Ch 3
Viewers 2k

Ch 3 


မီးဖိုးချောင်ထဲမှာ မိုဖေးဟန်က  ခေါင်းကနေ ရေ အပြင်းအထန်လောင်းနေသည်။


သေစမ်း! ပိုင်ရုံရန်က သူ့ကို ဒီလောက် ပြင်းတဲ့ဆေးပေးတာ အရှက်မရှိဘူးလား။ အချိန်ဝောာ်တော်ကြာသွားပေမဲ့ ဆေးရဲ့ အာနိသင်က ပြင်းထန်နေဆဲ။


ကုချင်းယောင် ဝင်လာတဲ့အခါ စိုစွတ်နေတဲ့ မိုဖေးဟန်က ရေကန်ဘေးမှာ ထိုင်နေတာကို တွေ့လိုက်ရသည်။


"အစ်ကို ‌ဖေးဟန်"


မိုဖေးဟန် အံ့ဩသွားသည်။ "မင်းကို ဒီကိုလာဖို့ ဘယ်သူပြောတာလဲ။ မြန်မြန်ထွက်သွား။ ငါနဲ့ ဝေးဝေးနေနေ" ဒီကောင်မလေး ခုချိန်ရောက်လာတာ သူ့ကို နှိပ်စက်နေတာ မဟုတ်ဘူးလား။


ဆေးရဲ့ လွှမ်းမိုးမှုအောက်မှာ သူ့တစ်ကိုယ်လုံး ပူလောင်နေပြီး ခြေထောက်များ အားနည်းနေသော်လည်း သူ့ခန္ဓကိုယ်က စွမ်းအင်တွေက တဟုန်ထိုးတက်လာတာကို ခံစားရသည်။ လှပတဲ့အမျိုးသမီးကို လိုချင်တောင့်တနေချိန် ထိုအရာက သူ့ရှေ့မှာ ရပ်နေသဖြင့် သူ့သည်းခံနိုင်စွမ်းကို စိန်ခေါ်နေပုံရသည်။ 


သူ့ခြေလက်တွေ မတည်မငြိမ်ဖြစ်နေတာကို တွေ့လိုက်ရတော့ ကုချင်းယောင်က သူ့ကို လှမ်းကိုင်ဖို့ ပြေးသွားကာ မိုဖေးဟန်အတွက် ပိုလိုတောင် အခြေအနေဆိုးသွားသည်။ 


ကုချင်းယောင်ရဲ့အဖိုးသည် ဆေးပညာကို သင်ယူခဲ့ပြီး သူမ ငယ်စဉ်ကတည်းကပင် သင်ယူလာခဲ့တော့ကြောင့် သူမတွင် ဆေးဖက်ဝင်အပင်များ ရှိနေခဲ့သည်။


သူ့အရင်ဘဝက နှစ်ပေါင်းများစွာ အနံ့ခံပြီး ပိုမွှေးလာလေ သူမကို ပိုစွဲလန်းလာလေလေ။ အခုသူမ အနီးသို့ရောက်လာတဲ့အခါ သူမရဲ့ နူးညံ့မွှေးပျံ့နေသော အနံ့က သူ့ကို ရိုးရှင်းစွာ သေစေသည်။


"မြန်မြန် ထွက်သွား။ ယောင်ယောင် ...ကိုယ်..."


မိုဖေးဟန်ရဲ့အသံက အက်ကွဲနေပြီး ကုချင်းယောင်ကို ကြည့်နေချိန်တွင် သူမျက်လုံးတွင် လိုချင်တပ်မက်မှုများ ပြည့်နှက်နေသည်။ ဒီကောင်မလေးကို သူတစ်သက်လုံး သဘောကျနေပြီး သူမကို ပိုင်ဆိုင်ဖို့ ဆန္ဒရှိသည်။


သူမြေပြင်ပေါ် လဲကျသွားပြီး ကုချင်းယောင်က သူ့ကိုဖမ်းလိုက်သည်။ အပြင်ဘက်မှာ ထွန်းလင်းနေသော လရောင်နဲ့အတူ မိန်းကလေးရဲ့ လှပတဲ့အသွင်အပြင်၊ နားရွက်သေးသေးနဲ့ ဆွဲဆောင်မှုရှိသော ညှပ်ရိုးကို သူမြင်လိုက်ရသည်။ အဆုံးတွင် မိုဖေးဟန် သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။ မော့ကြည့်လိုက်ပြီး သူမရဲ့ပါးကို ညင်သာစွာ ကိုင်လိုက်သည်။


နူးညံ့ပြီး မွှေးကြိုင်နေသည်။ အထိအတွေ့က အံ့ဩစရာဘဲ။ သူ့ရင်ခွင်ထဲက နွေးထွေးတဲ့သူမက ကောင်းကောင်းအသက်ရှင်နေပြီး သူ့မှတ်ဉာဏ်ထဲကအတိုင်း ‌သွေးအိုင်ထဲမှာ လဲလျောင်းနေတာမျိုး မဟုတ်ပေ။ မိုဖေးဟန်က အလွန်ကျေနပ်နေပြီး "ယောင်ယောင် ကိုယ် မင်းကိုအရမ်း ကြိုက်တယ်"


ထိုအချိန်တွင် ကုချင်းယောင်က ငွေရောင်ဆေးထိုးအပ်ကို ထုတ်ပြီး သူ့ခန္ဓာကိုယ်ထဲ ထိုးသွင်းနေပြီး ဖြစ်သည်။ မိုဖေးဟန်ရဲ့ ခန္ဓကိုယ် တောင့်တင်းလာပြီး နောက်ပိုင်းတွင် ပြေလျော့သွားသည်။ 


အလင်းမှိန်မှိန်လေးအောက်မှာ ကုချင်းယောင်က သူပြုံးနေတာကို မြင်လိုက်ရသည်။ ထို့နောက်ဆေးပြား တစ်ပြား ပါးစပ်ထဲ ထည့်ကာ ချက်ချင်းအရည်ပျော်သွားသည်။ အေးမြတဲ့ခံစားချက်က စတင်ပျံ့နှံ့လာပြီး သူ့ခန္ဓာကိုယ်တွင်းရှိ အပူတွေ တဖြည်းဖြည်း ပျောက်သွားသည်။ 


ထိုအခြေအနေကို ကြာရှည်စွာ ခံစားပြီးနောက် မိုဖေးဟန်က မောပန်းနွမ်းနယ်လာပြီး ကုချင်းယောင်ရဲ့ ရင်ခွင်ထဲမှာ ဖြေးညင်းစွာ အိပ်ပျော်သွားသည်။ 


ကုချင်းယောင်က သူ့ကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားသည်။ လရောင်အောက်တွင် သူက အရင်ဘဝကဲ့သို့ ဆင်းရဲဒုက္ခများစွာကို ဖြတ်သန်းခဲ့ရတဲ့သူနဲ့ မတူဘဲ အလွန်ငယ်ရွယ်နေသည်။ သူမတို့ နှစ်ယောက်က ငယ်စဉ်ကတည်းကနေ ချစ်သူတွေဖြစ်သည်။ ဒါပေမဲ့ ဒီအဖြစ်အပျက်ကြောင့် သူတို့နှစ်ယောက်က အတူတူရှိဖို့ တစ်သက်လုံး လွဲချော်သွားသည်။ 


ပိုင်ရုံရန်က သူ့ကို ဆေးမခတ်ရင် ကုချင်းယောင် အရွယ်ရောက်တာနဲ့ သူလက်ထပ်မှာ မဟုတ်လား။ 


ကုချင်းယောင်ရဲ့ မျက်လုံးများ အေးစက်သွားသည်။ ပိုင်ရုံရန်၊ ကုရုန်ချင် မင်းတို့နှစ်ယောက် စောင့်နေ။


နံနက်ရောက်တာနဲ့ ကုချင်းယောင်က ကျန်းရှောင်ဟွေ့နဲ့ ကုရုန်ချင်တို့ မလာခင် မိုဖေးဟန်ကို နိုးလိုက်သည်။ 


လက်ရှိတွင် ရှေးရိုးဆန်သော 70 ခုနှစ်တွင် ရှိနေပြီး အမျိုးသားနဲ့ အမျိုးသမီးကြား ဆက်ဆံရေးကို တင်းကြပ်ထားသည်။ ဒီလို ဖမ်းမိရင် အန္တရာယ်ရှိသည်။ 


မိုဖေးဟန်ရဲ့စိတ်က နောက်ကျောတွင် ရှိနေပြီး မနိုးသေးသောကြောင့် ကုချင်းယောင်က သူ့ကို နိုးလိုက်သည်။ 


"အစ်ကို ဖေးဟန်"


မိုဖေးဟန် နိုးလာတော့ ပတ်ဝန်းကျင်ကို ကြည့်ပြီး တုန်လှုပ်သွားသည်။ 


"အခု ဘယ်နာရီရှိပြီလဲ"


နာရီအမြန်ထုတ်ပြီး ကြည့်လိုက်တော့ မနက်လေးနာရီ ထိုးနေပြီး ဆိုတာ သိလိုက်ရသည်။ ခဏကြာတော့ ကျန်းရှောင်ဟွေ့နဲ့ တခြားသူတွေ ဝင်လာသည်။ 


သူ ကပျာကယာ ဖြစ်သွားပြီး "ယောင်ယောင်  ကိုယ့်မှာ လုပ်စရာရှိသေးတယ်။ ကိုယ့်အိမ်ကို အရင်လိုက်ခဲ့ပါလား ပြန်ပို့ပေးမယ်လေ။ ဒီနေ့ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဘယ်သူကမှ မပြောစေရဘူး ဒါမှမဟုတ်ရင် ယောင်ယောင်အတွက် အဆင်မပြေဖြစ်လိမ့်မယ် နားလည်လား။ သူတို့ကို ကိုယ် ဖြေရှင်းလိုက်မယ်။ ကြောက်စရာမလိုဘူး"