Ch 4
Viewers 2k

Ch 4  


ကုချင်းယောင်က နောက်ဘာတွေဆက်ဖြစ်မလဲ ဆိုတာ သိနေတာကြောင့် မတားခဲ့ဘူး။ မိုဖေးဟန်က အဝတ်အစားလဲပြီး ခရီးဆောင်အိတ်ကို ကားပေါ်တင်လိုက်သည်။


ဒီကားက သူ့ယူနစ်နဲ့ ဆိုင်သည်။ သူရဲ့အထောက်အထားက ထူးခြားပြီး သူ့မှာ မစ်ရှင်ရှိနေတဲ့အတွက် ဝေစုအနေနဲ့ ကားကို ရထားသည်။


70 ခုနှစ်များတွင် ကားသည် ရှားပါးသော အရာတစ်ခု ဖြစ်သည်။ လယ်ထွန်စက်ပင် နည်းလွန်းလှသည်။


မိုဖေးဟန်က ‌ရှေ့မှာထိုင်ပြီး ကုချင်းယောင်က နောက်မှာထိုင်ကာ ဒီနေရာကနေ ထွက်သွားသည်။ 


ကုချင်း‌ယောင်‌ယောင်က ညကမအိပ်ခဲ့တဲ့အတွက် ခရီးဆောင်အိတ်ထဲက စောင်ကိုထုတ်ကာ အနောက်တွင် လှဲနေသည်။


ဒီဘက်ခေတ်တွင် စောင်သည် ထူးခြားသော ချည်သားစောင် ဖြစ်သည်။ အရင်ဘဝက သူမအသုံးပြုခဲ့တဲ့ စောင်ထက် ဆိုးရွားသော်လည်း အခုချိန်တွင် ထိုစောင်ခြုံထားတာ အလွန်လုံခြုံမှုရှိသည်။


ပြန်လည်မွေးဖွားခြင်း


သူမတကယ် ပြန်မွေးဖွားခဲ့သည်။


သူမက သူမရဲ့ အရင်ဘဝက စိတ်အဆင်းရဲဆုံး အခိုက်အတန့်ကို ပြောင်းလဲခဲ့ပြီး မိုဖေးဟန်နဲ့ ထိုနေရာက‌နေ အောင်မြင်စွာ ထွက်လာနိုင်ခဲ့သည်။


ကားသည် Lin Jiang မြို့မှ ထွက်ခါပြီး မြို့တော်သို့ ဦးတည်သွားခဲ့သည်။ ဘယ်သူမှမရှိတဲ့နေရာကို ရောက်တဲ့အခါ မိုဖေးဟန်က ကားရပ်လိုက်ပြီး နောက်ထိုင်ခုံဆီ လျှောက်လာသည်။ 


မိုဖေးဟန်က ဒီချိန်မှာ အရမ်းစိတ်လှုပ်ရှားနေတယ်။ သူရှေ့က မိန်းကလေးကိုကြည့်ပြီး ချက်ချင်းလက်ထပ်ချင်လာသည်။ ဒါပေမဲ့ သူရဲ့ ‌ယောင်ယောင်က 15 နှစ်သာရှိသေးပြီး တရားမဝင်ပေ။


"ယောင်ယောင်"


"ဟမ်"


"မနေ့ညက မစ်ရှင်အတွက်လာတာ ဆေးခတ်ခံရပြီး အဲလိုဖြစ်သွားတာ။ မကြောက်နဲ့နော်။ ဘယ်သူကိုမှ မပြောပြနဲ့နော် ဟုတ်ပြီးလား စိတ်ဓာတ်မကောင်းတဲ့သူတွေ သိသွားရင် ယောင်ယောင်ရဲ့ ဂုဏ်သိက္ခာ ဆိုးရွားသွားလိမ့်မယ်။"


"မနေ့ညက ဝင်လာတဲ့သူကိုလည်း ကိုယ် ဖြေရှင်းလိုက်မယ်။ ပြန်လာတဲ့အခါ ဘာမှမသိသလို နေလိုက်နော်။ တစ်ယောက်ယောက်က မေးရင် ကလေးတစ်ယောက်ထဲနေတာ မလုံခြုံတော့မှာ စိုးလို့ ကြိုပြီး အိမ်ပြန်ပို့လိုက်တာ။ နားလည်လား"


ကုချင်းယောင်က နာခံစွာ ခေါင်းညိတ်လိုက်သည်။


"ဟုတ်"


မနေ့က ကုချင်းယောင် လုပ်ခဲ့တာကို သတိရပြီး မိုဖေးဟန်က စိတ်ရှုပ်ထွေးစွာနဲ့ "မနေ့က ကိုယ့်ကို ဘာကျွေးလိုက်တာလဲ။ ကလေး ဆေးထိုးအပ် ယူလာဝာာလား"


ကုချင်းယောင်က ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်။ ယောင်ယောင် ယူလာပေးတာ။ ကိုယ့်ကို ဆေးတစ်လုံးလဲ ပေးလိုက်သေးတယ်။ အဲ့ဒါကို ဆေးစာအုပ်ထဲမှာ မြင်ပြီး ကြိုးစားကြည့်လိုက်တာ။"


ကုချင်းယောင်က ဆေးပညာကို လေ့လာပြီး ဆေးပညာကျွမ်းကျင်ကြောင်း မိုဖေးဟန် သိထားသဖြင့် သူမရဲ့ စကားများကို သံသယမဝင်ပေ။


ယောင်ယောင် အရင်ဘဝက ဒီလိုတာ လုပ်ခဲ့မယ်ဆိုရင် ဝမ်းနည်းစရာတွေ ဖြစ်လာမှာ မဟုတ်ဘူး။ အခုက  အရင်ဘဝနဲ့ မတူဘူး သူမကို ကြောက်လန့်မှုကနေ ကယ်တင်နိုင်တာမလား။


အရင်ဘဝတုန်းက သူမ လုပ်တောင်မလုပ်နိုင်ဘဲ ယုတ်မာတဲ့ ရည်ရွယ်ချက်‌တွေနဲ့ ကုတင်ပေါ်မှာ ဖိခံထားရတာ။ ထို့နောက် ကြောက်လန့်တကြား ဖြစ်ပြီး မူးလဲသွားကာ ဘာမှမဖြစ်ခဲ့ပေ။ 


သူမက မလုပ်ရှားနိုင်ဘူးဟု တွေးကာ မိုဖေးဟန်ရဲ့ မျက်လုံးများတွင် လူသတ်ချင်တဲ့ အကြည့်တစ်ခု ထွက်ပေါ်လာသည်။ ကျန်းရှောင်ဟွေ့နဲ့ သူမ့သမီးကို ခွင့်လွှတ်မှာ မဟုတ်ဘူး။


ဒီကိစ္စကို ချော့ချော့မွေ့မွေ့ ဖြေရှင်းခဲ့သည်။ ကုချင်းယောင်လည်း မထိခိုက်ဘဲ သူလည်း သက်သာရာ ရသွားသည်။ 


"ကလေး ထပ်ပြီး အနားယူတာ မဟုတ်ဘူး။ ပြန်အိပ်ပါ။ ကိုယ့်တို့ ရောက်တဲ့အခါ ကလေးကိုနိုးမယ်။ ပြန်မသွားခင် ဟိုမှာ တစ်ခုခု စားသွားမယ်။"


ကုချင်းယောင်က နာခံစွာနဲ့ လှဲလျောင်းလိုက်သည်။ ထို့နောက် မိုဖေးဟန်က သူမကို စောင်ကူခြုံပေးပြီး ခေါင်းပွတ်သပ်သည်။


ဒီမိန်းကလေး၊ ဒီတသက်မှာ သူမကို သေချာကာကွယ်ရမယ်။


သူက စည်းစိမ်ဥစ္စာ မရှိသေးသော 70 ခုနှစ်တွင် ပြန်လည်မွေးဖွားလာသော်လည်း အရင်ဘဝရဲ့ အတွေ့အကြုံအရ  ကုချင်းယောင်ကို ပျော်ရွှင်‌စွာ နေထိုင်စေရမည်ဟု သေချာပေါက်ယုံကြည်သည်။


ကားပေါ်ပြန်တက်လာသည်။ ကုချင်းယောင်က ရှေ့တွင် ကားမောင်းနေသော မိုဖေးဟန်ကို ကြည့်လိုက်သည်။


သူတကယ် သူမကို သဘောကျတာဘဲ။