Chapter 85 [Final chapter of Extra]
မိုးကြိုးလေး၊ လျှပ်စီးလေး၊ ကျိုးလီ-2
"အဲဒီရူးကြောင်ကြောင်အပြုံးကဘာအတွက်လဲ"
ကျိုးလီသည်ဓာတ်လှေကားထဲတွင် မှုန်ကုပ်ကုပ်ဖြင့်သူ့ကိုကြည့်နေသည်။
လျိုယွမ်သည်ခေါင်းယမ်းငြင်းပြီး ရုတ်ချည်းသူတစ်ခုခုကိုတွေးမိသွားသည်:
"မင်းကိုယ့်သူငယ်ချင်းနှစ်ယောက်ကိုတွေ့တဲ့အချိန်ကျရင် ကျေးဇူးပြုပြီးကိုယ့်ကိုသနားသောအားဖြင့်ကောင်းကောင်းဆက်ဆံပေးပါကွာ"
ကျိုးလီကသူ့အားရှုပ်ထွေးသည့်အကြည့်ဖြင့်ကြည့်သည်။
"မဟုတ်ရင် သူတို့ကကိုယ့်ကိုရယ်ကြမှာ..မင်းကိုယ့်ကိုနည်းနည်းလေးတော့ နွေးနွေးထွေးထွေးဆက်ဆံပေးဖို့လိုမယ်"
ကျိုးလီကအဝေးကိုလှမ်းကြည့်ကာ: "ဘာကြီးလဲဟ"
ဆိုလိုသည်မှာ ယောကျ်ားသားနှစ်ယောက်တို့သည်တံခါးနားရောက်သည်နှင့် သူသည်လျိုယွမ်၏အနားသို့ခြေလှမ်းတစ်ဝက်ခန့်ကပ်လိုက်ပြီးလက်မောင်းအားလှမ်းကိုင်လိုက်သည်။
သူသည်လူကပ်တတ်သောချစ်စဖွယ်ပါတနာတစ်ယောက်နှင့် အတော်အတန်ဆင်တူသည်။
တံခါးကိုဖွင့်လာသူမှာချန်းခယ့်ယောင်။
သူသည် လူနှစ်ယောက်ကိုအိမ်ထဲသို့ဖိတ်ခေါ်ပြီး ဗိုက်ဆာနေလျှင်အဆာပြေမုန့်စားနိုင်ကြောင်းပြောနေသည်။
လျိုယွမ်နှင့်ကျိုးလီတို့သည် ဧည့်ခန်းထဲလျှောက်ဝင်လာပြီးသူတို့သည်နောက်ဆုံးရောက်လာခဲ့ကြသူများဖြစ်နေခဲ့သည်။ အခြားယောကျ်ားသားနှစ်ယောက်တို့မှာ ပန်းကန်လုံးလေးများတစ်ယောက်တစ်လုံးစီကိုင်ထားကြလျက် သူတို့ချစ်သူများနှင့်စားပွဲကိုဝိုင်းထိုင်နေကြသည်။
"ရုန်ယီက ပုစွန်ဖက်ထုပ်လေးတွေလုပ်ထားတယ်၊ အရမ်းစားလို့ကောင်းတာ၊ မင်းတို့အတွက်ရောယူပေးရမလား"
ရုန်ယီသည် အမှန်တကယ်ကိုဇနီးကောင်းတစ်ယောက်ပင်။
လျိုယွမ်သည် အနှီသူချက်ကျွေးသည်ကိုတစ်ကြိမ်စားခဲ့ဖူး၍ အလုံအလောက်ကံကောင်းနေပြီ။ ၎င်းတို့ကအင်မတန်ကောင်းမွန်ပြီး အရောင်ရောအရသာပါကောင်းသည်။ ထိုနေ့က သူစိတ်မကြည်မလင်ဖြစ်ခဲ့သော်ငြား ထိုအရသာကိုမမေ့ထားနိုင်ပေ။
ယနေ့၏ ပုစွန်ဖက်ထုပ်မှာလည်းပြီးပြည့်စုံသည်။ ဖက်ထုပ်၏ဘေးသားများကအထဲကိုဖောက်မြင်ရလောက်အောင်ပါးလွှာသည့်တိုင် စေးကပ်ကပ်ဖြစ်မနေပေ။ အထဲမှအဆာသွပ်ထားသည်မှာအရသာကောင်းပြီးနူးညံ့ကာ ပုစွန်မှာလည်းအရသာရှိ၍ဝါးလို့ကောင်းသည်။ ၎င်းတို့ကို ခရမ်းရောင်ရေညှိနှင့် စွပ်ပြုတ်ထဲမှမွှေထည့်ထားသောကြက်ဥဖတ်လေးများဖြင့် တွဲဖက်စားကြည့်ပါကအရသာမှာ ပို၍ပင်အံ့ဩစရာကောင်းသွားသေးသည်။
လျိုယွမ်သည် တစ်ကြိမ်တည်းနှင့်ပန်းကန်နှစ်လုံးစာစားပြီးသွားကာ ထပ်စားချင်သေးသည့်တိုင် စိတ်လျှော့လိုက်၏။
"ရုန်ယီကဒီနေ့ညအတွက် ဟင်းတွေအများကြီးပြင်ထားတာ"
ချန်းခယ့်ယောင်ကသူ့အားအထင်သေးသည့်အကြည့်ဖြင့် "မင်းမလာခင်ကနေ့လည်စာ မစားခဲ့ဘူးလား"
"မစားခဲ့ဘူး"
လျိုယွမ်က အားနာစိတ်တစ်စက်ပင်မရှိဘဲ "တစ်ယောက်ယောက်ကငါ့ကိုညစာဖိတ်ကျွေးပြီဆိုရင် ဗိုက်ကိုဟောင်းလောင်းထားနေကျ"
"အရှက်ကိုမရှိဘူး"
ချန်းခယ့်ယောင်က ကျိုးလီဘက်ကိုကြည့်သည့်အခါတွင်ပြုံးလေသည်။
"မင်းသူ့ကိုသေချာလေးထိန်းချုပ်ထားဖို့လိုတယ်နော်"
ကျိုးလီကတောင့်တင်းသွားပြီး စကားမပြောဘဲမျက်နှာကနီမြန်းသွားလေသည်။
အတန်းဖော်ဟောင်းများက တွေ့ဆုံနိုင်ရန်ရှားပါးသည်ဖြစ်ရာ လေထုကသဘာဝတကျနှင့်နွေးထွေးပြီးပျော်စရာကောင်းနေသည်။
ချန်းခယ့်ယောင်မှလွဲကာ ကျန်သူများကကျိုးလီကိုပထမဆုံးတွေးဖူးကြ၍သူ့အားအသုံးချကာ လျိုယွမ်ကိုစနောက်ရန်မခက်ခဲလှချေ။
ဦးဆောင်သူက ကျိုးလီကိုမေးသည်။
"တက္ကသိုလ်မှာတုန်းက ဒီကောင်ကဘာလဲမင်းသိချင်လား"
ကျိုးလီကလျိုယွမ်ကိုတစ်ချက်ခန့်ကြည့်ကာ သတိကြီးကြီးထား၍ခေါင်းညိတ်ပြသည်။
လျိုယွမ်မှာ အပြင်းအထန်ထိတ်လန့်သွားသည်။ သူသည်အနှီအသည်းနှလုံးမရှိသူနှစ်ယောက်ကိုကြောက်သည်၊ တမင်တကာ မွှေတတ်သူနှစ်ယောက်က သူ၏ရှုပ်ထွေးသောမျက်နှာပေးအတွေ့အကြုံကို ပြောပြကြတော့မည်ဖြစ်၍ သူစကားခေါင်းစဉ်ကိုပြောင်းရန်ကြိုးစားသည်။
"ဟေး...ဒီနေ့ဘာလို့ရုန်ယီကိုမတွေ့ရတာလဲ၊ သူဘယ်မှာလဲ"
သူကျိုးလီကိုပြောလိုက်သည်။
"သူ့ကိုသွားကြည့်ပါလား"
ရုန်ယီကား ကျိန်းသေမီးဖိုချောင်ထဲတွင်အလုပ်များနေရှာသည်။
သို့သော် ကျိုးလီသည်ရုန်ယီကိုသွားတွေ့ရန် စိတ်မပါတော့သည်ကရှားပါးဖြစ်စဉ်ပင်၊ လက်ရှိတွင် သူသည် လျိုယွမ်၏အတွေ့အကြုံများကိုတကယ်ကြီးစိတ်ဝင်စားနေပုံရသည်။
၎င်းကိုတွေ့သည့်အခါ ဦးဆောင်သူသည်ထူးဆန်းစွာပြုံးပြီး ကျိုးလီကိုမေးသည်။
"ငါတို့ရဲ့ရှောင်ယွမ်ကမင်းကိုဆက်ဆံတာဘယ်လိုနေလဲ၊ ကောင်းကောင်းဆက်ဆံရဲ့လား"
ကျိုးလီက ထိန်းထိန်းသိမ်းသိမ်းဖြေသည်။
"ကောင်းပါတယ်"
လျိုယွမ်က ဤနေရာအထိအလာလမ်းတွင်ပြောခဲ့သည်ကိုတွေးမိသွား၍လည်းဖြစ်နိုင်သည်၊ သူ့ကိုယ်သူအမြန်ဆုံးနည်းဖြင့် အမှန်ပြင်လိုက်သည်။
"အရမ်းကောင်းပါတယ်"
လျိုယွမ်ခမျာ ထိရှလွယ်နေသည်၊ အနှီအောက်တန်းစားနှစ်ကောင်ကသူ၏ "ဘာမှမကျန်တော့အောင်လျက်ပစ်တယ်" ဆိုသည့်ဇာတ်လမ်းကို ချက်ချင်းပြောလိုက်မည်ကိုစိုးရိမ်နေသည်။
သူသည်ကျိုးလီ စိတ်အနှောင့်အယှက်ဖြစ်သွားမည်ကိုကြောက်သည်၊သို့ထိတိုင် အရေးမစိုက်မည်ကိုလည်းကြောက်သည်။
ဤအခြေအနေကိုရှောင်ရှားနိုင်ရန် မတတ်သာသည့်အဆုံး သူ့ကိုယ်သူဖျက်ဆီးခြင်းဖြေရှင်းနည်းကိုအားကိုးရတော့၏။
"ဘယ်သူ့မှာစီးကရက်ရှိလဲ"
သူ ပြောပြီးပြီးချင်း ကျိုးလီကမျက်မှောင်ကြုတ်လိုက်သည်။
လျိုယွမ်သည် တက္ကသိုလ်တည်းတွင်ကဆေးလိပ်သောက်တတ်ပြီး လုပ်ငန်းတွင်အလုပ်များနေစဉ်ဆိုလျှင် ဆေးလိပ်တစ်ဘူးကုန်သည်အထိသောက်ခဲ့ဖူးသည်။သို့ထိတိုင် သူမကြာခင်ကတင် ဆေးလိပ်ဖြတ်လိုက်သည်။
အကြောင်းမှာ သူကျိုးလီကိုနမ်းရန်သတ္တိရှိလာသည့်ပထမဆုံးအကြိမ်က ကျိုးလီကသူ့ကိုရှောင်ကာကြည့်ရဆိုးသည့်မျက်နှာနှင့် 'ဘာအနံ့ကြီးလဲ' ဟုမေးလာဖူးသည်။
ဆေးလိပ်ပုံမှန်သောက်နေကျလူများက သူတို့ကိုယ်ပေါ်မှအနံ့ကိုပင်မသိကြပေ။
လျိုယွမ်သည် စိတ်ပျက်သွားပြီး ကျိုးလီကိုအဆင်မပြေဖြစ်စေမည့်ထိုအနံမကပ်နေစေရန် ဆုံးဖြတ်ခဲ့သည်။
၎င်းကကောင်းကောင်းအလုပ်ဖြစ်ခဲ့သည်။
ကျိုးလီကသူနမ်းသည်ကိုထပ်မရှောင်တော့လင့်ကစား စီးကရက်အနံ့ကိုမုန်းနေဆဲပင်။
ဦးဆောင်သူက ပထမဆုံးတစ်ယောက်အဖြစ်စီးကရက်ထုတ်လိုက်သည့်အခါ ကျိုးလီကချက်ချင်းထရပ်ပြီး မီးဖိုချောင်ထဲတွင်သူကူညီနိုင်သည့်အရာ ရှိမရှိသွားကြည့်မည်ဆိုကာထွက်သွားသည်။
လျိုယွမ်သည်စီးကရက်ကိုလက်ထဲတွင်သာ ကိုင်ထားပြီးမီးမညှိပေ။
သူကျိုးလီကိုထပ်နမ်းချင်၍ စီးကရက်မသောက်ချင်သေးပေ။ ၎င်းမှာလည်း စွဲလန်းမှုတစ်မျိုးပင်။
အခန်းထဲတွင်စီးကရက်နံများဖုံးနေ၍ သူသန့်စင်ခန်းဘက်သို့အကြောင်းပြထွက်လာကာ သန့်စင်ခန်းနှင့်မျက်စောင်းထိုးမှမီးဖိုချောင်သို့ပြေးလာပြီး ကျိုးလီကိုလိုက်ရှာသည်။ ထောင့်နားတဝိုက်တွင် ကျိုးလီသည်မီးဖိုချောင်အဝင်ဝတွင် အလွန်ကသိကအောက်ဖြစ်နေပုံဖြင့်ရပ်နေသည်ကိုတွေ့လိုက်ရသည်။
စပ်စုချင်စိတ်ဖြင့် လျိုယွမ်သည်အလိုအလျောက်ခြေဖျားထောက်ကြည့်မိသည်။ ကျိုးလီကသူ့အားသတိထားမိသွားပြီး ခဏတွင်းချင်းခြေဟန်လက်ဟန်ပြလာသည်။
"ငါတို့ဧည့်ခန်းထဲပြန်သွားကြမလား"
သူသည်လျိုယွမ်ကို သူခိုးတစ်ယောက်လေသံအတိုင်းပြောနေသည်။
လျိုယွမ်သည်မီးဖိုချောင်ကိုလှမ်းကြည့်ပြီး ချက်ချင်းနားလည်သွားသည်။
ရုန်ယီသည် သူ၏အနောက်တွင်အားကိုးဖော်မရဘဲ နေရာတကာလိုက်နေသည်အယ်လ်ဖာတစ်ယောက်နှင့် စင်တွင်အလုပ်များနေသည်။
ချန်းခယ့်ယောင်က ရုန်ယီကိုဖက်ထားပြီးထိုသူ၏ပုခုံးတွင်ခေါင်းတင်ထားသည်။ သူဘာပြောပြီးရယ်နေမှန်း မသိနိုင်ပေ။ ထို့နောက် သူ၏မျက်နှာကိုရုန်ယီဘက်လှည့်ကာ ဖွဖွလေးနမ်းလိုက်သည်။
ထို့နောက် ရုန်ယီကသူ့ဘက်ပြန်လှည့်ကာနမ်းရန်မျက်လုံးများကိုမှိတ်လိုက်သည်။
ကျိုးလီသည် လျိုယွမ်၏အကျီစကိုဆွဲကာရဲတွတ်နေသည့်မျက်နှာဖြင့်ဧည့်ခန်းသို့ခေါ်သွားသည်။
ကျိုးလီဆွဲခေါ်သွားရာနောက်လိုက်နေလျက် လျိုယွမ်သည်သူနှင့်ကျိုးလီသာ ထိုအတိုင်းလုပ်လျှင် အနှီသူအတွက်ခက်ခဲလိမ့်မည့်အကြောင်းတိတ်တိတ်လေးတွေးနေမိသည်၊ သူတို့၏အရပ်ကွာခြားချက်ကြောင့်သူသာကျိုးလီအားအနောက်မှဖက်လျှင် သူ၏မေးစေ့ကကျိုးလီ၏ခေါင်းပေါ်တွင်ရှိနေလောက်သည်။
ထိုအတိုင်းသာဆို သူတို့ဘယ်လိုနမ်းသင့်ပါသနည်း။ သူကကိုယ်ကိုကိုင်းဖို့လိုပြီး ကျိုးလီကခြေဖျားထောက်ရန်လိုလိမ့်မည်။
ဧည့်ခန်းတွင်လည်း မီးခိုများအူနေပြီး ကျိုလီမှာထိုနေရာသို့ပြန်မသွားချင်တော့ပေ။
သူတို့နှစ်ယောက် လျှောက်လမ်းပေါ်တွင်သာရပ်နေကြသည်။ ကျိုးလီကသူ့အားမကျေမနပ်ကြည့်ကာမေးလိုက်သည်။
"မင်းကငါ့ကိုကြောက်နေတယ်ဆိုတာသိသွားတာက ရှက်စရာကောင်းလို့လား"
"ကိုယ်က အဲဒီကောင်တွေကိုယ့်ကိုမနာလိုဖြစ်ပြီးကိုယ့်ပုံရိပ်လေးကိုဖျက်ဆီးပစ်မှာကြောက်တာ"
ကျိုးလီကသူ့အားကြည့်ပြီး "သူတို့ကမင်းကိုဘာမနာလိုစရာရှိလဲ"
လျိုယွမ်ကမပြောဘဲ သူ့အားပြုံးပြုံးလေးသာကြည့်နေရင်း ရှေ့သို့ကိုင်းကာ သူ့အားတိုးတိုးလေးပြောလိုက်သည်။
"ကိုယ့်လည်းအဲဒီလိုနမ်းချင်တယ်"
ကျိုးလီ၏မျက်နှာမှာ ပို၍ပင်နီရဲလာသည်။
"ငါ...ငါကအချက်အပြုတ်မမတတ်ဘူး"
"အိုကေပါတယ်"
လျိုယွမ်ကသူ၏လက်ညိုးနှင့်လက်မကိုထိပြသည်။
"ကိုယ်နည်းနည်းတော့ချက်တတ်ပါတယ်"
သူစိတ်ကူးယဉ်ကြည့်လိုက်သည်၊ ကျိုးလီကသူ၏အနောက်တွင်ရပ်နေလျှင် သူ၏ပါးကိုအနှီသူ၏ကျောပြင်တွင်ကပ်ထားရနိုင်သည်။
ကျိုးလီကခေါင်းငုံ့ကာခပ်တိုးတိုးပြောသည်။
"အိမ်ပြန်ရောက်မှပြောကြတာပေါ့!"
ချန်းခယ့်ယောင်သည် လျိုယွမ်၏တိုက်တွန်းမှုကြောင့် အစ်ကိုကြီးနှစ်ယောက်အား ဆေးလိပ်သောက်မည်ဆိုပါကအပြင်ထွက်ကြရန်ပြောလိုက်ရသည်။
အကြောင်းအရင်းအရ သူ၏ပါတနာမှာကိုယ်လေးလက်ဝန်နှင့်ဖြစ်၍ အဆိုပါအဆိပ်အတောက်ရှိသောအငွေ့များကို အနံ့ခံ၍မရသောကြောင့်ပင်ဖြစ်၏။ သူသည်အဲကွန်းကိုပိတ်ပြီးတံခါးနှင့်ပြတင်းပေါက်များကိုဖွင့်ကာ အားလုံးကိုကြောက်မက်ဖွယ်အအေးဓာတ်အတွင်းထားပစ်ခဲ့သည်။
"ဆေးလိပ်သောက်ချင်တယ်လို့ပြောတာလျိုယွမ်လေ!"
ဦးဆောင်သူကအထွန့်တက်သည်။
လျိုယွမ်ကလည်းပြန်ငြင်းသည်။
"ငါမှဆေားလိပ်မသောက်တာ..."
ကျိုးလီကလျိုယွမ်၏ဘေးတွင်ရပ်ကာ ရယ်နေ၏။ ရယ်နေစဉ်မှာပင်လျိုယွမ်၏ကျောကို မသိမသာပုတ်လိုက်သေးသည်။
၎င်းကအတော်လေးကိုသက်သောင့်သက်သာမရှိဖြစ်စေပြီး ကလိထိုးနေသယောင်၊ သို့သော် ထူးဆန်းစွာဖြင့်စိတ်ကြည်နူးစေသည်။
လျိုယွမ်သည် ညစာစားနေစဉ်တွင်အများကြီးသောက်လိုက်မိ၏။ကျိုးလီသည် အရင်ကသူအရက်သောက်သည်ကိုတစ်ခါမှမမြင်ဖူးခဲ့ချေ။ သူသည်ဘီယာတစ်ဂျားလုံး သူ့ခြေထောက်နားပြုတ်ကျသည်အထိထိတ်လန့်သွားခဲ့သည်။
အခန်းထဲရှိလူတိုင်းက ချန်းခယ့်ယောင်ကိုတစ်ခွက်မျှသောက်ရန်မြှောက်ပေးကြသည်။ သည်လူက အရက်သောက်ရမည်ကိုငြင်းဆန်ရန်ကားမောင်းရမည်ဆိုသောဆင်ခြေကိုအမြဲပေးတတ်သည်၊ ယခု သူသည် သူ့အိမ်ထဲတွင်ဖြစ်နေ၍ဆင်ခြေကောင်းတစ်ခုမဟုတ်တော့ပေ။
ချန်းခယ့်ယောင်သည် ရုန်ယီကပါသောက်စားရန်ဆွယ်သည့်အဖွဲ့ထဲဝင်မလာခင်အထိ တင်းခံနေသေးသည်။
"မင်းရဲ့အတန်းဖော်တွေနဲ့အခုလို အတူတူတွေ့နိုင်ဖို့ကရှားတယ်လေ၊ အဲဒါကြောင့် မင်းခင်မင်မှုလေးနည်းနည်းတော့ပြရမယ်၊ အခုမင်းကအိမ်မှာလေ၊ တစ်ခွက်သောက်သောက် နှစ်ခွက်သောက်သောက်ကိစ္စမရှိပါဘူး"
ပြောပြီး သူသည်ချန်းခယ့်ယောင်ကိုကိုယ်တိုင်ကိုယ်ကျတစ်ခွက်ယူပြီးဝိုင်ပါလောင်းထည့်ပေးလိုက်သေးသည်။
ချန်းခယ့်ယောင်သည် သူ့ကိုကြည့်လာသည့်အကြည့်များက အတော်လေးရှုပ်ထွေးနေခဲ့သည်။
ထို့နောက် သူသည်ရုန်ယီ၏မျှော်လင့်ချက်များပြည့်နှက်နေသည့်အကြည့်အောက်တွင်ပင် ခွက်သေးလေးတွင်းမှဝိုင်များကိုသောက်ချလိုက်၏။
လျိုယွမ်ခမျာ ၎င်းကသူ့အဆုံးသတ်၏အစဖြစ်နေမည်ဟုစိတ်ကူးထဲပင်ထည့်မတွေးခဲ့ဖူးချေ။
သည်လူနှစ်ယောက်သည် ကနဦးတွင် ချင့်ချင့်ချိန်ချိန်နှင့်အလွန်အကျွံမပြောလောက်ဟုထင်မြင်ရသည်။ တကယ်ကသူတို့တွင်ပြောရန်မည်သည့်အခွင့်အရေးမှမရ၍ပင်။
ချန်းခယ့်ယောင်က အကုန်လုံးကိုပြောပစ်ခဲ့သည်။
"သူလေ"
ချန်းခယ့်ယောင်သည် လျိုယွမ်ကို ၂၃ ကြိမ်မြောက်လက်ညိုးထိုးပြန်သည်၊ 'ကျိတ်ငိုနေတာ၊ ငါမြင်သားပဲ၊ သူစိတ်ဆိုးသွားမှာစိုးလို့ငါမမြင်ချင်ယောင်ဆောင်နေတာ'
"မင်းကတကယ်-ျီးထုပ်ပဲ!"
လျိုယွမ်ကပေါက်ကွဲလေတော့၏၊ "မင်းဒီလောက်အများကြီးသောက်တာကိုငါမမြင်ဖူးပေမဲ့ ဘယ်လိုလုပ်အဓိပ္ပါယ်မရှိတာတွေပြောရတာလဲ!"
ချန်းခယ့်ယောင်အတည်ပေါက်မျက်နှာဖြင့်:"တကယ်ပြောတာ၊ ငါတကယ်မြင်လိုက်တာ၊ အဲဒီနေ့ကမင်းအိပ်ရာထဲမှာ နှာချေးညှစ်နေတာလေ၊ငါကတော့မင်းအအေးမိနေတယ်ထင်တာ၊ သေချာကြည့်တော့မှ...."
"ပေါက်တတ်ကရတွေ!"
လျိုယွမ်က သူ့စကားကိုဖြတ်ပြောသည်။
"ဘယ်တုန်းကလဲ"
ကျိုးလီကပါ ဖြတ်ပြောလာသည်။
ချန်းခယ့်ယောင်ကအတွေးနက်နေသောမျက်နှာဖြင့်: "ငါထင်တာတော့....စိတ်ရှုပ်လာပြီ၊ သူကျန်ရစ်ဖြစ်တာအခေါက်ပေါင်းမနည်းဘူး"
"သူပြောတာနားမထောင်နဲ့...အဲဒီလိုတစ်ခါမှမရှိဖူးဘူး"
လျိုယွမ်ကပျာယာခတ်နေသည်။
"တကယ်ပါဆို"
ချန်းခယ့်ယောင်မှာလည်းအလျှော့မပေး။
"ငါလုပ်ကြံပြောနေတာမဟုတ်ဘူး၊ ငါအကင်ဆိုင်မှာလည်းမင်းနဲ့အပြင်ထွက်တုန်းကသောက်ခဲ့တာပဲ၊ မသောက်ခဲ့လို့လား"
လျိုယွမ်သည်ကြံရာမရဖြစ်ပြီး ထိုသူနှင့်သူငယ်ချင်းအဖြစ်မှပင်ရပ်စဲချင်လာသည်။
သည်နေရာအရောက်တွင် ရုန်ယီကကြားဖြတ်ဝင်ပြောသည်: "မင်းမီးဖိုချောင်ထဲမှာအဲဒီပန်းကန်တွေသွားဆေးတော့"
ချန်းခယ့်ယောင်က လိမ်လိမ်မာမာနှင့်ခေါင်းညိတ်ပြီးထရပ်ကာထွက်သွားတော့၏။
"သူကသောက်ပြီးသွားရင် ယုတ္တိမရှိတာတွေပြောရတာကြိုက်တယ်...သူ့ကိုမရှိသလိုသာသဘောထားကြပါ"
သို့သော်ငြား ချန်းခယ့်ယောင်ကလှည့်လာပြန်သည်။
"ကိုယ်ယုတ္တိမရှိတာတွေပြောနေတာမဟုတ်ဘူး! အဲဒါအမှန်တွေပဲ!"
ရုန်ယီကသူ့အားကြည့်လိုက်သည်။
"သွားစမ်းပါ!"
လျိုယွမ် အတော်လေးဆိုးသော ခေါင်းကိုက်ဝေဒနာကိုခံစားနေရသည်။သူပဲအသောက်များသွားသည်လား သို့မဟုတ် ချန်းခယ့်ယောင်ကြောင့်ပေလား မပြောတတ်တော့ပေ။ နောက်ပိုင်းတွင် ရုန်ယီကခေါင်းခံပြီးချန်းခယ့်ယောင်ပြောခဲ့သမျှအတွက် ရှက်မိပါကြောင်းတောင်းပန်လိုက်ရသည်။
အပေါ်ယံတွင်တော့ လျိုယွမ်ကအဆင်ပြေသလိုလုပ်နေသော်ငြားအတွင်းစိတ်ထဲတွင်ကား ယောက်ယက်ခက်နေသည်။ကျိုးလီ အမှတ်သညာထားလိုက်မည်လား သူသိချင်သည်။စိတ်ထဲထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ အနှီသူသည်မပျော်တော့ပုံရသည်။
နှစ်ယောက်သား ချန်းခယ့်ယောင်နှင့်ရုန်ယီ၏အိမ်မှထွက်လာလာချင်းအငှါးယာဉ်မခေါ်ခဲ့ကြချေ။ ကျိုးလီကအတော်လေးသောက်ထားသည်။သူပူနေပြီး လေအေးခံချင်သည်ဟုပြောခဲ့သည်။
ထို့ကြောင့် သူတို့လမ်းဘေးတွင်ဘေးချင်းကပ်လျှောက်လာကြသည်။
ခြေလှမ်းအနည်းငယ်လျှောက်အပြီး လျိုယွမ်သည်ကျိုးလီ၏လက်ကိုကိုင်ရန်ကြိုးစားပြီး ကျိုးလီကသူ၏လက်ချောင်းများကိုတုံ့ပြန်သည်။
"သူပြောတာတွေကတကယ်လား?"
လျိုယွမ်ကအနည်းငယ်ရှက်နေပြီး ငြင်း၍ရမရသိချင်သည်။
"အဲဒီအမျိုးသမီးကတကယ်ကိုစိတ်ရှုပ်စရာပဲနော်"
ကျိုးလီကထပ်လောင်းပြောသည်။
"...."
ကျိုးလီကပဲဆက်ပြောပြန်သည်။
"မင်းကတကယ်ကိုအမြင်မရှိတာပဲ၊ ဘာလို့အဲဒီလိုလူမျိုးတွေကိုကြိုက်ရတာလဲ"
"ကိုယ်....."
ကျိုးလီကရုတ်ချည်းရပ်သွားသည်။
သူလျိုယွမ်ကိုမကြည့်ဘဲလှည့်လိုက်သည်။
လျိုယွမ်သည် သူတစ်ခုခုပြောတော့မည်ဟုထင်ခဲ့သော်ငြား အကြာကြီးစောင့်နေပြီး မည်သည့်အသံမှမကြားရပေ။
သို့ဖြစ်၍ သူကစကားလမ်းကြောင်းပေးလိုက်သည်။
"ဒီတစ်ခါတော့ကိုယ်အမြင်ရှိသွားပြီလို့ထင်တာပဲ"
တော်ကြီးကြာပြီးမှ ကျိုးလီခေါင်းညိတ်သည်: "အင်း"
ထို့နောက် သူလျိုယွမ်၏လက်ချောင်းများကိုဆုပ်ကိုင်ရန်လက်ထုတ်လိုက်သည်။
လျိုယွမ်အူကြောင်ကြောင်လေးဖြစ်နေချိန်တွင် သူခြေဖျားထောက်ကာလျိုယွမ်၏ပါးကိုကိုင်ပြီးမျက်လုံးမှိတ်လိုက်သည်။
၎င်းသည် သူတို့ဒိတ်လုပ်တည်းကကျိုးလီဘက်မှ အစပြုပြီးသူ့အားနမ်းသည့်ပထမဆုံးအကြိမ်ပင်။ မြန်ဆန်လွန်း၍ လျိုယွမ်သည်အချိန်အတန်ကြာသည်အထိ စိတ်နှင့်ကိုယ်ပြန်မကပ်နိုင်ပေ။
"မဟုတ်ဘူး၊နောက်တစ်ကြိမ်ဆိုတာမရှိတော့ဘူး"
ကျိုးလီက ပြောပြီးသည်နှင့် လျိုယွမ်၏လက်ကိုကိုင်ကာလမ်းဆက်လျှောက်သွားလိုက်သည်။
"ဟင်...တကယ်လား၊ မဟုတ်ဘူး၊တသက်လုံးကိုယ့်ကိုထပ်မနမ်းတော့ဘူးလား"
"အဲဒါကိုပြောနေတာမဟုတ်ဘူး!"
ကျိုးလီက စိတ်ထွေပြားနေသည့်အကြည့်ဖြင့် သူ့ကိုလှည့်ကြည့်လာ၏၊
"ငါပြောတာက..အဲဒီလိုမျိုးကြေကွဲစရာဇာတ်လမ်းတွေမရှိတော့ဘူးလို့"
"...."
ကျိုးလီကခေါင်းငုံ့ကာရှေ့သို့ဆက်လျှောက်သွားသည်။
"မင်းဒီတစ်ခါတော့အမြင်ရှိသွားပြီ"
လျိုယွမ်ကသူဆွဲရာနောက်ပါလာပြီး ခုန်ဆွခုန်ဆွနှင့်လိုက်လာရသည်။သူပြုံးလိုက်မိပြီး သူ၏စိတ်ရှည်သည်းခံမှုများကအကျိုးပေးပြီဟုတွေးနေခဲ့သည်။
သူမွေးထားသည့်ဟမ်းစတားလေးလိုပင်၊ သူသည်အချိန်အား၊ လူအားနှင့် မေတ္တာများပါအသုံးချပြီးမှ တဖြည်းဖြည်းနှင့်၎င်းကသူ၏လက်ဖဝါးပေါ်ထိုင်၍ နေကြာစေ့များစားရန်သံသယရှိလာသည်။
သည်တစ်ကြိမ်တွင် သူ၏ဟမ်းစတားလေးကသူ့အားအစောကြီးထားခဲ့မည်ကို စိုးရိမ်စရာမလိုတော့ပေ။
........
စာရေးသူ၏မှတ်စု
ကျိုးလီခေါင်းငုံ့ပြီးအသံတိတ်တွေးနေတဲ့အတွေးက: မင်းတို့နှစ်ယောက်လမ်းခွဲခဲ့ကြတာကောင်းတယ် ဒါပေမဲ့ ပြောရမှာရှက်ဖို့ကောင်းလွန်းတယ်
XxxxxxxxxxxxThe End xxxxxxxxxxxxxX
Translted by
Mee lay
Little trash
Hsu Chan
Imperial Meow ❤️
Thanks ❤️