာ၊ မင်းအတွက်"



ချန်းခယ့်ယောင် ကြောင်တောင်တောင်ဖြစ်သွားသည်။



"ဘာအတွက်လဲ"



"ငါ့ကိုအပိုင်ပေးလို့"



"အခန်းငှါးခလား"



ချန်းခယ့်ယောင်ကပြောပြီး ရုတ်တရက်ရယ်သည်။



"လွန်ခဲ့တဲ့ရက်က ကိုယ့်ကိုအေးဂျင့်ကအိမ်အငှါးချထားတဲ့ရက်ကကုန်ခါနီးပြီမလို့ ကိုယ်တို့အားရင်စာချုပ်အသစ်ပြန်ချုပ်ဖို့ဖုန်းဆက်တယ်"



"အာ?"



ချန်းခယ့်ယောင်ကပျော်နေပုံမရ။



"ကိုယ်ကအဲဒီလိုလုပ်ဖို့မလိုဘူး၊ ကိုယ်တို့ကသိပ်မကြာခင်လက်ထပ်တော့မှာလို့ပြောလိုက်တယ်"



"....."



ရုန်ယီသည် ထိုအချိန်က အေးဂျင့်၏အံ့ဩနေသည့်မျက်နှာကိုမြင်ယောင်ကြည့်လိုက်သည်။



သို့သော် 'သိပ်မကြာခင်' ဟုပြောခဲ့သည်၊ 'မကြာခင်' ဆိုသည်မှာဘယ်အချိန်မှရောက်လာခဲ့သနည်း။



ဤလူက သေချာအောင်တွေးရန်အချိန်ထပ်ယူမည့်သဘောဖြင့်ပြောလိုက်ခြင်းမဟုတ်ပါလား။



"ငါ့မိဘတွေဆီကပါ"



ပြောပြီးနောက် ရုန်ယီသည်လှည့်ကာအခန်းအပြင်သို့ထွက်သွားသည်။



"မင်းဆေးသောက်ပြီး ခဏနားနေလိုက်၊ ငါလျှပ်စစ်ပေါင်းအိုးသွားရှာပြီးဆန်ပြုတ်နည်းနည်းလုပ်လိုက်မယ်"



မီးဖိုချောင်တံခါးနားရောက်မှ ချန်းခယ့်ယောင်အနောက်မှလိုက်လာသည်ကိုသိလိုက်ရသည်။



"မင်းဘာလုပ်တာလဲ"



ရုန်ယီသည်မှုန်ကုပ်ကုပ်ဖြင့်။



"ပြန်သွားပြီးလှဲနေလိုက်"



"ဆေးရှိပေမဲ့ရေမရှိဘူးလေ"



ချန်းခယ့်ယောင်ကဖြေရှင်းချက်ပေးသည်။



ရုန်ယီသည် ဟိုဟိုသည်သည်ကြည့်ကာစားပွဲကိုလက်ညိုးထိုးပြ၏။



"အဲဒီမှာ"



သူ၏မိဘများသည် ပြန်ကြသည့်အချိန်တွင်အမှိုက်များယူသွားကြပြီးစားပွဲကိုမရှင်းခဲ့ကြ။ စားပွဲပေါ်တွင်လက်ဖက်ရည်ခွက်များရှိနေဆဲဖြစ်ပြီးချန်းခယ့်ယောင်ခွက်လည်းပါသည်။ ရုန်ယီသည်အမြန်သွား၍ချန်းခယ့်ယောင်ခွက်ကိုကောက်ကိုင်သည်၊ ဆေးပြားများနှင့်ချန်းခယ့်ယောင်ကိုမပေးခင် ရေယူရန်ရေသန့်စင်စက်အနားသွားသည်။



ချန်းခယ့်ယောင်သည်ဆေးနှင့်ရေကိုယူကာ ခေါင်းကိုဖြည်းဖြည်းချင်းယမ်းသည်။



"ရေရဲ့အရသာကထူးဆန်းနေလို့"



ရုန်ယီသည် အင်တိုက်အားတိုက်ဖြင့် ခွက်ကိုနမ်းကြည့်ကာစိတ်လောသွားသည်။



သူ၏အေဖ လူအိုကြီးရုန်သည်အစားစားပြီးနေ့တိုင်းအချိန်တိုင်း ဝိုင်သောက်တတ်သည်မှအပ အခြားဝါသနာမရှိသလောက်ပင်။ သွားလေရာတိုင်း သူနှင့်တူဝိုင်ဖြူတစ်လုံးကိုပါသယ်သွားတတ်သည်။ မူလ၌ လေယာဉ်ကြောင့် သူနှင့်အတူမည်သည့်ပစ္စည်းမှယူလာတတ်ခြင်းမရှိ၊ သို့ထိတိုင် ရုန်ယီသည် လွန်ခဲ့သောရက်အနည်းငယ်ကချန်းခယ့်ယောင်သည် သူ၏အဖေအတွက် မြောင်ထိုက်နှစ်ပုလင်းဝယ်လာခဲ့သည်ဟုကြားခဲ့ရသည်။ ရုန်ယီ၏အမေသည်ချန်းခယ့်ယောင်အား ရုန်ယီ၏အဖေသယ်ရလွယ်စေရန် ဂျားငယ်လေးအချို့ဝယ်လာသည့်အတွက် စဉ်းစားတတ်သည့်အကြောင်းချီးကျုးနေခဲ့သေးသည်။



ဆေးရုံသွားသည့်လမ်းတွင် ရုန်ယီသည်သူ၏မိဘများကိုနေ့လည်စာအတွက်ဝယ်သွားရန်မှာနေခဲ့သေးသည်။ သူ၏အဖေကစားသောက်နေစဉ် သောက်စရာတစ်ခုခုထည့်နေခဲ့သည်။ သူ၏ခွက်ကိုချန်းခယ့်ယောင်ခွက်နှင့်မှားကာ ဝိုင်ဖြူကိုကုန်အောင်မသောက်သွားခဲ့ခြင်းဖြစ်နိုင်သည်။ 



"အဆင်ပြေရဲ့လား၊ မင်းရဲ့အစာအိမ်ကဘယ်လိုလဲ"



ချန်းခယ့်ယောင်မည်မျှသောက်နိုင်သည်က ကိစ္စမရှိ။ ဆရာဝန်ကယခုလေးတင် ချန်းခယ့်ယောင်၏အစားအသောက်များကပေါ့ပေါ့ပါးပါးဖြစ်ရမည်ဟုမှာထားသည်။ ချန်းခယ့်ယောင်မည်မျှသောက်လိုက်မှန်း ရုန်ယီလည်းမသိပေ။ သူ၏အစာအိမ်နာလာလျှင်ဒုက္ခများလိမ့်မည်။ ကံကောင်း၍ ခွက်ထဲတွင်အနည်းငယ်ကျန်နေသေးသည်။ သည့်အပြင် ချန်းခယ့်ယောင်ပါးစပ်အပြည့်မသောက်ခင် ရေရောထားသောကြောင့်ပမာဏသေးငယ်လောက်သည်။



"ရပါတယ်"



ချန်းခယ့်ယောင်ကတည်ငြိမ်နေသည်။



"ကိုယ့်အစာအိမ်ကနွေးနေတယ်၊ အဆင်တော့မပြေဘူး"



ရုန်ယီကစိတ်ပူနေသည်။ သူခေတ္တတုန့်ဆိုင်းနေပြီး ချန်းခယ့်ယောင်အခန်းကိုလက်ညိုးထိုးပြသည်။



"မင်းအခန်းကိုအရင်ပြန်တာကောင်းမယ်...မင်းအဆင်မပြေရင်ငါ့ကိုခေါ်လိုက်၊ မှတ်မိလား"



"အိုကေ"



ချန်းခယ့်ယောင်ကခေါင်းညိတ်ပြသည်။



"ကိုယ်နေ့လည်ကျရင်အိပ်မှာ၊ မင်းဝင်မလာခဲ့နဲ့"


.......


စာရေးသူ၏မှတ်စုတို



အိမ်ငှါးအေးဂျင့်: .....