Ch 1
Viewers 2k

Ch 1


ဒီနေ့ရာသီဥတုက အုံ့မှိုင်းနေကာ လေထုကို ကားအတွင်းထဲကနေ ခံစားနိုင်သည်။


နောက်ဘက်တွင်ထိုင်နေသော ကုချင်းယောင်က သူမရဲ့ အတွေးထဲမှာ နှစ်မြုပ်နေသည်။


နှစ်ပေါင်းများစွာကြာခဲ့ပြီး နောက်ဆုံးမှာတော့ အဲ့ဒီလူနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့သည်။ သူမက အတိတ်တွင် များစွာ သဘောထားကွဲလွဲခဲ့သော်လည်း အခုအချိန်တွင် သူမရဲ့ နှလုံးသားကို ပျော်ရွှင်စေသည်။ ကုချင်းယောင်က သူ့အတွက် အမှန်တကယ် သစ္စာဖောက်ခဲ့ကြောင်းသိသည်။


အဲ့ဒီတုန်းက ဖြစ်ပျက်ခဲ့တာက သူ့အမှားမဟုတ်သလို လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က သူပြင်ဆင်ခဲ့သည်။ ဖြစ်ပြီးတာ ဖြစ်ပါစေတော့။


ကုချင်းယောင်က အဝင်ဝက အလင်းတန်းလေးကို လှမ်းကြည့်လိုက်ရာ အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။


ထိုအမျိုးသမီးက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမက ငယ်ရွယ်သော်လည်း ကျက်သရေရှိပြီး မြင့်မြတ်မှုကို အလိုအလျောက် ပေါ်လွင်နေဆဲ ဖြစ်သည်။ 


အလှတစ်ခု။


သူမထက် ပိုလှသော ကုချင်းယောင်ကို ကြည့်ရင်း  ပိုင်ရုံရန်ရဲ့ မျက်လုံးများတွင် ကြီးမားသော  မနာလိုစိတ်များ တောက်ပလာသည်။ ပိုင်ရုံရန်က အထင်အမြင်သေးပြီး ကဲ့ရဲ့ရှုံ့ချကာ "မင်း‌ တော်တော်စိတ်ကောင်းဝင်နေပုံရတယ်။ ဟားဟား! တချိန်တုန်းက မင်းကို မုဒိမ်းကျင့်ခဲ့ဖူးတဲ့ သူနဲ့ လက်ထပ်တာကို မင်းတကယ် လက်ခံနိုင်တယ်။ ဘယ်လိုတောင်လဲ!


မထူးဆန်းပါဘူး။ မင်းလို ကျေးလက်မှာ ကြီးပြင်းလာတဲ့ မိန်းကလေးက မိုမိသားစုလို ချမ်းသာတဲ့ မိသားစုနဲ့ လက်ထပ်နိုင်ရင် တစ်သက်သာ ကောင်းချီးတစ်ခုပါဘဲ။ အဲ့ဒီတုန်းက သူ မင်းကို မုဒိမ်းကျင့်ခဲ့တာ ကံကောင်းတယ်။ မဟုတ်ရင် မင်းသူကို ဘယ်လို လက်ထပ်ခွင့်ရမှာလဲ။ "


ကုချင်းယောင်က သူမရဲ့ လက်သီးများကို ဆုပ်ထားသည်။ ဒါက တစ်ချိန်က သူမရဲ့ အိမ်မက်ဆိုးပါ။ သူမအတွက် အကြီးကျယ်ဆုံးသော နာကျင်မှုလည်း ဖြစ်သည်။


ပိုင်ရုံရန်က မိုဖေးဟန်ကို ကြိုက်ပေမဲ့ သူက မကြိုက်ဘူး။ မိုဖေးဟန်ကို ရဖို့အတွက် သူ့ကို ဆေးခတ်ဖို့ မတွန့်ဆုတ်ခဲ့ဘူး။


ဒါပေမဲ့ မိုဖေးဟန်က မလိုလားတာကြောင့် ထွက်ပြေးလွတ်မြောက်ခဲ့သည်။ အပြန်လမ်း သူမနဲ့တွေ့သည်။


ထိုအချိန်က ညအချိန်ဖြစ်၍ အိမ်တွင် သူမတစ်ဦးတည်းသာ ရှိသည်။ သူမ ခန္ဓာကိုယ်တစ်ခုလုံး အားနည်းနေပြီး အမေနဲ့သမီး ( ကျန်းရှောင်ဟွေ့ နဲ့ 

ကုရုန်ချင်) တို့က ဆေးခတ်ပြီးနောက် သူမ မအော်နိုင်တော့ပေ။


မိုဖေးဟန်က ဆေးခတ်မှုရဲ့ လွှမ်းမိုးမှုအောက်တွင် ရှိနေသော်လည်း ကျိုးကြောင်းဆီလျော်မှု အရိပ်အယောင်ကို ဆက်လက်ထိန်းသိမ်းထားကာ သူမအား ထိခိုက်နာကျင်အောင် မလုပ်ခဲ့ပေ။


မိုဖေးဟန် တံခါးကနေ ထွက်သွားတာနဲ့ နောက်ဖေးပြတင်းပေါက်ကနေ သူမအိမ်ထဲကို အခြားတစ်ယောက် ဝင်လာသည်။ ထိုလူဆိုးရဲ့ ပစ်မှတ်မှာ သူမဖြစ်ပြီး အိမ်ထဲတွင်ရှိသော သူမကို ညှိုးနွမ်းစေလိုသောကြောင့် ဖြစ်သည်။ 


ထိုအချိန်တွင် သူမက ခွန်အားမရှိ၍ မလွတ်မြောက်နိုင်၊ မအော်နိုင်ပေ။ သူမကိုယ်တိုင်သာ ထိုကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုကို သိနိုင်မည် ဖြစ်သည်။  


ကံကောင်းထောက်မစွာ မိုဖေးဟန်က အသံတချို့ကြားရပြီး သူမကို ကယ်တင်ရန် ပြန်လာခဲ့သည်။


အဲ့ဒီအချိန်တုန်းက 15 နှစ်သာရှိသေးတဲ့ သူမဟာ ညသန်းခေါင်မှာ ဒီလိုအဖြစ်အပျက်မျိုး ကြုံလာရလို့ သူမရဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသွားခဲ့သည်။


မိုဖေးဟန်က သူမ ထပ်ပြီး တစ်ခုခု ဖြစ်သွားမှာကြောက်လို့ မထွက်သွားရဲဘဲ ကုတင်ဘေးမှာနေပြီး စောင့်ရှောက်ခဲ့သည်။ ဆေးရဲ့ အာနိသင်များ ပျောက်ကွယ်သွားသည် အထိ ထိန်းထားကာ မောပန်းနွမ်းနယ်စွာ အိပ်ယာဘေးတွင် အိပ်ပျော်သွားသည်‌။


နောက်နေ့ နေထွက်လာတဲ့အချိန်မှာ ကျန်းရှောင်ဟွေ့ နဲ့ ကုရုန်ချင် က ဖောက်ပြန်တာကို ဖမ်းရန် လူများကို ခေါ်ဆောင်လာသည်။


ထိုအချိန်က ခုနှစ်ဆယ် ခုနှစ်တွင် ရှိနေဆဲ ဖြစ်ပြီး လူ့အဖွဲ့အစည်းက ရှေးရိုးဆန်ကာ ခေတ်နောက်ကျနေပြီး မငြိမ်မသက်မှုများနဲ့ ပြည့်နေတဲ့ အထူးကာလဖြစ်သည်။ အမျိုးသားနဲ့ အမျိုးသမီးကြား ဆက်ဆံရေးကို တင်းကြပ်စွာ စီမံခန့်ခွဲသည်။ မိုဖေးဟန်က တာဝန်အားလုံးကို ကျေပွန်အောင် ထမ်းဆောင်ခဲ့တာကြောင့် မဟုတ်ပါက သူမ အသက်ဆုံးရှုံးသွားနိုင်သည်။


သူမနဲ့ မိုဖေးဟန် ကြား အမှန်တကယ် အဖြစ်အပျက်ကို ဘယ်သူမှ ဂရုမစိုက်ခဲ့ပေ။


ခုနှစ်ဆယ် ခုနှစ် ရုန်းရင်းဆန်ခတ်ဖြစ်မှုကြားတွင် သူမက အဆုံးမရှိသော အကြောက်တရားနဲ့ လူအများရဲ့ မထိီမဲ့မြင်ပြုမှုကြား နေထိုင်ခဲ့သည်။


ဒီအကြောင်းအရာတွေကြောင့် သူမက ဒီအဖြစ်အပျက်ကို မကျော်လွှားနိုင်ခဲ့ပါ။ ထိုရှေးရိုးစွဲခေတ်တွင် သူမရဲ့ ငယ်ဘဝတစ်လျှောက်လုံး ထိုကောလဟာလများက သူမကို ရူးသွပ်သွားစေသည်။ ထိုအချိန်မှစ၍ မိုဖေးဟန် အပါအဝင် အမျိုးသားများကို တွေ့တိုင်း သူမကြောက်ရွံ့နေခဲ့သည်။


မိုဖေးဟန်က သူမနဲ့ပေါင်းသင်းရန် နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့ပြီး နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ သူမက နောက်ဆုံးတွင် သူ့ကို လက်ထပ်ရန် လက်ခံခဲ့သည်။


ကုချင်းယောင်က လှည့်စားမှုကို မခံရစေရန် စိတ်တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားနေခဲ့သည်။

ပိုင်ရုံရန်က သူမကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်နေခဲ့သည်။


ကုချင်းယောင်က ပိုင်ရုံရန်ကို အပြုံးဖြင့်ကြည့်ကာ "ကြည့်ရတာ ဘယ်လောက်တောင် ခါးသီးတဲ့အသံလဲ။ တကယ်တော့ မင်း ငါကို မနာလိုဖြစ်နေတယ်မလား? ဟိုတုန်းက သူ မုဒိမ်းကျင့်ခဲ့တဲ့လူက မင်းမို့လို့ မင်းကို လက်ထပ်စေချင်တာ မဟုတ်လား"


"မင်း....." ပိုင်ရုံရန်ရဲ့ မျက်နှာက ရှုံ့မဲ့သွားသည်။


"အိုး ဟုတ်သားဘဲ" ကုချင်းယောင်က ပြုံးပြီး "ငါ မင်းကို ကျေးဇူးတင်ဖို့လိုသေးတယ်။ ဟိုတုန်းက သူဆေးမသောက်ခဲ့ဘူးဆိုရင် ငါ့လို ကျေးလက်က မိန်းကလေးက မိုမိသားစုလို ချမ်းသာတဲ့မိသားစုနဲ့ လက်ထပ်ဖို့အခွင့်အရေး ရှိမှာမဟုတ်ဘူး။ မင်းက တကယ် တော်တဲ့လူဘဲ။"


"အား... ပါးစပ်ပိတ်ထား" ပိုင်ရုံရန်က ဒီအဖြစ်အပျက်ကို ပြန်သတိရပြီး အထူးသဖြင့် ကုချင်းယောင်က ဒီအဖြစ်အပျက်နဲ့ သူမကို ကြွားဝါးတဲ့အခါ မနာလိုစိတ်တွေ ပြည့်နေခဲ့သည်။


"ဟော်တော် မင်းကဘယ်သူလဲ? မင်းက ကျေးလက်က ကြုံရာကျပန်း မိန်းကလေးတစ်ယောက်ဆိုပေမဲ့ အစ်ကို ဖေးဟန်ကို လက်ထပ်ရဲ့တယ်။ မထိုက်တန်ဘူး မင်းနဲ့ မထိုက်တန်ဘူး သွားသေလိုက်!"


အခုအချိန်တွင် ပိုင်ရုံရန်က ကုချင်းယောင်နဲ့ မိုဖေးဟန်တို့ လက်ထပ်တဲ့ သတင်းကြောင့် လုံးဝတုန်လှုပ်နေသည်။ သူမရှေ့သို့ တိုးကာ ကုချင်ယောင်းကို ဆက်ခနဲ တွန်းလိုက်သည်။ 


ဒါပေမဲ့ သူမနောက်က လမ်းတွင် ကားတစ်စီး ဖြတ်လာရာ ကုချင်းယောင် ရှောင်ချင်ပေမဲ့ အရမ်းနောက်ကျသွားသည်။ 


"ယောင်ယောင်"


နှလုံးကွဲအက်သံ ပေါ်ထွက်လာသည်။ သူမ ပြုတ်မကျသွားခင်မှာ သူမကို တစ်ဘဝလုံး‌ စောင့်မျှော်နေခဲ့တဲ့ အမျိုးသားတစ်ယောက် သူမဆီ ပြေးလာနေတာကို ကြည့်နေခဲ့သည်။ 


"မလုပ်နဲ့"


"မလုပ်နဲ့"


"မလာနဲ့" လို့ အသံပြိုင်တူထွက်လာသည်။ တစ်ယောက်က ကုချင်းယောင်ဖြစ်ပြီး နောက်တစ်ယောက်က ပိုင်ရုံရန်ဖြစ်သည်။


သူမတို့ နှစ်ယောက်စလုံး မိုဖေးဟန် အနားမကပ်လာဖို့ မျှော်လင့်ထားသည်။


ဒိုင်း...


ပြင်းထန်တဲ့ တိုက်ခတ်မှုကြောင့် လူနှစ်ဦးလုံး ပျံတတ်သွားသည်။ 


"မဟုတ်ဘူး" မိုဖေးဟန် ပြုတ်ကျသွားတာမြင်တော့ ပိုင်ရုံရန်ကို စိတ်လွတ်ကိုယ်လွတ် အော်လိုက်သည်။ သူမ အပြေးအလွှား ဖြတ်သွားစဉ် အခြားကုန်တင်ကား တစ်စီးက ဖြတ်လာနေသည်။


မြေပြင်ပေါ်တွင် လဲလျောင်းနေသော ကုချင်းယောင်က ပိုင်ရုံရန်ရဲ့ သေးသွယ်တဲ့ ခန္ဓာကိုယ်က တိုက်ခတ်မှုကြောင့် လေထဲပစ်ချခံ လိုက်ရတာကို တွေ့လိုက်ရသည်။ ကုန်တင်ကားက ကုန်ပစ္စည်းများစွာ သယ်ဆောင်လာပြီး ဘရိတ်နင်းလိုက်ချိန်မှာ အရမ်းနောက်ကျသွားပြီးဖြစ်သည်။ ပိုင်ရုံရန်က မြေပြင်ပေါ်ရောက်တာနဲ့ ကုန်တင်ကားက သူမခန္ဓာကိုယ် အောက်ပိုင်းကို တိုက်သွားသည်။


ကြီးမားလှသော ဘီးများက သူမရဲ့ ပေါင်ကို ကြိတ်သွားသည်။ အလားတူပင် သူမရဲ့ ဆွဲဆောင်မှုရှိသော မျက်နှာတစ်ခြမ်းသည်လည်း မြေပြင်နဲ့တိုက်ခါ ပွန်းပဲ့ပျက်စီးသွားသည်။ 


ငယ်ငယ်ကတည်းက ဆေးပညာသင်ခဲ့တဲ့ ကုချင်းယောင်က ပိုင်ရုံရန်ဟာ  မသေနိုင်ဘူးလို့ ခံစားမိပေမဲ့ ခုချိန်ကစပြီး သူမရဲ့ဘဝဟာ သေတာထက် ပိုဆိုးသွားလိမ့်မည်။


ရုပ်ပျက်ဆင်းပျက်နဲ့ ခြေထောက်ကျိုးသွားသည်။ သူမနဲ့ မိုဖေးဟန်ကိုလည်း သတ်ပစ်ခဲ့သည်။ ဒီနေရာမှာ စောင့်ကြည့်ကင်မရာတွေလည်း ရှိသည်။ ဟားဟား။


သူမအသ်ိစိတ်ရဲ့ နောက်ဆုံးအခိုက်အတန့်တွင် သူမ‌ရှေ့က အမျိုးသားကို လှမ်းကြည့်လိုက်သည်။


မိုဖေးဟန်သည် တဖြေးဖြေး သတိလစ်လာပြီး ကုချင်းယောင်ရဲ့ လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။


"ယောင်ယောင် နောက်တစ်သက်မှာ မင်းကို သေချာပေါက် လက်ထပ်မယ်"