အပိုင်း ၇၂
Viewers 14k


Chapter 72 ⚠️🚨⚠️
 မင်းရဲ့ယောကျ်ားကနောက်တစ်ခါမာလာပြန်ပြီ...



ရုန်ယီသည် ချန်းခယ့်ယောင်သာအရှိန်အနည်းငယ်လျှော့လိုက်လျှင်စုတ်ပြဲသွားတော့မည့် အဆိုပါနေရာကကျင့်သားရသွားနိုင်သည်ဟုထင်ခဲ့သည်။

သို့သော် ယခုလေးတင်မေးခွန်းထုတ်လိုက်သည့်သူ၏အယ်လ်ဖာမှာအရှိန်လျှော့ပေးရန် ရည်ရွယ်ချက်မရှိပုံပင်။

စပ်ယှက်နေစဉ်အတွင်း ကိုယ်တွင်းမှအစဉ်မပြတ်ထွက်လာသည့်ချောကျိသောအရည်များသည် အရှိန်အဟုန်ပြင်းစွာဖြင့်ထွက်လာရန်ဖိအားပေးခံနေရပြီး ရုန်ယီ၏အရေပြားတစ်လျှောက်စီးကျနေသည်။

အနည်းငယ်ယားယံသည်။ သို့ထိတိုင် ရုန်ယီမှာ၎င်းကိုဂရုစိုက်ရန်အချိန်မရှိ။သူမသက်မသာဖြစ်နေသည်။ ချန်းခယ့်ယောင်၏အညှာအတာမဲ့ကာ
ပရမ်းပတာထိုးသွင်းမှုများက ရုန်ယီ၏တစ်ကိုယ်လုံးအားဖျက်ဆီးနေသယောင်ခံစားရစေပြီး သူတို့၏ချိတ်ဆက်ထားသည့်အောက်ပိုင်းနေရာက နှိုင်းယှဉ်စရာမရှိအောင်ထူးဆန်းနေသည်။

သို့ထိတိုင် သူသည်အလွန်အမင်းအဆင်ပြေနေသလိုလည်းခံစားရ၏။

ရုန်ယီသည် အိပ်ရာထက်တွင်စိတ်ကျေနပ်မှုများကိုတစ်စုတစည်းတည်းခံစားရသည့်နှယ်လဲလျောင်းနေကာ ချန်းခယ့်ယောင်၏လှုပ်ရှားမှုတိုင်းတွင်စီးမြောနေပြီး သူ၏အယ်လ်ဖာကိုကြည့်ရန်မျက်လုံးများကိုကြိုးစားဖွင့်ထားရသည်။

ချန်းခယ့်ယောင်ကား မျက်မှောင်ကုပ်ထားဆဲ။ သူ၏မျက်နှာထက်တွင်ထူးဆန်းသည့်ဆန္ဒများက အတိုင်းသားရှိနေပြီး ၎င်းကသူ၏ပုံမှန် ညင်သာ၍ဖော်ရွေတတ်သည့်ပုံစံနှင့်ကွဲလွဲနေသည်။

ရုန်ယီသည် အရာအားလုံးကသူ့ကြောင့်ဟူ၍သာတွေးမိလေသည်။

"ငါချစ်တဲ့သူနဲ့အတူရှိနေရပြီ"

ဤအရာကို နမ်းရှုံ့ခြင်းထက်ပို၍ယစ်မူးခဲ့သည်။ ၎င်းကသူ၏ဘဝတွင်အပျော်ရွှင်ရဆုံးလုပ်ရပ်တစ်ခုပင်။

ပထမဆုံးအကြိမ်မှာ အလွန်အမင်းလျှင်မြန်စွာဖြင့်အဆုံးသတ်သွား၏၊

သို့ဖြစ်၍ ရုန်ယီသည် ချန်းခယ့်ယောင်နောက်ဆုံးအကြိမ်ဖြေရှင်းခဲ့သည်က အတော်လေးကြာခဲ့လောက်ပြီဟုသံသယရှိသည်။

ကံကောင်းစွာဖြင့် ရုန်ယီတွင်အလိုက်အထိုက်နေရန်အချိန်ရှိသည်။

အားကောင်းသည့်ရုပ်ပိုင်းဆိုင်ရာဝမ်းမြောက်မှုနှင့် စိတ်ပိုင်းဆိုင်ရာကျေနပ်အားရမှုများက သူ၏သက်သောင့်သက်သာမဖြစ်မှုများကိုမှေးမှိန်
သွားစေခဲ့၏။ ချန်းခယ့်ယောင်ကသူ့ကိုယ်တွင်းမှ ဆွဲထုတ်သွားသည့်အခါ ရုန်ယီသည်သူ၏အစိတ်အပိုင်းကပါ ၎င်းနှင့်အတူပါသွားသည်ဟုပင်အထင်မှားသွားခဲ့သည်။

ထိုနေရာက စကားနှင့်ပင်ဖော်ပြမရနိုင်အောင်နူးညံ့၍နာကျင်နေသည်။တစ်ချိန်တည်းမှာပင် သူသက်သောင့်သက်သာလည်းဖြစ်နေသည်။ သူငြိမ်သက်စွာလှဲလျောင်းနေရင်း ပင့်သက်ရှိုက်ကာလုံးဝမလှုပ်ရှားချင်တော့ပေ။ ထို့နောက် ဆန္ဒအရှိဆုံးအခိုက်အတန့်လေးမှာပင် သူ၏အယ်လ်ဖာကနောက်တစ်ကြိမ်အနားကပ်လာပြီး သူ့ကိုအစပျိုးနမ်းလာသည်။

ရမ္မက်ဇောသန်သည့်အနမ်းက ရုန်ယီ အနားယူရန်မျှော်လင့်နေဆဲထိုနေရာကိုနောက်တစ်ကြိမ်မထိုးသွင်းခင်အထိ ဆက်ရှိနေသည်။

ရုန်ယီမှာငိုယိုပြီးခေါင်းကိုခါယမ်းလိုက်သော်လည်း ကံခေစွာဖြင့် သူ၏အဖော်ကသဘောမတူပါချေ။

သူ၏ခန္ဓာကိုယ်ကလည်း သူ၏ဆန္ဒကိုဆန့်ကျင်နေပြီး ချန်းခယ့်ယောင်၏နောက်တစ်ကြိမ်ဝင်ရောက်လာမှုကိုပျော်ပျော်ကြီးလက်ခံနေသည်။

ထို့ကြောင့် သူသည်ပျော်ရွှင်စွာစတင်နိုင်ရန်လက်ခံလိုက်ရ၏။

ချန်းခယ့်ယောင်သည်စပ်ယှက်နေစဉ် ရုန်ယီ၏ခံစားချက်ကိုမေးမြန်းနေခဲ့သည်။

သူက "မင်းအဆင်ပြေရဲ့လား" ဟုမေးသည်။ ရုန်ယီက ငိုယိုနေလျက်ခေါင်းညိတ်သည်။ သို့ဖြစ်၍ ချန်းခယ့်ယောင်က "မင်းကိုယ့်ကိုရပ်လိုက်စေချင်လား" ဟုထပ်မေးပြန်သည်။

ရုန်ယီက ပို၍ပင်အော်တော့သည်။

"မင်းကအရမ်းအာရုံနောက်အောင်လုပ်တာပဲ၊ လုပ်မှာဖြင့်လုပ်စမ်းပါ"

ချန်းခယ့်ယောင်သည် ရုန်ယီ၏နှုတ်ခမ်းထောင့်ကိုနမ်းရှုံ့လိုက်သည်။

"ကိုယ်မင်းကိုအမှတ်အသားလုပ်လိုက်ရမလား"

.........

ရုန်ယီသည်နိုးထလာပြီးနောက် အချိန်အတန်ကြာစိတ်နှင့်လူမကပ်ဖြစ်နေသည်။

အခန်းထဲတွင်အလင်းရောင်မရှိဘဲ မည်းမှောင်နေ၏။ သူ လတ်တလောအချိန်ကိုမပြောနိုင်။ သူ့ခန္ဓာကိုယ်ကိုဂရုတစိုက်လှုပ်ရှားပြီး အိပ်ရာဘေးမှစားပွဲတင်မီးအိမ်ကိုဖွင့်ချင်သော်ငြား သူ၏ကိုယ်
ကတမဟုတ်ချင်းဆန့်ကျင်လာသည်။

သူ၏နံရိုးများကတစစီကျိုးကုန်ပြီထင်သည်။

နာကျင်မှုကိုသက်သာရန် အသက်အားအကြိမ်ကြိမ်ရှူသွင်းရှူထုတ်လုပ်ပြီးနောက် သူ၏ဘေးတွင်နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေဆဲအယ်လ်ဖာကိုလှည့်ကြည့်လိုက်သည်။

သူ့နည်းတူ ချန်းခယ့်ယောင်လည်းအဝတ်ကပ်မနေပေ။ သူ၏ကျောပေါ်တွင်သာစောင်ကိုဖုံးထားပြီး သူ၏ပုခုံးသားနေရာအများစုကပေါ်နေ၏။

ရုန်ယီသည် အနှီသူကိုစောင်အတွင်းသို့ထိုးထည့်ချင်သည့်တိုင် အားအလွန်အကျွံမသုံးလိုက်ရပေ။

ရုန်ယီသည် အမှောင်ချထားသောအခန်းအတွင်းတွင်တိတ်တိတ်လေးသက်ပြင်းချလိုက်သည်၊ နှစ်ခြိုက်စွာအိပ်ပျော်နေသည့်ချန်းခယ့်ယောင်ကိုကြည့်ကာ ရုတ်တရက်ရယ်မိသည်။

ယခုအမှန်တကယ်ပင် သည်လူကသူ၏အယ်လ်ဖာဖြစ်သွားခဲ့ပြီ။

သူ၏ကိုယ်ကအနှီသူ၏အမှတ်အသားပြုလုပ်ခြင်းကိုခံလိုက်ရပြီး ယခုမှစ၍ သူသည်ဤလောကတခွင်အနှီသူ၏အထူးပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာလေပြီ။ 

သူသည် ချန်းခယ့်ယောင်က ပရိုမုန်းကြောင့်ဆန္ဒဖြစ်လာခြင်းများ၊ ဆန္ဒကြောင့်ဖြစ်ပေါ်လာသည့်ထိတွေ့မှုများနှင့် စပ်ယှက်မှုအတွင်းစိတ်လွတ်ပြီး အမှတ်အသားပြုမိခြင်းတို့ကို အင်မတန်ရွံရှာမှန်းသူသိသည်။ ချန်းခယ့်ယောင်၏ပွင့်လင်းမှုများက ဤလောကတွင်အဆိုးရွားဆုံးအရာများဖြစ်လာစေပြီး ပါဝင်ပတ်သတ်နေသည့်သူများကိုအဆုံးမရှိခံစားရစေလိမ့်မည်။

ထို့ကြောင့် သူ၏စာအုပ်များတွင်ပင် ဒုတိယလိင်အမျိုးအစားမပါဘဲဖန်တီးခဲ့သည်။ ၎င်းကမ္ဘာတွင် ယောကျ်ားအချင်းချင်းချစ်ကြိုက်မှုသည်ထိတ်လန့်ဖွယ်ကောင်းအောင်ခက်ခဲပေသည်၊ သို့သော် သူ့အတွက်မူမျိုးရိုးဗီဇကြောင့်ပြန်ပေးဆွဲခံရသူများထက် ပိုပျော်ရွှင်စေသည်။

ချန်းခယ့်ယောင်ကသူ၏နှလုံးသားအတွင်းတွင်ရှိနေချင်ရုံပင်။သို့သော် အနှီခေါင်းမာလှသည့်အယ်လ်ဖာကသူ့ကိုအနိုင်ယူသွားသည်။
ပင်ကိုယ်အားဖြင့် လောကကြီးတွင်တိကျသေချာသည့်အရာဟူ၍မရှိ။ချစ်ခြင်းမေတ္တာသည် မွေးရာပါဗီဇအရဖြစ်လာသည့်ပရိုမုန်းများထက်ပို၍ အကျိုးအကြောင်းမသင့်ပေ။ နက်ရှိုင်းစွာပါဝင်နေသူကို ရံှုးနိမ့်မှုအားမဖြစ်မနေလက်ခံစေခြင်းက လူများကိုထင်ရာစိုင်း၍ဘဝင်မြင့်စေ၏။

ချန်းခယ့်ယောင်နိုးထလာသည့်အချိန် ဖြစ်ပျက်ခဲ့သည့်အရာများအတွက်ပျော်ရွှင်လိမ့်မည်ဟုသူထင်ခဲ့သည်။ ၎င်းအပြင် ရုန်ယီအတွက်ဖြစ်ပေါ်လာခဲ့သည့်ဆန္ဒများက ပရိုမုန်းများကြောင့်မဟုတ်ပေ။ ရုန်ယီအတွက်ဖြစ်လာခဲ့သည့် ဆန္ဒများကြောင့်သာ သူ၏ပရိုမုန်းများထံမှလွတ်ထွက်သွားခဲ့ခြင်း။

ရုန်ယီသည် ချန်းခယ့်ယောင်၏ပါးအနီးသို့ကပ်သွားပြီးသတိထားကာနမ်းလိုက်သည်။ တုံ့ပြန်မှုမလာသည့်အခါ သူသတ္တိမွေးကာချန်းခယ့်ယောင်၏နားအတွင်းသို့ ချန်းခယ့်ယောင်အားကြားစေချင်သည့်စကားများကိုပြောလိုက်သည်။

ပြောပြီးသည့်နောက် သူရှက်သွားသည့်တိုင်ထူးခြားစွာပျော်နေမိသည်။

သူခေတ္တခန့်ပျော်နေပြီးနောက် ချန်းခယ့်ယောင်လှုပ်ရှားလာသည်။ သူမျက်လုံးမဖွင့်ခဲ့သော်ငြား နောက်တဖန်ပြန်မအိပ်သွားခင်လက်မြှောက်ကာ ရုန်ယီကိုသူ၏လက်မောင်းကြားသို့ဆွဲသွင်းလိုက်သေးသည်။

မလှုပ်နိုင်တော့သည့်ရုန်ယီမှာ ရယ်ရမည်လား၊ ငိုရမည်လားမသိတော့။

ထို့နောက် သူသည်ချန်းခယ့်ယောင်နိုးလာလျှင် ဘယ်သောအခါမှမေ့မသွားစေရန်ကျိတ်ဆုတောင်းနေလေသည်။


ချန်းခယ့်ယောင် မှတ်မိနေခဲ့သည်။

အနှီသူသည်သူ၏ဗိုက်ပေါ်တွင်လှဲနေပြီး ခေါင်းပေါ်တွင်ခေါင်းအုံးထားကာ ကြည့်ရန်ငြင်းဆန်နေသည်။သို့ထိတိုင် တပြိုင်တည်းပင်သူသည်လက်ကိုဖယ်ကာရုန်ယီကိုတင်းကြပ်စွာဖက်ထားခဲ့သည်။

"ရှက်စရာမဟုတ်ပါဘူး၊ ငါ့ရှေ့မှာရှက်နေလို့ရောဘာဖြစ်သွားမှာလဲ"

ရုန်ယီ သူ့ကိုနှစ်သိမ့်ပေးလိုက်သည်။

"ငါကမင်းလိုမဟုတ်ဘူး၊ မင်းရဲ့ရည်းစားစာကိုခဏခဏဖတ်ပြပြီးရယ်နေမှာမဟုတ်ဘူး"

"မင်းအခုပြောပြီးကိုယ့်ကိုရယ်နေတာပဲမဟုတ်ဘူးလား"

ချန်းခယ့်ယောင်သည်ခေါင်းအုံးအောက်တွင် ကုန်းအော်နေသည်။

"......"

ရုန်ယီကနှုတ်ခမ်းကိုသပ်၍ ခေါင်းအုံးအနားသို့ကပ်သွားပြီး ခေါင်းအုံးအောက်မှကုလားအုတ်ကိုတိုးတိုးလေးပြောလိုက်သည်။

"မင်းမူးနေတုန်းက ငါ့ကိုဘေဘီလို့ခေါ်ခဲ့တာမှတ်မိလား"

ခေါင်းအုံးအောက်ရှိလူမှာ တိတ်ဆိတ်နေဆဲ။

ရုန်ယီမှာပို၍ကျေနပ်သွားသည်။ သူခေါင်းအုံးတဝက်ကို မ ကာ သူ၏ခေါင်းကိုခေါင်းအုံးအောက်မှ ချန်းခယ့်ယောင်၏ခေါင်းအနားထိတိုးလိုက်ပြီးတိုးတိမ်သည့်လေသံဖြင့်ဆိုသည်။

"မင်းငါ့ကိုအခုထိ 'ယောကျ်ား' လို့ခေါ်စေချင်သေးလား"

ချန်းခယ့်ယောင်သည် ပုံမှန်မဟုတ်ဘဲလှုပ်ရှားလာသည်။

"အာ...ငါခေါ်ခဲ့ပြီးပြီပဲ"

သူ၏စိတ်အခြေအနေကဆန်းကြယ်နေသယောင်ပင်။ မနေ့ကချန်းခယ့်ယောင်ပွင့်လင်းနေချိန် သူရှက်နေခဲ့သည်။ ယခု ချန်းခယ့်ယောင်ကရှက်လွန်း၍ သူ့ကိုယ်သူမြုပ်ရန်တွင်းတူးချင်နေသည့်အချိန် သူမျှော်လင့်မထားဘဲ ရုတ်တရက်ပွင့်လင်းလာသည်။

"ယောကျ်ား"

သူချန်းခယ့်ယောင်နားသို့ကပ်ကာ

"မွှေးမွှေးပေး"

ချန်းခယ့်ယောင်ကလှည့်လာကာ သူ့အားတစ်ကြိမ်ထက်မနည်းနမ်းခဲ့သည်။

ချန်းခယ့်ယောင်၏အောက်တွင်နောက်တစ်ကြိမ်ဖိခံခဲ့ပြီးနောက် ရုန်ယီသည် မသိစိတ်မှသတိပေးချက်ရလာသည်။ အယ်လ်ကိုဟော၏ထုံထိုင်းစေမည့်သက်ရောက်မှုမပါဘဲ ချန်းခယ့်ယောင်နောက်တစ်ကြိမ်မသက်မသာဖြစ်လာလိမ့်မည်။ လုံးဝမေ့သွားပြီဖြစ်သောချန်းခယ့်ယောင်သည် ပြန်မှတ်မိရန်ကြိုးစားပြီးသတိရလာသည့်အခါ မသက်မသာဖြစ်လာမည်ကိုစိုးရိမ်မိသည်။ ၎င်းအပြင် နောက်တစ်ခါထပ်ဖြစ်လာခဲ့လျှင် သူ၏ခန္ဓာကိုယ်ကအဆိုပါပမာဏကို ပြန်ကုစားရန်အချိန်မရှိတော့ဟုခံစားရသည်။

ကံခေသည်မှာ အနှီအယ်လ်ဖာကသူပြောသည်ကိုလက်မခံပေ။

"မင်းယောကျ်ားကထပ်မာလာပြန်ပြီ"

သူသည်ရုန်ယီ၏နားအတွင်းသို့ပြောဆိုနေလျက် ရုန်ယီ၏အဆိုပါနေရာကိုတမင်တကာထိတွေ့လာသည်။

"မင်းဘာလုပ်မလဲ"



.xxxxxxx