Ch 7&8
Viewers 2k

Ch 7


ကြက်သားကြော်၊ ကြက်ကင်၊ ဘဲစွပ်ပြုတ်၊ ငန်းစွတ်ပြုတ်၊ ငါးကင်၊ သိုးခြေထောက်ကင်၊ အသားကင် ရာချီ ဝယ်ယူခဲ့သည်။ သူမ မိသားစုပိုင် ဟိုတယ်နှင့် စားသောက်ဆိုင်များ အနေဖြင့် ဒီအစားအစာများ မည်သည့်နေရာတွင် အဆုံးသတ်မည်ကို စိတ်ပူနေစရာ မလိုပေ။ 


မိုဖေးဟန်က သူမကို တောင်ပိုင်းဒေသသို့ ခေါ်သွားပြီး တောင်သူများရဲ့ သစ်သီးစိုက်ခင်းများစွာကို သွားရောက်ကြည့်ရှုခဲ့သည်။ တချို့သော တောင်သူများသည် မထင်မှတ်ထားသော အခြေအနေများကြောင့် သူတို့ရဲ့ ထုတ်ကုန်များကို ရောင်းချရာတွင် အခက်အခဲနှင့် ရင်ဆိုင်ရသည်။သူမက လိမ္မော်သီး ကီလိုဂရမ် သုံးဆယ်နဲ့ မက်မွန်သီးအဝါ ကီလိုဂရမ် ခြောက်ဆယ်ခန့် ဝယ်ရန် ယွမ် 5000 သုံးစွဲခဲ့သည်။


မက်မွန်သီးအဝါကို မြို့တော်တွင် ဂရမ်ငါးရာလျှင် 10 ယွမ်ဖြင့် ရောင်းချခဲ့သည်။ ဒါပေမဲ့ ထိုနေရာရှိလူများက ထိုအသီးအနှံအားလုံးကို ရောင်းချရန် ရုန်းကန်နေရသည်။


ဖွံဖြိုးပြီး မြို့ကြီးများတွင် လူများစွာက လကုန်တိုင်း စုဆောင်းငွေ မရှိသောကြောင့် သစ်သီးဝလံများကို မတတ်နိုင်ကြပေ။ ထိုနေရာရှိ စက်ရုံများက ပုပ်ပွနေသော သစ်သီးဝလံများကို ‌ဓာတ်မြေဩဇာအဖြစ်သာ လုပ်ဆောင်နိုင်ခဲ့သည်။ 


ဖရဲသီး ဝယ်ရန် ယွမ် 1000 သုံးစွဲခဲ့သည်။ သူမ ကြီးမားပြီး ချိုမြိန်တဲ့ ဖရဲသီးတွေကို အရမ်းကြိုက်သည်။ ပိုင်ရှင်က သူမကို ဖရဲသီးအားလုံး ပေးရန်ပင် ဆန္ဒရှိခဲ့သည်။


ယွမ် 2000 က သူမကို မရေမတွက်နိုင်တဲ့ ဂေါ်ဖီထုပ်များစွာကို ဝယ်ယူနိုင်ခဲ့သည်။ ဂေါ်ဖီထုပ်ဈေးက ဈေးကွက် ဝယ်လိုအားပေါ် မူတည်သည်။ ဂေါ်ဖီထုပ်တစ်လုံးကို 10 ဒေါ်လာမှ ဒေါ်လာ အနည်းငယ်ထိ ရှိနိုင်သည်။


ဒါပေမဲ့ သူမက တောင်းဆိုမှုကို ဂရုမစိုက်ခဲ့ပေ။ သူမက  အရာအားလုံးကို space ထဲတွင် ထားနိုင်သည်။ မုန်လာဥနီ သို့မဟုတ် ဆောင်းဖရဲသီး ကဲ့သို့သော ပါဝင်ပစ္စည်းများအတွက် ဈေးနှုန်းများကို လစ်လျူရှုထားနိုင်သည်။ မြို့တော်မှာ ဟင်းချက်ဖို့အတွက် စားသောက်ဆိုင်တွေက အဲ့ဒီပါဝင်ပစ္စည်းတွေကို သုံးတဲ့အခါ‌ ဈေးနှုန်းတွေက လုံးဝ ကွဲပြားသည်။


မိုဖေးဟန်က သူမကို ပင်လယ်သို့ ခေါ်ဆောင်ကာ ငါး၊ ပုစွန်၊ ဂဏန်း၊ ပင်လယ်ရေမှော်နဲ့ အထူးသဖြင့် ကုပ်ငှက်ကဲ့သို့ ပင်လယ်စာ များစွာကို ဝယ်ယူခဲ့သည်။ နွေရာသီ ရောက်မှသာ ဝယ်လိုအား များသည်။

(ကုပ်ငှက်က ဘာလဲဆိုတာ ကိုယ်လဲမသိဘူး သိရင်ပြောပြကြပါအုံး)


သူမရဲ့ space က သက်ရှိအရာများကို မသိုလှောင်နိုင်သော်လည်း ပင်လယ်စာများကို ရေခဲရိုက်ထားရန်သာ လိုအပ်သည်ပြီး သူတို့ရဲ့ အတွင်းပိုင်းက ဘယ်သောအခါမှ ဆိုးရွာသွားမည် မဟုတ်ပေ။


Space က ကြီးမားပြီး အရာများစွာကို သိမ်းဆည်းထားနိုင်သည်။ သူတို့ထုတ်လုပ်သည့် အချိန်မှာ ပစ္စည်းများကို ဝယ်ယူရတာ ပေးရတဲ့ဈေးနဲ့ အမှန်တကယ်တန်သည်။ အတွင်းပိုင်း ထောက်ပံ့မှုကို စားသုံးရန်အတွက် စားသောက်ဆိုင်နဲ့ စူပါမာကတ် တချို့ ဖွင်လှစ်ခဲ့သည်။


ကုချင်းယောင်က မျက်လုံးမှိတ်ထားပြီး space ထဲရှိ ပစ္စည်းများကို ရေတွက်နေသည်။ အရင်ဘဝတွင် မိုဖေးဟန်က သူမကို နိုင်ငံတစ်ဝှမ်းသို့ ခရီးထွက်စေပြီး ထောက်ပံ့ရေး ပစ္စည်းအမျိုးမျိုးကို စုဆောင်းခဲ့သည်။ ဆယ်နှစ်မှ အနှစ် နှစ်ဆယ် ကြာ စုဆောင်းပြီးနောက် စူပါမားကတ်ထက် ပိုပြည့်စုံသော space အတွင်း၌ သူမလိုချင်သမျှ ရရှိခဲ့သည်။ 


အဝတ်အစား၊ ဖိနပ်၊ အိတ်၊ အထည်၊ ဟင်းချက်ပစ္စည်းနဲ့ ဟင်းခေတ်အမွှေးအကြိုင် အမျိုးမျိုးရှိသည်။ ၎င်းတို့သည် နိုင်ငံအတွင်းရှိ နေရာတိုင်းမှ အထူး‌ဒေသထုတ်ကုန်များပင် ဖြစ်သည်။ 


ကုချင်းယောင်က တံတွေးကို မျိုချလိုက်ပြီး ရုတ်တရက် ဆာလောင်မှုကို ခံစားလိုက်ရသည်။


အခု 70 ခုနှစ်များတွင် စားနပ်ရိက္ခာ အမြဲပြတ်လပ်‌နေသည်။ အသားကို မြင်ရခဲပြီး လူတွေ အဆက်မပြတ် ငတ်နေခဲ့သည်။


ချက်ချင်းစားလို့ရတဲ့ စားစရာတွေ အများကြီး ရှိသည်။ သူမဘာသာ အဆင်ပြေဖို့အတွက် ထမင်းနဲ့ယာဂု ချက်ထားသေးသည်။ သူမတကယ်ဘဲ အပြင်ထုတ်စားချင်နေပြီ။


ဒါပေမဲ့ မိုဖေးဟန်က အရမ်းသတိရှိသည်။ သူ့အနားမှာ ဒီလိုမလုပ်ရဲဘူး။ ကိစ္စမရှိပါဘူး။ အရင်ဘဝက ဆင်းရဲဒုက္ခ ချုပ်ငြိမ်းသွားသဖြင့် ပြန်လည်မွေးဖွားလာခြင်းအတွက် အရမ်းကျေနပ်မှုရှိသည်။ ဒါအပြင် သူမနဲ့အတူ space လဲပါလာသေးသည်။ ပစ္စည်းတွေ အများကြီးရောင်းထားပင်မဲ့ အများအပြားကျန်ပါသေးသည်။


မိုဖေးဟန်ရဲ့ ပြက်လုံးက အမှန်တကယ် ဖြစ်လာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ပေ။ ဒါပေမဲ့ ၎င်းက ကမ္ဘာအဆုံးသတ် သို့မဟုတ် ရှေးခေတ်ပြန်သွားခြင်း မဟုတ်ပါ။ သူမက 70 ခုနှစ်တွင် ပြန်လည်‌မွေးဖွားလာသည်။ သူမမိသားစု မငတ်တော့ဘူး။ သူမက ခေတ္တခဏ တစ်ရေးတစ်မော အိပ်ပြီး မိနစ် 40 အကြာတွင် မြို့ထဲသို့ ရောက်သည်။


Ch 8


ပျက်စီးနေသော အခြေအနေတွင် မြို့က ဖွံ့ဖြိုးတိုးတက်မှုနည်းသည်။


ထိုအချိန်က အစုလိုက်အပြုံလိုက် အိမ်များအပြင် အဆောက်အအုံများ ရှားပါးသည်။ မြို့ထဲမှာ အုတ်နဲ့ လုပ်ထားတဲ့ အိမ်တွေဘဲ မြင်နိုင်သည်။ ကုချင်းယောင်က ခေတ်မီအထပ်မြင့် ‌အဆောက်အအုံများကို အသုံးပြုလေ့ရှိသောကြောင့် အပြောင်းအလဲများနဲ့ လိုက်လျောညီထွေ မရှ်ိပေ။ 


မိုဖေးဟန်က ကုချင်းယောင်ကို အစိုးရပိုင် ‌စားသောက်ဆိုင်ကို ခေါ်သွားသည်။ မနက်ကတည်းက ဘာမှမစားရသေးတာကြောင့် ယောင်ယောင် ဗိုက်ဆာနေလိမ့်မယ်။ မိုဖေးဟန်က ကုချင်းယောင်ကို ဒုတိယဘဝတွင် မည်သည့်အရာကိုမျှ မခံစားခွင့် မပြုချင်ပေ။


မိုဖေးဟန် ဝင်လာတော့ စားပွဲထိုး တစ်ယောက်က "ပြည်သူကို အလုပ်အကျွေးပြုပါ။ ရဲဘော် ဘာသုံးဆောင်မလဲ။"


"ယူစန်က ပါဝါပါ။ ဒီနေ့ အသားရှိလား။"


"ရှိတယ်။ ဒီနေ့ ဝက်သား ကီလို နှစ်ဆယ်လောက် ရတယ်။ အများစုက ကြိုတင်မှာတာပေ့မဲ့ ကျန်တော့ကျန်ပါသေးတယ်။"


မိုဖေးဟန်က "ဝက်သားနဲ့ ခေါက်ဆွဲကြော် တစ်ခွက်၊ ဝက်နံရိုး စွပ်ပြုတ်၊ ဝက်သားပြုတ်နဲ့ ပဲပင်ကြော် တစ်ခွက် ပေးပါ။ ထမင်း နှစ်ပွဲ၊ ပေါင်မုန့် ဆယ်လုံး နဲ့ ငရုတ်သီး ကိတ်မုန့်ကြော် အလုံး နှစ်ဆယ် ပေးပါ။"


ကုချင်းယောင်က စကားပြောတဲ့ပုံစံကို မရင်းနှီး‌သော်လည်း ခုက 70 ခုနှစ်ဖြစ်တဲ့အတွက် သူမ ထိုစကားလုံးများကို ပြန်သုံးရန် လိုအပ်သည်။ 70 ခုနှစ်တွင် ဤအရာများ သုံးရန် လိုအပ်သည်။ ဒါပေမဲ့ မိုဖေးဟန် အမှာစားကို ကြားတဲ့အခါ အံ့ဩသွားခဲ့သည်။


"မဟုတ်ဘူး.... စားစရာ အများကြီး လိုမယ် မထင်ဘူး"


"စားလို့မကုန်ရင် ထုပ်သွားလို့ရတယ်လေ။ ရွာက်ိုပြန်ရောက်ရင် မြို့ကို ပြန်လာဖို့ မလွယ်ဘူး။ တခြား မိသားစုဝင်တွေ ရှိပါသေးတယ်။ ဒီမှာက အသားရှားတယ်လေ။" မိုဖေးဟန် စိတ်ပူသွားသည်။


အစိုးရပိုင် စားသောက်ဆိုင်မှာတောင် နေ့တိုင်း အသားမရနိုင်သလို ဝေစုရဖို့လိုလဲ မလွယ်ပါဘူး။ 


ယောင်ယောင်က အရမ်းပိန်တယ်။ ကုမိသားစုက ဆရာဝန်ဖြစ်သာကြောင့် ယောင်ယောင်ရဲ့ အဖိုးနဲ့ အဖေက အသက်ကိုထိန်းထားနိုင်ခဲ့သည်။ မဟုတ်ပါက ကုမိသားစုက တခြားသူတွေရဲ့ ဖိနှိပ်မှုအောက်မှာ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။


ကုမိသားစုက မိသားစုကို ထောက်ပံ့ရာတွင် အခက်အခဲရှိနေဆဲ ဖြစ်ပြီး ယောင်‌ယောင်အတွက် တစ်နှစ်လျှင် တစ်ကြိမ် အသားစားနိုင်ရန် အလွန်ရှားပါးသည်။ 


သူမက အသက် 15 နှစ်သာရှိသေးသည့် အရွယ်ရောက်ခါစ မိန်းက‌လေး ဖြစ်သည်။ သူမက ဘာတစ်ခုမှ ဒုက္ခမပေးဘူး။


မိုဖေးဟန်က ထမင်းစားဖို့ ကုချင်းယောင်ကို ဘေးက ခုံအလွတ်တစ်ခုဆီ ခေါ်သွားသည်။ သူတို့မှာပြီး သိပ်မကြားခင်မှာဘဲ ဟင်းပွဲတွေ လာချသည်။ ကုချင်းယောင်က အနီရောင် ဝက်သားပြုတ်ကို မြင်တဲ့အခါ သူမရဲ့ စားချင်စိတ်ကို မငြင်းနိုင်ပေ။


ကုချင်းယောင်က အနီရောင် ဝက်သားပြုတ်ကို မြင်တဲ့အခါ သူမရဲ့ တံတွေးများ ပါးစပ်မှ ထွက်လုနီးပါး ဖြစ်သွားတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသည်။ 


မိုဖေးဟန်က ကုချင်းယောင်ရဲ့ အမူအရာကို မြင်တဲ့အခါ အသည်းကွဲသွားသည်။ သူချစ်တဲ့ မိန်းကလေးက ငယ်စဉ်ဘဝတွင် များစွာခံစားခဲ့ရပြီး သူကြောင့် ပို၍ပင် ဒုက္ခရောက်ခဲ့ရသည်။ အဲ့ဒီတုန်းက သူမဘဝ ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့ နေမလဲ။ သူမကို ဒီလိုအဖြစ်မျိုး ထပ်ဖြစ်ခွင့် ဘယ်တော့မှ ခွင့်မပြုတော့ဘူး။


"ခဏစောင့်အုံး ပူနေသေးတယ်။ နောက်မှစား။"


ကုချင်းယောင်က တကယ်ကို ငတ်နေခဲ့သည်။ သူမက ချက်ချင်းပင် လက်ချောင်းများနဲ့ ကောက်ကိုင်ကာ စတင်စားသောက်တော့သည်။


မကြာသေးမီက မိုဖေးဟန်က ကုချင်းယောင်ကို ခေါ်ထုတ်သွားပြီးနောက် 15 မိနစ် မပြည့်ခင်တွင် ကုရုန်ချင်က သူမရဲ့ ဖခင် ကုရန်ရှိန်းနဲ့ အဖိုး ကုကျုံးဟွားကို လူတစ်စုနဲ့အတူ ခေါ်ဆောင်လာခဲ့သည်။


ကုရုန်ချင်နဲ့ သူမရဲ့ မိခင် ကျန်းရှောင်ဟွားတို့က ဦးဆောင်ခဲ့သည်။ သူမတို့ရဲ့ မျက်လုံးများတွင် ကျေနပ်မှုများ ပြည့်နေသည်။ ခွေးမလေး ဒီတခါ နင်ဘာလုပ်နိုင်မှာလဲ။ 


"အဲ့ဒါ အရှေ့မှာဘဲ! " ကုရုန်ချင်က စိတ်လှုပ်ရှားစွာ ပြောသည်။