Chapter 2
Viewers 11k

အပိုင်း(၂)


စုန့်မိသားစုရဲ့ဒုတိယသားနဲ့ မင်းသမီးတုမင်ယွဲ့တို့ရဲ့ မဂႅလာပွဲကတော့ လင်ရှန်း အချိန်ကူးပြောင်းပြီးတဲ့ သုံးရက်မြောက်နေ့မှာပဲ ပေါ်ပေါက်ခဲ့တာဖြစ်သည်။


တကယ်တော့အရမ်းကြီးလဲ ကြီးမားတဲ့သဘောတူညီမှုလဲ မဟုတ်ခဲ့ပါဘူး၊ အားလုံးပြီးနောက် မှာတော့ သတိုးသမီးရွေးချယ်တာမျိုးလဲမဟုတ်ပြန်ဘူး ပြီးတော့ဘယ်သူကမှလဲ အမျိုးသမီးက အပျိုစင်ဟုတ် ၊မဟုတ်ကိုလဲ စစ်ဆေးမယ့်သူလည်းမရှိပါဘူး။ လင်ရှန်းက ပိတ်စအဖြူပိုင်းတစ်ခုနဲ့ သူမရဲ့ရင်ဘတ်က ခိုင်ခံ့တဲ့သေၲာကြီးကိုကြပ်စည်းကာ သူဌေးကြီးတစ်ဦးလိုမျိုး ဟန်ပါပါလမ်းလျောက်လိုက်ပြီး ယောက်ျားဆန်ဆန်အသံထုတ်လိုက်ကာ တယ်လီဗေးရှင်းထဲမှာပြသထားသလိုမျိုးလုပ်ဆောင်လိုက်တယ်။


သူမရဲ့အရင်ဘဝကကြည့်ဖူးခဲ့သလိုမျိုး လင်ရှန်းတစ်ယောက်စိတ်ဖိစီးစွာနဲ့ပဲ ဒီဖျော်ဖြေရေးတယ်လီဗီရှင်း ထဲကိုဝင်ရောက်လာပါတော့တယ်။ အမျိုးသမီးတစ်ယောက်သာ ကြီးမြတ်ပေသည် ဆိုတဲ့စာကြောင်းကို လင်ရှန်းပြန်စဉ်းစားလိုက်ပြီး တိတ်တစ်ဆိတ်ပဲ သူမရဲ့ပါးပြင်ပေါ်ကို မျက်ရည်တွေသာ တစ်လိမ့်လိမ့်ကျဆင်းလာပါတယ်..သူမဒီနေရာကိုရောက်လာခဲ့ပြီးတဲ့နောက်မှာတော့ သူမရဲ့ဘိန်းမုန့်အသေးလေး အဖြစ်ကနေဘိန်းမုန့်အကြီးအဖြစ်နဲ့ ရောက်ရှိလာခဲ့တာပါ. အဲ့ဒီအကြောင်းကြောင့် သူမအရမ်းကိုကျေးဇူးတင်ရခဲ့ပေမယ့် အခုတော့သူမရဲ့အမေက သူမကိုပိတ်စအဖြူတစ်ပိုင်း ပေးခဲ့ပါတယ်။


"လောင်အာသမီးရဲ့ဘဝက ချိန်ခွင်ညှာပေါ်ကအခြေအနေဖြစ်နေပြီနော် ၊ စုန့်မိသားစုရဲ့ ကြီးတဲ့ ငယ်တဲ့ အသက်မှန်သမျှက သမီးအပေါ်မှာတည်ရှိနေပြီ၊ ဒီပိတ်စဖြူကို သမီးလုံးဝချွတ်ပစ် လို့မရဘူး ၊နားလည်ရဲ့လား ?"


သူမအမေရဲ့အလေးအနက်ရှိနေတဲ့

အသွင်အပြင်ကိုကြည့်ပြီး လင်ရှန်းတစ်ယောက် သူမပြောချင်နေတဲ့ စကားတွေကိုမျိုချလိုက်ရပါတော့တယ်။ သူမရဲ့ရင်သားနဲ့ သူမရဲ့ဘဝကြားမှာ ဘဝကိုပဲပြတ်ပြတ် သားသား ရွေးချယ်လိုက်ရပါ​ေတာ့တယ်။


"ရင်သားတွေက ပြားကပ်နေရမယ်" လင်ရှန်း.. သူမရဲ့ဒေါသတွေကဖြစ်ပေါ်လာပေမယ့်လဲပြန် မြိုသိပ်လိုက်နိုင်ပါတယ် .. 'ငါ့ရဲ့ဘဝလေးကိုတော့မစွန့်လွှတ်နိုင်ဘူး!' သူမကိုယ်သူမနားချလိုက်ပြီး သူမကိုကူညီ ပေးနေတဲ့ ရှောင်လုကို ပြောလိုက်သည်။


"ပိုပြီးကြပ်ကြပ်လေး!"


"ရတယ်!" ရှောင်လုကပြန်ပြောလိုက်ပြီး လင်ရှန်းကိုသေလုအောင်ပဲ ကြပ်စည်းပေးလိုက်သည်။


သူမရဲ့ပါးပြင်ပေါ်ကို ဖုံးအုပ်စရာရှိတာအားလုံးအကုန်ဖုံးအုပ်ပြီးတဲ့နောက်မှာတော့ လင်ရှန်းက နန်းတော်ကပို့လိုက်တဲ့အထူးမင်္ဂလာဝတ်စုံကိုဝတ်ဆင်လိုက်တယ်။ မကြာခင်မှာပဲ လင်ရှန်းတစ် ယောက် သူမရဲ့ဇနီး ဖြစ်သူမိသားစုနဲ့ အတူနေဖို့အဆင်သင့်ဖြစ်နေပါပြီ။


အမှန်တကယ်ကတော့ ရှေးထုံးတမ်းအစဉ်အလာအရဆိုရင် ဇနီးဖြစ်သူကသူမရဲ့ယောက်ျားဖြစ်သူ မိသားစုထံမှာသွားရောက်နေထိုင်ရမှာဖြစ်ပေမယ့်လဲ ဇနီးဖြစ်သူက တော်ဝင်မိသားစုဝင်ဖြစ်တော့ သူမကသာနန်းတော်ထဲကိုသွားရောက်နေထိုင်ရမှာပဲဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် လင်ရှန်းတစ်ယောက်သာ ကံဆိုးသူပင်ဖြစ်တော့သည်။ လက်ရှိအင်ပါယာကလဲ သားတွေနဲ့ယဉ်ရင် သမီးတွေကိုသာပိုပြီးချစ်မြတ်နိုးသောကြောင့်ပင်ဖြစ်သည်။ သူ့ထံမှာ သားတွေမြောက်များစွာ ရှိပေမယ့်လဲ စိတ်ထဲမရှိပဲတော်တော်များများကို နယ်ခြားမှာတိုက်ခိုက်ဖို့စေလွှတ်ထားတာ ကြောင့်ဖြစ်သည်။ ဟုတ်ပါတယ်. သူ့သမီးရဲ့ဘဝထဲကို ဝင်လာခဲ့သူရှိခဲ့ရင်တောင်မှ သူက သူ့သမီးတော် ရဲ့ဆံပင်တစ်ချောင်းတောင် ထိခိုက်ဖို့ခွင့်ပြုမှာမဟုတ်လို့ပင်။


နန်းတော်ထဲကလူတွေကလျင်မြန်စွာနဲ့ပဲ အမတ်ချုပ်ကြီးရဲ့အိမ်တော်ရာသို့ ရောက်ရှိလာ ခဲ့ပါ တယ်။ သတိုးသားအကြိုလွှတ်တဲ့မဂႅလာဝေါယဉ်ဘေးမှာတော့ စစ်သားအမြောက်အများလဲရှိနေပါ တယ်။ သူတို့အုပ်စုကိုဦးဆောင်လာတဲ့ လူကတော့ ရွှေဓားကိုင်တော်ဝင်ကိုယ်ရံတော် လိန်ဖန် ပင်ဖြစ်သည်။


လမ်းမပေါ်မှာရှိတဲ့လူမှန်သမျှကတော့ လိန်ဖန်ဟာအာဏာရှိတဲ့သူတစ်ယောက်ဆိုတာ သိကြပါတယ်. ရွှေရောင်ဓားရှည်က လက်ရှိအင်ပါရာက သူ့ကိုချီးမြင့်ထားတာပဲဖြစ်ပြီး .သူအနေနဲ့ အရင်သတ်မိန့်ရှိပြီး သတင်းနောက်မှပို့လို့ရတဲ့ လုပ်ပိုင်ခွင့်ကို ရရှိထားတာပဲဖြစ်သည်။ သူဘာပဲလိုချင်နေနေ အဲဒါကိုဗန်းပြပြီး လုပ်ဆောင်နိုင်ကာ ငယ်ရွယ်တဲ့အမျိုးသမီးအများစုရှေ့မှာလဲ သူရဲကောင်း တစ်ယောက်လိုကိုးကွယ်ခံရဖို့ လုံလောက်နေတာပဲဖြစ်သည်။


အဲဒီအကြောင်းအရင်းကြောင့်ပင် မဟုတ်ပဲနဲ့တောင် သူကမျက်နှာကိုအမြဲလိုဖုံးအုပ်ထားခဲ့ပြီး အမျိုးသမီးတွေကိုစိတ်မဝင်စားတဲ့ အကြောင်းကောလဟာလတွေက ပြန့်နှံ့နေတာပဲဖြစ်သည်။ လူအများစုကြိုက်နှစ်သက်ခဲ့တဲ့ စုန့်လင်းဖန်တစ်ယောက်တောင် မြို့တော်ရဲ့ရေပန်းအစားဆုံး သုံးယောက်ထဲမှာပါဝင်တဲ့ သူ့နေရာကိုတောင်ထိန်းသိမ်းထားဖို့ခက်ခဲနေတာပဲဖြစ်သည်။


ရှောင်လုက သစ်ကြားသီးကိုတစ်မြုံ့မြုံ့နဲ့ဝါးရင်း လိန်ဖန်အကြောင်းတွေကို ဇာတ်လမ်းဆန်ဆန် လင်ရှန်းကို ပြောပြနေခဲ့တာပဲဖြစ်သည်။ ဒါကပဲ လင်ရှန်းတစ်ယောက် နတ်ဆိုး ဆန်စွာစပ်စုချင်စိတ်တွေဖြစ်ပေါ်လာခဲ့တယ်။


"ရှောင်လု မင်းရော သူ့ကိုကြိုက်လား" လင်ရှန်းကစလိုက်တယ်။


"ဘယ်သူကရော ချောမောခန့်ညားတဲ့ယောက်ျားလေးတွေကို

မကြိုက်မှာတဲ့လဲ။ ကျွန်မလည်းပထမသခင်လေးကိုကြိုက်တာပေါ့ ဒါပေမယ့် ..စိတ်မကောင်းစွာနဲ့ပဲ သူကမှကျွန်မကိုမကြိုက်တာကို.။...အိုး သခင်လေး ..ဘာလို့ညစ်ညစ်ပတ်ပတ်တွေးနေသလိုကြည့်နေတာလဲ"


လင်ရှန်းက သူမရဲ့အဝတ်ဖြူပိုင်းစဖုံးအုပ်ထားတဲ့အပေါ်ကို လေပူတစ်ချို့မှုတ်ထုတ်လိုက်ပြီး စဉ်းလဲစွာပြုံးပြီးပြောလိုက်တယ်။..


"မင်းရဲ့သခင်လေးက ကောင်လေးချောချောရဲ့တို့ဖူးကိုစားဖို့ယူပေးမယ်..ဟုတ်ပြီလား"


..


သူတို့နှစ်ယောက်သား ကြီးမားတဲ့ဟောခန်းမထဲကိုဝင်ရောက်ခဲ့တဲ့အခါမှာတော့ စုန့်မိသားစုကြီး တစ်ခုလုံး စုစုရုံးရုံးနဲ့ အသင့်အနေအထားစောင့်လို့နေပါပြီ။ ဖိတ်ကြားထားတဲ့ဧည့်သည်တွေ များစွာထဲကမှ အမျိုးသမီးအများစုဟာလဲသူမတို့အခန်းငယ်လေးတွေထဲမှာပုံမှန်လို အိန္ဒြေရရ ရှိမနေနိုင်ပဲဖြစ်နေကြပါတယ်။ဒီနေ့မှာတော့ သူတို့အားလုံးဟာ ဘဲငန်းတွေလိုပဲ သူတို့ရဲ့ လည်တိုင်တွေကိုဆန့် ထုတ်ပြီး သူတို့ရှေ့ကလူကိုဖြတ်ခနဲဖြစ်ဖြစ်မြင်ရဖို့ လုပ်ဆောင်နေ ကြပါတယ်။


လင်ရှန်းလည်း သူတို့နောက်ကိုပြန်လည်စူးစိုက်ကြည့်မိရင်းနဲ့ ခန်းမအလယ်မှာတည်ရှိနေတဲ့ ရှည်လျားတဲ့အရပ်ရှိတဲ့လူတစ်ယောက်ကိုသတိထားမိခဲ့ပါတယ်။ သူ့ကိုကြည့်ရတာ တောင့်ဖြောင့်နေကာ အမည်းရောင်အထူးဝတ်စုံကိုဝတ်ဆင်ထားပြီး သူမကိုနောက်ပြန်​ေကျာပေးထားကာ အဝတ်အစား တွေကလဲ သူနဲ့ကွက်တိကိုရှိနေပြီး သိသိသာသာကိုပဲ အလွန်ကိုကြည့်ကောင်းတဲ့ကိုယ်လုံးကိုယ်ပေါက် ရှိနေပါတယ်။ လင်ရှန်း ..သူမရဲ့တံတွေးတွေကို မြိုချလိုက်ကာ ရှောင်လုဘက်ကို လှည့်ပြီး


"ငါတို့သူအနားရောက်ရင် ငါမတော်တဆလုပ်သလိုနဲ့ မင်းကိုသူ့ဖက်တွန်းလိုက်မယ်.. သွားပြီးစမ်းသပ်ကြည့်လိုက်တော့ငါမင်းအတွက်အကောင်းဆုံးလုပ်ဆောင်ပေးမယ်!"


ရှောင်လုက ရွှေရောင်ဓားစလွယ်ကို ဖျတ်ခနဲကြည့်လိုက်ပြီး ချက်ချင်းပဲမျက်နှာ ဖြူရော့သွားကာ "သခင်လေး ..ကျွန်မ သွားမစမ်းလို့မရဘူးလား။ ကျွန်မစိတ်တွေ ပြောင်းလဲသွားပါပြီ.."


"မရဘူး!..မင်းအရင်ရက်ကငါ့ကို ဘာပြောခဲ့လဲ။ မင်းက. ငါ့ရဲ့အစေခံတစ်ယောက်အနေနဲ့ မွေးပြီး ငါ့အစေခံအဖြစ်နဲ့တောင်သေရဲတယ်ဆိုငါမင်းကိုသူ့အပေါ်ခံစားချက်ထားဖို့ငါခွင့်ပြု တယ်..ဘယ်လိုတောင်ငြင်းဆန်ရဲတာလဲ။"


ရှောင်လုငိုချင်စိတ်ပေါက်စွာကြည့်လိုက်ပြီး "သခင်လေးဒါကရိုးသားတဲ့မိန်းကလေးကို ဖိအားပေးပြီး ရောင်းစားတာနဲ့တူတူပဲနော်"


နောက်ဆုံးမှာတော့ လိန်ဖန် နောက်ထပ်ရပ်ကြည့်မနေနိုင်တော့ပါဘူး.. သူ့ရဲ့သိုင်းပညာမြင့်မားမှုကြောင့် သူ့ရဲ့ကြားနိုင်စွမ်းကသာမာန်လူတွေထက်ကိုပိုကြားရလို့ပင် ဖြစ်သည်။ အကုန်လုံးကိုကြားပြီးတဲ့နောက်မှာတော့ လိန်ဖန်နောက်ကိုလှည့်လိုက်ပြီး ကန့်လန့်ကာနောက်မှာပုန်းနေတဲ့ ဒီကြွက်ငယ်နှစ်ကောင်ကို အေးစက်စက်အကြည့်တစ်ချက် နဲ့ကြည့်လိုက်တယ်။


"အားရား..သခင်လေး. သူကြည့်နေပြီ!.." ရှောင်လု..က​ေယာင်ချောက်ခြားနဲ့ ထိတ်ထိတ်ပျာပျာဖြစ်သွားကာ ခေါင်းဆောင်တစ်ယောက်လိုမျိုးသပ်ရပ်စွာဝတ်ထားတဲ့လူဆီကို လွင့်သွားအောင် လင်ရှန်းကို တွန်းထုတ်မိ လိုက်တယ်။


ဒါကြောင့်ပဲ လူတိုင်းရဲ့မျက်လုံးအကြည့်အောက်မှာပဲ လင်ရှန်းဟာ အရှူးတစ်ယောက်လိုပျံသန်းပြီး တော်ဝင်ကိုယ်ရံတော် ရဲ့ကိုယ်ပေါ် ကိုကုတ်ဖတ်တွယ်မိပြီးစမ်းတစ်ဝါးဝါးလုပ်မိသွားတာကို အိမ်တော်တစ်ခုလုံးက မြင်လိုက်ရ​ေတာ့တယ်။


သူမလဲကျလိုက်ပြီးတဲ့နောက် လင်ရှန်းတစ်ယောက် လိန်ဖန်ကိုပြုံးကြည့်လိုက်ပြီး "အာ ဝင်တိုက်မိတဲ့အတွက်တောင်းပန်ပါတယ်.ကျွန်တော့်ခြေထောက်တွေသိပ်မခိုင်လို့ဖြစ်သွား.." လင်ရှန်း .သူမစကားရဲ့တောင်ပြောလို့မဆုံးသေးခင်မှာပဲ သူမ အမှတ်တမဲ့နဲ့ အစောင့်ရဲ့မျက်နှာဖုံးပေါ်ကို အာရုံပြောင်းသွားခဲ့တယ်။ မျက်နှာဖုံးကငွေနဲ့ပြုလုပ်ထားပြီး သူ့မျက်နှာရဲ့တစ်ဝက်ကို ဖုံးအုပ်ထားတာပဲ ဖြစ်သည်။ သူမ လုံးဝကိုညို့ယူခြင်းခံလိုက်ရပါတယ်၊.. 'ဝါး. ဒီလက်မှုပညာ. ဒီပစ္စည်းက ဘယ်လောက်တောင်အဖိုးတန်လိုက်မလဲ ငါသိချင်လိုက်တာ?'


သူမရဲ့မျက်လုံးကလဲ လောဘဇောကပ်နေတဲ့ကြွက်လေးတစ်ကောင်လိုပဲလက်ခနဲဖြစ်သွားခဲ့ ပါတယ်။ လိန်ဖန်ရဲ့နှုတ်ခမ်းကတွန့်ခနဲဖြစ်သွားခဲ့ပြီး သူ့ရဲ့မူလရှိတဲ့အေးစက်မှုကိုထပ်ပေါင်းပြီး နောက်ထပ်အေးစိမ့်တဲ့နှင်းခဲအလွှာတစ်ခုထပ်ပေါ်လာခဲ့ကာ သူရဲ့ဓားရှည်ကိုလဲတင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။


ကံကောင်းစွာနဲ့ပဲ စုန့်ရှမ်းက သတိဝင်လာပြီးတစ်ခုခုကမှားနေတယ်ဆိုတာသတိပြုလိုက်မိသည်။ သူ အပြေးအလွှားပဲလင်ရှန်းကို သူရဲ့ဘေးကိုဆွဲခေါ်လိုက်ကာ သူမကိုမိတ်ဆက်ပေးလိုက်သည်။

"လာ. အရာရှိလိန် ကျွန်တော့သား ရှောင်လောင် နဲ့မိတ်ဆက်ပေးရအုံးမယ်" အဲဒီနောက် သူကလင်ရှန်းကိုကြည့်ပြီးပြောလိုက်တယ်။ "လူရမ်းကားလေး.. မင်းဘာလို့ဒီလောက် တောင် သတိလက်လွတ်နေရတာလဲ? ..အရာရှိလိန် ကို မြန်မြန်လာတောင်းပန်လိုက်!"


လင်ရှန်းရဲ့နှလုံးလဲခုန်ထွက်သွားခဲ့ကာ .. 'ဝါး..ငါဒီလိုသူရဲဘောကြောင်တဲ့အမတ်ချုပ်ကို တစ်ခါမှ မမြင်ဖူးဘူး.. ကိုယ်ရံတော်တစ်ယောက်ကတောင် ဒီလောက်ထိကြောက်ရွံ့သွားစေတာလား? ကျွတ်စ်.. ဒါကရွှေရောင်ဓားစလွယ်တစ်ခုပါဘဲ .ဟမ့်! ရွှေရောင်ဓားစလွယ်လေးက ဒီလောက် တောင်ပဲ တန်ဖိုးကြီးမြတ်တာလား.အာ?'


လိန်ဖန်နောက်ပြန်လဲကျပြီး သူ့ရဲ့ဓားရှည်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်နေတာကြောင့် လေထုကြီးကလဲ အန္တရာယ်ရှိတဲ့အငွေ့အသက်တွေနဲ့လွှမ်းခြုံနေပါတော့တယ်။


"အဟွတ်..အဟွတ်". စုန့်ရှမ်း.. ရည်ရွယ်ချက်ရှိရှိနဲ့ကျယ်လောင်စွာချောင်းဆိုးလိုက်သည်။


လင်ရှန်းနောက်ဆုံးတော့ပြန်လည်တုံ့ပြန်လိုက်သည်။ လင်ရှန်း ရွှေရောင်ဓားရှည်ပေါ်က သူမရဲ့အကြည့်ကို ဝန်လေးစွာနဲ့ လွှဲလိုက်ပြီး လိန်ဖန်ကိုပြောလိုက်သည်။ "ဟုတ်ပါတယ်. တောင်းပန်ပါတယ် . အကိုကြီး!"


လိန်ဖန်ရဲ့မျက်နှာအမူအရာက နဂိုရှိရင်းစွဲအတိုင်းပြန်လည်လျော့ကျသွားတော့သည်။ "သွားဖို့အချိန်ကျပါပြီ ကြင်ယာတော်မင်းသား ..ကြွပါ.."


ချက်ချင်းပင် အမတ်ချုပ်ကြီး၏ အိမ်တော်ရာအပြင်ဘက်တစ်ခုလုံးလဲ လူတွေနဲ့ပြည့်ကြပ်လို့နေပြီး သူတို့ထဲကအများစုကတော့ ငယ်ရွယ်တဲ့အမျိုးသမီးငယ်လေးတွေဖြစ်သည်။ သူတို့က လျို့ဝှက်ကိုယ်ရံ တော် တွေတစ်ဖက်စီမှာခြံရံနေတာကို ဖျတ်ခနဲ့ကြည့်လိုက်ကြပြီး သူတို့ရဲ့စိတ်ထဲမှာ ဒီဒုတိယသခင်လေးနဲ့ပတ်သတ်ပြီး ပိုစူးစမ်းချင်စိတ်တွေဖြစ်ပေါ်လာပါတော့တယ်။


မြို့တော်ထဲမှာတော့ ကျော်ကြားတဲ့ဒုတိယသခင်လေး စုန့်လောင်အကြောင်းကို တစ်ယောက်ကတောင် မသိခဲ့ကြဘူးလား? ..ဟုတ်ပါတယ် ..အများစုကဒုတိယသခင်လေးကို လုံးဝမမြင်ဖူးကြပါဘူး။ သူနဲ့ပတ်သတ်တဲ့ ကောလဟာလအများစုကသာ မြို့တော်ရဲ့ လမ်းကြိုလမ်းကြားမကျန် ပျံ့နှံ့နေခဲ့တာသာဖြစ်သည်။ အိမ်ထောင်မ​ပြုရသေးတဲ့ အမျိုးသမီးတိုင်း ရဲ့နှလုံးသားထဲမှာလည်း သူကဒဏ္ဍာရီတစ်ပုဒ်လို ဖြစ်နေခဲ့တာဖြစ်သည်။


သူတို့ပိုပြီးပြောကြလေ၊ သူတို့ပိုပြီးမျှော်လင့်ချက်ထားလေလေ ..သူတို့ပိုပိုပြီးစိတ်ပျက်ရလေလေ ဖြစ်နေတာဖြစ်သည်။


လင်ရှန်းက အနီရောင်သတို့သားဝတ်စုံကိုဝတ်ဆင်ထားပြီး သူဌေး​

ကြီးတစ်ယောက်လိုဟန်ပါပါနဲ့ အေးအေးလူလူပဲ

မြောက်ကြွား မြောက်ကြွား

​လျှောက်လှမ်းလာခဲ့တော့ လူအုပ်ကြီးကခြောက်ခြားစွာနဲ့ ပင့်သက်ရှိုက် လိုက်ကြပါတယ်။


'ကောလဟာလတွေဖန်တီးပြီးပြောတဲ့လူတွေကများ မျက်လုံးကန်းနေကြတာများလား? ဒုတိယသခင်လေးစုန့်က ရုပ်ဆိုးတာမဟုတ်ပေမယ့်လဲ သူ့ရဲ့သွားလေးတွေနဲ့နှတ်ခမ်းလေးတွေ ကြည့်ရတာ မိန်းမကြီးတစ်ယောက်လိုပါပဲလား! လင်းဖန် နဲ့ယဉ်ရင် ငန်းတစ်ကောင်နောက် ကိုလိုက်နေတဲ့ ဘဲလေးတစ်ကောင်လိုပဲကားရားကားရားနဲ့ တစ်ကယ့်ကိုပဲ အရှက်ရဖို့ ကောင်းလိုက်တာ။'


ဒီအကြောင်းကြောင့်ပဲ လူအုပ်ကြီးထဲကအများစုက ချက်ချင်းပဲထွက်ခွာသွားကြတော့သည်။ ကျန်နေတဲ့သူအများစုကတော့ လိန်ဖန်ကြောင့်ကျန်ရှိနေခဲ့ကြတာဖြစ်သည်။ ဒုတိယသခင်လေးစုန့် အတွက်ကတော့.. ဒီနေ့ကနေစပြီး နောက်ထပ်တော့သူ့အကြောင်းကောလဟာလပြောစရာ တစ်ခုမှကို မရှိတော့ပါဘူး။


ကြီးမားတဲ့ မြင်းညိုကြီးက သူတို့ရောက်ရှိဖို့ကိုစောင့်ဆိုင်းနေပါပြီ .အလှဆင်ထားတဲ့ဘောလုံးအနီ တွေကလဲ သူ့ရဲ့လည်ပင်းပတ်ပတ်လည်မှာရှိနေပါတယ်။

လိန်ဖန် ကမြဲမြံစွာရပ်နေပြီး

လင်ရှန်းကိုအရိုသေပြုကာ

"ကြင်ယာတော်မင်းသား. တက်ပေးပါ."


"ငါမတက်လို့ မရဘူးလား "လင်ရှန်း ..အားပျော့စွာမေးလိုက်သည်။


"မရဘူး" တုံ့ပြန်ချက်က ပြတ်သားပြီးတောင့်တောင့်ကြီးထွက်ပေါ်လာတယ်။


"ဒါပေမယ့်.. ငါမစီးတက်.." မြင်းကအမျိုးသားတစ်ယောက်စီးဖိုပြင်ဆင်ထားတာဖြစ်သည်။ သူမရဲ့လက်ရှိကိုယ်အရွယ်အစားပေါ်မူတည်ရရင် မြည်းတစ်ကောင်ပေါ်တက်စီးနိုင်ရင်တောင်မှ သူမအတွက် အထင်ကြီးစရာဖြစ်လိမ့်မယ်။


လိန်ဖန်ရဲ့ပါးစပ်တွန့်သွားခဲ့ကာသူအချက်ပြလိုက်ပြီးမကြာခင်မှာပဲ အစေခံကောင်လေးတစ် ယောက်ရောက်လာခဲ့ပြီး လျင်လျင်မြန်မြန်နဲ့ဒူးထောက်ချလိုက်သည်။


'ဒါ ကမဟုတ်သေးပါဘူး.. ဒါက တကယ်ကိုပဲ တီဗီထဲမှာပြထားလိုပါပဲလား.. လူရဲ့ကျောကုန်း ပေါ်ကနေနင်းပြီး မြင်းပေါ်ကိုတက်တာမလား?..ဒါကလိုရောလိုအပ်လို့လား? ဒါကြီးက လူ့အခွင့်အရေးကို ကျိန်းသေပေါက်ဆန့်ကျင်နေတာကြီးပဲ။'


လင်ရှန်း သူမလက်ကိုဝှေ့ရမ်းလိုက်ပြီး လှုပ်ရှားဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။ ထားလိုက်တော့..ငါ့ဘာငါပဲကြိုးစားပြီးတက်တော့မယ်. သူမက အစေခံကောင်လေးကို ထွက်သွားဖို့ပြောလိုက်ပြီး သူမကိုယ်တိုင်ပဲမြင်းပေါ်ကိုတက်ဖို့ကြိုးစားအားထုတ်လိုက်သည်။


လူတိုင်းလူတိုင်းရဲ့တုန်လှုပ်ခြောက်ခြားနေတဲ့အကြည့်အောက်မှာပဲ ဒုတိယသခင်လေးစုန့် ကတော့သူမရဲ့လက်နှစ်ဖက်လုံးနဲ့ ခြေထောက်ကိုသုံးပြီး အပတ်တကုတ်ကိုပဲမြင်းပေါ်ကိုတက် နေပါတယ်။ သူမ .မြင်းမွှေးတစ်ချို့ကိုကျွတ်ထွက်သွားအောင်ဆွဲမိနေတာတောင်မှပဲ သူမ ရဲ့မြင်းပေါ်ကိုတက်ဖို့ ကျရှံးနေ တုန်းပါပဲ။


လူတိုင်းကလဲ မြင်းအတွက်ကိုကြည့်ပြီးဇောချွေးပြန်နေပါပြီ။


လင်ရှန်းမရပ်နားပဲမြင်းပေါ်ကိုတက်ဖို့ကြိုးစားနေပါတယ်။ 'ငါဒီမြင်းပေါ်ကိုတက်လို့မရဘူးဆိုတာ ငါယုံဖို့ငြင်းဆန်တယ်. ငါတက်နိုင်တယ်!. ငါတက်နိုင်တယ်. ငါတက်နိုင်တယ်. တက်နိုင်တယ်အာ့.ငါမတက်နိုင်တော့ဘူး!.' T-T


ရုတ်တရုတ်ပဲ ပင့်တင်လိုက်တဲ့စွမ်းအားတစ်ခု သူမရဲ့နောက်ကျောကနေ ထွက်ပေါ်လာခဲ့သည်. ဒါကအနည်းမျှငယ်သာတွန်းတင်လိုက်တာဖြစ်ပေမယ့် သူမရဲ့ကိုယ်တစ်ခုလုံးကိုမတင်လိုက်နိုင်သည်။ သူမတုံ့ပြန်လိုက်တာနဲ့ သူမကမြင်းပေါ်မှာခိုင်ခိုင်မြဲမြဲကိုထိုင်နေပါပြီ.သူမနောက်ပြန်လှည့်ကြည့် လိုက်ပြီး လိန်ဖန်ကိုစိုက်ကြည့်လိုက်တယ်. လိန်ဖန်က သူလုပ်လိုက်တယ်လို့မထင်ရအောင် တစ်ချက်တောင်တွန့်မသွားလေဘူး။


'ဘယ်လောက်တောင် မမျှတတဲ့ခြားနားမှုကြီးလဲ!.' လင်ရှန်းတစ်ယောက် စိတ်ဓာတ်ကျစွာနဲ့ ကောင်းကင်ကိုပဲ မော့ကြည့်လိုက်‌ေတာ့တယ်။


********


End