Ch 13
ထိုအချိန်တွင် ကုချင်းယောင်က မိုဖေးဟန်ကို အတော်လေး ကြောက်ရွံ့နေသည်။
ကုချင်းယောင် ပြုံးပြီး သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်။ "အစ်ကိုဖေးဟန် မနေ့ညက ဘာဖြစ်သွားမှန်း မသိဘူး။ အစ်ကို့ကို ညီမကယ်လိုက်တာလေ။ ညီမကို ပြန်မဆပ်ချင်တာ သေချာလား။"
အရင်ဘဝက သူ ဒီမိန်းကလေးကို တစ်သက်လုံး စွဲလမ်းခဲ့သည်။ သူမအမှန်တကယ် မထိတ်လန့်ကြောင်းကို မြင်တဲ့အခါ မိုဖေးဟန် ရုတ်တရက် သက်ပြင်းချလိုက်သည်။
သူမလက်ကို ကိုင်လိုက်သည်။ တကယ်တော့ သူမလက်ကို မကိုင်ရဲဘူး။ ဒါကြောင့် သူမရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး "ယောင်ယောင် မကြောက်တာကို ကိုယ်ဝမ်းသာတယ်။ မနေ့ညက အဖြစ်အပျက်က မတော်တဆ တစ်ခုဘဲ။ အစ်ကို ဖြေရှင်းပေးမယ်။ နောက်ကျရင် အစ်ကိုက ညီမကို ကောင်းကောင်းမွန်မွန် ဂရုစိုက်ပြီး လုံခြုံစေလိမ့်မယ်။ ဒါကို နားလည်တယ်မလား?"
ကုချင်းယောင်က ကိုင်ခံထားရတဲ့ လက်ကောက်ဝတ်ကို ငုံကြည့်ပြီး မျက်နှာကို မော့ကာ သူကို ကြည့်လိုက်သည်။ ရုတ်တရက် လက်ဆန့်ထုတ်လိုက်ပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။ ဒီတစ်ခါတော့ သူမ လက်ကို မလွှတ်ဘဲ သူ့ရင်ခွင်ထဲ ဝင်လိုက်သည်။
သူမက သူကို လှုပ်ယမ်းပြီး "ဒါဆို အစ်ကို ပြောတဲ့အတိုင်းဘဲ။" လို့ ပြောခဲ့သည်။
သူမရဲ့ နူးညံ့တဲ့အသံက မိုဖေးဟန်ရဲ့ နှလုံးသားကို နာကျင်စေသည်။ သူလက်ထဲက နွေးထွေးမှုကို တကယ်ခံစားလို့ရတယ်။
ပြန်လည်မွေးဖွားလာခြင်းရဲ့ ခံစားချက်က တကယ် အံ့မခန်းဘဲ။
"ဟုတ်တယ် အစ်ကို့စကားအတိုင်း ခေါ်နိုင်တယ်။ အစ်ကို ကတိတည်မှာပါ။"
ကုချင်းယောင်က ပြုံးပြီး "ဒါဆို ကောင်းပြီ။ အခု အိမ်ရောက်နေပြီ။ စိတ်ပူစရာ မလိုတော့ဘူး။ ညီမ အဲ့လောက် မကြောက်ဘူး။ အစ်ကို အလုပ်ကို သွားပါ ပြီးရင် ညီမကို လာရှာလေ။"
မိုဖေးဟန်က သူမကို အိမ်သို့ ရုတ်တရက်ပို့လိုက်သော်လည်း သူမကို ဒီခရီးကို မခေါ်သွားနိုင်ပေ။ အရင်ဘဝတွင် နှောင့်နှေးခဲ့ရတဲ့ က်ိစ္စတွေကို အခု လုပ်ဖို့လိုသည်။
ကုချင်းယောင် အမှန်တကယ် ထိတ်လန့်ပုံ မပေါ်တာကို မြင်တော့ မိုဖေးဟန် စိတ်သက်သာရာ ရသွားသည်။
"ဒါဆို အစ်ကို သွားတော့မယ်။ အိမ်မှာ ကောင်းကောင်း အနားယူ။"
သူ့မှာ တကယ် လုပ်စရာတွေ ရှ်ိသည်။ ဒီအားလပ်ရက်မှာ ဖျော်ဖြေဖို့ သူမှာ တာဝန်ရှိသည်။
မိုဖေးဟန်က သူမလက်ကို တွန့်ဆုတ်စွာ လွှတ်လိုက်ပြီး လှည့်ထွက်သွားသည်။ ဒါပေမဲ့ သူ တံခါးဝကို မရောက်ခင်မှာ ကုချင်းယောင်က ရုတ်တရက် သူကို လှမ်းကိုင်လိုက်ပြီး "အစ်ကို ပြန်မဆပ်ချင်တာ သေချာလား?"
မ်ိုဖေးဟန်က သူမကို ကြည့်လိုက်သည်။ သူ့မျက်လုံးတွေက မီးတောက်နေပေမဲ့ ဘာမှပြန်မပြောဘူး။
ကုချင်းယောင်က ရယ်သည်။ "အစ်ကို့က ကယ်လိုက်တာလေ။ လက်ထပ်ဖို့ ကတိမပေးရမှာလား။ ပြန်ဆပ်ဖို့ ဘာလုပ်ရမှာလဲ။"
မိုဖေးဟန်ရဲ့ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။ သူ့ကို လက်ထပ်ဖို့ ကတိပေးတာလား?
အရမ်းကောင်းတယ်။
"ဟီး... " ကုချင်းယောင် မိုဖေးဟန်ရဲ့ တုံ့ပြန်မှုကို မြင်တဲ့အခါ ရယ်ချင်လာသည်။
"ဒါပေမဲ့ မဖြစ်နိုင်ဘူး ထင်တယ်...."
မိုဖေးဟန် အရမ်း ထိတ်လန့်သွားသည်။ "ဘာကြောင့် မဖြစ်နိုင်တာလဲ ယောင်ယောင်?"
"ညီမက ငယ်သေးတယ်။"
မိုဖေးဟန် "....."
"ညီမအလှည့် မရောက်ခင် ညီမအစ်ကိုတွေ လက်ထပ်တာကို စောင့်ရအုံးမှာ "
မိုဖေးဟန် ချက်ချင်း စိတ်ပူလာသည်။
သူ ယောင်ယောင်နဲ့ လက်ထပ်ဖို့ သူမအစ်ကိုတွေ လက်ထပ်ပြီးတာကို တကယ်ဘဲ စောင့်ခဲ့ရတာလား။
ယောင်ယောင်မှာ အစ်ကို ငါးယောက်ရှိပြီး သူတို့အားလုံး လက်မထပ်ရသေး....
မိုဖေးဟန်က နောက်ဆုံးတွင် လေးလံတဲ့ နှလုံးသားဖြင့် ထွက်သွားခဲ့သည်။
ကုချင်းယောင်က သူ့အမူအရာ မြင်တဲ့အခါ ပေါက်ကွဲလုမတတ် ရယ်မောသည်။
သူမအစ်ကို ဖေးဟန်က ဘယ်လောက်တောင် ချစ်ဖို့ကောင်းလဲ။
ကုချင်းယောင်က ငယ်ငယ်ကတည်းက နေခဲ့တဲ့ အခန်းကို လှည့်ကြည့်သည်။ အခန်းက တော်တော်ကျဉ်းသည်။ ကုတင် တစ်လုံး၊ စားပွဲခုံ၊ ကုလားထိုင်နဲ့ ဗီရိုတစ်လုံးသာ ရှိသည်။ အဲ့တာအပြင် တခြား ဘာမှမရှိဘူး။
၎င်းက အရင်ဘဝက သူမ နေထိုင်ခဲ့တဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ရင် အရမ်းကွာခြားသည်။ ဒါပေမဲ့ ခုချိန်မှာ သူအ ပြန်လည်မွေးဖွားလာတဲ့အတွက် တက်ကြွနေသည်။
သူမရဲ့ အရင်ဘဝက တော်တော်လေးတင်းမာသည်။သူမက အခုတစ်ကြိမ်တွင် ပိုပြီး စိတ်လှုပ်ရှားကောင်းတဲ့ ဘဝတစ်ခုကို ဦးဆောင်ရမည် ဖြစ်သည်။
သူမမှာ မှန်ကန်တဲ့ အချစ်ရေး တစ်ခုရှိပြီး သူမ အနှစ်သက်ဆုံး လူကို လက်ထပ်မှာ ဖြစ်သည်။ သူမက မိသားစုနဲ့အတူ ပျော်ရွှင်စွာနေထိုင်ပြီး အောင်မြင်တဲ့ အသက်မွေးလမ်းကြောင်းကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ သူမရဲ့ ဘဝက အထွတ်အထိပ်ကို ရောင်လာလိမ့်မယ်။
ဟမ် ပြန်လည်မွေးဖွားလာတဲ့သူက အဲ့လိုဘဲ ဖြစ်သင့်တာ။
Ch 14
သူမ အခန်းထဲက ထွက်လာတဲ့အချိန်မှာ သူမရဲ့အဖွား ဝမ်ရူယွီက အဝတ်လျှော်ဖွတ်ပြီးလို့ လှန်းနေသည်။
ကုချင်းယောင်က "အဖွား ဗိုက်ဆာပြီးလား။ သမီးချက်ပေးမယ်။ အစ်ကိုဖေးဟန်က အစိုးရပိုင် စားသောက်ဆိုင်ကနေ ခေါက်ဆွဲနဲ့ ဝက်သားပြုတ် ဝယ်ခဲ့ပေမဲ့ မကုန်လို့ ပြန်ယူလာခဲ့တယ်။"
အဖွား ဝမ်ရူယွီပင် အသားရှိကြောင်း ကြားတဲ့အခါ စိတ်အားထက်သန်စွာ ကြည့်မိသည်။ ဝမ်ရူယွီက ငယ်စဉ်က ကောင်းမွန်စွာ နေထိုင်ခဲ့ရသော်လည်း ကံမကောင်းစွာဖြင့် ခုလိုအခြေအနေများကို ကြုံတွေ့ခဲ့ရပြီး အရင်နှစ်များအတွင်း များစွာ ခံစားခဲ့ရသည်။
ခုခေတ်က သာမန်လူများက ဝက်ကိုသတ်တဲ့အခါ အသားများကို ဝေငှပြီး နှစ်ကုန်တွင် အသားစားကြရသည်။ ပုံမှန်အခြေအနေတွင် အသားကို ဝယ်ရန် ပိုက်ဆံနဲ့ ကူပွန်လိုပြီး အမြဲတမ်း အသားမရနိုင်ပေ။
အကြီးဆုံး၊ ဒုတိယနဲ့ တတိယ ဦးလေးအတွက် မဟုတ်ပါက မိသားစုက အသားကို စားရန် မတတ်နိုင်ပေ။
ခေတ်ကာလရဲ့ ကန့်သတ်ချက်များကြောင့် ကုမိသားစုက ငွေကြေးတတ်နိုင်သော်လည်း အသားမစားနိုင်ကြပေ။
ဝမ်ရူယွီက ကုချင်းယောင် စကားကို ကြားတဲ့အခါ ချင်ချင်းပြုံးပြီး "ကောင်းပြီ။ ပေါင်မုန့်တစ်လုံး ယူခဲ့ ငါအများကြီး မစားပါဘူး။"
ကုချင်းယောင်က မီးဖိုချောင်ထဲ ဝင်သွားသည်။
မီးဖိုချောင်တွင် ရွာများတွင် တွေ့ရလေ့ရှိသော သစ်သားမီးဖို တစ်ခုရှိသည်။ သူ့ဘေးတွင် အရန်မီးဖို တစ်ခု ရှိသည်။ ဒါပေမဲ့ ရာသီဥတု ပူတဲ့အတွက် မသုံးနိုင်ပေ။
ကုချင်းယောင်က အိုးထဲ ရေအနည်းငယ်ထည့်ပြီူ မီးညှိလိုက်သည်။ ထို့နောက် သူမက ပေါင်မုန့်နှစ်လုံးနဲ့ ဝက်သားနီကို မီးဖိုတွင် ထည့်ကာ အပူပေးသည်။
သူမအဖွားက အပြင်မှာ ရှိနေတုန်းဆိုတာ သိတော့ ကုချင်းယောင်က သူမယူလာတဲ့ ဝက်သားနီကို ဇွန်းကြီးနှစ်ဇွန်းနဲ့ ကောက်ထည့်လိုက်သည်။
သူမရဲ့ space တွင် ချက်ပြုတ်ထားတဲ့ အစားအစာများစွာ ရှိသည်။ ဝက်သားနီက ၎င်းတို့ထဲက တစ်ခုဖြစ်သည်။ သူမတို့ မိသားစုအတွက် အသားစားရသည်မှာ ရှားရှားပါးပါး ဖြစ်ပြီး သူမအဖွားကို ပိုစားစေချင်သည်။
ထို့နောက် သူမက ဝက်နံရိုး ကီလိုဝက်ကို ထုတ်ကာ ဝယ်ခဲ့တဲ့ ဝက်နံရိုးထဲ ထည့်လိုက်သည်။ သူမက ငါးကို ရေဆေး ဆားနယ်ပြီး ချက်လိုက်သည်။
ထိုအချိန်တွင် ဝမ်ရူယွီ ဝင်လာပြီး ဝက်နံရိုးနဲ့ ငါးကြီးများကို မြင်တဲ့အခါ အံ့အားသင့်သွားသည်။
"ဒါအကုန် ဝယ်ခဲ့တာလား။ ခုချိန်မှာ ဒီပစ္စည်းတွေကို ဝယ်ချင်ရင်တောင် မရနိုင်ဘူး။ သမီး ဝယ်နိုင်ခဲ့တာ ကောင်းလိုက်တာ။"
ကုချင်းယောင်က ပြုံးလိုက်သည်။ "ဒီနေ့ သမီးတို့ ကံကောင်းခဲ့တာ။ ဒါတွေကို ကုန်စုံဆိုင်က ဝယ်ခဲ့တာ။ အဲ့ရောက်တော့ ဒီငါးနဲ့ ဝက်နံရိုးဘဲ ကျန်တာဆိုလို့ အကုန်ဝယ်ခဲ့တာ။"
ဝမ်ရူယွီက ပြုံးပြီး "ကောင်းလိုက်တာ။ မင်းအဖေနဲ့ အဘိုး ပြန်ရောက်ရင် အသားစားလို့ ရတယ်။ နံဝက်ရိုးတွေက အများကြီးဘဲ။ မုန်လာဥနီနဲ့ ဂေါ်ဖီထုပ် တချို့ ထပ်ထည့်ရင် အစား တော်တော်များများ အတွက် လုံလောက်တယ်။"
ဒီလိုအချိန်မှာ သယံဇာတတွေ ရှားလာသည်။ အသား၊ အဆီများတဲ့အသား၊ ပိန်တဲ့အသား၊ ဝက်ကော်လာနဲ့ ဝက်နံရိုးများကို မုန်လာဥနီနဲ့ ဂေါ်ဖီထုပ် ထည့်ပြီး စွပ်ပြုတ်အနေနဲ့ မိသားစုအားလုံး စားချင်ကြသည်။
ကုချင်းယောင်က စကားမပြောဘူး။ ဒီလိုအချိန်မှာ သူမအဖွားရဲ့ အတွေးအမြင်ကို တခါတည်း မပြောင်းလဲနိုင်ဘူး။ ဘာဘဲဖြစ်ဖြစ် သူမမှာ space ရှိသည်။ အနာဂတ်မှာ သူမအဖွား ဒုက္ခမရောက်မှာ သေချာသည်။
အဖွားက တစ်ချိန်က ကောင်းမွန်တဲ့ဘဝကို ဖြတ်သန်းခဲ့သည်။ နောက်တွင် သူမရဲ့ နေထိုင်မှုအခြေအနေ ပိုမို ကောင်းမွန်လာပြီး သဘာဝအတိုင်း ကျင့်သုံးလာနိုင်မည် ဖြစ်သည်။
ကုချင်းယောင်က ငါးတွေကို သန့်ရှင်းရေးလုပ်ဖို့ ရေကန်နား သယ်သွားသည်။ သူမက ငါးကို သန့်စင်ပြီးချိန်မှာတော့ ဝမ်ရူယွီက စားပြီး ထွက်လာသည်။ ဝက်သားနီက နူးညံ့ပျော့ပျောင်းပြီး ပါးစပ်ထဲ အရည်ပျော်သွားသည်။ ဝမ်ရူယွီက အစားအသောက်ပေါ်တွင် လုံးဝကျေနပ်နေသည်။
သူမက ခြင်းတောင်းတစ်လုံးနဲ့ ပေါက်ပြား တစ်ချောင်းကို သယ်သွားကာ ဟင်းရွက်ခင်းတွင် အလုပ်လုပ်ရန် ပြင်ဆင်နေသည်။
ထိုအချိန်က အိမ်တိုင်းတွင် အသီးအနှံများ စိုက်ပျိုးနိုင်တဲ့ သီးသန့်မြေကွက် တစ်ခု ရှိသည်။ ဒီဟင်းသီးဟင်းရွက်များက လယ်သမားများရဲ့ အစားအစာ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ မိသားစုအများစုသည် စားနပ်ရိက္ခာ ပြတ်လပ်ပြီး စိုက်ပျိုးထားတဲ့ ဖရဲသီးနဲ့ အခြားဟင်းသီးဟင်းရွက် တစ်ဝက်ခန့်ကြောင့် ရှင်သန်နေထိုင်ခဲ့သည်။
ကုချင်းယောင်က ထိုအရာကို မြင်တဲ့အခါ "အဖွား တောရိုင်းပင်တွေ တူးဖို့ နောက်မှ တောင်ပေါ်သွားလိုက်မယ်။ အဲ့ဒီကနေ မှိုနဲ့ ထင်းပြန်ယူလာခဲ့ပေးမယ်။"
ဝမ်ရူယွီက "ထင်းအတွက် စိတ်မပူနဲ့။ သမီးမလုပ်နိုင်ဘူး။ တောင်ပေါ်တက်တဲ့အခါ သတိထား။"
ရွာက ကလေးတွေက တောင်ပေါ်တက်ပြီး ဆေးပင်တူးကြတာ များသည်။ ကုချင်းယောင်က အရင်တုန်းကလည်း မကြခဏ လုပ်ခဲ့ဖူးတဲ့အတွက် ဝမ်ရူယွီက တစ်ခုခုလွဲချော်နေတယ်လို့ မခံစားခဲ့ရဘူး။