Chapter 4
Viewers 9k

အပိုင်း(၄)


တုမင်ယွဲ့ပြုမူလိုက်တဲ့ပုံစံက လင်ရှန်းအဖို့တော့ -မိုးကောင်းကင်က မင်းကိုခက်ခဲတဲ့ လမ်းကြောင်းကို ​လျှောက်ခွင့်မပေးမချင်း မင်းကိုဘယ်တော့မှထွက်သွားခွင့် ပေးမှာမဟုတ်ဘူး ဆိုတဲ့ စာဆိုကိုလင်ရှန်း လက်ခံလိုက်ပါတယ်။


ဒါပေမယ့်သိပ်မကြာရပါဘူး သူမစိတ်ဓာတ်ပြန်ကျလာပါတယ်. အခုငါက ကန်ထုတ်ခံလိုက်ရတာ 'ငါ ဒီညဘယ်မှာသွားအိပ်ရမှာပါလိမ့်။ ငါဒီမဂႅလာဝတ်စုံကြီးမဝတ်ထားနိုင်တော့ဘူး . တံခါးဝမှာလဲ ငါမအိပ်နိုင်ဘူးမဟုတ်လား? တစ်ယောက်ယောက်ကသာ ငါ့ကိုတွေ့ခဲ့ရင် ငါ့မျက်နှာဘယ်နားသွားထားရမှာလဲ!'


ခဏလောက်တစိမ့်စိမ့်တွေးပြီးတဲ့နောက် လင်ရှန်းရုတ်တရက်

ဗိုက်က ဆာလာပြန်ပါတယ်။


ဘယ်မဂႅလာဆောင်ပဲဖြစ်ဖြစ် အခမ်းအနားလုပ်ရတဲ့အခါတိုင်း သတိုးသမီးရော သတိုးသားက အခက်ခဲဆုံးဖြတ်ကျော်ခဲ့ရတာဖြစ်သည်။ လုပ်ဆောင်စရာတွေကအရမ်းပဲများလို့ သူတို့က တစ်နေ့လုံးလဲ ဘာမှမစားခဲ့ရသေးပါဘူး. သို့သော်လည်း သတို့သမီးကမစားပဲနေနိုင်ပေမယ့် သူမကတော့ မစားမသောက်ရပဲနဲ့ ရှေ့တစ်လှမ်းတောင်မလှမ်းနိုင်ပါဘူး. တကယ်က သတိုးသားဖြစ်တဲ့ သူမကသာ ဆွေမျိုးတွေအားလုံးနဲ့ ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေကို ပိုပြီး ပြောဆိုဆက်ဆံဧည့်ခံ ရတာပဲဖြစ်သည်။ အဆိုးဆုံးကတော့ အစားအစာတွေကို မျက်စိရှေ့ မှာမြင်ပြီးတော့တစ်ချက်မှ မထိနိုင်တာပဲ။

အခုတော့သူမရဲ့အစာအိမ်ကအချက်ပေးနေပါပြီ။


'ကောင်းပြီလေ! ဘယ်နေရာများ အိပ်မလဲဆိုတာတွေးပြီးစိုးရိမ်နေတာထက်စာရင် ငါ့ရဲ့အစာအိမ်လေးကို အရင်ဖြည့်ဆည်းပေးရမှာပဲ။'


အချိန်ကိုက်လေးပဲ မိန်းမစိုးတစ်ယောက်ကညတာဝန်နေရာလဲဖို့သူ့ဘေးနားဖြတ်လျောက် သွားခဲ့ပါတယ်. လင်ရှန်းလှစ်ခနဲနောက်ကနေလိုက်သွားပြီး သူ့ကိုဖမ်းဆွဲထားလိုက်တယ်။


သနားစရာမိန်းမစိုးလေးကတော့ လရောင်အောက်မှာအနီရောင်ဝတ်စုံဝတ်ထားပြီး ဖြူဆွတ်တဲ့လက်တစ်ချောင်းကိုမြင်လိုက်တဲ့အခါမှာတော့ ကြောက်ချေးပါအောင်ကို ထိတ်လန့်သွားတယ်။


"ကယ်ကြပါ...."


"ရှူး!..." လင်ရှန်းသူ့ရဲ့ပါးစပ်ကိုပိတ်လိုက်ပြီး


"မင်းဘာတွေလျောက်အော်နေတာလဲ။ ငါက ကြင်ယာတော်မင်းသားပဲ!"


"မင်းသား...ကြင်ယာတော်မင်းသားလား" မိန်းမစိုးလေးကသူ့ကြောက်ရွံ့မှုတွေလျော့ကျသွားပြီး အနီးကပ်တိုးကြည့်လိုက်တယ်. လရောင်ရဲ့အကူအညီနဲ့ကြင်ယာတော်မင်းသားနဲ့တူနေခဲ့ပါတယ်. ပြီးတော့ သူကချောက်ခြားသွားခဲ့ပါတယ်။


'အမေရေ! ကြင်ယာတော်မင်းသားက ဒီအချိန် မင်းသမီးနဲ့အတူရှိနေရမှာမဟုတ်ဘူးလား? ဘာလို့ဒီနေရာမှာရှိနေတာလဲ? ပြီးတော့ ဘာလို့သူကပုံမှန်မဟုတ်ပဲဖောက်ပြန်တဲ့အမူအရာကြီးနဲ့ ငါ့ကိုကြည့်နေတာလဲ'


'သွားပါပြီ.ဖြစ်နိုင်တာက ကြင်ယာတော်မင်းသားများ ..အထူးအဆန်းနှစ်သက်မှုရှိနေတာလား'


မိန်းမစိုးငယ်လေးက တုံ့တုံ့ဆိုင်းဆိုင်းနဲ့စိုက်ကြည့်လိုက်ပြီး - "ကြင်..ကြင်ယာတော်မင်းသား.ဘာလို့ ကျွန်တော်မျိုး.အကူအညီလိုအပ်တာလဲ"


လင်ရှန်း ချက်ချင်းပဲပြုံးလိုက်ပြီး သူမမေးလိုက်တယ်- "မင်းနာမည်ဘယ်လိုခေါ်လဲ"


"ကြင်ယာတော်မင်းသားကို ..ပြန်..ပြန်ဖြေကြားရရင်တော့ ကျွန်..ကျွန်တော်မျိုးနံမည်က

ဖူချွမ်ပါ"


'အိုး..ကောင်လေး. ဒီမိန်းမစိုးလေးကြည့်ရတာ သတိလဲသိပ်မရှိသလိုပဲ . ငါသူ့ကိုလွယ်လွယ်လေးအနိုင်ကျင့်လို့ရတာပဲ!' လင်ရှန်းမျက်လုံးတွေတောက်ပသွားပြီး- "ရှောင်ချွမ်. မင်းငါ့ကိုကူညီပေးနိုင်မလား"


'အိုး..မဟုတ်သေးပါဘူးဒါကကျိန်းသေပေါက် သူ ငါ့ကိုလိုချင်နေတယ်ဆိုတာ ၈၀ ကနေပြီး ၉၀ ရာခိုင်နှုန်းလောက်ကိုဖြစ်နိုင်နေပါပြီ! ' ရှောင်ချွမ် တဖြည်းဖြည်းနဲ့တုန်ရင်လာနေပါပြီ။


"ကြင်..ကြင်ယာတော်မင်းသား.. ကျွန်တော်မျိုးဘာ..ဘာ..ကူညီပေးရမှာလဲ"


"မင်းရဲ့အဝတ်တွေကိုချွတ်လိုက်"


'ငါသိသားပဲ အဲဒါဆိုတာ!?

'ရှောင်ချွမ် မူးမေ့လဲကျမတတ်ဖြစ်နေပါပြီ။


''ကြင်..ကြင်ယာတော်မင်းသား.ဒီအစေခံကဒါပေမယ့်လဲ..''


"ဒါပေမယ့် မင်းညီမလား ! မြန်မြန်လေးချွတ်လိုက်စမ်း!"


လင်ရှန်း စိတ်မရှည်စွာမချင့်မရဲနဲ့ငေါက်လိုက်မိသည်. 'ဒီမိန်းမစိုးလေးကတော့ တော်တော်စိတ်ရှုပ်ဖို့ကောင်းလိုက်တာ. ငါမင်းရဲ့အဝတ်အစားလေးလိုရုံပါပဲ

ဒါမှ ငါမင်းရဲ့အဝတ်ကိုလဲပြီးတော့ အစားအစာတစ်ချို့ သွားအလစ်သုတ်လို့ရမှာလေ။ ဘာလို့ ငါကပဲသရဲတစ်စ္ဆေတစ်ကောင်ဖြစ်နေသလိုမျိုးလုပ်နေတာလဲ?


မမျှော်လင့်ဘဲ လင်ရှန်းဒေါသထွက်မိသွားတာက ရှောင်ချွမ်ကိုကြောက်ရွံ့မှုကနေ သတိလစ်သွား စေလိုက်သည်။


"စိတ်ပျက််ဖို့ကောင်းလိုက်တာ! "လင်ရှန်း မျက်မှောင်ကြုတ်သွားခဲ့ပြီး ရွေးချယ်စရာမရှိ သူ့မဘာသူမပဲ အင်္ကျီတွေကိုချွတ်လိုက်ရသည်။


°°°°°


ဖူချွမ်ကိုယ်ခန္တာကလဲ သေးသေးကွေးကွေးဖြစ်ပြန်တော့ သူ့ရဲ့မိန်းမစိုးဝတ်စုံက လင်ရှန်းနဲ့ကွက်တိ ဖြစ်သွားသည်. လင်ရှန်းစိတ်အခြေအနေကောင်းစွာနဲ့ ဧည့်ခံပွဲရှိရာရင်ပြင်သို့ ဦးတည်သွားလိုက်တယ်။


သူမအခုလိုမျိုးပုံပြောင်းပြီးသွားတာက အစားအသောက်တွေရှာဖို့ကို အရမ်းကို အောင်မြင်နိုင်ချေရှိ ပေသည်. သူမလုပ်ရမှာအားလုံးကတော့ မင်းသမီးကဗိုက်စာလို့ မုန့်တစ်ချို့ ယူခိုင်းလို့ ဆိုပြီးလိမ်ပြောလိုက်ရုံပဲဖြစ်ပြီး အစေခံတွေက ချက်ချင်းပဲ သူမကိုအစားအသောက်တွေ ပေးလိမ့်မည် ဖြစ်ပေသည်။


'ဒါကမှ မော်ဒန်ကမ္ဘာကလူတွေရဲ့ ညဏ်ရှိမှုလို့ ခေါ်ရမှာ!'


လင်ရှန်းကိုယ့်ဘာကို ပျော်ပျော်ကြီးဂုဏ်ယူမိပြီး မုန့်အချိုတွေအများကြီးသယ်ယူလိုက်ကာ ထိုင်စားဖို့ သိုဝှက်တဲ့နေရာလေးတစ်ခုကို တွေ့လိုက်သည်။


'ဝါး . ရှေးတုန်းကအစားအသောက်တွေအားလုံးက ဘယ်လိုမျိုးကြီးလဲ! ဒါက စူပါမားကတ်က အာလူးကြော်နဲ့တောင်နှိုင်းလို့မရဘူး. ဒီမင်းမျိုးမင်းနွယ်တွေက ဒီလိုဟာမျိုးစားတတ်မှန်း ငါမသိခဲ့ပါလား'


လင်ရှန်းသိပ်စိတ်မကြည်မသာဖြစ်သွားပေမယ့် သူမအစာအိမ်ကတော့ ဇီဇာမကြောင်နိုင်ပါဘူး. သူမအစာတစ်ချို့ ကို ပါးစပ်ထဲအတင်းသွတ်သွင်း မျိုချလိုက်ပြီးတော့ အိပ်ဖို့နေရာလေးတစ်ခု ရှာဖို့ဆုံးဖြတ်လိုက်တယ်. ဒါပေမယ့် သူမအစားတွေကို အမြန်ကြီးစားလိုက်တော့ သူမ အစာနင်သွားခဲ့သည်!


'ရေ ရေ ရေ. ' လင်ရှန်းသူမရဲ့လည်ပင်းကိုကိုင် ပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားသည်. 'အစတုန်းကတော့သူမရဲ့ပုံရိပ်အမှန်က ပေါ်ပေါက်မလိုဖြစ်သွားပြီး သူမရဲ့တစ်မိသားစုလုံး ခေါင်းဖြတ်ခံရတော့မယ်လို့ သူမကထင်ထားခဲ့တာ။ ဘယ်လောက်တောင် စိတ်မချမ်းသာဖွယ် သေရမည့်နည်းလမ်းမျိုးကြီးမျိုးလဲ။' ဒါပေမယ့် သူမစားပိုးနင့်ပြီးသေရမယ်လို့ ဘယ်တုန်းကမှမတွေးခဲ့ဖူးတာ ဖြစ်သည်. သူမမျှော်လင့်ချက်မဲ့စွာနဲ့ပဲ ချုံးပွဲချပြီးငိုချင်နေပါပြီ။


' ရေ. ! ငါရေလိုတယ်. !'


တစ်ယောက်ယောက်ကအလျင်လိုရင်တော့ အမြဲတမ်းဦးနှောက်ကိုသုံးလေ့သုံးထမရှိကြပါဘူး.

အဲဒီနောက် လင်ရှန်းလဲတူတူပါပဲ သူမရဲ့ဦးနှောက်ကိုမသုံးမိပါဘူး.

ဒီတစ်ကြိမ်မှာတော့ လင်ရှန်းလည်း သူမရဲ့ ပင်ကိုအသိစိတ်ကို ယုံကြည်လိုက်ပြီး ယိုးတိုးယိုင်တိုင်နဲ့ အနီးအနားကိုဝေ့ပတ်ကြည့်လိုက်သည်။


သူမက ရဲမက်ဝတ်စုံနဲ့လမ်းလျှောက်နေတဲ့လူစိမ်းတစ်ယောက်ကိုသတိပြုမိလိုက်ပြီး အပြေးအလွှားနဲ့ပဲ အဲဒီလူဆီသွားကာ သူ့ရဲ့လက်မောင်းကိုဖမ်းဆွဲထားလိုက်သည်။


"ရေ.ငါရေ‌သောက်ချင်..လို့." လင်ရှန်း လူစိမ်းအပေါ်ကို ဂဏန်းလေးတစ်ကောင်လိုကြံမိကြံရာနဲ့ ကုပ်ဖက်တွယ်တက်လိုက်သည်။


ထိုလူက ကြက်သေ သေသွားခဲ့ပေမယ့် ဘာမှမလုပ်ခဲ့ပါဘူး။


"ရေ..ရေ. " လင်ရှန်းသေတော့မှာလိုခံစားလိုက်ရသည်. သူမရဲ့မျက်လုံးတွေက နေရာစုံ အကုန်လိုက်ကြည့်ပြီးတဲ့နောက်မှာတော့ ထိုလူရဲ့ ဝိုင်ပုလင်းပေါ်ကိုရောက်သွားခဲ့သည်. စကားတစ်ခွန်းတောင်မပြောဘဲနဲ့ သူမ ဝိုင်ပုလင်းကိုဆွဲယူလိုက်ပြီး တစ်ကြိုက်တည်းနဲ့ မော့ချလိုက်သည်။


"ဂွတ် ဂွတ် ဂွတ်" နဲ့ ဇာတ်လမ်းဆန်ဆန်သောက်ချပြီးတဲ့နောက်မှာတော့ မုန့်အချိုတွေက နောက်ဆုံးတော့ သူမရဲ့လည်ချောင်းဝကနေ ကျသွားတော့သည်။


ဟူး! ငါတော့စားပိုးနင့်ပြီးမသေနိုင်တော့ဘူး! လင်ရှန်းစိတ်သက်သာရာရသွားပြီးတော့ ဝိုင်ပုလင်းကို ထိုလူ့လက်ထဲပြန်ထည့်လိုက်ပြီး - "အကိုကြီး ကျေးဇူးအများကြီးတင်သွားပြီ!"


ထိုလူကတော့ ဘာစကားတစ်ခွန်းတောင်မပြောပဲနဲ့ ကျောက်ရုပ်တစ်ရုပ်လို နေရာမှာပဲမတ်မတ် ကြီးရပ်နေခဲ့သည်။


လင်ရှန်းလည်း ညဉ်နက်နေသည့်အတွက် ထိုအကြောင်းနဲ့ပတ်သတ်ပြီး အရမ်းကြီးတွေး မနေခဲ့ဘူး ဖြစ်သည်. သူမက တော်ဝင်မျိုးနွယ်တွေတော့ အခုလောက်ဆို အိပ်နေလောက်ပြီလို့ထင်ပြီးယုံကြည်မှုတွေအပြည့်ရှိနေခဲ့တာဖြစ်သည်. သူမကအစောင့်တစ်ယောက် ဒါမှမဟုတ်ရင် တစ်ယောက်ယောက်နဲ့ တိုးမိတာနေမှာ။ ဒါကပြဿနာအကြီးကြီးတော့ မဖြစ်လောက်ပါဘူး။ ဒါ့ကြောင့်ပဲ သူမကမျက်မှောင်ကြုံ့လိုက်ကာ "အကိုကြီး.အရမ်းလဲနာကျင်မနေပါနဲ့ ခင်ဗျားရဲ့ဝိုင်က သိပ်လဲအရသာမရှိပဲနဲ့ ..ခင်ဗျားတကယ်ကြီးစိတ်မကောင်းဖြစ်နေရင် ကျွန်တော်မနက်ဖန်ကျရင် ခင်ဗျားကို နှစ်ပုလင်းပြန်ပေးမယ်! .ဟေးခင်ဗျားဘာလို့တစ်ခွန်းမှပြန်မပြောတာလဲ...အကိုကြီး."


ဟမ်? လင်ရှန်း အသက်ရှူမှားသွားခဲ့သည်။


'ဘုရားရေ! ဒီလူက အရမ်း ဟော့တာပဲ!'


သူမနောက်ဆုံးတော့ ထိုလူကိုတစ်ချက်စိုက်ကြည့်လိုက်မိသည်။ 'သူကသံချပ်ကာဝတ်စုံကိုဝတ်ဆင်ထားပြိး သူ့ကိုကြည့်ရတာ အရမ်းကိုပဲ သူရဲကောင်း ဆန်လိုက်တာ. သူ့ရဲ့နှာတံတွေက ဖြောင့်တန်းပြီးတော့ သူ့မျက်ခုံးမွှေးတွေကထင်းခနဲ ပေါ်လွင်နေတယ်'. သူ့ပတ်လည်မှာအရမ်းကိုအာဏာရှိတဲ့ ကိုယ်ရောင်ကိုယ်ဝါ တစ်ချို့တောင် သူမ ခံစားမိသည်. တကယ်လို့ သူသာ ကိုယ်ရံတော်ဝတ်စုံကို ဝတ်မထားခဲ့ရင်တော့ သူမ မင်းမျိုးမင်းနွယ် တစ်ယောက်ယောက်နဲ့ ဘွားခနဲတွေ့လိုက်မိတယ်လို့ထင်မိမှာပဲ။


'ဒီနန်းတော်ကတကယ်ကိုပဲ တစ်ခုခုတော့ တစ်ခုခုပဲ. မင်းကြုံသလို ကိုယ်ရံတော်တစ်ချို့ရွေး လိုက်တာတောင် သူတို့က ၃၆၀ဒီဂရီလောက်ကိုလန်းနေတာပဲ'. လင်ရှန်း ရုတ်တရက်ပဲ ဘဝကြီးက အရမ်းကောင်းမွန်သလိုခံစားရသည်။


"အကိုကြီး.. ခင်ဗျားကြည့်ရတာ အရမ်းပဲကြည့်ကောင်းလိုက်တာ. သစ်သားတုံးကြီးလိုမျက်နှာထားမလုပ်ပါနဲ့လား..ပြုံးပါအုံး ..လာပါ ..ကျွန်တော့်ကို တစ်ချက်လောက်ပြုံးပြပါဦး!"


သူမကအားပါးတရပြောလိုက်တယ်။


ထိုလူရဲ့နှတ်ခမ်းတွေ တွန့်ကွေးသွားခဲ့သည်။


"အားရား..လာပါ ကောင်လေးရာ..

ဒါကဝိုင်လေးတစ်ပုလင်းပါပဲ. ခင်ဗျားအရမ်းကြီးတွန့်တိုမနေပါဘူး ဟုတ်တယ်မလား အို..ကျွန်တော် သိပြီ! နန်းတော်ကများခင်ဗျားကိုလစာလေးနည်းနည်းပဲ ပေးထားလို့လား! ကျွန်တော် ခင်ဗျားကိုပြောမယ် အမြင့်မှာရှိတဲ့သူတွေအားလုံးက အဲလိုမျိူးတွေကြီးပါပဲ သူတို့က သူတို့ဗိုက် သူတို့ ဖြည့်ဖို့ပဲဂရုစိုက်ကြတာ. သူတို့ကသူတို့လက်အောက်ကလူတွေအကြောင်းကို လုံးဝဂရုစိုက် ကြတာမဟုတ်ဘူး . ကျွန်တော် ခင်ဗျားကို ဘယ်သူကများ ခင်ဗျားရဲ့လစာကို ပေးလဲဆိုတာ သိချင်မိတယ်" လင်ရှန်း လက်လွတ်စပယ်ပဲပြောချလိုက်တယ်။


"အိမ်ရှေ့စံမင်းသား" ထိုလူက ရုတ်တရက်ပဲပြောလိုက်တယ်။


လင်ရှန်း မျက်လုံးပြူးထွက်သွားပြီးအံ့အားသင့်သွားတယ်. 'ဝါး..သူကအရမ်းလန်းရုံတင် မကဘူး သူ့ရဲ့အသံကအရမ်းဆွဲဆောင်မှုရှိပါလား? ဘယ်သူကများဒီလိုမျိုးနေလာတာလဲ'


"ဘာကြီး ။ အိမ်ရှေ့စံမင်းသားက ပေးတာလား။ သူကလစာတွေကိုစီမံတာလား။ တကယ်တော့

ရုတ်တိရှိသလို ကျွန်တော်ခန့်မှန်းမိပါတယ် .နောက်ဆုံးတော့ ဒါကသူ့မိသားစုရဲ့ငွေတွေ .အာရာ..

ဒီဝိုင်ကဘာအမျိုးအစားကြီးလဲ။ ငါ့ခေါင်းကဘာလို့ အရမ်းချာချာလည်လာတာလဲ။ အိုး မဟုတ်ဘူး ..ငါမထိန်းနိုင်တော့ဘူး.."


လင်ရှန်း ဗလုံးဗထွေးတွေပြောပြီး ယိမ်းထိုးသွားခဲ့သည်။


"ခင်ဗျား ကျွန်တော့ကိုထိန်းကိုင်ပေးလို့ရမလား။ ကျွန်တော် မရပ်နိုင်တော့ဘူး. ကျွန်တော်" 'အိုးဘုရားရေ.. ဘယ်လိုလုပ်ပြီး သူ မလှုပ်ရှားရတာလဲ။' လင်ရှန်းဘာမှဂရုမစိုက်နိုင်တော့ပါဘူး ရှေ့ကိုတိုးလိုက်ပြီး အဲဒီအမျိုးသားရဲ့လက်မောင်းကိုဆွဲကိုင်လိုက်တယ်။


အဲဒီနောက် အရာအားလုံး မဲမှောင်သွားခဲ့သည်။


ဒါပေမယ့် သူမလုံးဝစိတ်မလွတ်သွားခင်လေးတောင် သူမ အကြိမ်ရေအနည်းငယ်လောက် ထိတွေ့ကြည့်ဖို့ကိုလည်း သူမမေ့မသွားခဲ့ပါဘူး။


'ဟေး! ခံစားရတာကောင်းလိုက်တာ.! အာ့. ' သူမ သတိမေ့သွားခဲ့ပါပြီ။


End......