Ch 2
Viewers 2k

Ch 2 


သူမရဲ့ခေါင်းက လေးလံနေပြီး သူမ့ခန္ဓာကိုယ်ပေါ်မှာ တစ်ခုခုရှိနေ၍ အသက်ရှုရခက်လာတာကို သူမခံစားလိုက်ရသည်။ ကုချင်းယောင် ပထမဆုံး မျက်လုံးဖွင့်လိုက်ချိန်မှာ ဆန္ဒတွေ ပြည့်နက်နေတဲ့ မျက်လုံးတစ်စုံကို မြင်လိုက်ရသည်။ အဲ့မျက်လုံးတွေမှာ မီးတောက်တွေနဲ့ ချစ်ခြင်းမေတ္တာတွေ ပြည့်နှက်နေသည်။


ကုချင်းယောင်က ချက်ချင်း မျက်လုံးပြူးသွားသည်။ မိုဖေးဟန်က ကုချင်းယောင် အပေါ်တွင် ရှိနေသည်။ လရောင်အောက်မှာ သူမရဲ့ အင်္ကျီကြယ်သီးတစ်ဝက်ကို ဖြုတ်ထားပေမဲ့ သူမရဲ့ ဖြူစင်တဲ့အသားအရေနဲ့ ဆွဲဆောင်မှုရှိတဲ့ ညှပ်ရိုးက သူ့ကို ဆင်ခြင်တုံတရား အားလုံးကို ဆုံးရှုံးသွားစေသည်။ ဒါပေမဲ့ သူ မလုပ်နိုင်ခဲ့ဘူး။ ဒါက သူချစ်ရတဲ့ ယောင်ယောင် ဖြစ်ပြီး သူမကို မထိခိုက်စေချင်ဘူး။


အရင်ဘဝမှာ ဒီအဖြစ်အပျက်က ယောင်ယောင်ရဲ့ နှလုံးသားကို အမြဲကြောက်လန့်စေခဲ့သည်။ အခု သူမှု အခွင့်အရေးပြန်ရလာပြီး သူမကို ထိခိုက်အောင် ဘယ်တော့မှလုပ်မှာမဟုတ်ဘူး။


ကားတိုက်မှုမှာ ရှင်းရှင်းလင်းလင်း သေဆုံးသွားတာကို သိပေမဲ့ မိုဖေးဟန်က ဒီကိုဘာကြောင့် ပေါ်လာတာလဲ မသိပေမဲ့ "မကြောက်ပါနဲ့၊ ယောင်ယောင် မကြောက်ပါနဲ့ ကိုယ်မင်းကို ဒုက္ခမပေးပါဘူး"


သူမကို ခက်ခက်ခဲခဲ လွှတ်ပေးလ်ိုက်ပြီး စောင်ကိုယူကာ ခေါင်းကို လုံအောင်ဖုံးထားလိုက်သည်။


"ကိုယ့်စကားကို နားထောင်ပေးပါ၊ မအော်လိုက်ပါနဲ့၊ ကိုယ်...ကိုယ်မင်းကို ဒုက္ခမပေးပါဘူး"


မိုဖေးဟန်ရဲ့ ခန္ဓာကိုယ်က ပူလောင်နေပြီး သူ့ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်းက သူမကို ရဖို့ အော်ဟစ်နေပေမဲ့ သူ မလုပ်ခဲ့ဘူး။ 


ကုချင်းယောင်က ကုတင်ပေါ်မှာ လဲလျောင်းနေပြီး အခြေအနေကို မဆုံးဖြတ်နိုင်ပေ။ ဘာဖြစ်နေတာလဲ..?


သူမက ယာဉ်တိုက်မှုမှာ သေဆုံးသွားတာ မဟုတ်ဘူးလား? ဘာလို့ အစ်ကိုဖေးဟန် ကိုထပ်တွေ့နေရတာလဲ။


မ်ိုဖေးဟန်က သူ့ကိုယ်သူ စိတ်တည်ငြိမ်စေရန် ရေခဲရေကို ရှာနေသည်။ သူထွက်သွားချင်နေတာကို မြင်တော့ ကုချင်း‌ယောင်က သူမ့မှာ ခွန်အားမရှိလို့ သိပ်မသုံးမဝင်ပေမဲ့ သူကို အလိုလိုဆွဲထားသည်။ စကားပြောချင်လည်း အသံမထွက်ပေ။ 


မိုဖေးဟန်က သူမရဲ့တုန့်ပြန်မှုကို မြင်ပြီး ပိုပြီးရှင်းလင်းသွားသည်။ ဟုတ်တယ် မထားခဲ့နိုင်ဘူး။ ယောင်ယောင်က ဒီအချိန်ကို ဆန့်ကျင်ရန် ကြံစည်နေချိန် ထိုလူယုတ်မာ ရောက်လာသည်။


အမှန်တကယ်ပင် ထိုအချိန်မှာ မိုဖေးဟန်က အသံတစ်ခုကို ကြားလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာတင် ပြတင်းပေါက်ကနေ ဖြတ်ပြီး ပိန်ပိန်ပါးပါး လူတစ်ယောက် ဝင်လာသည်။ 


အခန်းထဲတွင် လူနှစ်ယောက်ရှိနေပြီး မိုဖေးဟန်က တံခါးဝမှာ ရပ်နေတာကို မြင်လိုက်ကာ သူအံ့အားသင့်သွားပြီး ချက်ချင်း လွတ်မြောက်သွားချင်နေသည်။


မိုဖေးဟန်က သူ့ကို တားဖို့ ကြိုးတုပ်ကာ မအော်စေရန် ပါးစပ်ကို လက်နဲ့အုပ်လိုက်သည်။ မဟုတ်ရင် ပတ်ဝန်းကျင်က အိမ်နီးချင်းတွေ အထိန့်တလန့်ဖြစ်သွပြီး ကိစ္စတွေအကုန် ပြီးသွားလိမ့်မယ်။ 


သူကအော်ဟစ်နေပေမဲ့ အသံမထွက်ဘူး။ အချိန်မီ မတုန့်ပြန်နိုင်ခင်မှာ မိုဖေးဟန်က သူမျက်နှာ ညာဘက်ကို လက်သီးနဲ့ ထိုးလိုက်သည်။ 


" ဒုန်း." အမျိုးသားက တိုက်မိရာကနေ တွားသွားပြီး ပြတင်းပေါက်ကနေ ထွက်ပြေးသွားသည်။ 


မိုဖေးဟန်က ဆေးရဲ့ လွှမ်းမိုးမှုအောက်မှာရှိနေကာ အခြေအနေမကောင်းသဖြင့် ထိုအမျိုးသားက ထွက်ပြေးနိုင်ခဲ့သည်။ ကံကောင်းစွာဖြင့် ညအချိန်မှာ ရှိနေသဖြင့် လူက အခြေအနေမမှန်တာကို မသိနိုင်ပေ။


တစ်ဖက်တွင် နောက်ဆုံးမှာ ကု‌ချင်းယောင်က အသိပြန်ဝင်လာသည်။ ဒါအရင်ဘဝတုန်းက ဖြစ်ပျက်ခဲ့တာ မဟုတ်ဘူးလား။ သူမ... သူမပြန်လည်မွေးဖွားလာတာလား? 


မိုဖေးဟန်က သူ့ခန္ဓာကိုယ် အဆင်မပြေဖြစ်နေသည်။ သူက ဓားမြှောင်တစ်ချောင်းကို ထုတ်ကာ လက်မောင်းကို ပြင်းပြင်းထန်ထန် ထိုးလိုက်ရာ ပြင်းထန်တဲ့ နုကျင်မှုကြောင့် စိတ်ကြည်လင်လာသည်။ 


ကုချင်းယောင်က အံ့ဩသွားပြီး တစ်ခုခုပြောချင်ပေမဲ့ မပြောနိုင်ခဲ့ဘူး။ မိုဖေးဟန်က သူမကို ကြည့်ပြီး နှစ်သိမ့်ကာ "မကြောက်ပါနဲ့၊ ကိုယ်က တစ်စုံတစ်ယောက်ရဲ့ ဆေးခတ်ခြင်းကို ကြုံခဲ့ရတာ။ ဒီလ်ိုလုပ်တာက စိတ်ပိုကြည်စေတယ်။ ခဏနေပြန်ကောင်းသွားလိမ့်မယ်"


ထို့နောက် ရေအေးရှာရန် ထွက်လာခဲ့သည်။ ကုချင်းယောင်က သူ့ကိုဆွဲထားချင်ပေမဲ့ ခွန်အားမရှိခဲ့ဘူး။ မိုဖေးဟန် ထွက်သွားပြီးနောက်မှာ အခန်းထဲတွင် သူမတစ်ယောက်ထဲ ကျန်ခဲ့သည်။ 


ကုချင်းယောင်က သူမ အမှန်တကယ် ပြန်လာနိုင်လိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့ပေ။ ဒါအပြင် ဒီဘဝမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်က အရင်ဘဝနဲ့ မတူတော့ပေ။ 


ဒါက ကောင်းတဲ့အရာဘဲ။ အစ်ကိုဖေးဟန်က ခေါင်းကြည်နေပေမဲ့ ကျန်းရှောင်ဟွေ့က မနက်မှာ လူတွေကို ခေါ်ဆောင်လာတာကြောင့် သူမသတိမထားနိုင်ခဲ့ပေ။ 


ကုချင်းယောင်က အရင်ဘဝက သူမနဲ့ ဆက်စပ်နေတဲ့ နေရာက အခုချိန်ထိ ရှိနေတာကို သိလိုက်ရသည်။ ဝမ်းသာအားရစွာဖြင့် သူမကိုယ်ပေါ်  ဆေးထိုးပြီး သောက်ရန် ဆေးတစ်လုံး ထုတ်ယူလိုက်သည်။ 


ကုမိသားစုမှာ ဆေးဘက်ဆိုင်ရာ အမွေအနှစ်များရှိပြီး သူမက အရင်ဘဝမှာ သူမရဲ့အဖိုးထံမှ တော်တော်များများ သင်ယူခဲ့သည်။ ကျန်းရှော‌င်ဟွေ့ သုံးသောဆေးက ရိုးရိုးထုံဆေး ဒါမှမဟုတ် သာမန်ဆရာဝန်ဆီက ဖြစ်ကာ ကုချင်းယောင်က အားစိုက်ထုတ်စရာမလိုဘဲ ဖယ်ရှားခဲ့သည်။ 


မီးဖိုချောင်ထဲက အသံကြားတော့ ကုချင်းယောင်က မိုဖေးဟန်က ရေအေးရှာနေတာကို သိသွားပြီး သူ့ကို ရှာဖို့ ကုတင်ပေါ်ကနေ အမြန်ထလိုက်သည်။