Chapter 1
Viewers 9k


အပိုင်း(၁)


လင်ရှန်းဟာအခြားကမ္ဘာတစ်ခုကို သာယာတဲ့နေလယ်ခင်းတစ်ခုမှာပဲအချိန်ကူးပြောင်း လာခဲ့တာဖြစ်သည်။


သူမရဲ့ခေါတ်သစ်ကမ္ဘာမှာတော့သူမဟာ သူမရဲ့အစိုးရဝန်ထမ်းဝင်ခွင့်စာမေးပွဲကိုဖြေဆိုနေရချိန် ဖြစ်လေတယ်။ မေးခွန်းတွေကသူမအတွက်တော့ဖြေဆိုရတာအရမ်းကိုခက်ခဲစေတယ်။မေးခွန်းတွေတွေးရလွန်းလို့သူမခေါင်းရှုပ်ထွေး

သွားပြီးမခံမရပ်နိုင်အောင်ဘဲခေါင်းကိုက်ရင်းနဲ့ သူမဟာစာမေးပွဲဖြေဆိုနေတဲ့စားပွဲခုံပေါ်မှာပဲ ခေါင်းငိုက်စိုက်ကာ အိပ်ပျော်သွားခဲ့တာပဲဖြစ်တယ်။


သူမနိုးလာတဲ့အခါမှာတော့ သူမဟာအခြားလူတစ်ယောက်အဖြစ်နဲ့ရှေးကမ္ဘာကို ကူးပြောင်းခဲ့တာဖြစ်လေတယ်။


ရှေးကမ္ဘာမှာတော့ သူမဟာ ဝန်ကြီးချုပ်ရဲ့ဒုတိယသား သခင်လေး စုန့်လောင် ဖြစ်လာခဲ့တယ်။


ဘယ်လို? လင်ရှန်းက ယောက်ျားလေးတစ်ယောက် ဖြစ်သွားတာလား?


'မှားပါတယ်' 'မှားပါတယ်' 'မှားပါတယ်'


အချိန်မကူးပြောင်းခင်က သူမရဲ့ ရင်သား sizeက စံနှုန်းမမှီပေမယ့်လဲ သူမကမိန်းကလေး တစ်ယောက်အဖြစ်ပဲ ရှိပါသေးတယ်။ လတိုင်းလတိုင်းမှာလဲ သူမရဲ့ အန်တီ*က ပုံမှန်လာလေ့ရှိတုန်းပဲဖြစ်တယ်။

[*အန်တီ means you know]


ဒီအချိန်မှာပဲ အချို့လူ​ေတွကစဉ်းစားလို့​နေကြပါပြီ ..ဒာဲလိုဆို သူမက ယောက်ကျားလေးလား၊ မိန်းကလေးပဲလား?


ရိုးသားစွာပဲပြောရမယ်ဆိုရင် လင်ရှန်းကိုယ်တိုင်တောင်မှပဲ ယောက်ျားလေးလို့ ယူဆရမှာလား မိန်းကလေးလို့ စဉ်းစားရမှာလား ကိုပဲ မသေချာတော့ဘူး။


အမှန်စင်စစ်ကတော့ ဒုတိယသခင်လေးဟာ မိန်းကလေးတစ်ယောက်သာဖြစ်လေတယ်။ ထပ်ပေါင်းပြောရမယ်ဆိုရင်တော့ သူမရဲ့ ရင်သား size ကလဲ သူမရဲ့မော်ဒန်ကမ္ဘာထက်ကကိုပဲ နှစ်ဆတောင်ပိုကြီးနေပါသေးတယ်။ အတုကြီးဖြစ်နေရင်တောင် လဲထားတဲ့ပစည်းက အာမခံချက် ရှိနေတာပဲ!


ဒါပေမယ့်တရားဝင်စာရွက်စာတမ်းပေါ်မှာကတော့သူမဟာယောက်ျားလေးတစ်ယောက်ပဲဖြစ်တယ်။ နောက်ထပ်ပေါင်းပြောရမယ်ဆိုရင်တော့သူမက အင်ပါယာရဲ့အမြတ်နိုးဆုံးသမီး​တော်နဲ့ လက်ထပ်ဖို့ရာအကြောင်းဖန်လာ​​နေရဲ့။

သူမရဲ့လက်ရှိသရုပ်မှန်အနေအထားကတော့အမျိုးသမီးတစ်ဖြစ်လဲ ကြင်ယာတော်မင်းသားပဲဖြစ်​ေတာ့တယ်။


ဒုတိယမေးခွန်းအနေနဲ့ ဘယ်ကနေဘယ်လိုတောင် သောက်ကျိုးနဲ ဒုတိယသခင်လေး ဖြစ်လာခဲ့တာလဲ? ဒါတင်မကသေးဘူး ဘာကြောင့်သူမကမင်းသမီးနဲ့လက်ထပ်ဖို့ အထိတောင် ဖြစ်လာရတာလဲ?တော်တော်လေးလေ့လာစမ်းစစ်ပြီးတဲ့နောက်ဆုံးမှာတော့ လင်ရှန်းဟာ လက်ခံနိုင်ဖွယ်မရှိတဲ့အကြောင်းပြချက်ကို ရှာတွေ့ခဲ့တယ်။


တကယ်တော့စုန့်လောင်မွေးဖွားလာတဲ့အချိန်မှာသူမကတော်တော်လေးကိုအားနည်း​ေနခဲ့ပြီး သေလုမျောပါးဖြစ်နေခဲ့တာပါ. အဲဒီနောက် သူမရဲ့အဖေ အမတ်ချုပ်ကြီးကမြို့တော်ရဲ့ အကျော်ြကားဆုံး ရှေ့ဖြစ်ဟောဆရာကိုခေါ်ဆောင်ခဲ့ပြီး သူမရဲ့ကံကြမ္မာကို တွက်ချက်ခိုင်းခဲ့ပါတယ်။ ရှေ့ဖြစ်ဟောဆရာက သူမရဲ့လက္ခဏာကိုကြည့်ပြီးတွက်ချက်ပြီးတာနဲ့သူ့ရဲ့ ခေါင်းကို ခါရမ်းလိုက်ခဲ့တယ်. သူပြောခဲ့တာကတော့ သူမဟာ မှားယွင်းတဲ့ကိုယ်ထဲမှာ ဝင်စားလာခဲ့တာဖြစ်လို့ သူမကို ယောက်ျားလေးတစ်ယောက်အသွင် နေခိုင်းခဲ့ပြီး ငရဲမင်း​ကြီးဆီကသူမရဲ့ဝိညာဉ်ကိုပြန်ခေါ်ဖို့ စီစဉ်ခဲ့တာပဲဖြစ်သည်။


စုန့်ရှမ်းကဒီအစီစဉ်ကိုကြားရတာနဲ့ စိတ်ဖိစီးသွားခဲ့တယ်။


'ဒီကလေးကမွေးလာခဲ့ပြီးပြီပဲ ယောက်ကျားလေးလိုပဲ နေနေ မိန်းကလေးလိုပဲနေနေ

ထည့်မစဉ်းစားတော့ပဲ စုန့်မိသားစု ရဲ့ကလေးတစ်ယောက်အနေနဲ့ပဲ ရှိရင်ရပါပြီလေ' ဆိုပြီး ရှေ့ဖြစ်ဟောဆရာရဲ့အကြံအတိုင်း လုပ်ဆောင်ခဲ့တာဖြစ်လေတယ်။ သူ့ရဲ့သမီးဖြစ်သူကိုတော့ အသက်ဆုံးရှုံးခွင့်မပြုနိုင်ခဲ့​ေလဘူး။ ဒီလိုနည်းနဲ့မှပဲ ငရဲမင်းကြီးက သူ့မှာသားတစ်ယောက်ရှိတယ်လို့ ယူဆစေပြီး သူ့ရဲ့ငရဲထိန်းတွေကို သူ့သမီးဖြစ်သူရဲ့ဝိညာဉ်ကို လာရောက် မနှုတ်ယူအောင်မှာ ပဲဖြစ်သည်။


အခုတော့စုန့်ရှမ်းတစ်ယောက် စဉ်းစားရခက်နေပါပြီ။


'ဟူး? . ဒါ ကအခုတော့ အရမ်းကိုကြီးမားတဲ့ပြဿနာဖြစ်နေပြီပဲ။'


သူမကို သားတစ်ယောက်အနေနဲ့ သူဘယ်လောက်ကြာကြာထားနိုင်မှာတဲ့လဲ? အမှန်တော့ မိန်းကလေးတစ်ယောက်အနေနဲ့ အိမ်ထောင်ပြုရမှာမဟုတ်လား?"


ရှေ့ဖြစ်ဟောဆရာက နောက်ထပ်အနည်းငယ်တွက်ချက်ပြီးပြောခဲ့တာကတော့


"ဆယ့်ရှစ်နှစ် နောက်ထပ်အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးရင် ငရဲမင်းက ဒီအကြောင်းကိုမေ့သွားလောက်ပြီ.. သူမကလည်း အမျိုးသမီးတစ်ယောက်အနေနဲ့ နောက်တစ်ဖန် ရှင်သန်နေနိုင်ပြီ၊ ဒါပေမယ့်သတိပြုရမှာက ဆယ့်ရှစ်နှစ်အတောအတွင်းမှာတော့ လူတွေကြားထဲမှာသူမကိုဘယ်သူကမှ မိန်းကလေးတစ်ယောက်အဖြစ်သိသွားလို့မရဘူး၊ လူတွေပိုပြီးသိလေ သူမအတွက်အသက်ရှင်ဖို့ ခက်ခဲလိမ့်မယ်။ မမေ့ပါနဲ့ "


ရှေ့ဖြစ်ဟောဆရာပြန်သွားခဲ့တဲ့အခါမှာတော့ စုန့်ရှမ်းဟာ ချက်ချင်းပဲသူ့ရဲ့ဇနီးဖြစ်သူမှာ သမီးတစ်ယောက်ရှိခဲ့တယ်ဆိုတဲ့အရင်းအမြစ်မှန်သမျှကို တားဆီးလိုက်တယ်။မကြာလိုက်ပါဘူး မြို့တော်တစ်ခုလုံးကပြောနေကြတာက ဝန်ကြီးချုပ်ရဲ့ဇနီးက စုန့်လောင် ဆိုတဲ့ ဒုတိယမြောက်သားတစ်ယောက်မွေးဖွားခဲ့တယ်ဆိုတဲ့ အကြောင်းပဲဖြစ်တယ်။လူတိုင်းကလဲ ဝန်ကြီးချုပ်မှာ သားနှစ်ယောက်တောင်ရှိလို့ အရမ်းကံကောင်းတဲ့လူလို့ပြောနေကြပြီး သူတို့ထဲက ဘယ်သူကမှအလိမ်ညာတစ်ခုဆိုတာမသိခဲ့ကြဘူးပဲဖြစ်သည်။


လူတိုင်းကဝန်ကြီးချုပ်မှာ သားဘယ်နှစ်ယောက်ရှိရှိသူ့တို့ရဲ့ကိစမဟုတ်တော့နောက်ထပ်လည်း ဒီအကြောင်းကိုထပ်မတွေးကြတော့ဘူးဖြစ်တယ်။


ဒါပေမယ့် ယခုတော့ ပြဿနာက စုန့်မိသားစုရဲ့ ပထမအိမ်တော်မှာကျရောက်လို့လာခဲ့ပါပြီ။


စုန့်မိသားစုရဲ့အကြီးဆုံးသားကတော့ စုန့်လင်းဖန်ဖြစ်ပြီး သူ့အမည်နဲ့လိုက်ဖက်အောင်ပဲ ကျောက်စိမ်းလိုလှပခမ်းနားပြီး အရည်အချင်းရှိသူတစ်ဦးပဲ ဖြစ်တယ်။ ထပ်ပေါင်းပြောရမယ်ဆိုရင်တော့ သူဟာ အောင်မြင်ကျော်ကြားပြီး နှိုင်းယဉ်၍မရအောင်ပြီးပြည့်စုံ သူတစ်ယောက်ဖြစ်တယ်။ပြီးတော့သူကမြို့တော်ရဲ့ရေပန်းစားဆုံးအမျိုးသားသုံးယောက်ထဲမှာလဲအပါအဝင်ဖြစ်တယ်။


မျိူးရိုးပေါ်အခြေခံရမယ်ဆိုရင် အများသူဌာအတွက်ကတော့သားအကြီးဆုံးစုန့်လင်းဖန်နဲ့ယဉ်ရင် တော့ ဒုတိယသခင်ငယ်လေးက သိပ်ပြီးအံ့အားသင့်ရအောင်ထူးခြားမှုမရှိပါဘူး။သို့သော်လည်း သူ့ရဲ့အကိုကြီးစုန့်လင်းဖန် လက်ထပ်ပြီးသွားတဲ့အချိန်မှာတော့ သူ့ကအတော်လေးကိုပဲ လူသိများလာခဲ့ပြန်တယ်။ဘာလို့ဆိုမြို့တော်ကအသည်းတွေကွဲခဲ့ရတဲ့ သမီးပျိုအားလုံးက သူတို့ရဲ့မျှော်လင့်ချက်နဲ့ အိမ်မက်တွေကို သိုသိပ်ပြီးနားလည်ရခက်တဲ့ဒီဒုတိယသခင်လေးဆီကူးပြောင်းလာလို့ပဲဖြစ်တယ်။


အခုရက်ပိုင်းမှာတော့ စုန့်လောင်နဲ့ပတ်သတ်တဲ့ ကောလဟာလများစွာဟာလည်း္ မြို့တော်ရဲ့ လမ်းတိုင်းမှာပျံ့နှံ့လို့လာပါတော့တယ်။


"နင်တို့ ကြားလိုက်သေးလား။ ဒုတိယသခင်လေးက ပထမသခင်လေးထက်တောင် ပိုပြီးရုပ်ရည်ချောမောကြည့်ကောင်းတယ်တဲ့၊ သူ့မှာပျော့ပြောင်းတဲ့အသားအရည်လဲရှိ ကြင်လဲကြင်

နာတတ်တယ်တဲ့ ၊ ပြီးတော့သူအပြင်သိပ်မထွက်ရတဲ့အကြောင်းကလဲ သူကအခြား အရာတွေကိုထိတွေ့ရမှာမလိုချင်လို့တဲ့လေ"


"ငါအဲဒီအကြောင်းကို သိရတာကြာပေါ့ ၊ ဒုတိယသခင်လေးက မကြာခင် အသက်ဆယ့်ရှစ်နှစ် လည်း ပြည့်တော့မယ်လေ၊ သူ့မှာဇနီးတစ်ယောက်ရှိရမယ့်အရွယ်တောင်ရောက်တော့မယ်။ငါဖြင့် ဘယ်မိန်းကလေးကများ ကံကောင်းတဲ့မိန်းကလေးဖြစ်မလဲဆိုတာ သိချင်နေပြီ"


"ဟုတ်တယ်၊ပထမသခင်လေးကစစ်သူကြီးချုပ်ရဲ့သမီးနဲ့လက်ထပ်ခဲ့တာဆိုတော့ငါသေချာတာတော့ ဒုတိယသခင်လေးက အနည်းဆုံးတော့တော်ဝင်မျိုးနွယ်ထဲကဘဲဖြစ်မယ် ၊ဘယ်သူကများ လက်ထပ်နိုင်မှာလဲ"


"အရင်ရက်က ငါဂျင်မိသားစုရဲ့ အကြီးဆုံးသမီးနဲ့တိုက်မိသေးတယ်၊ သူကဒုတိယသခင်လေး အကြောင်းကိုပြောနေတာ မရပ်နိုင်တော့ဘူးလေ သူကဒုတိယသခင်လေး ကိုတောင် လုံးဝမတွေ့ဖူးသေးဘူးတဲ့လေ''


ငါကြားရတာတော့ စန်းမိသားစု ဒုတိယအိမ်တော်ရဲ့သမီးကလဲ ဒုတိယသခင်လေးကိုစိတ်ဝင်စား နေတယ်တဲ့"


-------------------------------


ကောလဟာလမျိုးစုံကလဲ တစ်ရက်ပြီးတစ်ရက်ကြီးထွားလာပြီး လူတိုင်းကလဲ ဘယ်အမျိုးသမီးကများ ကံကောင်းလိမ့်မလဲလို့ ခန့်မှန်းနေကြပါတယ်။ သို့သော်လည်း တော်ဝင်အမိန့်တော် ကြော်ညာခဲ့ပြီးတဲ့နောက်မှာတော့ အိမ်ထောင်မပြုရသေးတဲ့ မိန်းမပျိုလေးတွေရဲ့အိမ်မက်တွေက တစ်စစီပဲပျံ့ကျဲသွားပါတော့တယ်။


အင်ပါယာဘုရင်မင်းမြတ်က သူ့ရဲ့သမီးတော် မင်းသမီးတုမင်ယွဲ့နဲ့ စုန့်လောင်ကို လက်ထပ်ဖို့ အမိန့်တော်ချမှတ်လိုက်လို့ပါပဲ။


အမှန်စင်စစ်တော့ အားလုံးက စုန့်လင်းဖန်ရဲ့အမှားပဲဖြစ်လေတယ်။ စုန့်လင်းဖန် လက်ထပ်ပြီး သွားတဲ့အခါမှသာ သူကိုယ့်သူမြို့တော်ရဲ့ စံပြဖြစ်တယ်ဆိုတာ သတိပြုမိခဲ့တာ ဖြစ်လေတယ်။ အင်ပါယာဘုရင်ရဲ့သမီးတော်တုမင်ယွဲ့အပါအဝင် မရေမတွက်နိုင်တဲ့အမျိုးသမီးတွေက ကြိုက်နှစ်သက်ခဲ့တာဖြစ်လို့ပဲ ဖြစ်သည်။


မူလကတော့ ဒီအကြောင်းအရာဟာသိပ်ကြီးကြီးမားမားပြဿနာမရှိခဲ့ပေမယ့် အားလုံး​ဖြစ်ပျက်ပြီး

တဲ့နောက်မှာတော့ မင်းသမီးကအနည်းငယ်မျှဝမ်းနည်းသွားခဲ့တယ်. သို့သော်လည်း မှတ်သားရမယ်ဆိုရင် မင်းသမီးဆိုတာ အရမ်းကိုအဖိုးတန်မြင့်မြတ်ပါတယ်. ပြီးတော့လည်း သူမက အမတ်ချုပ်စုန့်ရဲ့သားနဲ့ လက်ထပ်ချင်တယ်လို့ ပြောခဲ့ဖူးတာကြောင့်ပဲဖြစ်တယ်။ အင်ပါယာဘုရင်ကဒီအကြောင်းကိုသိမိလိုက်တဲ့အခါမှာတော့ သူကစဉ်းစားခဲ့တယ်- 'ဝန်ကြီးချူပ်ရဲ့သားလား? အင်း.. အကြီးဆုံးသားက လက်ထပ်ပြီးသွားပြီဆိုတော့ ငါ့ရဲ့အချစ်ဆုံးသမီးတော်ကို ဒုတိယသားနဲ့ပဲ လက်ထပ်ပေးလိုက်တော့မယ်။'


'ပြဿနာမရှိပါဘူး ၊ လက်ထပ်ဖို့ အမိန့်တော်ထုတ်ပြန်လိုက်ရုံပါပဲ'


အဲလိုနဲ့ပဲ စုန့်လောင် သို့မဟုတ် လင်ရှန်းဟာအထိတ်တလန့်ဖြစ်လို့နေပါပြီ။


ဒီအကြောင်းအရာအားလုံးကိုတော့ လင်ရှန်းရဲ့ ကိုယ်ပိုင်အစေခံမလေး ရှောင်လုက လင်းရှန်ကို ပြောပြခဲ့တာပဲဖြစ်တယ်။တစ်ချိန်တည်းမှာပဲ သတင်းမပေါက်ကြားနိုင်တဲ့နံရံဆိုတာ မရှိဘူးလို့

လင်ရှန်းနားလည်လိုက်တယ်. မော်ဒန်ကမ္ဘာသာဖြစ်ခဲ့မယ်ဆိုရင်တော့ ရှောင်လုက ကျိန်းသေပေါက်ကို အတော်ဆုံးသတင်းထောက်တွေထဲက တစ်ယောက်ဖြစ်လိမ့်မယ်။


မဆီလျော်စွာနဲ့ပဲ လင်ရှန်း ဟာ သူမအဖေဖြစ်တဲ့ စုန့်ရှမ်းဟာ အထိတ်လန့်ဆုံး ဖြစ်နေမယ်လို့ထင်မိတယ်။


ဒီလူအိုကြီးဟာ လက်ထပ်ဖို့အမိန့်တော်လဲလက်ခံပြီးတာနဲ့ သတိမေ့လုနီးပါး တောင်ဖြစ်သွားခဲ့တယ်။ ဒီအကြောင်းအရာက တော်ဝင်မိသားစုရဲ့ဂုဏ်သိကာနဲ့သက်ဆိုင်လို့ပဲဖြစ်တယ်. စုန့်လင်းဖန် ကလက်ထပ်ပြီးသွားခဲ့ပြီး

အင်ပါယာသမီးတော်ရဲ့အသည်းကို ခွဲခဲ့ပြီးသွားပြီ..တကယ်လို့သာ အင်ပါယာက ဒုတိယသားနဲ့ပတ်သတ်ပြီး တစ်ခုခုရှာတွေ့လို့ကတော့ စုန့်ရှမ်းရဲ့ဦးခေါင်းက ဖယ်ရှားခံရမှာတော့ သေချာနေလို့ပဲဖြစ်သည်။


"ခဏလေး အရှင်မင်း​မြတ်ကို

ိုလိမ်ညာခဲ့ရင် ဘာအပြစ်ဒဏ်ပေးခံရမှာလဲ"လင်ရှန်း စိတ်လှုပ်ရှားစွာနဲ့ပဲ ရှောင်လုကိုကြည့်လိုက်သည်။


ရှောင်လုကပြုံးပြီးတစ်ဖက်ကိုလှည့်လိုက်တယ်။ "သခင်လေးသာ အရှင်မင်းမြတ်ကို လိမ်ညာခဲ့ရင် သခင်လေးတို့တစ်မိသားစုလုံး ခေါင်းဖြတ်ခံရမှာပါ"


"တစ်မိသားစုလုံးခေါင်းဖြတ်ခံ.ငါရောပါမှာလား" လင်ရှန်းချွေးပြန်စွာနဲ့ပဲ စိုက်ကြည့်မေးလိုက်သည်။


"ဟုတ်ပါတယ် ..သခင်လေး"


"ပြီးတော့...မင်းရောလား"


"ရှောင်လုကို သခင်လေးပိုင်ဆိုင်ပါတယ်၊ ရှောင်လု...သခင်လေးရဲ့အစေခံအနေနဲ့သေရဲပါတယ်၊ ရှောင်လု မကြောက်ရွံ့ပါဘူး"


အဲဒီအချိန်မှာပဲ လင်ရှန်းတစ်ယောက်မျက်ရည်တောက်တောက်သာကျချင်တော့တယ်။


'နင်မကြောက်ပေမယ့် ငါတော့ကြောက်တယ်ဟဲ့၊ အခြားကမ္ဘာကိုကူးပြောင်းလာရတာ ဘယ်လောက်ခက်တယ်ဆိုတာ နင်သိလို့လား? ငါ့ရဲ့ခေါင်းကမကြာခင်ပဲ ပြတ်တော့မယ်ဆိုတာ ဘယ်လိုအချက်မျိုးကြီးလဲ'


လင်ရှန်းတစ်ယောက် ရုတ်တရက်ကြီး အတော့်ကိုမကောင်းတဲ့ခံစားချက်မျိုးကြီးရနေပါပြီ။


End

.....