Chapter 3
Viewers 9k

အပိုင်း(၃)


ဇနီးဖြစ်သူရဲ့မိသားစုဆီသို့ လက်ထပ်ဖို့သွားရတာက ရိုးရိုးသားသားပြောရရင် တရုတ်ရိုးရာရှေးထုံးစဉ်လာနဲ့တော့ ဆန့်ကျင်နေပါတယ်။ ပုံမှန်အားဖြင့်တော့ သတိုးသားကသာ အိမ်ကနေပြီး သတိုးသမီးလာပို့ဖို့ကိုစောင့်ရတာဖြစ်သ ည်။ သို့သော်လည်း ဒီနေ့မှာတော့ အချိန်ကူးပြောင်းလာပြီး လက်ထပ်ရဖို့အကြောင်း ဖန်လာတဲ့ သနားစရာလင်ရှန်းတစ်ယောက် ခက်ခဲပင်ပန်းစွာမြင်းစီး၍ထွက်ခွာလာရတဲ့အချိန်မှာတော့ သတိုးသမီးကနန်းတော်ထဲကနေသာ မဂႅလာဆောင်ဖို့စောင့်နေတာဖြစ်သည်။


ထပ်ပြောရမယ်ဆိုရင်တော့ တော်ဝင်မဂႅလာအခမ်းအနားကအရမ်းကိုရှည်ကြာရုံသာမကပဲ တော်တော့်ကိုပဲအသေးစိတ်ကျပြီး မင်းမျိုးမင်းနွယ်မဟုတ်တဲ့

သာမာန်အရပ်သားတွေနဲ့ ယှဉ်ရင်တော့ အကြိမ်တစ်ရာလောက်ကိုပိုပြီးရှုပ်ထွေးပါတယ်။ ၂၁ရာစု

ကရောက်ရှိလာတဲ့ လင်ရှန်းအတွက်ကတော့ လက်ထပ်ခြင်းအခမ်းအနားတွေတစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်နေရတာ အရမ်းကိုပဲဒုက္ခများပြီး ညှင်ပန်းနှိပ်စက်ခံရသလို ခံစားနေရတာဖြစ်သည်။


ကံကောင်းထောက်မစွာနဲ့ပဲ လက်ထပ်ခြင်းအခမ်းအနားက

လက်ဖွဲ့ချီးမြောက်ခြင်းမရှိပဲနဲ့ ပြည့်စုံစွာ မပြီးမြောက်နိုင်ပါဘူး။


တွေးကြည့်ရမယ်ဆိုရင်တော့ နန်းတော်ထဲမှာရှိတဲ့လူတွေအများကြီးထဲက အားလုံးလိုလိုကိုပဲ

အင်ပါယာထံမှာမျက်နှာသာရချင်ကြသူတွေကြီးပဲဖြစ်သည်။ 'အင်ပါယာရဲ့အချစ်ဆုံးသမီး​ေတာ်လက်ထပ်တဲ့ အခါမှာတော့ သူတို့ထဲကဘယ်သူကရော

ဒီအခွင့်အရေးကို လက်လွှတ်ခံမှာတဲ့လဲ'


တော်ဝင်မျိုးနွယ်အသိုင်းအဝိုင်း နဲ့ အာဏာရှိတဲ့မင်းမှုထမ်းတွေကလဲ လင်ရှန်းအနားမှာ ခြံရံနေကြပါတယ်. သူမရဲ့ဘေး ဘယ်ညာမှာလဲ ဂုဏ်ပြုစကားတွေအလုအယက်ပြောနေတာကိုလည်း ကြားနေရပါတယ်။ ထပ်ပြောရမယ်ဆိုရင်တော့ ရွှေငွေပုလဲတွေကလဲ သူမမျက်လုံးတွေ စူးရှတောက်ပြီး အသက်ရှူရပ်တန့်လောက်အောင်ကိုပဲ လက်ဖွဲပေးခြင်းခံနေရပါတယ်။


ဒီရတနာပစည်းတွေအားလုံးကိုကြည့်ပြီးတော့ လင်ရှန်းတစ်ယောက် သူမရဲ့ကျောကုန်းလည်းမနာတော့သလို သူမခြေထောက်တွေကလည်း ရပ်ရတာပင်ပန်းတယ်လို့ မခံစားရတော့ပါဘူး. သူမအတွက်လက်ထပ်ဖို့အသက်ရှင်ရတာကို တကယ်စိတ်လှုပ်ရှားခံစားမိစေတယ်။


သူမ ရှောင်လုဆီသွားပြီးတော့ လက်ဆောင်ပစ္စည်းတွေကို ယူသွားလိုက်ဖို့ အမိန့်ပေးလိုက်ပြီး ဧည့်သည်တွေနဲ့အတူ အရက်လိုက်သောက်လိုက်သည်။


အရက်သောက်ရင်း စကားပြောရင်းနဲ့ လင်ရှန်းတစ်ယောက် သူမရဲ့၂၁ရာစုမော်ဒန်ကမ္ဘာကိုပဲ ထပ်မံတွေးနေမိပြန်ပါတယ်. မဂႅလာ ဆောင်မှာအရက်က မဖြစ်မနေသောက်ရမယ်ဆိုတာ သူမ သိပါတယ်။ သို့ပေမယ့်လည်း သူမရဲ့အရက်သောက်နိုင်စွမ်းနိမ့်ပုံနဲ့တော့ သူမနှစ်ခွက်လောက်သောက်ပြီးတာနဲ့ကို သူမလဲကျသွားမှာပါ.ဒါကြောင့်ပဲ သူမ ရှောင်လုကိုတိတ်တိတ်လေး သတိပေးထားပြီး

ဝိုင်အရက်အစား ရေတွေလဲထည့်ထားဖို့ပြောထားလိုက်တယ်. သူ့ရဲ့အရက်သောက် နိုင်တဲ့စွမ်းရည်နဲ့ ပတ်သတ်ပြီး အခြားလူတွေကတော့ သူမပြောင်းထည့်ထားတာ မသိနိုင်ကြတော့

ကြင်ယာတော်မင်းသားရဲ့ အရက်သောက်နိုင်စွမ်းကိုချီးမွမ်းနေကြပါတယ်။


ဝါး..ကြင်ယာတော်မင်းသားကြည့်ရတာအားနည်းသလိုလိုနဲ့ သူကအတော်လေးသောက်နိုင်တာပဲ. သူကကျိန်းသေပေါက်ကိုပဲ အမတ်ချုပ်​ကြီးရဲ့ သားတစ်ယောက်ပီပီ နေလာခဲ့တာပဲ


ငါတို့လူတစ်ယောက်ကိုသူ့ရဲ့ရုပ်ရည်ကိုကြည့်ပြီးအကဲမဖြတ်သင့်ဘူး. မင်းသမီးကတော့ ဒီလိုအမျိုးကောင်းသားမျိုးနဲ့ရတာသေချာပေါက်ကိုကံကောင်းတယ်. ဘယ်လောက်တောင် အံ့အားသင့် ဖို့ကောင်းတဲ့ အိမ်ထောင်ဖက်လဲ!


ချီးမွမ်းစကားတွေကြားရတာက လင်ရှန်းကိုစိတ်ထဲမှာတစ်ခစ်ခစ်ရယ်မိစေတယ်။


'ဘယ်လိုမျိုးပြောင်းလဲတိုးတက်မှုကြီးလဲ? ..ဘယ်လိုဦးနှောက်မျိူးကြီးလဲ? ငါကဒီအကြောင်းကို ကျိန်းသေပေါက်ကိုသိ​ေနတယ်.! အရှုးကသာ ဝိုင်အစစ်ကိုသောက်လိမ့်မယ်ဟေ့!'


တစ်ယောက်ကဂုဏ်ယူနေချိန်မှာတော့ တစ်ယောက်ကတော့မနာလိုပြီးရှူံးနေရဦးမှာပါပဲ. ဒီလိုမျိုး ရှုပ်ထွေးမှုတွေဖြစ်ပေါ်လာတဲ့နောက်မှာတော့ အင်ပါယာကိုယ်တိုင်က သူမဘေးနား ရောက်ရှိလာခဲ့ပါတယ်။


"လောင်အာ..မင်းကအခုတော့ ငါ့ရဲ့သမက်တော်ဖြစ်လာခဲ့ပြီ. ဒီနေ့ကနေစပြီးတော့ ငါ့ရဲ့မင်းသမီးလေးကို သေချာပေါက် ကောင်းကောင်းဆက်ဆံပေးမယ်"


အင်ပါယာကတော့ ကျိန်းသေပေါက် အင်ပါယာပဲဖြစ်ပါတယ်. သူတစ်ခွန်းတည်းပြောလိုက်ရုံနဲ့ ချက်ချင်းပဲလင်ရှန်းကိုရှက်ရွံ့လာ

သလိုခံစားရစေတယ်. 'ငါကမိန်းမတစ်ယောက်ပါ. ဟုတ်ပြီလား. ငါဘယ်လိုမျိုး မင်းရဲ့သမီးကို ကောင်းကောင်းဆက်ဆံပေးရမလဲ?. သူမရဲ့ကိုယ်ခန္တာကို နှိပ်နယ်ပေးပြီးတော့ ကျောကုန်းနဲ့ပုခုံးတွေကိုပွတ်တိုက်ပေးရမှာလား?'


လင်ရှန်း . သူမရဲ့အတွေးထဲမှာ ဟာသလုပ်နေပေမယ့်လဲ အပြင်ပန်းမှာတော့ နာခံမှုရှိစွာဖြင့် ဦးညွတ်လိုက်ကာ - " သားတော် .နားလည်ပါပြီ!."


အင်ပါရာကခေါင်းငြိမ့်ကာပြုံးလိုက်ပြီး - "အစေခံတွေ.. ဝိုင်ဆက်သကြစမ်း!"


'ဝိုင်လား?' လင်ရှန်းတစ်ယောက်

ငိုချင်မိသွားတယ်။


ဝိုင်လာဆက်သတယ်လို့ တစ်ယောက်ကမှသူမဆီရောက်မလာသေးတာလဲ? အင်ပါယာကပေးတဲ့ ဝိုင်ကိုလဲသူမမှာငြင်းဆိုဖို့ နည်းလမ်းမရှိပါဘူး. ဒါပေမယ့် ပြဿနာကအဲဒီဝိုင်ကရေတွေနဲ့ဖြည့် ထားမှာမဟုတ်ပါဘူး. သူမအနည်းငယ်သောက်လိုက်ပြီးတဲ့အခါမှာတော့ သူမကရီဝေ​ဝေဖြစ်

နေပါပြီ. သူမနောက်ထပ် ထပ်သောက်လိုက်တာနဲ့ သူမပြဿနာတက်တော့မှာပဲ!


ကံကောင်းစွာနဲ့ပဲ လင်ရှန်းကဉာဏ်ကောင်းပါတယ်.

အမှန်တကယ်မူးမလာခင်ကို အမူးလွန်နေသလို ဟန်ဆောင်ရမယ်ဆိုတာ သူမနားလည်ပါတယ်.ဒါကြောင့်ပဲ သူမ ဒယိမ်းဒယိုင်လျှောက်သလို ဟန်ဆောင်လိုက်တယ်။


များပြားတဲ့လူအုပ်ကြီးတော့ သူမကို ဂုဏ်ပြုဖို့ရာ ခွက်ချင်းတိုက်ဖို့စောင့်နေကြဆဲပင်ဖြစ်သည်။


"အကိုစုန့် သတိထားပါဦး!"


လူတစ်ယောက်က သူမကိုထိန်းကိုင်လိုက်တယ်. အဲဒီလူကတော့ တတိယမင်းသား တုဂျင် ပဲဖြစ်သည်။


ဒီလူအကြောင်းကိုပြောရမယ်ဆိုရင် သူကမြို့တော်ရဲ့ရေပန်းစားဆုံးစာရင်းဝင်ထဲမှာအပါအဝင်ပဲ ဖြစ်သည်.ပြီးခဲ့တဲ့ရက်အနည်းငယ်က ရှောင်လုကသူ့အကြောင်းနဲ့ပတ်သတ်ပြီး တော်တော်များများ လင်ရှန်းကိုပြောပြခဲ့သည်။ သူပြောတာကတော့ အင်ပါယာမှာ သားတော်တွေ အများကြီးရှိပေမယ့် အကောင်းဆုံးထဲကမှ သူနှစ်သက်တဲ့မင်းသားတွေထဲက အလားအလာရှိဆုံးမင်းသားတွေကတော့ အကြီးဆုံးသားတော် နဲ့ တတိယမင်းသား တုဂျင် ပဲဖြစ်သည်။


ဒီလူကသူမရဲ့အကိုနဲ့အတူ ပူးတွဲပြီးတော့ ထိပ်ဆုံး၃ယောက်ထဲမှာစာရင်းဝင်ပါတယ်. ဟုတ်ပါတယ် သူတို့ရဲ့ရုပ်ရည်အသွင်အပြင်နဲ့ ပင်ကိုစရိုက်ကတော့မတူကွဲပြားခြားနားကြပါတယ်။


စုန့်လောင်ရဲ့အကိုကို လူသိများတာတော့ သူကယောက်ျားဆန်ဆန်နဲ့ကြင်နာတတ်လို့ ပဲဖြစ်သည်။ အုပ်စုတိုင်းမှာလဲ သူ့ကိုလိုချင်ကြတဲ့အမျိုးသမီးတွေရှိကြတာဖြစ်သည်. ဟုတ်ပါတယ် သူကတော့စစ်သူကြီးရဲ့သမီးကိုသာချစ်မြတ်နိုးခဲ့တာဖြစ်သည်. သူကအလွန်တရာသစ္စာရှိပြီးတော့ သူ့ဇနီးသာသူ့ဘဝပင်ဖြစ်သည်။ငယ်မိန်းမပျို​းေလးတွေ အသည်းကလဲ သူ့ကြောင့်ပင် ကွဲခဲ့ရတာပင်ဖြစ်သည်။


တုဂျင်ကတော့ သူ့နာမည်လိုပဲ နောက်ခံကောင်းပြီးတော့အုပ်ထိန်းဖို့ခက်ခဲသူဖြစ်သည်. အပြင်ပန်းအားဖြင့်တော့ သူ့ရဲ့ဇာတ်လမ်းတွေက တိုင်းတစ်ပါးအထိကိုပျံ့နှံ့နေခဲ့တာဖြစ်သည်. မ​ေရမတွက်နိုင်တဲ့အမျိုးသမီးတွေကလဲ သူ့ကိုကြွေဆင်းကြတာပဲဖြစ်သည်။ ဟုတ်ပါတယ် .သူ့ရဲ့အင်္ကျီလက်ကရွေ့လျားပြီးတော့ ပျံသန်းနေတာပဲဖြစ်တယ်. (မိန်းကလေးတွေအများကြီးရှိတာကိုပြောချင်တာပါ). ယခုတောင်မှ သူကကိုယ်လုပ်တော် တစ်ယောက်ကိုတောင်လက်ထပ်ထားခြင်းမရှိပါဘူး။


ရှောင်လုဆီက ဒီအကြောင်းတွေအားလုံးကိုကြားပြီးတဲ့အခါမှာတော့ လင်ရှန်း ဒီလူအကြောင်းကို စိတ်ထဲမှာမှတ်သားထားလိုက်တယ်. သူကသိသိသာသာကိုအကျင့်ပျက်ပြီးတော့ စက်စုပ်ဖွယ် ကောင်းလို့ပင်ဖြစ်သည်. သူ့ရဲ့မျက်နှာသွင်ပြင် အင်္ဂါရပ်ကိုကြည့်ရုံနဲ့တင် သိသာနေပြီဖြစ်သည်. သူ့မျက်လုံးတွေ ကြည့်ရတာတော့မက်မွန်ပွင့်လေးလိုဝင်းလက်နေကာ သူ့ပါးစပ်က ပြောင်း လဲလွယ်ပုံရသည်. သူ့ကမွေးရာပါနှလုံးသားမဲ့သူဖြစ်ပြီး သူ့ရဲ့မျက်ခုံးတွေက ကွေးညွန့်နေသည်. သူနဲ့ပတ်သတ်မိတဲ့ဘယ်မိန်းကလေးကမှ ပျော်ရွှင်တဲ့အဆုံးသတ်ရ လိမ့်မည်မဟုတ်တာဖြစ်သည်။


လင်ရှန်းရဲ့နှလုံးကဆတ်ဆတ်တုန်သွားခဲ့ပေမယ့် အားနာပါးနာပြုံးလိုက်ကာ- "တောင်းပန်ပါတယ် တတိယမင်းသား . ကျွန်တော် .အရက်ကြောင့်

မထိန်းသိမ်းနိုင်ဖြစ်သွားတယ်. ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ."


"အိုး..တကယ်ကြီးလား?" တုဂျင် နက်ရှိုင်းစွာပြုံးလိုက်တာကြောင့်သူ့မျက်ခုံးတွေမြင့်တက်သွား ခဲ့သည်.. "ဒါပေမယ့်ကျွန်တော် အကို့ဆီကအရက်နံ့လဲမရပါလား"


လင်ရှန်းရဲ့မျက်နှာထားကတင်းခနဲဖြစ်သွားခဲ့သည်.သူမသိလိုက်ပါပြီ. သူမနဲ့တူရာတူရာကို ဆုံလိုက်ရပြီဆိုတာ. သူမချက်ချင်းပဲသူမရဲ့လက်ကိုခေါင်းပေါ်ထားလိုက်ပြီး ရှောင်လုဘက်ကို လှည့်လိုက်ကာ- "ရှောင်လု ..ငါ့ကိုလာပြီးတွဲပေးဦး"


ရှောင်လုကအမြန်လေးတုံ့ပြန်လိုက်ပြီးသူမကိုတွဲလိုက်ကာ ဒရမ်မာဆန်စွာပဲ အော်ဟစ်လိုက်တယ်- "ကြင်ယာတော်မင်းသား အရက်မူးလွန်နေပြီ. ကြင်ယာတော်မင်းသား အရက်မူးလွန်နေပြီ..!"


လူတိုင်းကကြင်ယာတော်မင်းသားက အရက်မူးလွန်နေပြီလို့ကြားရတာနဲ့ သူတို့တွေက လင်ရှန်းကိုအရက်သောက်ဖို့တွန်းအားပေးတာရပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်. အားလုံးပြီးသွားတဲ့ နောက်မှာတော့ ကြင်ယာတော်မင်းသားက အရက်သောက်တာလုံလောက်သွားပြီး မင်းသမီးဆီကို သွားဖို့ပဲလိုနေတာဖြစ်သည်။


"အစေခံတွေ..!. ကြင်ယာတော်မင်းသားကို နန်းဆောင်ထဲကိုပို့ဆောင်လိုက်တော့!" လင်ရှန်းဒီစကားတွေကိုဘယ်သူကပြောမှန်းမသိတော့ပေမယ့် သူမနောက်ဆုံးတော့ ဒီညအတွက်လိုက်ရောညီထွေနေရတာပြီးဆုံးသွားပါပြီ။ သူမ မင်းမှုထမ်းအားလုံးကို နှုတ်ဆက်လိုက်ပြီး ဒယိမ်းဒယိုင်လျောက်နေသလိုပဲ ဟန်ဆောင်နေလိုက်တယ်. သူမနှလုံးသားထဲမှာတော့ စတီဗင်ချောင်ရဲ့ ကျော်ကြားတဲ့သရုပ်ဆောင်ကွက်ဖြစ်တဲ့ -'ငါကသရုပ်ဆောင်တစ်ယောက်ပဲ. ငါကသရုပ်ဆောင်တစ်ယောက်ပဲ'.လို့တတွတ်တွတ်ပြောနေပါတယ်။


သူမ မင်းသမီးရဲ့နန်းဆောင်ရောက်တဲ့အထိကို ဆက်ပြီးဟန်ဆောင်နေလိုက်ပါတယ်. နောက်ဆုံးတော့ ပြီးဆုံးသွားပါပြီ. ဒါပေမယ့် သူမ စိတ်ကိုမလျော့ချရဲသေးပါဘူး. တကယ်တော့ သူမအတွေးထဲမှာ နာကျင်နေပါပြီ။


'ငါအရက်မှုးတာကိုပဲ အယောင်ဆောင်လုပ်နိုင်တာသူမနဲ့ ငါဘယ်လိုလုပ်ပြီးဟန်ဆောင်(လုပ်) လို့ရမှာလဲ?'


မိန်းမတစ်ယောက်အနေနဲ့ လင်ရှန်း တော်တော့်ကိုပဲ စိတ်ဓာတ်ကျနေပါတယ်။


သူမအခန်းထဲကိုဝင်လိုက်တာနဲ့ သူမဘဝကြီးတော့သွားတော့မှာပဲလို့ တွေးပြီး လင်ရှန်းကြည့်လိုက်တယ်. မင်းသမီးရဲ့အခန်းကအရမ်းကိုပဲကြီးမားပါတယ်. သူမသာဝင်သွားခဲ့ ရင် . မင်းသမီးကအဝတ်တွေချွတ်ပြီး သူမကိုမျှော်လင့်တစ်ကြီးနဲ့စောင့်မျှော် နေမှာမလားလို့ သူမ တွေးကြည့် လိုက်တယ်။


သူမဘာဆက်လုပ်ရင်ကောင်းမလဲ?


ဘာပဲဖြစ်ဖြစ် သူမအခန်းထဲတော့ရောက်လာခဲ့ပါပြီ.သူမ အနီရောင်ပိုးချည်စနဲ့ခေါင်းကို အုပ်ထားတဲ့ သတိုးသမီးကို အိပ်ရာပေါ်မှာထိုင်နေတာမြင်လိုက်သည်. မင်းသမီးက ရွှေရောင်ဇာမနီငှက်ရုပ်ပုံထိုးထားတဲ့ အနီရောင်သတိုးသမီးဝတ်စုံကို ဝတ်ဆင်ထားသည်. သံသယဖြစ်စရာမလိုအောင်ပဲ အလွန်တန်ဖိုးရှိတဲ့ဝတ်စုံပဲဖြစ်သည်။


ဒါပေမယ့်အခုတော့ လင်ရှန်းပိုက်ဆံနဲ့ပတ်သတ်ပြီးတွေးဖို့စိတ်မပါတော့ပါဘူး. သူမရဲ့စိတ်ထဲမှာ တော့ မင်္ဂလာအခမ်းအနားဖြစ်မြောက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာတွေးပြီး ထိတ်လန့်နေပါတယ်. သူမဒီအကြောင်းကိုတွေးပြီးစိတ်ဓာတ်ကျနေပေမယ့် ဗြုန်းဆို မင်းသမီးကမတ်တပ်ထရပ်လိုက်ပြီး သူမရဲ့အနီရောင်ခေါင်းဆောင်းကိုလှန်ချလိုက်​ေလတယ်. သူမက လင်ရှန်းကို ဒေါသတကြီးနဲ့စိုက်ကြည့်လိုက်ပြီး အော်ဟစ်ကာ. - "ရှင်ကလင်းဖန်မဟုတ်ဘူး! . ကျွန်မ ရှင့်ကို လက်မထပ်ဘူး.! ထွက်သွား!"


လင်ရှန်းထိတ်လန့်သွားခဲ့ပါတယ်. အဲဒီနောက် သူမတွေးကြည့်လိုက်ပြီးတဲ့နောက်မှာတော့ နားလည်သွားခဲ့တယ်။


'ဒါဆို ရှောင်လုပြောတာမှန်နေတာပဲ! မင်းသမီးက သူမရဲ့အကို ကို လက်ထပ်ချင်ပြီးတော့ သူမနဲ့ပဲ အဆုံးသတ်လိုက်ရတာဖြစ်မယ်။' အများစုထင်ကြသလိုမျိုးပဲ မင်းသမီးက အရှုးအမူးဖြစ်ကာ အင်ပါယာကိုသွားရှာပြီးတဲ့နောက်မှာ အင်ပါယာက လက်ထပ်အမိန့်ကိုမှားပြီးတော့ပို့ခဲ့တာ ဖြစ်မယ်။ ဒါပေမယ့်လဲ အင်ပါယာရဲ့အမိန့်က ပြန်ပြင်ဆင်လို့မရခဲ့တာပဲဖြစ်မယ်. အင်ပါယာတွေကအမိန့်ကြေညာချက်ထုတ်လိုက်ပြီးရင်

အွန်း.ဒီမင်းသမီးကအမှားလုပ်မိသွားပြီ . သူမကလက်မထပ်တော့ဘူး! လို့ သူ့တို့ရဲ့ပြောပြီးသားစကားကို ကျိန်းသေပေါက် ပြောင်းလဲလို့ မရနိုင်တာပဲ ဖြစ်သည်။


ဒါဆို လင်ရှန်းရဲ့ ယူဆချက်အပေါ်အခြေခံရင်တော့ အဓိပ္ပါယ်ကသူ့တို့နှစ်ယောက်လုံး လက်ထပ်ဖို့

ဆန္ဒမရှိကြတာပဲ!


ဒီလိုမျိုးတွေးပြီးတဲ့နောက်မှာတော့ လင်ရှန်းရဲ့မျက်လုံးကပြန်လည်ဝင်းပလာခဲ့ပါပြီ. 'ဟားဟား ဟား! မိုးကောင်းကင်ကတောင်ငါ့ကိုကူညီနေပြီပဲ!'


"မင်းသမီး ငါ."


"ထွက်သွား! ထွက်သွားစမ်း!" တုမင်ယွဲ့က စူးစူးဝါးဝါးအော်ဟစ်လိုက်ပါတယ်။


လင်ရှန်း ပီတိတွေဖျာသွားပြီး သူမခေါင်းကိုအကြိမ်ကြိမ်ငြိမ့်လိုက်ကာ- "ပြဿနာမရှိပါဘူး! ငါထွက်သွားမှာပါ! ငါထွက်သွားပေးပါ့မယ်. ငါထွက်သွားပေးပါ့မယ်.! ငါကတိပေးပါတယ် မင်းအလှလေးလိုအိပ်နေတာမနှောက်ယှက်ပါဘူး. မစိုးရိမ်ပါနဲ့ မင်းသမီး!

မစိုးရိမ်ပါနဲ့!"


တုမင်ယွဲ့စိတ်ရှုပ်သွားခဲ့သည်။ ငါသူ့ကိုအပြင်ထွက်သွားဖို့ပြောတာကို သူဘာလို့ဒီလောက်ပျော်တဲ့ပုံပေါက်နေတာလဲ? ဟွန့် စုန့်မိသားစု က ယောက်ျားတွေက မခံစားတတ်လိုက်ကြတာ. သူတို့ ငါ့ကိုမလိုချင်မှတော့. ကောင်းပြီ.နင်ကရော လိုချင်နေတာလား? ငါလည်းနင်တို့ကောင်တွေကိုနောက်ထပ်မလိုတော့ဘူး!


"ထွက်သွား! ထွက်! "


တုမင်ယွဲ့ ကျယ်လောင်စွာဟစ်အော်လိုက်တာနဲ့ လင်ရှန်းလည်း ပျော်ပျော်ကြီးသူမရဲ့ ဆန္ဒအတိုင်းဖြည့်ပေးလိုက်​တော့သည်။

*********


To be continued