Ch 9 &10
Viewers 2k

Ch 9


ဒါပေမဲ့ သူတို့ပြေးသွားတဲ့အခါ ခြံငယ်လေးက သော့ခတ်ထားသည်။ ကုရုန်ချင်းနဲ့ ကျောက်ရှောင်ဟွေ့တို့ နှစ်ယောက်စလုံး သော့ခတ်ထားတာကို တွေ့တဲ့အခါ အံ့ဩသွားသည်။


သေ့ာခတ်ထားတဲ့ တံခါးကို မြင်တဲ့အခါ ကုယန်ရှန်က မျက်မှောင်ကြုတ်ကာ "ဘာဖြစ်နေတာလဲ။ ယောင်‌ယောင်ဘယ်မှာလဲ။"


သူက ကုရုန်ချင်းကို မေးခွန်ထုတ်သည်။ သူရော သူအဖေရော ဆရာဝန်တွေ ဖြစ်သည်။ သူတို့က လူနာတစ်ဦးကို ကုသရန် မြို့သို့ရောက်လာပြီး တစ်ခုခုဝယ်ရန် စီစဉ်ထားသည်။ 


ကုရုန်ချင်းက မြို့ကို ကြည့်ချင်တာကြောင့် အတူတူသွားခိုင်းခဲ့သည်။ သူမက ကုချင်း‌ယောင်ကိုလည်း လိုက်လာရန် ဆွဲခေါ်ခဲ့သည်။ ကုချင်း‌ယောင်က ကလေးမလေးကဲ့သို့ပင် တစ်ခုခုဝယ်ချင်သည်။


ကုယန်ရှန်က သူ့သမီးငယ်ကို ချစ်တဲ့အတွက် သဘောတူလ်ိုက်သည်။ ကျောက်ရှောင်ဟွေ့လည်း လိုက်ချင်ခဲ့ပြီး နောက်ဆုံးမှာ မိသားစုအားလုံး သွားခဲ့သည်။


လူနာရဲ့ အခြေအနေပိုဆိုးလာသဖြင့် ဖခင်နဲ့သူ့အား ညသန်းခေါင်ကျော်တွင် လာခေါ်ခဲ့သည်။ ဒါပေမဲ့ နေမထွက်ခင်မှာ ကုရုန်ချင်းနဲ့ ကျောက်ရှောင်ဟွေ့တို့က ထိတ်လန့်တကြားနဲ့ အိမ်ထဲမှာ သူစိမ်းရှိ‌နေတယ်လို့ အော်ပြောခဲ့သည်။ ကြောက်လန့်ပြီး ပြန်လာ‌ပြောခဲ့သည်။


ကုယန်ရှန်က အိမ်တွင် တစ်ယောက်ထဲရှိနေတဲ့ ကုချင်းယောင်ကို ကယ်တင်ရန် အိမ်သို့ ချက်ချင်းထွက်လာခဲ့သည်။ 


ကုရုန်ချင်းနဲ့ ကျောက်ရှောင်လန်တို့အသံက ကျယ်လောင်လွန်းသဖြင့် လူတစ်စုကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။


"ဘာဖြစ်တာလဲ? အိမ်ထဲကို လူတစ်ယောက် ဝင်လာတာကို ငါတကယ်မြင်ခဲ့တယ်။ ယောင်ယောင်က အိမ်မှာ တစ်ယောက်ထဲရှိနေတာလေ။ ငါ...."


"မင်း ဘာတွေလျှောက်ပြောနေတာလဲ။ မင်းဘယ်လိုမြင်တာလဲ။ မင်းအမေရော မင်းရော ယောင်ယောင်ကလွဲလို့ အိမ်ထဲမှာ ဘယ်သူမှ မရှိဘူးလို့ ‌မင်းပြောနေတာလား။ ယောင်ယောင်က ဘာလို တစ်ယောက်တည်း ဖြစ်နေတာလဲ။ နောက်ပြီး လူဆိုးက ဘယ်မှာလဲ။ အေးချမ်းသာယာတဲ့ အသိုက်အဝန်းမှာ နေထိုင်ပြီး ဒီနေရာက လူတိုင်းက အရမ်းကြင်နာတယ်။ မင်းဘာတွေလျှောက်ပြောနေတာလဲ။"


ကုယန်ရှန်က ကုရုန်ချင်းရဲ့ စကားကြောင့် ဒေါသထွက်သွားသည်။ 


ကုရုန်ချင်းက ကုချင်းယောင်ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးချင်ရုံသာ ဖြစ်သည်။


ကုရုန်ချင်းက ကုယန်ရှန်ကို ကြောက်လန့်ပြီး ချက်ချင်း ပါးစပ်ပိတ်လိုက်သည်။


ကုယန်ရှန် စကားကိုကြားတဲ့အခါ ဘေးနားကလူတစ်စုက ကုရုန်ချင်းကို စိတ်မသက်မသာဖြင့် စိုက်ကြည့်နေကြသည်။


သူတို့ထဲက တစ်ယောက်မှ ဘာမှမပြောခင် ကုယန်ရှန်က "ဖေးဟန်ရဲ့ ကားမရှိတော့ဘူး။ ဖေးဟန်က ယောင်ယောင်ကို ခေါ်သွားတာ ဖြစ်နိုင်တယ်။ သူတို့ထဲက တစ်ယောက်ယောက်ကို တွေ့လိုက်လားလို့ ‌ဘေးပတ်ဝန်းကျင်က လူတွေကို မေးလို့ရတယ်။"


အိမ်နီးနားချင်း အိမ်က အမျိုးသမီးတစ်ဦး ထွက်လာတော့ ကုယန်ရှန်က မေးတော့သည်။ လုံခြုံရေး ဝန်ထမ်းတွေကို တွေ့တော့ သူမ အံ့ဩသွားသည်။ သူမက "သူတို့ကို ရှာဖို့ စိတ်မပူနဲ့။ လူငယ်လေးက သူ့မှာ ကိစ္စတစ်ခုရှိလို့ ပြောတယ်။ ကောင်မလေးကို ပြီးရင် ပြန်ပို့ပေးမယ်။ မင်းတို့ကိစ္စပြီးရင် ပြန်လို့ရတယ်။" လို့ပြောပြီး တံခါးကို ချက်ချင်း ပိတ်လိုက်သည်။


ကုယန်ရှန်က သက်ပြင်းချပြီး "ဒီမှာ အမှားတစ်ခုရှိနေတယ်လို့ ထင်တယ်။ ဖေးဟန်က သူမွေးကတည်းက ကျွန်တော်ရဲ့ အိမ်နီးချင်း သမီးက သူကိုသိတယ်။ ကိစ္စတစ်ခုခု လုပ်ဖို့ရှိတော့ ကျွန်တော့်သမီးကို တစ်ယောက်တည်း ထားခဲ့ဖို့ စ်ိတ်မချလို့ ခေါ်သွားတာ ဖြစ်မယ်။"


ပြဿနာ ဖြေရှင်းပြီးကတည်းက လုံခြုံရေးတွေက ဘာမှ မပြောကြဘူး။ ကုရုန်ချင်းနဲ့ ကျောက်ရှောင်‌ဟွေ့တို့ကို အော်ဟစ်ခြင်း သို့မဟုတ် ကောလဟာလများမဖြန့်ရန် သတိပေးခဲ့သည်။ ကုရုန်ချင်းနဲ့ ကျောက်ရှောင်ဟွေ့တို့က ချက်ချင်း ကတိပေးခဲ့သည်။


လူတွေ ထွက်သွားပြီးနောက် ကုယန်ရှန်က ကုရုန်ချင်းကို စိုက်ကြည့်သည်။ သူက အေးစက်နေပြီး "ဒုက္ခဖန်တီးရတာကြိုက်တဲ့အတွက် ဒီနေ့ကစပြီး အိမ်ထဲမှာဘဲနေ။ အပြင်ထွက်ဖို့ မစဉ်းစားနဲ့တော့။"


သူမအဖေ စကားကို ကြားတဲ့အခါ ကြောက်ရွံ့နေတဲ့ ကုရုန်ချင်းရဲ့ မျက်နှာက ပိုဖြူဖျော့သွားသည်။


ကျောက်ရှောင်ဟွေ့က ကုယန်ရှန်ကို တစ်ခုခုပြောချင်ပေမဲ့ သူက ဂရုမစိုက်ဘူး။ သူက သူ့အဖေကို လူနာရှိတဲ့နေရာကို ပြန်ခေါ်သွားပြီး ကုရုန်ချင်းနဒ့ ကျောက်ရှောင်ဟွေ့တို့ကို ဂရုမစိုက်ပေ။


သူတို့ထွက်သွားပြီးနောက် ကုရုန်ချင်းက ဒေါသတစ်ကြီး ညည်းညူရင်း "အမေ အဖေက ကု‌ချင်းယောင်ကို ဘက်လိုက်တယ်။ အဖေက သမီးကိုတောင် ဂရုမစိုက်ဘူး။"


Ch 10


ကုယန်ရှန်က ဖခင်တစ်ယောက်အနေဖြင့် သမီးနှစ်ယောက်ကို လုံးဝကွဲပြားခြားနားစွာ ဆက်ဆံသည်။ ကုချင်းယောင်က သူ့ရဲ့ရတနာဖြစ်သော်လည်း ကုရုန်ချင်းကို ဂရုမစိုက်ပေ။ 


ကုရုန်ချင်းက ကုယန်ရှန် မည်မျှ ဘက်လိုက်သည်ကို ညည်းညူနေသော်လည်း သူမအမေ ကျောက်ရှောင်ဟွေ့ကလည်း ကုချင်းယောင်အပေါ် ဘက်လိုက်ပုံကို မေ့သွားခဲ့သည်။ ကုချင်းယောင်က သူတို့အတွက် ရန်သူလိုပါဘဲ။


ဒီနေ့ ဖြစ်ပျက်တဲ့ကိစ္စကို သူတို့ စိစဉ်ခဲ့တာပါ။ ကုချင်းယောင်ကို ဖျက်ဆီးရန် လူဆိုးဂိုဏ်းကို ရှာတွေခဲ့သည်။ ကုမိသားစုမှာ နာမည်ဆိုးတစ်ခုရှိသည်။ ကုချင်းယောင် တစ်ခုခုဖြစ်ခဲ့ရင် လူတိုင်းက သူမကို ရှုံ့ချမှာ သေချာသည်။ သူမက မိသားစုထဲမှာ ဘယ်‌တော့မှ မာနကြီးတဲ့သမီး ဖြစ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အစီအစဉ်ပျက်သွားတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်။


မိုဖေးဟန်က ကုချင်းယောင်ကို ရုတ်တရက် ခေါ်ဆောင်သွားပြီး သူတို့ရဲ့ အစီအစဉ်ကို ပျက်ပြားစေခဲ့သည်။


တစ်ဖက်တွင် ကုချင်းယောင်က ဟင်းပွဲနီးပါးကို စားပြီးနောက်ဆုံးမှာ သူမဗိုက် ပြည့်သွားသည်။


မိုဖေးဟန်က သူမပုံစံကို မြင်တဲ့အခါ ရယ်ချင်သော်လည်း တစ်ချိန်ထဲမှာပင် ဝမ်းနည်းသွသည်။ ကျန်တဲ့ဟင်းလျာအားလုံးကို သိမ်းဆည်းပြီး စားသောင်ဆိုင်က ထွက်လာခဲ့သည်။


ဒါပေမဲ့ သူ အလျင်စလို မဖြစ်ပေ။ သူတို့မြို့က လုံခြုံသည်။ အရင်ဘဝက အဖြစ်ဆိုးတွေ ထပ်မဖြစ်တော့ဘူး။ သတိထားနေသရွေ့ ယောင်ယောင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး။


မိုဖေးဟန်က ကုချင်းယောင် ဝတ်ထားသည့် အဝတ်အစားက ဖာထေးမှုများ ပြည့်နေသည်ကို သတိပြုမိသည်။ ထို့နောက် သူမကို ထောက်ပံ့ရေးဆိုင်သို့ ခေါ်ဆောင်လာခဲ့သည်။ 


"ဘာလိုဒီကိုရောက်နေတာလဲ"


ကုချင်းယောင်က ပြန်လည်မွေးဖွားလာတဲ့အတွက် စိတ်လှုပ်ရှားနေခဲ့သည်။ အိမ်ပြန်ချင်ပြီး အရင်ဘဝက ဆုံးပါးသွားတဲ့ အဖွားဖြစ်သူကို သွားကြည့်ချင်နေခဲ့သည်။


"ကလေးအတွက် ပစ္စည်းတွေ သွားဝယ်မလို့ ခွင့်ရက်ရတာရှားတယ်လေ။ မကြာခင်ပြီးတော့မှာ ကလေးတွက် ပစ္စည်းဝယ်ဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး။"


ကုချင်း‌ယောင်က ဘာမှပြန်မပြောဘဲ သူမကိုယ်သူမ ကြည့်နေသည်။ တကယ်တော့ အစားအသောက်ကနေ အဝတ်အစားထိ သူမ space ထဲရှိတယ်။ အဲ့ဒါတွေကို သူမထုတ်နိုင်တာဘဲ။


"အဆင်ပြေပါတယ် အစ်ကို ဖေးဟန်။ ညီမ အခုအိမ်ပြန်ချင်တယ်။ ပြန်လို့ရမလား။"


သူမ အဖွားဆီ ချက်ချင်းသွားချင် သွားသည်။ အရင်ဘဝတုန်းက အဖွားဆုံးပါးသွားပြီး မသေခင်မှာ စိတ်ပူနေခဲ့သည်။ သူမ အဖွားကို ခုချက်ချင်း တွေ့ရမှဖြစ်မည်။


အဖွားက ခုအိမ်မှာ တစ်ယောက်ထဲ နေပြီး ထမင်းကောင်းကောင်းမစားရဘူး။ စားစရာတွေ အများကြီးယူပြီး အခုပြန်ရမယ်။ အဖွား နေ့လယ်စာ ကောင်းကောင်းစားစေချင်တယ်။


မိုဖေးဟန်က မနေ့ညက အဖြစ်အပျက်ကြောင့် ကြောက်ရွံ့ပြီး အိမ်ပြန်ချင်တာလို့ ထင်ခဲ့သည်။ သူလည်း အတင်းမတိုက်တွန်းတော့ဘူး။ သူမအတွက် ပစ္စည်းဝယ်ချင်ရင် အချိန်မရွေးလာနိုင်တယ်။


"ကောင်းပြီ ဒါဆို အိမ်မှာ ပိုကောင်းတဲ့ အစားအစာ စားနိုင်အောင်လို့ အသားနည်းနည်းဝယ်ဖို့ စားသောက်ဆိုင်သွားမယ်။ ခဏဘဲ ကြာလိမ့်မယ် ဟုတ်ပြီးလား။"


အစိုးရပိုင် စားသောက်ဆိုင်က အစားအသောက် ဘယ်လိုလုပ် လုံလောက်မလဲ။ သူမရဲ့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်အတွက် အစာပိုလိုတယ်။


ကုချင်းယောင်က မငြင်းဘူး။ သူမ space ထဲက ပစ္စည်းတွေကို ယူချင်ရင်တောင် အပြင်ကမ္ဘာမှာ ဒီလိုပစ္စည်းတွေ အရင်ရှိရမယ်။ သူမ ဖြေးညင်းစွာ ရုန်းထွက်နိုင်သော်လည်း ရုတ်တရက်လုပ်လို့ မရဘူး။


မကြာခင် စားသောက်ဆိုင်ကို ရောက်သွားသည်။ လူတိုင်းက စပါးနဲ့ အသီးအရွက်ကို ကိုယ်တိုင် စိုက်ပျိုးထားတာကြောင့် ကုမိသားစုက အသီးအရွက် ပြတ်လပ်နေမှာ မဟုတ်တာ သေချာတယ်။ ထိုကြောင့် မိုဖေးဟန်က အသားကိုဘဲ ဝယ်ရန် ရည်ရွယ်ထားသည်။


စားသောက်ဆိုင်တွင် ဝက်နံရိုး တစ်ကီလိုနဲ့ငါးရာသာ ကျန်တော့သည်။ မိုဖေးဟန်က အားလုံးကိုဝယ်ပြီး ကုချင်းယောင်ကို Qing မြစ်မဟာတပ်ရှိ ကုမိသားစုထံ လိုက်ပို့ပေးသည်။


Qing မြစ်ရဲ့ မြေဆီလွှာက မြေဩဇာကောင်းတဲ့အတွက် အသီးအနှံ တော်တော်များသည်။ ဒီနေရာတွင် သူတို့ရဲ့ဘဝက တခြားတပ်မဟာထက် အနည်းငယ်သာလွန်သည်။


ဒါပေမဲ့ အနည်းငယ် ပိုကောင်းသော်လည်း 70 ခုနှစ်တွင် ဘယ်သူမှ ကောင်းမွန်တဲ့ဘဝကို မနေထိုင်နိုင်ကြပေ။