Ch 11&12
Viewers 2k

Ch 11


ဒီအိမ်က ကုမိသားစုရဲ့ ဘိုးဘေးတစ်ဦးမှ ရွေးချယ်ခဲ့သော အိမ်ဖြစ်သည်။ စစ်ပွဲဖြစ်ပွားပြီး အခြေအနေ မကောင်းဖြစ်လာပြီးနောက် ကုမိသားစုတစ်ခုလုံး ဒီနေရာကို ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။


ကုမိသားစုရဲ့ ဘိုးဘေးများက အဓိကမြေပိုင်ရှင်များ ဖြစ်ကြပြီး တစ်ချိန်က Qing မြစ်မဟာတပ်တစ်ခုလုံးက ကုမိသားစုပိုင် ဖြစ်သည်။


နောက်ပိုင်းတွင် မိသားစုရဲ့ ပိုင်ဆိုင်မှုအားလုံးကို သိမ်းယူပြီး သူတို့ရဲ့ မြေယာများကို တောင်သူများထံ ဝေငှခဲ့သည်။


ကုမိသားစုက တောင်ကုန်းအတတ်လမ်းနဲ့ Qing မြစ်ကမ်းစပ်တွင် နေထိုင်သည်။


သူတို့မိသားစုက မကောင်းတဲ့ဒြပ်စင် ဖြစ်လို့ တခြားမိသားစု‌တွေအားလုံးက သူတို့ကို ရှောင်ပြီး သူတိုနဲ့ အတူနေဖို့ကို ငြင်းဆန်ကြသည်။


အဘိုး ကုချုန်းဟွားက အဓိက မြေပိုင်ရှင်ဖြစ်သည်။ အဖွား ဝမ်ရူယွီက ရှန်ဟိုင်မြို့ဟောင်းရှိ ငွေကြေးလုပ်ငန်းရှင်တစ်ဦးရဲ့ သမီးဖြစ်သည်။ သူတို့နှစ်ယောက်က သူတို့ရဲ့‌ နောက်ခံကြောင့် စက်ဆုပ်ဖွယ်ကောင်းတယ်လို့ ယူဆကြသည်။


ကံကောင်းထောက်မှစွာဖြင့် အဖိုးကုက စစ်ပွဲအတွက် အလှူငွေအများအပြားကို လှူဒါန်းခဲ့ပြီး ရွာရှိလူနာများကို သူရဲ့သားထွေးနဲ့ အတူ ဆက်လက်ကုသပေးခဲ့သည်။ ဤသို့ဖြင့် မိသားစုတစ်စုလုံး ငြိမ်ချမ်းစွာ ဆက်လက်ရှင်သန်နိုင်ခဲ့သည်။


အဲ့ဒီခေတ်တွင် ရွာတွေမှာ ဆရာဝန် သိပ်မရှိဘူး။ နာမကျန်းသူ အများစုက သေခြင်းတရားကိုသာ စောင့်နေကြရသည်။ Qing မြစ်မဟာတပ်မှာ ကုမိသားစုရဲ့ သားအဖရှိနေခြင်းက သာမန်ပြည်သူလူထုကို စိတ်ချမ်းသာစေသည်။


မိုဖေးဟန်က ကုချင်းယောင်ကို ကုအိမ်ကို ပြန်ပို့ပေးသည်။ ရင်းနှီးသော နွားတင်းကုပ်ကို မြင်တဲ့အခါ ကုချင်းယောင်ရဲ့ မျက်လုံးတွေ နီရဲလာသည်။ 


မှန်တယ် အဲ့ဒါ နွားတင်းကုပ်ဘဲ။ သူမတို့ တစ်မိသားစုလုံး နွားတင်းကုပ်မှာ နေထိုင်ကြသည်။


ကုမိသားစုက မကောင်းတဲ့ဒြပ်စင်တစ်ခု ဖြစ်ပြီး နိုင်ငံထူထောင်ပြီးနောက် သူတို့ရဲ့ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့သည်။ အဘိုးနဲ့အဘွားကို ခိုင်းစေခြင်းဖြင့် နွားတင်းကုပ်ကို ပို့ဆောင်ခဲ့သည်။ သူတို့က အညစ်ပတ်ဆုံးအလုပ်ကို လုပ်ရပြီး အနည်းဆုံးသော အလုပ်မှတ်ကို ရရှိခဲ့သည်။


အဘိုးနဲအဖွားက အသက်ကြီးပြီးမို့ အဖေက စိတ်ပူလို့ အဘိုးတို့နဲ့အတူ နွားတင်းကုပ်ကို ပြောင်းလာခဲ့သည်။ အဲ့တုန်းက သူမတို့မိသားစုက မုန်တိုင်းဒဏ်ကို ခံခဲ့ရသည်။ သူတို့မှာ သီးခြားအိမ်တစ်လုံး ဆောက်နိုင်တဲ့ အရည်အချင်းရှိရင်တောင် ပေါ့ပေါ့တန်တန် မရွှေ့ဝံ့ရဲကြဘူး။


ထိုကာလသည် စားနပ်ရိက္ခာ အလွန်ရှားပါးသော ကာလဖြစ်သည်။ အလုပ်များတဲ့ရာသီမှာ နွားတွေက အဓိက လုပ်သားတွေ ဖြစ်တာကြောင့် နွားတွေက လူတွေထက် ပိုကောင်းတဲ့ နေရာကို ရသည်။


နွားတင်းကုပ်ဖြစ်သော်လည်း ကျောက်တုံး၊ အုတ်များနဲ့ခိုင်ခံစွာ ဆောက်ထားပြီး Qing မြစ်မဟာတပ်ပိုင်အိမ်များထက် များစွာကောင်းမွန်သည်။


ကုမိသားစုက နံရံတစ်ခုသာခြားကာ နွားတင်းကုပ်ဘေးတွင် နေထိုင်ကြသည်။ မြက်ပင်ကို နံရံတစ်ဘက်တွင် ထားရှိပြီး မြက်ပင်ဘေးတွင် တိရစ္ဆာန်တွေ နေထိုင်သည်။


တိရစ္ဆာန်တွေက ကုမိသားစုနဲ့ အနည်းငယ်ဝေးတဲ့ မြက်ပင်တွေရှိတဲ့ နေရာမှာ နေထိုင်သည်။ ကုမိသားစုက ပိုမိုသန့်ရှင်းနေခြင်း ဒါမှမဟုတ် အနံဆိုးကြောင့် မဟုတ်ဘဲ မြက်ပင်ရှိသည့်အခန်းသည် ကုမိသားစုအခန်းထက် ပိုကောင်းသောကြောင့် ဖြစ်သည်။ နွားတွေကို အကောင်းနေရာ ပေးခဲ့သည်။ မြက်ပင်ရှိတဲ့အခန်းက နွားတွေအတွက် အကောင်းဆုံးဖြစ်သည်။


အဲ့အချိန်တုန်းက လူတိုင်းက ကုမိသားစု တစ်စုလုံးကို နွားတွေနဲ့အတူ နေဖို့ နွားတင်းကုပ်ကို  ပြောင်းရွှေ့စေကြသည်။


ကုချင်းယောင်က အတိတ်ကို ပြန်တွေးမိတဲ့အခါ ဝမ်းနည်းလာသည်။


မိုဖေးဟန်က သူမရဲ့ နီရဲနေသော မျက်လုံးများကို မြင်လိုက်တဲ့အခါ နှလုံးသား နာကျင်သွားသည်။ သူ့ယောင်ယောင်က မနေ့ညက အဖြစ်အပျက်ကြောင့် တော်တော်ခံစားရခဲ့ပြီး အိမ်ပြန်ရောက်တဲ့အခါ မျက်ရည်ကျသည်ဟု သူထင်ခဲ့သည်။


"ယောင်ယောင်..."


ကုချင်းယောင်က သူမနာမည်ခေါ်သံကြားတဲ့အခါ အသိစိတ် ပြန်ဝင်လာသည်။ သူမခံစားချက်များကို ထိန်းထားပြီး ခြံထဲမဝင်ခင် စကားပြောရန် အချိန်မရှိပေ။ အသိစိတ် ပြန်ဝင်လာသည်။ သူမခံစားချက်များကို ထိန်းထားပြီး ခြံထဲမဝင်ခင် စကားပြောရန် အချိန်မရှိပေ။ 


ခြံဝင်းထဲမှာ အဖွား ဝမ်ရူယွီက အဝတ်လျှော်နေသည်။ ကုချင်းယောင် ပြန်လာတာကို တွေ့တော့ သူမလန့်သွားသည်။ "ယောင်ယောင် ဘာလို့ မြန်မြန်ပြန်လာတာလဲ? မင်းအဘိုးနဲ့ အဖေရော ဘယ်မှာလဲ?"


အဖွားက အသက်ကြီးပြီး ဆံပင်အားလုံးနီးပါး ဖြူနေသည်။ သူမရဲ့ မျက်နှာမှာ လွန့်ခဲ့တဲ့နှစ်ရဲ့ အမှတ်အသားများ ဖုံးလွှမ်းနေသည်။


ကုချင်းယောင်က သူမအဖွားကို မြင်တဲ့အခါ ငိုချင်လာသည်။ သူမရဲ့အဖွားက အရင်ဘဝက ကြုံတွေ့ရတဲ့ အ‌ဖြစ်အပျက်များကြောင့် စိုးရိမ်ပူပန်သောကနဲ့ ဘဝကို ဖြတ်သန်းရသည်။ သူမသေဆုံးခန့်နီးတိုင်အောင် ကုချင်းယောင်ရဲ့ အနာဂတ်အတွက် စိတ်ပူခဲ့ပြီး ကုချင်း‌ယောင်ကို သူမ အစိုးရိမ်ဆုံးဟု ပြောခဲ့သည်။


သူမနဲ့ မိုဖေးဟန် နှစ်ယောက်စလုံးက သားသမီးကောင်းတွေ ဖြစ်ကြပြီး တစ်ယောက်နဲ့တစ်ယောက် သဘောကျနေခဲ့ကြသည်။ ဒါပေမဲ့ သူမတို့က တခြားသူတွေရဲ့ ခြယ်လှယ်ခြင်းကို ခံခဲ့ရပြီး ဆိုးရွားစွာ ခံစားခဲ့ရသည်။


Ch 12


ကုချင်းယောင်က သူမရဲ့ ခံစားချက်များကို အတတ်နိုင်ဆုံး ထိန်းထားခဲ့သည်။ သူမ ပြန်လည်မွေးဖွားလာပြီး အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ သူမအဖွားကို ဘာသံသယမှ ဖြစ်ခွင့်မပေးဘူး။


"အဖွား အစ်ကိုဖေးဟန်က အရေးကြီးကိစ္စရှိလို့ ပြန်သွားရမှာကြောင့် သူက သမီးကို ပြန်ပို့ပေးတာ။ အဖေနဲ့အဘိုးက ညသန်းခေါင်မှာ လူနာတွေဖို့ ခေါ်သွားသည်။ အမေနဲ့ ညီမက မှောင်နေတုန်း အပြင်ထွက်သွားပြီး တစ်ယောက်ထဲ ကြောက်နေခဲ့တာ။ ကံကောင်းစွာနဲဘ အစ်ကိုဖေးဟန် ဆီသွားပြီး သူနဲ့အတူ ပြန်လာခဲ့တာ။ အိမ်နီးချင်းကို စာတစ်စောင် ပေးခဲ့တယ်။ အဖေပြန်ရောက်ရင် သမီး အစ်ကိုဖေးဟန်နဲ့ ပြန်သွားတာကို သိပြီး စိတ်မပူဘဲ နေလိမ့်မယ်။"


မိုးမလင်းခင် ကျောက်ရှောင်ဟွေ့က ကုရုန်ချင်းကို ခေါ်သွားပြီး ကုချင်းယောင်ကို တစ်ယောက်ထဲထားခဲ့တာကြောင့် ဝမ်ရူယွီက စိတ်တိုသွားသည်။ ဒါပေမဲ့ သူမက ဘာမှမပြောဘဲ ကုချင်းယောင်ကို "ဟုတ်ပါပြီ။ ပြန်ရောက်လာတာ ကောင်းတယ်။ ဖေးဟန်ရော ဘယ်မှာလဲ?"


ထိုအချိန်တွင် မိုဖေးဟန်က ပစ္စည်းများကို သယ်ပြီး အိမ်ထဲဝင်လာသည်။ နံရိုးနဲ့ ငါးကို ဇလုံထဲ ထည့်လိုက်သည်။ ဝမ်ရူယွီ မမြင်သော်လည်း သူမရဲ့အဝတ်အစား ဆက်မလျှော်ခင် မိုဖေးဟန်နဲ့ စကားအနည်းငယ် ပြောနေခဲ့သည်။


မိုဖေးဟန်က ကုချင်းယောင်ရဲ့ ခရီးဆောင်များကို သယ်လာပြီး ကုချင်းယောင်က သူကို လမ်းပြခဲ့သည်။


"ယောင်ယောင်.." 


ကုချင်းယောင်က သူကို ကြည့်လိုက်သည်။ သူ့မျက်နှာမှာ စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေပေမဲ့ သူ့မျက်လုံးကတော့ နူးညံ့မှုတွေ ပြည့်နေသည်။


သူမအရင်ဘဝတုန်းက ဒီလူက သူမအပေါ် ကောင်းခဲ့သမျှကို သတိရတဲ့အခါ ကုချင်းယောင်က ရုတ်တရက် ထရယ်လိုက်သည်။ "အစ်ကိုဖေးဟန် ညီမကို ကယ်ခဲ့တဲ့အတွက် အစ်ကို့ကို ဘယ်လိုပြန်ဆပ်ရမလဲ။"


မိုဖေးဟန်က ကုချင်းယောင်ကြောင့် အံ့ဩသင့်သွားပြီး အနည်းငယ် စိတ်ရှုပ်သွားသည်။ ယောင်ယောင်က အခုထိ ထိတ်လန့်ကြောက်ရွံ့နေတာလား။ သူမက ဒီဘဝတွင် များစွာပြောင်းလဲသွားသော်လည်း မနေ့ညက ခါတိုင်းကဲ့သို့ ကြောက်လန့်နေခဲ့သည်။


ဒါပေမဲ့ သူရှေ့က မိန်းကလေးက အပြစ်ကင်းစင်တဲ့ 15 အရွယ် ကောင်မလေးမဟုတ်သောကြောင်း မိုဖေးဟန် မသိခဲ့ပေ။ သူမရဲ့ အရင်ဘဝတွင် အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့သည်။ ကုချင်းယောင်က သူမရဲ့ လွန့်ခဲ့တဲ့ဆယ်စုနှစ်များကြောင့် အတွေ့အကြုံများစွာရှိခဲ့သည်။


ကုချင်းယောင်က အရင်ဘဝတွင် ကျရှုံးခဲ့ပြီး ငယ်ဘဝက အရိပ်များကနေ မရုန်းထွက်ခဲ့ဘူး။ သူမအပြင်ထွက်ဖို့ ငြင်းဆန်လေလေ သူမကို လူအများက လှောင်ပြောင်လေလေ ဖြစ်သည်။ အမှန်မှာ သူမပိုသန်မာခဲ့လျှင် အရင်ဘဝတွင် သူမက ဘဝရဲ့ဂိမ်းမှာ အောင်နိုင်သူ ဖြစ်လိမ့်မယ်။


ပိုင်ရုံယန်က ချမ်းသာပြီး ဩဇာကြီးမားသော မိသားစုရဲ့ ချစ်လှစွာသော သမီးဖြစ်ခဲ့သော်လည်း သူမက မိုဖေးဟန်ကို ဆေးခတ်ရန် မတွန့်ဆုတ်ခဲ့ပေ။ ဒီလူရဲ့ နှလုံးသားက သူမနဲ့ သက်ဆိုင်ပေမဲ့ သူမရဲ့ နှောင့်နှေးမှုကြောင့် သူ့အသက်ကို ဖြုန်းတီးခဲ့သည်။


သူမက အရင်ဘဝတွင် ကားတိုက်မှု၌ သေဆုံးသွားခဲ့သော်လည်း နောက်ဆုံးစက္ကန့်တွင် သူမကို နောက်ဘဝတွင် လက်ထပ်ရန် ကတိပေးခဲ့သည့် မိုဖေးဟန်ရဲ့ ကတိက သူမကို နက်ရှိုင်းစွာ ခံစားစေသည်။ သေခြင်းတရားကို ကြုံတွေ့ခဲ့ရသဖြင့် အခုအခါတွင် ရှင်းရှင်းလင်းလင်း တွေးတောနိုင်နေပြီ ဖြစ်သည်။


မိုဖေးဟန် ဒီတစ်သက်မှာ သေချာပေါက် အစ်ကို့ကို လက်ထပ်မှာပါ။ 


မိုဖေးဟန် စကားမပြောတာ မြင်တော့ ကုချင်းယောင်က လက်ဆွဲပြီး သူ့လက်စွပ်ကို ဆွဲကိုင်ပြီး "ဘာဖြစ်တာလဲ။ အစ်ကိုက ပြန်မဆပ်ချင်ဘူးလား။"


ကောင်မလေးက သူရှေ့မှာ ရပ်ပြီး သူလက်စွပ်ကို ဆွဲကိုင်လိုက်သည်။ သူမရဲဘ ကြီးမားပြီး အရည်လဲ့နေတဲ့ မျက်လုံးတွေက သူ့ကို စိုက်ကြည့်နေသည်။


သူမက အင်မတန် လှပသည်။ အထူးသဖြင့် သူမရဲ့အသားအရေက ဖြူဝင်းနေပြီး မျက်လုံးတွေက တက်ကြွနေသည်။ သူမရဲ့ နှာတံလေးနဲ့ မေးစေ့လေးက ချွန်သည်။ သူမရဲ့ နူးညံ့တဲ့ ပန်းရောင်နှုတ်ခမ်းလေးက မက်မွန်သီးကဲ့သို့ပင် ဆွဲဆောင်မှုအပြည့်ရှိသည်။


မိုဖေးဟန်က သူမကို ကြည့်လိုက်တာနဲ့ သူ့လည်ချောင်းတွေ ပူလာပြီး အာခေါင် ခြောက်လာသည်။ ဒါပေမဲ့ သူကို ထိတ်လန့်စေတာက ယောင်ယောင်က သူအပေါ်ထားရှိတဲ့ လက်ရှိသဘောထားဖြစ်သည်။ သူ....မှားသွားတာလား?


ယောင်ယောင်က သူ့ကို ပရောပရည်လုပ်နေတယ်လို့ ခံစားရသည်။


ပြန်ဆပ်တာလား?


သူဘယ်လိုပြန်ဆပ်နိုင်မလဲ။