Ch 15&16
Viewers 2k

Ch 15


ဝမ်ရူယွီ ထွက်သွားပြီး ကုချင်း‌ယောင်က ငါးကို မီးဖိုချောင်ထဲယူလာပြီး ဆားနဲ့နယ်ကာ ထားတာသည်။


မီးဖိုချောင်ရှိ ဆီ၊ ဆားနဲ့ တခြားဟင်းခတ်အမွှေးအကြိုင်တို့ကို ကြည့်ပြီး သူမရဲ့ space ထဲရှိ ပစ္စည်းကို ထုတ်ပြီး ထိုထဲ ပေါင်းထည့်လိုက်သည်။ ထို့နောက် အိမ်ရဲ့ ထမင်းအိုးကို ကြည့်သည်။ စပါးအိတ်များစွာ အိုးကြီးထဲတွင် ရှိသည်။ အပေါ်တွင် ဆန်ကြမ်းမှုန့်၊ ကန်စွန်းဥမှုန့်၊ ကန်စွန်းဥခြောက်နဲ့ ပြောင်းဖူးခွံ ရှိသည်။ အောက်တွင် ဆန်၊ ဂျုံမှုန့်နဲ့ ပြောင်းဖူးမှုန့် တချို့ရှိသည်။


ဒီအချိန်တွင် စပါးကောင်းများကို အလွန် နှစ်သက်ကြပြီး တတ်နိုင်သူ အနည်းငယ်သာရှိသည်။ လူများစွာရဲ့ လုပ်ခလစာဖြင့် ထောက်ပံ့နေသော ကုမိသားစုပင် စပါးကောင်း အနည်းငယ်သာ ရှိသည်။


ဆန် 15 ကီလိုဂရမ်အောက်နဲ့ ဂျုံမှုန့် 10 ကီလိုဂရမ်ခန့် ရှိသည်။ ပြောင်းဖူးမှုန့်က ကီလိုဂရမ် 20 ခန့်သာရှိသည်။


ကုချင်းယောင်က အိမ်တွင် စပါးများများစားစား မရှိတာကို သိသည်။ ဆောင်းဦး စပါးရိတ်သိမ်းချိန်က ပြီးသွားပြီ စပါးကို နှစ်ကုန်မှသာ ခွဲဝေပေးမည် ဖြစ်သည်။ အခုအချိန်တွင် တပ်မဟာတွင်းရှိ ပိုမိုခက်ခဲတဲ့ အခြေအနေမှာရှိတဲ့ မိသားစုတချို့မှာ စားနပ်ရိက္ခာ ပြတ်လပ်လုနီးပါး ဖြစ်နေသည်။ ကုမိသားစုမှာလည်း သိပ်မကျန်တော့ဘူး။


ကုချင်းယောင်က စဉ်းစားပြီးနောက် ဆန်နှစ်ကီလိုဂရမ်၊ ဂျုံမှုန့် တစ်ကီလိုဂရမ်နဲ့ ပြောင်းဖူးမှုန့် နှစ်ကီလိုကို ထပ်ထည့်လိုက်သည်။ ကန်စွန်းဥခြောက် အနည်းငယ်ကိုလည်း ထည့်ပေးလိုက်သည်။


သူမတွင် စပါးကြမ်း များများစားစား မရှိပါ အမျိုးအစား အနည်းငယ်သာ ရှိသည်။


အစားအစာနဲ့ တခြားအရင်းအမြစ်များသည် သူမရဲ့ အရင်ဘဝတွင် ပေါများပြီး သူမရဲ့ space ကို စူပါမားကတ် တစ်ခုအနေဖြင့် စားသောက်ဆိုင်နဲ့ ဟိုတယ်ကို ပံ့ပိုးရန် ဖြစ်သည်။ အရင်ဘဝတွင် လူအနည်းငယ်ကသာ ကျန်းမာရေးအနေနဲ့ အစာကြမ်းနဲ့ အစေ့အဆန်ကြမ်းကို စားသုံးကြသည်။


အစေ့အဆန်ကို မစားနိုင်တဲ့ အခုနဲ့ မတူဘူး။


အရာအားလုံးကို လုပ်ဆောင်ပြီးနောက် ကုချင်းယောင်က ခြင်းတောင်းနဲ့ အထည်အိတ်ကို ယူကာ တောင်ပေါ်သို့တက်ခဲ့သည်။ ဆောင်းရာသီမှာ ရှင်သန်ဖို့အတွက် လူတိုင်းက နေရာတိုင်းမှာ အစားအစာကို အရူးအမူးရှာဖွေကြသည်။


တောင်ပေါ်ရှိ နေရာတိုင်းတွင် တောရိုင်းပင်များကို တူးဖော်ပြီး သစ်ခေါက်များကို ရှာဖွေကြသည်။


ကုချင်းယောင်က လယ်ကွင်းအစွန်းတွင် သိုးကျောင်းသားရဲ့ ပိုက်ဆံအိတ်ကို တွေ့ရှိခဲ့သည်။ ထို့နောက် သူမက ခြင်းတောင်းကို ထမ်းကာ တောင်ပေါ်သို့ တက်သွားသည်။


Qing မြစ်မဟာတပ်က ဧရ်ိယာကြီးမားတဲ့ တောင်တစ်ခုကို သိမ်းပိုက်ခဲ့သည်။ အနက်ရှိုင်းဆုံးအပိုင်းက ရှေးခတ်သစ်တောဖြစ်သည်။ အစွန်အဖျားဒေသရှိ သစ်ပင်များသည် အများအားဖြင့် ခုတ်လှဲခံခဲ့ရသော်လည်း နှစ်ပေါင်းများစွာကြာပြီးနောက် ပြန်လည်ကောင်းမွန်လာကာ တောင်စောင်း တစ်ဖန်ဖြစ်လာသည်။


အစွန်းအဖျားဒေသများက အလွန်လုံခြုံပြီး တောကြက်၊ ယုန်နဲ့ ဖြူကောင်များကဲ့သို့သော တိရစ္ဆာန်ငယ်လေးများကို မကြာခဏ တွေ့မြင်ရသည်။ ဒါ‌ပေမဲ့ ဒီတိရစ္ဆာန်တွေရဲ့ လုပ်ဆောင်ပုံကို မသိပါက ဖမ်းရန်မလွယ်ကူပါ။


"အစ်မကြီးကု အစ်မကြီးကု!"


ကုချင်းယောင်က တောနက်ထဲ သွားတဲ့အခါ သူမနာမည်ကို တစ်ယောက်ယောက်ခေါ်သံကြားလိုက်သည်။ သူမက ရပ်ပြီး ကြည့်လိုက်သည်။ အနီးအနား တောအုပ်ထဲကနေ ကောင်လေး အနည်းငယ် ပြေးထွက်လာသည်။ သူတို့က အသက် 11 နှစ် သို့မဟုတ် 12 နှစ်ခန့်သာရှိပြီး တောင်း ဒါမဟုတ် ထင်းများ သယ်ထားကြသည်။


ဒီအရွယ်ကလေးအားလုံး အလုပ်လုပ်ကြသည်။ ထင်းအလုံအလောက်ရှိမှ ဆောင်းရာသီကို သက်တောင့်သက်သာနဲ့ ဖြတ်သန်းနိုင်မည် ဖြစ်သည်။


ဦးဆောင်လာတဲ့ ကလေးကို ကုံးတန် လို့ ခေါ်သည်။ သူရဲ့ မျိုးရိုးနာမည်က ချန် ဖြစ်ပေမဲ့ နာမည်မရှိသောကြောင့် လူတိုင်းက သူ့ကို ကုံးတန်ဟု ခေါ်ကြသည်။


ချန်ကုံးတန်က အသက် 12 နှစ် ဖြစ်သည်။ သူ့အဖေက လွန်ခဲ့တဲ့နှစ်အနည်းငယ်က ရောဂါတစ်ခုနဲ့ ဆုံးသွားသည်။ သူ့အမေက သူတို့ကို စွန့်ပစ်ပြီး တခြားတစ်ယောက်နဲ့ လက်ထပ်ဖို့ ထွက်ပြေးသွားသည်။ သူ့မှာ 6 နှစ်အရွယ် ညီမလေး တစ်ယောက်ရှိသည်။ ထိုနှစ်တွင် သူ့ညီမက မွေးကင်းစ ကလေးသာ ရှိသေးပြီး သူတို့ရဲ့ အဘိုးအဖွားများက သနားကာ နှစ်အနည်းငယ် ခေါ်သွားသည်။


မနှစ်က သူတို့ရဲ့ အဘိုးအဖွား တစ်ယောက်ပြီး တစ်ယောက် ဆုံးသွားတဲ့အတွက် သူတစ်ယောက်ထဲ ညီမလေးကို ကျွေးမွေးရသည်။


သူတို့အိမ်ရှိ အခန်းအများစုကို အကြီးဆုံးဦးလေး မိသားစုက နေရာယူထားကြသည်။ ကလေးနှစ်ဦးက အကြီးဆုံးဦးလေး မိသားစုနဲ့ အတူနေထိုင်ပြီး ကျွန်သဖွယ် ဆက်ဆံခံရသည်။


ကုချင်းယောင်ရဲ့ အပြုံးက အလွန်နူးညံ့ပြီး "ကုံးတန် ဘာကိစ္စ ရှိလို့လဲ"


ချန်ကုံးတန်က ကုချင်း‌ယောင်ရဲ့ မျက်နှာကို မော့ကြည့်ပြီး သူမရဲ့အပြုံးကို မြင်တဲ့အခါ တုန်လှုပ်သွားသည်။ သူမ အရမ်းလှတယ်။


အစ်မကြီးကုက တပ်မဟာတစ်ခုလုံးတွင် အလှဆုံးမိန်းကလေး ဖြစ်ရမယ်။


"အစ်မကုကို ကုရုန်ချင်းနဲ့ တခြားသူတွေက အနိုင်ကျင့်ခဲ့တာလား။ မနေ့က သူမအစ်မနဲ့ စကားပြောနေတာကို ဆွေ့ခဲ့တယ်။ အနာဂတ်မှာ အစ်မကို ကုမိသားစုကနေ ထွက်သွားဖို့ အတင်းအကြပ် လုပ်မဲ့အကြောင်း ပြောနေကြတာ။ သူတို့ အစ်မကို အနိုင်ကျင့်သေးလား။"


Ch 16


သူရည်ညွှန်းတဲ့ အစ်မက သူ့ဦးလေးရဲ့ အကြီးဆုံးသမီး ချန်ဟုန်ဟွား ဖြစ်သည်။ သူမက ကောက်ကျစ်ကာ လိမ္မာပါးနပ်ပြီး ကုရုန်ချင်းရဲ့ သူငယ်ချင်းကောင်း ဖြစ်သည်။


ကုချင်းယောင်က ရယ်ပြီး "ဘာမှမဖြစ်ပါဘူး။ သူတို့အစ်မကို အန်ိုင်ကျင့်လို့ မရပါဘူး။ အစ်မ အဆင်ပြ‌ေနေတာ မြင်တယ်မလား။"


ချန်ကုံးတန်က ရယ်သည်။ "မနေ့က မြို့ကို သွားတာမလား။ ဒီနေ့ အစ်ကိုကြီးမိုရဲ့ ကားနဲ့ ပြန်လာတာ‌ တွေ့တယ်။ အစ်ကိုကြီးမိုနဲ့ ပြန်လာခဲ့တာလား။ အဲ့ကားက အရမ်းမ်ိုက်တယ်။ အစ်ကိုကြီးမိုက အရမ်းတေယ်တယ်။"


သူစကားပြောနေရင် မျက်လုံးတွေ တောက်ပလာသည်။ ယောင်္ကျားလေးအားလုံးက ကားကို နှစ်သက်ကြပြီး ဒီကလေးရဲ့ မျက်လုံးက သူရဲကောင်းကို ကိုးကွယ်မှု ပြည့်နှက်နေသည်။


"အစ်ကိုကြီးမိုကြောင့် သူတို့ကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူး။"


ကုချင်းယောင်က ပြုံးပြီး "စိတ်မပူပါနဲ့။ အစ်မ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ မင်းကိုယ်မင်းနဲ့ မင်းညီမလေးကို ဂရုစိုက်ရမယ် ကြားလား။"


ချန်ကုံးတန်က "ကျွန်တော့်ညီမလေးကို ဂရုစိုက်ပေါ့မယ်။"


ဒါပေမဲ့ သူ့ကိုယ်သူ ဂရုစိုက်မယ်လို့ မပြောဘူး။


သူမရှေ့မှာ ရပ်နေတဲ့ ပိန်ပိန်ပါးပါးကောင်လေးကို ကြည့်ရင်း ကုချင်းယောင်ရဲ့ နှလုံးသား နာကျင်သွားသည်။ သူမတို့ ပတ်ဝန်းကျင်က ကလေးအနည်းငယ် ပြေးထွက်သွားကို အခွင့်အရေးယူပြီး သူမ space ထဲက ကြက်ဥလေးလုံး ယူလိုက်ပြီး သူ့ကို ပေးလိုက်သည်။


ဒါတွေက ငှက်ဥတွေ ဖြစ်သည်။ ထိုဥက အလွန်သေးပြီး ချက်ပြုတ်ပြီးသားဖြစ်လို့ ချက်ချင်းစားနိုင်သည်။


ရွာမှာ ကြက်ဥတွေက ဈေးကြီးသည်။ သူ့ကို ပေးလျှင် ယူမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငှက်သိုက်ရတာ ကြိုက်တဲ့ ကလေးများစွာရှိပြီး ကြကဥအစား ငှက်ဥကို ပိုတွေ့ရလေ့ရှိသည်။


"ဒါက မင်းအတွက် ချက်ပြီးသား။ မင်းတို့ မောင်နှမအတွက် ယူလာခဲ့တာ။ စားဖို့ တုံ့ဆိုင်းမနေနဲ့။ မင်းဗိုက်ထဲရောက်မှ လုံခြုံမှာ နားလည်လား။"


အကယ်၍ သူပြန်ယူသွားပါက ချန်ဟုန်ဟွား မြင်ပြီး သူတို့ မောင်နှမနှစ်ယောက် မစားရရုံမက ရိုက်ပါခံရမည် ဖြစ်သည်။


ချန်ကုံးတန်က ငှက်ဥကို ကြည့်ပြီး ခေါင်းယမ်းလိုက်သည်။ "အစ်မကု ဒါကို အစ်မကိုယ်တိုင် စားပါ။ ကျွန်တော် မယူန်ိုင်ဘူး။"


"မင်းရဲ့ အစ်ကိုကြီးမို တောင်ပေါ်သွားခဲ့ပြီး နည်းနည်းပေးခဲ့တာ။ ဒါပေမဲ့ နောက်ထပ် နည်းနည်း ကျန်သေးတယ်။ သူအိမ်ပြန်ရောက်တာ မကြာ‌သေးတဲ့အတွက် တောင်ပေါ်သွားဖို့ အခွင့်အရေး အများကြီး ကျန်သေးတယ်။ စားချင်ရင် သူဆီက တောင်းလို့ရတယ်။ ဒါကြောင့် မင်းတို့ ယူသွားပါ။"


ကုချင်း‌ယောင်က သူ့ညီမအကြောင်းပြောတဲ့အခါ နောက်ဆုံးမှာ ချန်ကုံးတန်က ယူလိုက်သည်။ သူ့ညီမက မွေးကတည်းက ခုချိန်ထိ ဒီလို အံ့ဩစရာကောင်းတဲ့ အရာတွေကို မစားဖူးဘူး။ သူထိုအကြောင်း တွေးမိပြီး ငြင်းဆန်ဖို့ သတ္တိမရှိတော့ဘူး။


"ကျေးဇူးတင်ပါတယ် အစ်မကု"


ချန်ကုံးတန် နှုတ်ဆက်ပြီးနောက် ကုချင်းယောင်က ခြင်းတောင်းကို ယူကာ တောင်‌ကုန်းပေါ်သို့ ဆက်တက်ခဲ့သည်။ တောင်ကုန်းရဲ့ တစ်ဖက်ခြမ်း လျှောစောက်အောက်ခြေမှာ ချောင်းငယ် တစ်ခုရှိသည်။


ဒီနေရာက ပတ်ဝန်းကျင်ဖြင့် ဝေးကွာသဖြင့် ဒီနေရာကို ဘယ်သူမှ မရောက်ဖူးတာကြောင့် တောကြက်များ ပိုများသည်။


ကုချင်းယောင်က လမ်းတစ်လျှောက်တွင် ထောင်‌ချောက်များစွာ ချထားပြီး တိရစ္ဆာန်ငယ်တချို့ ဖမ်းမိရန် မျှော်လင့်ခဲ့သည်။ အရင်ဘဝတွင် သူမက မိုဖေးဟန်နဲ့အတူ ခရီးသွားကာ လှည့်ကွက်များစွာကို သင်ယူခဲ့သည်။ ထို့ကြောင့် သူမက ၎င်းကို အလွယ်တကူ လုပ်နိုင်သည်။


ဒါအပြင် သူမက တိုက်ခိုက်ရေးသမားကောင်း တစ်ဦးဖြစ်တာကြောင့် ခုချိန်ထိ တစ်ယောက်ထဲ သွားရန် မကြောက်ပေ။


အရင်ဘဝက ထိုအဖြစ်အပျက်ပြီးနောက် မလုံခြုံမှုကို ခံစားရသည်။ ဒါကြောင့် တိုက်ခိုက်ရန် သင်ယူခဲ့သည်။ သူမမိသားစုထဲက ဝမ်းကွဲတချို့လည်း လေ့လာသင်ကြားပြီး တိုက်ပွဲမှာ ကျွမ်းကျင်ကြသည်။


နောက်ပိုင်းတွင် သူမက မိုဖေးဟန်နဲ့အတူ နိုင်ငံတဝှမ်းမှာ လိုက်လေ့လာခဲ့ပြီး အကြောင်းအရာများစွာကို သင်ယူခဲ့သည်။ ရလာဒ်အနေနဲ့ ကုချင်းယောင်က ခုချိန်မှာ သူမတစ်ယောက်ထဲ ထွက်လာပေမဲ့ လူဆိုးတွေနဲ့ကြုံမှာကို လုံးဝမစိုးရိမ်ဘူး။


ဆောင်းဦးပေါက် ဖြစ်ပြီး တောထဲတွင် ပိုအေးသည်။ သူမရှေ့က စမ်းချောင်းငယ်က ကျဉ်းမြောင်းပြီး အကျယ်ဆုံးမှာ သုံးလေးမီတာ ဖြစ်သည်။ တချို့နေရာတွင် နှစ်မီတာသာ ကျယ်သည်။ စမ်းချောင်းတွင် မတူညီတဲ့အချက်မှာ အတိမ်အနက် ကွဲပြားသည်။


သူမ ထောက်ချောက်များကို လှည့်ပတ် ကြည့်ရှုပြီး ငါးဖမ်းရန် ချောင်းထဲသို့ သွားခဲ့သည်။


ငါးနဲ့ပုစွန်များသည် မြစ်ငယ်နဲ့ ရေမြောင်းတချို့တွင် တွေ့ရပြီး နောက်ပိုင်းနှစ်များနဲ့ မတူပေ။ ၎င်းတို့က ညစ်ညမ်းမှုများကြောင့် သေဆုံးကုန်ကြသည်။