Ch 5&6
Viewers 2k

Ch 5


သူတို့ နှစ်ယောက်လုံးက တစ်ယောက်နဲ့ တစ်ယောက် အရမ်းကို ရင်းနှီးကြသည်။ ငယ်ငယ်လေး ကတည်းက သူမကို သဘောကျပြီး သူ့ဇနီး အဖြစ် အမြဲရှုမြင်ခဲ့သည်။ သူအလုပ်လုပ်ပြီး နောက်ပိုင်း လစာ ရလာတဲ့အခါ သူမအတွက် လက်ဆောင်တွေ ပြန်ယူဖို့ အမြဲ ကြိုးစားသည်။ သူမအတွက် မုန့်ဖိုး ပေးပြီး အဝတ်အစားနဲ့ မုန့်တွေ ဝယ်ပေးသည်။ 


သူမကို သူ့နှလုံးသား အောက်ခြေထဲကနေပြီး ဇနီး အဖြစ် ဆက်ဆံသည်။ ဒါပေမဲ့ မ‌မျှော်လင့်ဘဲ ပိုင်ရုံရန်နဲ့ ကုရုန်ချင်း တို့ရဲ့ အကြံအစည်ကြောင့် သူဝမ်းနည်းစွာ သေဆုံးသွားသည်။ 


အရင်ဘဝတုန်းက သူတို့နှစ်ယောက်က ဒီအဖြစ်အပျက်ကြောင့် ကြီးကြီးမားမား ပေးဆပ်ခဲ့ရသည်။


ကျန်းရှောင်ဟွေ့နဲ့ ကုရုန်ချင်းတို့က ဒီအဖြစ်အပျက်ကို နေရာတိုင်းတွင် လူသိရှင်ကြား ‌အသိပေးခဲ့ပြီး သူမရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးဆဲ ဖြစ်သော်လည်း သူမအား ကာကွယ်ရန် အရာအားလုံးကို ထမ်းပိုးခဲ့တာ မိုဖေးဟန် ဖြစ်သည်။ 


အဲ့ဒီတုန်းက ကျင့်ဝတ်စည်းကမ်း တင်းကျပ်ပြီး ဒီဖြစ်ရပ်ကြောင့် သူ့ကို အပြစ်ပေး၊ ရာထူးကနေ ချလိုက်ပြီး အန္တရာယ်အရှိဆုံး အလုပ်တစ်ခုကို လုပ်ဖို့စေလွှတ်လိုက်သည်။ အသက်မသေဘဲ ပြန်လာချိန်မှာတော့ သူမကို ကာကွယ်ဖို့ အရာအားလုံး လုပ်နေခဲ့သည်။


ဘယ်လိုဘဲဖြစ်ဖြစ် ထိုအချိန်ကာလသည် စည်းမဲ့ကမ်းမဲ့ဖြစ်ပြီး ရှေးရိုးဆန်လွန်သောကြောင့် သူမသည် အလွန်ကြေကွဲဖွယ်ဘဝတွင် နေထိုင်ခဲ့သည်။


လူတိုင်းက သူမကို မထိမဲ့မြင် ပြုကြသည်။ ကုမိသားစုရဲ့ ဖွဲ့စည်းမှုက အစကတည်းက အဆင်မပြေခဲ့ပေ။ သူမရဲ့အဖိုးက အိမ်‌ပိုင်ရှင်ဖြစ်ပြီး သူမရဲ့အဖွားက ရှန်ဟိုင်ရှိ အရင်းရှင် တစ်ဦးရဲ့ သမီးဖြစ်သည်။ ဒီဖွဲ့စည်းမှုက အလွန်ကြောက်စရာကောင်းသည်ဟု ဆိုနိုင်သည်။


သူမရဲ့ အဖြစ်အပျက်ကြောင့် ကုမိသားစု တစ်ခုလုံး ငရဲဘဝသို့ ရောက်ခဲ့သည်။ သူမသည် စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ် ဖြစ်ပြီး ပြင်းထန်သော ရောဂါတစ်ခုရှိကာ အိပ်ယာပေါ်တွင် လှဲနေသည်။ အဆက်မပြတ်ရိုက်ခတ်မှုတွေအောက်မှာ သူမလုံးဝ ပြိုလဲသွားသည်။


ကုရုန်ချင်း ပိုင်ရုံရန် ဒီတသက်မှာ နင်တို့ သေချာပေါက် ကောင်းကောင်းမနေစေရဘူး။


ကုချင်းယောင်က သူမရဲ့ မျက်လုံးများကို မှိတ်ထားပြီး သူမရဲ့ Space ကို စတင်ရှာဖွေခဲ့သည်။ သူမပြန်လည်မွေးဖွားလာခြင်းတဲ့အတွက် အလွန်ပီတိဖြစ်ခဲ့ပြီး space က သူမနောက်သို့ လိုက်ခဲ့သည့်အတွက် ပို၍ပင် စိတ်လှုပ်ရှားစေခဲ့သည်။ 


ဒီ space က လွန်ခဲ့တဲ့ သက်တမ်းတလျှောက်တွင် သူမနောက်သို့ ဆယ်စုနှစ်များစွာ လိုက်ခဲ့သည်။


သူမရဲ့ နားတဝိုက်တွင် ဒီခေတ်ရဲ့ ထူးခြားသော ကားသံများနဲ့ သူမ လက်ထဲရှိ ချည်စောင် တစ်ထည်သည် ဒီခေတ်ရဲ့ ထူးခြားချက်ဖြစ်သည်။ သူမရဲ့ space အတွင်း အလွန်များပြားသော ထောက်ပံ့ရေးပစ္စည်းများကို ကြည့်လိုက်ရာ ကုချင်းယောင်ရဲ့ နှုတ်ခမ်းများ တုန်လှုပ်သွားသည်။


သူမသည် သူမရဲ့အရင်ဘဝက ထိုအဖြစ်အပျက်ပြီးနောက် တစ်နှစ်ခွဲကြာတွင် ထိုနေရာကို ရှာဖွေတွေ့ရှိခဲ့သည်။ space တစ်ခုလုံးကို အပိုင်းနှစ်ပိုင်း ခွဲထားသည်။ တစ်ခုမှာ အချိန်မရှိတဲ့ သိုလှောင်မှု ဖြစ်ပြီး သက်မဲ့အရာဝတ္တုများကိုသာ သိမ်းဆည်းနိုင်သည်။ တခြားတစ်ဖက်တွင် လူသားများပါ ထိုအပိုင်းကို ဝင်ရောက်နိုင်သည်။


ထိုနေရာတွင် ကုန်းမြေနဲ့ ရေအရင်းအမြစ်ပါသော ထူးခြားချက်ဖြစ်သော်လည်း ဆယ်ဧက ခန့်သာ ရှိသည်။


ဒီနေရာတွင် သူမအရင်ဘဝက စိုက်ပျိုးခဲ့သော မတူညီတဲ့ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများနဲ့ ပန်းများ စိုက်ပျိုးထားသည်။ မိုဖေးဟန်နဲ့ သူမတို့ အတူတူဆောက်ထားသည့် အိမ်လေးတစ်လုံးတောင်ရှိပြီး အဲ့ဒီမှာ လူနေမှုလိုအပ်ချက်တွေ အကုန်ပြည့်စုံသည်။ 


သူမရဲ့အရင်ဘဝတွင် ထိုအဖြစ်အပျက်ကို ကြုံတွေခဲ့ရပြီးနောက် လူတိုင်းက သူမကို ရှောင်ဖယ်ခဲ့ကြပြီး ဒီအရာက ကုမိသားစုရဲ့ ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ပိုဆိုးသွားစေခဲ့သည်။


သူမသည် မိမိကိုယ်ကိုယ် သတ်သေချင်သော်လည်း မတော်တဆ space  ကို ရှာဖွေတွေ့ရှိခဲ့သည်။ 


Ch 6


Space အတွင်းရှိ အချိန်သည် အပြင်ကမ္ဘာနဲ့ အလွန်ကွာခြားပါသည်။ အပင်နဲ့ အသီးအနှံအားလုံး အချိန်တိုအတွင်း ရင့်မှည့်ကြသည်။ မိသားစုဝင်တွေက သူမကို အမြဲဂရုစိုက်သည်။ သူတို့ရဲ့ ဂရုစိုက်မှုအောက်မှာ သူမက မိသားစုအတွက် စားစရာဖို့ဆောင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးခဲ့သည်။


အစားအစာသည် 70 ခုနှစ်တွင် အရှားပါးဆုံး အရင်းအမြစ် ဖြစ်သည်။ တော်တော်များများက အစာငတ်ပြီး သေဆုံးသွားကြသည်။


ကုမိသားစုက မိသားစုရဲ့ နာမည်ပျက်မှုကြောင့် ပြီးခဲ့သော အလုပ်ပမာဏနဲ့ ညီမျှသော အစားအစာကိုသာ ရနိုင်သည်။ သူမသည် space ကြောင့် စားနပ်ရိက္ခာလုံလောက်မှုကို လုံလောက်စေခဲ့သည်။


သူမ ပိုချမ်းသာလာပြီးနောက်တွင် ထောက်ပံ့ရေး ပစ္စည်းမျိုးစုံကို space ထဲတွင် စတင် သိုလှောင်သိမ်းစည်းခဲ့သည်။ မိုဖေးဟန် ရာထူးတိုးခံရပြီး ကုမိသားစု ရှင်သန်ကြီးထွားလာကာ မြို့တော်သို့ ထွက်ခွာသွားခဲ့သည်။


မိုဖေးဟန်က သူမကို ဂရုစိုက်တာကြောင့် မြိုတော်မှာရှိတဲ့ လူတွေက သူမကို မနာလိုစိတ်နဲ့ တိုက်ခိုက်ခဲ့ကြသည်။ အထူးသဖြင့် ပိုင်ရုံရန်က သူမကို သူမရဲ့အိပ်မက်ဆိုးနဲ့ လှောင်ပြောင်ခဲ့သည်။


သူမက မြို့တော်ကို မကြိုက်သောကြောင့် မိုဖေးဟန်က သူမကို စိတ်ချမ်းသာစေရန် နိုင်ငံအနှံ့ ခေါ်သွားခဲ့သည်။ မတူညီတဲ့ အရာတွေကို စူးစမ်းလေ့လာပြီး မတူညီတဲ့ အစားအစာတွေကို မြည်းစမ်းကြည့်ကြသည်။


ခရီးစဉ်အတွင်း တခြားနေရာမှာ ပစ္စည်းများစွာကို ဝယ်ခဲ့ပြီး သူမရဲ့ space ထဲတွင် ထည့်ထားသည်။ စားသောက်ဆိုင်များနဲ့ စားသောက်ကုန် ကုမ္ပဏီများအတွက် သူမရဲ့အကိုများက လိုအပ်သော ပါဝင်ပစ္စည်းတချို့ကို သူမထံသို့ မှာလေ့ရှိသည်။


အဲ့ဒါက ငွေစုဖို့ နည်းလမ်းကောင်း တစ်ခု ဖြစ်သည်။ ပိုက်ဆံရှိသောကြောင့် အရင်ဘဝက အရင်းအမြစ်များကို စုဆောင်းရာတာ နှစ်သက်သည်။ လောလောဆယ်တွင် သူမရဲ့ space သည် ကြွယ်ဝလှသည်။ 


ဆန် ကီလို တစ်သိန်း၊ ဂျုံမှုန့် ကီလို ငါးသောင်း၊ ပြောင်းဖူးမှုန့် ကီလိုဂရမ် သုံးသောင်း၊ ခေါက်ဆွဲသေတ္တာ တစ်သောင်း ရှိသည်။ ပဲအမျိုးမျိုးနဲ့ တခြားပစ္စည်း စုစုပေါင်း ကီလို ငါးသောင်းအထိ ရှိနိုင်သည်။


သူမက ထိုပစ္စည်းအားလုံးကို မိသားစုရဲ့ စားသောက်ဆိုင်နဲ့ စူပါမားကတ်များအတွက် အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် အများအပြား ဝယ်ယူခဲ့သည်။ ထိုပစ္စည်း အမြောက်အမြား ဝယ်ယူရာတွင် အလွန်ဈေးသက်သာလှသည်။ ကာ‌ဗိုဟိုက်ဒရိတ်အပြင် အသီးအနှံတွေနဲ့ အသားတွေ အပြည့်ပါသည်။


မိုဖေးဟန်က သူမအား Tibet သို့ တစ်ကြိမ်ထက်မက ကားဖြင့် ပို့ဆောင်ခဲ့သည်။ Lorry ကားကြီးတစ်စီးဖြင့် သွားလာကြပြီး အသားများစွာကို ဝယ်ယူခဲ့ကြသည်။အထူးဒေသထွက်ကုန် တချို့နဲ့အတူ ကီလိုဂရမ် နှစ်သောင်းဝန်းကျင် ရှိသည်။


သူတို့ ကျေးလက်သွားကာ ကြက်နဲ့ ဥ များစွာကို ဝယ်ယူခဲ့သည်။ ကြက်ဥများသည် သူမမိသားစုရဲ့ စားသောက်ကုန် ကုမ္ပဏီအတွက် ဝယ်လိုအား မြင့်မားသောကြောင့် ထိုကြက်ဥများကို အမြဲဝယ်ယူခဲ့သည်။ Space ထဲတွင် ကြက်ဥ ငါးသောင်းခန့် ရှိသည်။


မိုဖေးဟန်က သူမ အစားအသောက် စုဆောင်းသည့် လုပ်ငန်းစဉ်ကို နှစ်သက်နေမှန်းသိပြီး space သည် အကြောင်းပြချက် တစ်ခုကြောင့် ပေါ်လာတာဖြစ်နိုင်သည်ဟု သူမအား ပြောပြခဲ့သည်။ ကမ္ဘာကြီးရဲ့ အဆုံးသတ်ဖြစ်မယ် ဒါမှမဟုတ် သူတို့ အတိတ်ကို ခရီးထွက်တော့မယ်။


များများစုဖို့ ပြောသည်။ တစ်နေ့ သူတို့ ခရီးပြန်ထွက်ရင် space က စစ်တပ်ကို ထူထောင်ဖို့ ဒါမှမဟုတ် ဓားပြတွေကို တစ်ချိန်လောက် အသုံးချသွားနိုင်သည်....။


ထိုအချိန်တွက် သူမက စုဆောင်းခြင်း လုပ်ငန်းစဉ်ကို ပိုနှစ်သက်လာသည်။ သူမတွင် အနည်းဆုံး ဘဲကင် နှစ်ထောင်ရှိသည်။ အတိတ်ကိုသွားမလား ဒါမှမဟုတ် ကမ္ဘာကြီးရဲ့ အဆုံးသတ်ကို ရင်ဆိုင်ရမလား ဆိုတာ ဘယ်သူမှ မသိခဲ့ကြပါဘူး။ 


သူမက သူမရဲ့မိသားစုဝင်များနဲ့ သူငယ်ချင်း အားလုံးများအတွက် စားနပ်ရိက္ခာ အလုံလောက်ရှိနေမှာ သေချာသည်။


ဆန်မှုန့်နဲ့ ဂျုံမှုန့် ကဲ့သို့ ကာဗိုဟိုက်ဒရိတ် အလုံအလောက်ရှိပြီးနောက် ချက်ပြုတ်ထားသော အစားအစာ အားလုံးကို ဝယ်ယူခဲ့သည်။


သူမက မုန့်ပေါင်း နဲ့ ကိတ်မုန့်တွေကို တစ်သောင်းနီးပါး ဝယ်ယူခဲ့သည်။ သူမတွင် မိသားစုဝင်တွေများရဲ့ မွေးနေ့ပွဲအတွက် လူကြိုက်များသော ကိတ်မုန့်အမျိုးအစား ရာနှင့်ချီ၍ပင် ရှိသည်။


သူမတွင် စစ်ကျွမ်း ဟော့ပေါ့ ငါးရာကျော်နဲ့ သူမ အနှစ်သက်ဆုံး ပုစွန်ငါး များရှိသည်။


သူမသည် ချက်ပြုတ်ထားသော ငါး ကီလိုဂရမ် တစ်ထောင်ကို ဝယ်ယူပြီး သူမရဲ့ မိသားစုဝင်များ အားလုံးကို စားစေချင်သောကြောင့် သံမဏိပုံးထဲတွင် ထည့်ထားသည်။ စားချင်သလောက် ထုတ်ယူနိုင်သည်။


Space အတွင်းရှိအချိန်သည် ငြိမ်သက်နေသည်။ အစားအစာအားလုံးသည် သူတို့ရဲ့ မူလအခြေအနေတွင် ရှိနေသည်။ ဘယ်လာက်ဘဲကြာကြာ ပူပူနွေးနွေး စားစရာက ပူပူနွေးနွေး စားစရာ အဖြစ် ထွက်လာမှာ ဖြစ်သည်။